Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, February 6, 2016

“အလုပ်တွေကို ထိရောက်အောင်မြင်အောင် ဘယ်လိုလုပ်မလဲ”

“အလုပ်တွေကို ထိရောက်အောင်မြင်အောင် ဘယ်လိုလုပ်မလဲ”

အခုတလောကိုယ့်ကိုကိုယ် မေးခွန်းတခု မေးဖြစ်တယ်၊”ငါ အလုပ်တွေ သိပ် ရှုပ်လွန်းနေပြီလား၊ Multi-tasking လို့ ခေါ်တဲ့  အလုပ်လုပ်စရာတွေ သိပ် များပြီး အမှန်တကယ် လုပ်သင့်တာတွေကို ထိထိရောက်ရောက် မလုပ်ဖြစ်ဘူး ဖြစ်နေပြီလား”…လို့ ။
အဲဒီလို အလုပ်တွေ များလာတာရဲ့ အကြောင်းတခုကတော့ သိချင်၊ ကြည့်ချင်၊ သိရ၊ကြည့်ရမဲ့ အကြောင်းအရာတွေ ပိုများလာတာပဲ။Mobile phone တွေ၊ Internet နဲ့ Computer, tablet တွေပေါ်လာတာ communication ဆက်သွယ်ရေးကိုအရင်ရာစုနှစ် ထက် အဆပေါင်းများစွာ ကောင်းလာစေခဲ့ လို့  တနိုင်ငံနဲ့ တနိုင်ငံ ဆက်သွယ်ရတာ အလွန်အမင်း လွယ်ကူလာပြီး ကမ္ဘာကြီးဟာ တကယ့်ရွာကြီး တခုလိုဖြစ်သွားခဲ့ ပြီ။
ဒါပေမယ့် External input အပြင်က ၀င်လာတဲ့သတင်းတွေ၊ အကြောင်း အရာတွေက သိပ်များ လာတယ်။ ဖတ်လို့ မကုန်၊ မှတ်လို့ မကုန်၊ ကြည့်လို့  မကုန်ပဲ ဆိုတာအားလုံးအသိပဲ။ ကျနော်တို့ မှာ တွေးရမယ့်အချိန်တွေ၊ နားနားနေနေနေ ရမဲ့အချိန်တွေ၊မိသားစု အေးအေးဆေးဆေး စကားပြောချိန် တွေ နဲသွား သလိုပဲ။ အိမ်ထဲမှာအတူနေတာတောင် အဖေက email checkနေ၊ အမေက facebook ပေါ်မှာ၊ သား က computer game နဲ့ ။ တယောက်နဲ့ တယောက် စကားပြောဖို့  အချိန်မရှိသလောက်ပဲ။ အလုပ်တွေရှုတ် နေလိုက်ကြတာ၊ လုပ်စရာတွေ၊ လုပ်ချင်တာတွေတော်တော်များလာတဲ့ခေတ်ပါ့လား။
ကိုယ်တယောက်ထဲ အလုပ်ရှုပ်နေသလား လို့  ဘေးဘက်ကြည့်လိုက် တော့အားလုံးလဲ သူ့ဟာနဲ့ သူ အလုပ် ရှုပ်နေကြတာပဲကိုး။ ရထားပေါ်မှာ၊ ဘတ်စ်ကား တွေပေါ်မှာ တောင်မအားရပါလား။ Facebook ကြည့် သူက ကြည့် ၊ Message ပို့ တဲ့သူပို့ ၊ သီချင်းနားထောင်သူ နားထောင်၊ email check သူ check နဲ့ ။ မြန်မာပြည်က သူငယ်ချင်း တွေနဲ့ စကားပြောတော့ သူတို့ လဲ အလုပ်ရှတ်နေတာပဲ။ စီးပွားရေး၊ လူမှုရေး၊ ကိုယ့်အရေး၊အများအရေးတွေနဲ့ ။
အလုပ်လုပ်စရာတွေသိပ်များလာရင် လုပ်သင့်တဲ့အလုပ်တွေ မှာ ထိထိရောက်ရောက် အောင်အောင်မြင်မြင် လုပ် နိုင်ဖို့ ခက်လာတာအမှန်ပဲ။ Effective နဲ့ Productive သိပ်မဖြစ်နိုင်ဘူးပေါ့။
