Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, February 11, 2016

ခရီးပင် မထွက်ရဲအောင် ဖြစ်ရရှာသော ဦးသိန်းစိန်

ခရီးပင် မထွက်ရဲအောင် ဖြစ်ရရှာသော ဦးသိန်းစိန်
================================

နောက်အပါတ်တွင် အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား မှာ ကျင်းပရန် ရှိတဲ့ အမေရိကန်-အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ကို တက်ရောက်ရန် ရှိနေမှုကို နောက်ဆုံး အနီးကပ်ကျမှ ဦးသိန်းစိန်က ဖျက်သိမ်းလိုက်ပါတယ်။

ဖျက်သိမ်းရတဲ့ အကြောင်းကို အသေးစိတ်မပြောပေမယ့် အခြား လုပ်စရာများ ရှိနေသေး၍ ဒုသမ္မတ ဦးညဏ်ထွန်းမှ ကိုယ်စား တက်ရောက်မည်လို့ သမ္မတရုံးမှ ဦးဇော်ဌေးက ဆိုပါတယ်။

ဦးသိန်းစိန်မှ သူ့သမ္မတ သက်တမ်းအတွင်း အောင်မြင်မှု ရှိခဲ့သည်ဟု ၎င်း ယူဆနေမှုများကို အမေရိကန် သမ္မတ နှင့် အာဆီယံ ခေါင်းဆောင်များအကြား ကြွားလုံးထုတ်နိုင်ရန် နောက်ဆုံး အခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်လို့ အားလုံးက ယူဆနေကြချိန်မှာ အခုလို ရုတ်တရက် ဖျက်သိမ်းလိုက်မှု အပေါ် သို့လော သို့လော တွေးစရာတွေ ဖြစ်လာရပါတယ်။

ဖြစ်နိုင်ခြေ အရှိဆုံးက ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ဖွဲ့စည်းပုံ ဆိုင်းငံ့ရန် ကိစ္စကို တပ်မတော်နဲ့ ဆွေးနွေးနေမှုများကို ရတက်မအေး ဖြစ်နေရပြီး အနီးကပ် စောင့်ကြည့်ရန် လိုတယ်ဟု ဆုံးဖြတ်လိုက်ပုံ ရပါတယ်။

ဦးသိန်းစိန်အနားတွင် ၀ိုင်းရံလျက် ရှိကြသော ဒေ၀ဒတ် လက်သစ်များကလည်း မည်သည့် နည်းနှင့်မျှ ခုံပေါ်က မဆင်းခြင်ကြရကာ ဆရာသမား အား နည်းမျိုးစုံ အကြံကောင်းများ ပေးကာ ခလောက်ဆန်လျက် ရှိနေကြပါတယ်။

ပြီးခဲ့တဲ့ အပါတ်ထဲမှာ ဦးသိန်းစိန်က လွှတ်တော်ကို ပေးပို့တဲ့ စာထဲမှာ ဖွဲ့စည်းပုံကို မပြင်သင့်ကြောင်း စောင်းပါးရိပ်ခြေ ထည့် ပြောခဲ့ပြီးလည်း ဖြစ်၍ သူ့ရဲ့ စိုးရိမ် မကင်း ရှိနေမှုကို အထင်းသား ပေါ်လွင်စေပါတယ်။

အဆိုပါ ကာကွယ်သင့်သည်ဆိုသော် ဖွဲ့စည်းပုံဆိုသည်ကား စစ်အာဏာရှင် အုပ်ချုပ်မှုအောက်တွင် မိမိတို့ အလိုကျ အာဏာ သက်ဆိုးရှည်ရေး တဖက်သတ် ရေးဆွဲပြီး ကိုယ့်အသက်ပင် ကိုယ် ဖြောင့်ဖြောင့် မရှုရဲကြရှာသော လူထုကြီး ရှေ့မှောက်တွင် ဆန္ဒခံယူပွဲ လုပ်ခဲ့ကြပြီး အတည်ပြုခဲ့ကြတာလည်း အားလုံး အသိပင်၊