ဒါတွေကို ဘယ်လိုစီမံခန့် ခွဲရင်ကောင်းမလဲ လို့ တွေးကြည့်တော့ ဖျတ်ကနဲပဲ Stephen Covey ရဲ့ The 7 habits of highly effective people (ထိရောက် အောင်မြင်အောင် လုပ်နိုင်စွမ်းရှိတဲ့သူတွေ မှာ ရှိတဲ့အလေ့အထ ၇ ခု) စာအုပ် ကိုပြေးမြင်မိ တယ်။ ဒီစာအုပ်ဟာ စီမံခန့် ခွဲမှု နယ်ပယ်၊Personal Development မိမိကိုယ်ကို ဖွံဖြိုးအောင်လုပ်တဲ့နယ်ပယ်မှာ လူကြိုက်များ၊ကျော်ကြားတဲ့ စာအုပ်တအုပ်ပါ၊ နိုင်ငံတကာကုမ္မဏီ တော်တော်များမျုားဟာ သူတို့ ဝန်ထမ်းတွေရဲ့ Self-development ဖွံ့ ဖြိုးမှုအတွက် ဒီစာအုပ်ကို ညွှန်းလေ့ရှိကြတယ်။
အဲဒီစာအုပ်ထဲက Time Management Matrix (အချိန်ကိုစီမံခန့် ခွဲခြင်း) ကိုသတိရတယ်။ တကယ်တော့ ဒါဟာ အချိန်ကိုစီမံခန့် ခွဲတာထက် မိမိကိုယ်ကို ကိုယ် စီမံခန့် ခွဲတဲ့ အကြောင်းပါ။
*******************************************
Stephen Covey က စပြောတယ် “လူအများစုဟာ လုပ်စရာတွေ အမြောက်အများနဲ့  အလုပ်တွေနဲ့ ပိနေ၊ အလုပ်ရှတ်နေကြပြီး မိမိရည်မှန်းချက်၊ မိမိတန်ဖိုးထားတဲ့အရာတွေ အတွက်လုပ်ရမဲ့ အလုပ်တွေကို ကြတော့မေ့သလိုဖြစ်နေကြပုံရတယ်”တဲ့။ “ဒါ့ကြောင့်လဲ လူအများစုဟာ မိမိရည်မှန်းချက်တွေ ရောက်အောင်ထိထိရောက်ရောက်အောင်အောင်မြင် မြင် မလုပ်နိုင်ဘူးဖြစ်နေကြတာ။တကယ်တော့ ကိုယ့် ရဲ့အချိန်တွေ၊Energy ကိုယ်စွမ်း၊ ဥာဏ်စွမ်းတွေကို အဲဒီကိုယ့်အတွက် အရေးကြီးတဲ့ အလုပ်တွေမှာအဓိကထား သုံးရမှာ”..တဲ့။
သူက လုပ်ရမဲ့အလုပ်တွေ၊လုပ်စရာ၊လုပ်ချင်တာတွေကို IMPORTANT (အရေးကြီးတယ်) ဆိုတာနဲ့  URGENT(ချက်ချင်းလုပ်ရမယ်)ဆိုတာပေါ် မူတည်ပြီး အလုပ်အမျိုးအစား၎ မျိုးခွဲဖို့  အကြံပေးပါတယ်။
အဲဒီမှာ”အရေးကြီးတယ်”(IMPORTANT) ဆိုတာမိမိ ဘ၀၊ ရည်မှန်းချက်နဲ့ ဆက်စပ်တဲ့အရာတွေ (ဥပမာ အောင်မြင်တဲ့ ပညာရှင်တွေ။ လုပ်ငန်းရှင်တွေဖြစ်ချင်တာ)၊ မိမိဘ၀မှာ တန်ဖိုးထားတဲ့အရာတွေ (ဥပမာ.. ပျော်ရွှင်တဲ့မိသားစုဘ၀တို့ ၊ အများအကျိုးဆောင်ရွက်ချင်တာတို့ ) ကိုဆိုလိုတာပါ။ (ကိုယ့်အတွက်ဖြစ်ဖြစ်၊ အများအတွက်ဖြစ်ဖြစ်ပေါ့ )၊ ဥပမာပြောရရင်..ကျောင်းသားဆိုရင် စာမေးပွဲအောင်ဖို့ ၊ ထူးချွန်ဖို့ တို့ ၊ ၀န်ထမ်းဆိုရင်လဲ အလုပ်မှာ တာဝန်ကျေဖို့ ၊ စီးပွားရေးလုပ်ငန်းလုပ်နေတဲ့ သူကလဲ လုပ်ငန်းအောင်မြင်ဖို့၊ မိဘဘ၀ရောက်နေရင်လဲ မိဘတာဝန်ကျေပွန် ဖို့ ၊အများအတွက် စေတနာ့ ဝန်ထမ်းလုပ်နေရင်လဲ အဲဒီလူမှုရေးလုပ်ငန်းအတွက်… အစရှိတာတွေပေါ့၊ ကိုယ်ရောက်နေတဲ့ ဘ၀ကို အခြေခံပြီး တွေးကြည့်ရင် ကိုယ့်ဘ၀၊ရည်မှန်း ချက်နဲ့  ဆက်စပ်တဲ့ အရာတွေ၊အရေးကြီးတဲ့အရာတွေ ပေါ် လာမှာပါ။
“ချက်ချင်းလုပ်ရမယ်” URGENT ဆိုတာကတော့အားလုံးသိတိုင်းအတိုင်း အခု ချက်ချင်းလုပ်ရမှာ။ အချိန် ဆို်င်းလို့ မရတဲ့ အလုပ်တွေပေါ့ ။အဲဒီတော့URGENT နဲ့ IMPORTANT ပေါ် မူတည်ပြီး အလုပ် ၄မျိုးထွက်လာတာတွေ့ ပါလိမ့် မယ်။

အလုပ်(၁)က URGENT(ချက်ချင်းလုပ်ရမယ်) IMPORTANT(အရေးလဲကြီးတယ်)ဆိုတဲ့ အလုပ်။
အလုပ်(၂)က NOT URGENT(ချက်ချင်းလုပ်စရာမလို)ဒါပေမယ့်  IMPORTANT (အရေးကြီးတယ်)ဆိုတဲ့ အလုပ်မျိုး။
အလုပ်(၃)က URGENT(ချက်ချင်းလုပ်ရမယ်)NOTIMPORTANT(ဒါပေမယ့် အရေးမကြီးဘူး)ဆိုတဲ့ အလုပ်။
အလုပ်(၄)က NOT URGENT(ချက်ချင်းလုပ်စရာမလို) NOT IMPORTATNT (အရေးလဲမကြီးဘူး)ဆိုတဲ့ အလုပ်မျိုး။

****************************
Stephen Covey က အဲဒီအလုပ်တွေကို ဒီလို စီမံခန့် ခွဲ ပါလို့ ပြောတယ်..
အလုပ်(၁) URGENTand IMPORTANT (ချက်ချင်းလဲလုပ်ရမယ်၊ အရေးလဲကြီး တယ်ဆိုတဲ့အလုပ်)
..ဥပမာ ကျောင်းသားဆိုကြပါစို့ ၊စာမေးပွဲကနောက်တပတ်ထဲမှာဆိုရင်စာကြည့်ဖို့ ဟာ သူ့ အတွက်Urgent and Important ပေါ့၊အလုပ်ရှာနေတဲ့၊Scholarshipprogramme ရှာနေတဲ့  လူငယ်တွေဆိုရင်လဲ အလုပ်တခု၊ Scholarship တခု ခေါ်နေတာတွေ့ တယ်၊ ကိုယ်နဲ့ လဲကိုက်တယ်၊ဒါဆိုရင် ဒါဟာ သူ့ အတွက် Urgent and Important ပေါ့၊…အဲဒါအလုပ်မျိုးကချက်ချင်းအရေးတကြီးကို အဲဒီပေါ်မှာ သေသေချာချာ အာရုံစိုက်လုပ်ရမှာ၊ ဒါကိုတော့အားလုံးလုပ်ဖြစ်မှာပါ။