အာဏာရှင် အကြွင်းအကျန် လက်ပါးစေ များကိုယ်၌က သူမ အနေဖြင့် တိုင်းပြည် ကောင်းစားရေးကို ရှေးရှု့ လုပ်ကိုင်မည်ကို သံသယ မရှိအောင် ကောင်းစွာ သိနားလည်ထားကြသော်လည်း မိမိတို့ရဲ့ စည်းစိမ် ဥစ္စာ ထိပါးမည့် အရေး၊ မနာလို မုန်ထားမှု စသည်တို့ကို ရှေ့တန်းတင်ကာ တိုင်းပြည်လူထု မျက်နှာ မထောက်ပဲ အကြောက်အကန် ရုန်းကန် ငြင်းဆန် လျက်ပင် ရှိနေသေးတယ်လို့ ယူဆရပါတယ်။

ပူးတွဲပါ ပုံတွင် ဖေါ်ပြထားသောပုဂ္ဂို လ်များက မြန်မာနိုင်ငံအား ခေတ် အဆက်ဆက် အုပ်ချုပ်ခဲ့ကြသူများ ဖြစ်သည်ကို အားလုံး အသိပင်၊ ယခု ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်လူထု က နှစ်ပေါင်း ၅၀ အတွင်း တခဲနက် ထောက်ခံကာ မိမိတို့ ဘ၀ တိုးတက်ရာ တိုးတက်ရေး အတွက် အမှုထမ်းပေးပါရန် ရွေးချယ်ခဲ့ကြပြီး ဖြစ်ပါတယ်။ သူမသည် ပုံပါ ဓါတ်ပုံရှင်များထက် မည်သည့် နေရာတွင်မှ အရည်အသွေး ညံဖျင်းမှု မရှိယုံမက များစွာ သာလွန်လျက် ရှိနေသည်ကို ကျောင်းနေစ ကလေးပင် သိနားလည်ပြီး ဖြစ်ကြသည့် အရေးကို ဥပက္ခာ ပြုကြမည် ဆိုက တပ်မတော် သမိုင်း မည်မျှထိ ရိုင်းစိုင်းသွားမည်ကို စဉ်းစားသာ ကြည့်ကြပါတော့၊

၎င်းတို့ လုပ်ပေးခဲ့သည် ဆိုသော် ရွေးကောက်ပွဲ ကားလည်း ကြိမ်းသေ နိုင်မည်၊ အနည်းဆုံး လွှတ်တော်တွင် တဖက်က ဘာမှ မလုပ်နိုင်အောင် ချည်ပြီး တုပ်ပြီး အနေအထားတော့ရနိုင်တယ်ဟူသော မျှော်လင့်ချက်ဖြင့် ကျင်းပပေးခဲ့ခြင်းသာ ဖြစ်ပါတယ်၊ အခုတော့ မှန်းချက် နဲ့ နှမ်းထွက်က တက်တက်စဉ်ကြီး လွဲခဲ့ကြရပြီ ဖြစ်ပါတယ်။

မကြာခင်ကပင် အဆိုပါ လူထု ခေါင်းဆောင်ကြီးအား လုပ်ကြံ သတ်ဖြတ်ရန် စစ်တပ် အသိုက်အ၀န်းမှ လူငယ်တဦးက ဖေ့စ်ဘုတ် ပေါ်မှ ပင် အတိအလင်း ခြိမ်းခြောက်လာခဲ့ပြီး ဖြစ်ပါတယ်။ ဒီအတွက် အခု အခါ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး အတွက် အထူး ရဲတပ်ဖွဲ့မှ စောင့် ရှောက်ရန် တာဝန် ပေးလိုက်ပြီဟု ရဲတပ်ဖွဲ့ အကြီးအကဲက အတည်ပြု ပြောကြားလိုက်ပြီ ဖြစ်ပါတယ်။

တပ်မတော်က လည်း ၎င်းတို့ သမိုင်း ရိုင်းမည်ကိုလည်း မည်သည့်အခါမျှ စိုးရိမ်ကြောင့်ကြသည့် လူများ မဟုတ်ကြရကာ လူထုကြီး အနေဖြင့် မိမိတို့ ခေါင်းဆောင်ကြီး ဦးဆောင်ရာသို့ မမှိတ်မသုန် လိုက်ပါ ကြဘို့ အသင့်ရှိနေကြရတော့မယ့် အချိန်လည်း ဖြစ်ပါတယ်။

Photo Credit - Original Uploader

HSW

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။