အလုပ်(၂) NOT URGENT but IMPORTANT (အရေးကြီးတယ်၊ ချက်ချင်းတော့မလိုသေးဘူးဆိုတဲ့အလုပ် မျိုး)
..ဥပမာကျောင်းသားတွေအတွက်ဆိုရင် အတန်းသစ်တတန်းတက်တာနဲ့သင်တဲ့စာတွေ စလေ့လာရမယ်ဆိုတာမျိုးပေါ့ ။ ဘာလို့ လဲဆိုတော့အခုချက်ချင်uးrgent မလိုသေးပေမယ့် ကိုယ့်အတွက်အရေးကြီးတယ်၊ နှစ်ကုန်လို့ စာမေးပွဲဖြေရင်ဒီဟာကurgent ဖြစ်သွားမှာမဟုတ်လား။ ၊လူကြီးတွေကတော့ ကိုယ့်ကိုကိုယ်တွေးယူရင်ရပါတယ်၊ဥပမာ..ကိုယ့်မှာ သားသမီးလဲရှိတယ်၊ အခုသူတို့က ငယ်သေးပေမယ့် နောက်၅နှစ်၊၆နှစ်လောက်ဆို တက္ကသိုလ်၊ကောလိပ် ပို့ ရတော့မှာ၊ ချက်ချင်uးrgent တော့ငွေမလိုသေးဘူး၊ ဒါပေမယ့်  ဒါဟာ ကိုယ့်ဘ၀အတွက တကယ်အရေးကြီးတယ်၊ Importantပေါ့၊ ငွေကြိုစုထားမှ ဆိုတာမျိုးပေါ့။
Stephen Covey ကတော့ ဒီအလုပ်မျိုး (အလုပ် -၂) ကို တော်တော် အလေးထားပြောတယ်၊ ထိရောက်အောင်မြင်ချင်တဲ့သူဟာ ဒီအလုပ်မျိုး ဦးစားပေးလုပ်ရမှာတဲ့၊ ဘာလို့လဲဆိုတော့ ဒီအလုပ်တွေဟာနောက်တော့သေချာပေါက် “URGENT and IMPORTATNT (ချက်ချင်းလဲလုပ်ရမယ်၊ အရေးလဲ ကြီးတယ်ဆိုတဲ့အလုပ်)” ဖြစ်သွားမှာ၊ မဖြစ်မနေလုပ်မှာ။ ကြိုစဉ်းစား၊ကြိုစီမံ ထားရင်အေးအေးဆေးဆေးလဲလုပ်နိုင်တယ်၊တကယ်တန်းလုပ်ရမဲ့အချိန် ရောက်လာတော့လဲ အဆင်သင့်ဖြစ်တာပေါ့ ..တဲ့၊ နောက်အချက်က..လူသဘောကချက်ချင်းလုပ်စရာ မလိုသေးရင် ပေါ့ပေါ့ဆဆနေတတ်၊ မေ့နေတတ်တယ်။ ဒီအလုပ်မျိုးကမေ့လို့မရဘူး၊ ဘာလို့ လဲဆိုတော့မိမိရည်မှန်းချက်၊ မိမိတန်ဖိုးထားတဲ့အရာတွေ ကိုပေးစွမ်းမဲ့ အလုပ်တွေဖြစ်နေလို့ ပေါ့။
တကယ်တော့ ကျနော်တို့ မှာလဲ ဒီလိုအတွေ့ အကြုံတွေကျောင်းသားဘ၀မှာ ရှိခဲ့ဘူးကြပါတယ်လို့  ကျနော်ထင်တယ်။ကျောင်းစာကိုနှစ်စကစပြီး နဲနဲချင်း ပြင်ဆင်လာတဲ့ ကျောင်းသားနဲ့စာမေးပွဲနီးမှ သိမ်းကြုံးကြည့်ရတဲ့ ကျောင်းသားမတူသလိုပေါ့ဗျာ၊ Stephen Covey ကဒါကို ဘ၀တလျှောက်လုံးမှာ သုံးစေချင်တာ။

အလုပ်(၃)URGENT but NOT IMPORTATNT (ချက်ချင်းလုပ်ရမဲ့ပုံပဲ၊ ဒါပေမယ့် အရေး တော့မကြီးဘူး. ဆိုတဲ့အလုပ် မျိုး) ဥပမာ..TVမှာကိုယ်ကြိုက်တဲ့ ကိုရီးယားဇာတ်လမ်းတွဲက အပိုင်းတပိုင်းလာတာမျိုး၊ သူငယ်ချင်းတွေကလဘက်ရည်ဆိုင်လှမ်းခေါ်တဲ့ အခါမျိုးနေမှာပေါ့ ၊ရှေ့ ကပြောခဲ့တဲ့အလုပ်၂မျိုး အလုပ်(၁)နဲ့အလုပ်(၂)တွေနဲ့တိုက်ဆိုင်မနေရင်၊ အချိန်ပိုလဲရှိနေရင် လုပ်ပေါ့ဗျာ။

အလုပ်(၄)NOTURGENT, NOT IMPORTATNT(အရေးလဲမကြီး၊ချက်ချင်းလဲလုပ်ဖို့ မလိုတဲ့ လုပ် မျိုး)…အဲဒါကတော့  ကိုယ့်ကိုကိုယ်သာစဉ်းစားကြပေတော့။ဖုန်းတွေ ခဏခဏ ပွတ်မိနေတာ၊facebook ကိုခဏခဏကြည့် ဖြစ်တာ မျိုးပါ မှာပေါ့ ။

Stephen Covey ကတော့ “ထိရောက်အောင်မြင်ချင်ရင် အဲဒီ အလုပ်(၃)နဲ့  အလုပ်(၄) အလုပ် မျိုးကိုနဲနိုင်သမျှနဲပါစေ”… လို့အကြံပြုပါတယ်။ “ထိရောက်အောင်မြင်အောင် လုပ်နိုင်တဲ့သူတွေဟာ အလုပ်(၁)နဲ့ (၂)မှာပဲ မိမိအချိန်နဲ့ စွမ်းအားတွေကို ပိုသုံးကြတယ်။ ဘာလို့ လဲဆိုတော့ဒီအလုပ်မျိုးတွေဟာ URGENTချက်ချင်းလုပ်ဖို့ လိုသည်ဖြစ်စေ၊မလို သည်ဖြစ်စေ ကိုယ့်ဘ၀ရဲ့ရည်မှန်းချက်၊ ပန်းတိုင်၊ ကိုယ်တန်ဖိုးထားတဲ့အရာတွေကိုရရှိစေမဲ့ IMPORTANT အလုပ်မျိုးတွေဖြစ်လို့ပဲလို့ သူကဆိုပါတယ်။ အဲဒီ၂ခုထဲကမှ အလုပ် (၂) ကတော့ အရေးကြီးဆုံးပေါ့ဗျာ”..လို့ ထပ်အကြံပေးထားပါတယ်။ ”Quadrant II is the heart of effective personal management”ပါတဲ့။

****************************
ကဲ..ဒီတော့...ကျနော်တို့ လဲ လေ့ကျင့်ခန်းလေး တခုလုပ်ကြည့်လိုက်ကြရအောင်…
(၁)ပထမဦးဆုံးစာရွက်တရွက်ပေါ်မှာ…ကိုယ်အခုလုပ်နေတဲ့အလုပ်တွေ၊လုပ်ချင်တဲ့ အလုပ်တွေ ချရေးပါ၊ နောက်ပြီး.. ကိုယ့်ရဲ့ ရည်မှန်းချက်၊ ကိုယ်တန်ဖိုးထားတဲ့  အရာတွေအတွက်လုပ်ရ မဲ့ အလုပ်တွေကိုလဲ သေချာတွေးပြီးချရေးပါ။
(၂) ပြီးရင် ဒီအလုပ်တွေအားလုံးကို အထက်က အလုပ်အမျိုးအစားတွေ ထဲ သေချာတွေးပြီး သက်ဆိုင်ရာအလုပ်တွေမှာ ထဲ့ကြည့်လိုက်ရအောင်။
(၃) အလုပ်(၃)နဲ့ အလုပ်(၄)ထဲကအလုပ်တွေကို သိပ်များနေရင် တတ်နိုင်သမျှ လျှော့အောင်လုပ်ပါ၊ အဲဒီအတွက်အချိန်နဲ့ စွမ်းအားတွေသိပ်မကုန်ပါစေနဲ့ ၊
(၄) အလုပ်(၁) နဲ့အလုပ်(၂)တွေအလုပ်တွေထဲကအတွက် အချိန်တွေ၊ ကိုယ်စွမ်းဥာဏ်စွမ်းတွေ အစွမ်းကုန်ထဲ့  လုပ်ပါ၊
(၅) အဲဒီဇယားလေးကို ကိုယ်မြင်သာ တဲ့နေရာမှာထားပြီး နေ့ တိုင်း မိမိအလုပ်တွေကို ပြန်ဆန်းစစ်နေပါ၊အလုပ်(၁)နဲ့အလုပ်(၂)က အလုပ်တွေ မှာငါအားနည်းနေသလား၊ အလုပ်(၃)နဲ့ အလုပ်(၄)က အလုပ်တွေနဲ့  သိပ်အလုပ်ရှုပ်လွန်းနေပြီလားဆိုတာကိုပေါ့ ။

ဒီလိုစနစ်တကျလုပ်ရင်ဘ၀မှာဘယ်မှာ မအောင်မြင်စရာရှိမလဲဗျာ။ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ၊ နိုင်ငံတကာအဆင့်မီ၊ ပေမီထောက်မီ အတွေးအခေါ် တွေ၊ ကျင့်စဉ်၊ စနစ်တွေအတိုင်း ကျင့်သုံးနေတာပဲ။
အဲ....တကယ်လုပ်ဖို့ တော့ လိုတာပေါ့နော်။

အားလုံးပျော်၇ွှင်အောင်မြင်ကြပါစေ..
ဒေါက်တာအောင်မျိုး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။