Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, February 11, 2016

ကျုပ်တို့ ဘာတွေ မှားသွားသလဲ

 
ကျုပ်တို့ ဘာတွေ မှားသွားသလဲ
••••••••••••••••••••
၁၉၉၄ ဝန်းကျင်ဟာ ကချင်တွေရဲ့ ရွှေခေတ် လို့ ပြောလို့ရပါတယ်။ ကျောက်စိမ်း လုပ်ငန်းနဲ့ ကချင်သူဌေး လောပန်း တွေ အများကြီး ပေါ်ထွက်ခဲ့တယ်။ ထင်ရှားတဲ့ ဦးယွပ်ဇော်ခေါင် နဲ့ ဦးလော်ဝါးဇောင်းခေါင် အပါအဝင်ပေါ့။

ရန်ကုန် မန္တလေး ပြင်ဦးလွင် အစရှိတဲ့ မြို့တွေမှာ အိမ်ခြံမြေ တွေကို ကချင်တွေ ပိုင်ဆိုင်ခဲ့ကြတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ စီးပွားရေး ကျပ်တည်း လာတဲ့အတွက် ဒီအိမ်ခြံမြေတွေကို လက်လွတ်ခဲ့ကြသူတွေ မနည်းပါဘူး။

ပြီးတော့ ဦးယွပ် တစ်ဦးသာ ကချင်ပြည်နယ် အတွက် သမိုင်းဝင် ပေးဆပ်မှုတွေ အများအပြား လုပ်ဆောင်ခဲ့ လုပ်ဆောင်နေဆဲ ဆိုတာ တွေ့ရပါတယ်။ ကျန်တဲ့သူတွေ အနည်းအကျင်း လုပ်ဆောင်ခဲ့တာတွေ လည်း တော့ ရှိပါတယ်။

ခုဒီဘက်ပိုင်း မှာ လောက်လောက်ငှါးငှါး အကိုးလို့ရမယ့် လောပန်းတွေ မထွက်ပေါ်တော့တာ အထင်းကြီးပါပဲ။ ပြောရရင် ၁၉၉၃ မှ နှစ် ၂၀ ကျော်ကာလမှာ ကချင်ပြည်ရဲ့ မျက်နှာဖုံး လောပန်း အသစ် မထွက်တော့ ပါ။ ကျောက်စိမ်းလုပ်ငန်း ယခင်ထက် အဆပေါင်းများစွာ တိုးလုပ်ကိုင် နေချိန် ဒီလို လုပ်ငန်းရှင် ထွက်မလာတာ ကချင်တွေအတွက် တကယ့်ကို ဆိုးရွားတဲ့ အချက်ပါဘဲ။

အရင် လုပ်ငန်းရှင် လောပန်းတွေကိုယ်တိုင် အသက်အရွယ် ကြီးရင့်လာပြီ ဖြစ်တဲ့ အပြင် တော်တော်များများကလည်း စီးပွားဥစာ ပိုင်ဆိုင်မှုမှာ ဆင်ပိန်ကျွဲ အဆင့်သာ ရှိပါတော့တယ်။

ယခင် လူလတ်တန်းစား အဆင့် ဝင်သူတွေလည်း ကိုယ့်အိမ်မြေကွက် မရောင်းထုတ်လိုက်ရဖို့ ကျားကုတ်ကျားခဲ ရုန်းကန်နေကြရတာ တွေ့ရပါတယ်။
---------
ကချင်တွေ ဘယ်နေရာ မှားသွားကြသလဲ ???

မှားသွားတဲ့ အချက်တွေကတော့ အများကြီးပါ။ အဓိက အမှားတွေကို ပြောရရင်

၁။ သဘာဝသံယံဇာတ (ကျောက်စိမ်းအပါ) တို့အပေါ် အလွန်အကျွံ မှီခိုခြင်း ------

ကမ္ဘာ့ အကောင်းဆုံး ကျောက်စိမ်း ထွက်ရှိတဲ့အတွက် ကချင်အများစုဟာ အခြားလုပ်ငန်းများအပေါ် စိပ်ဝင်စားမှု မရှိသလောက် ဖြစ်သွားပါတယ်။ ရွှေကဲ့သို့ အခြားသံယံဇာတများ အဆက်မပျက် တူးဖော်နိုင်ခြင်းကြောင့် လည်း အခြား စီးပွါးရေးမှာ ရင်းနှီးလုပ်ကိုင်ဖို့ စိတ်မဝင်စားကြတော့ ပါဘူး။

ရွှေလုပ်ငန်း မိန်သွားတဲ့ အခါ ကျောက်စိမ်းဘက်ကို စုပြုံပြီး လုပ်ကိုင်ကြတယ်။ ဒါပေမယ့် ဒီအချိန်မှာတော့ ၁၉၉၀ ပြည့်လွန် နှစ်တွေတုန်းကလို မဟုတ်လေတော့ ကချင်တွေ အခက်အခဲ တွေ့တော့တာ ပါပဲ။ စစ်တပ်နဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေကို ကချင်လုပ်ငန်းရှင်တွေ ဘယ်လိုမှ မယှဉ်နိုင်တာ ကြောင့်ပါပဲ။

ယခင် တနိုင်တပိုင်တူးလို့ ရတဲ့နေရာမှာ ဦးပိုင်အမည်တွေနဲ့ ခွဲတမ်းချပြီး ထိုလုပ်ငန်းရှင်တွေ နေရာဝင်ယူတော့ ကျင်းသားတွေက ရေမဆေးသမားဖြစ် အရင်လောပန်းတွေက ရေမဆေးထောက် လောပန်းတွေအဖြစ် ပြောင်းလဲသွားတယ်။ အခြားလုပ်ငန်း မလုပ်တတ်လေတော့ ဘာမှ မတတ်နိုင်ကြတော့ဘူးလေ။
-----------
၂။ စီးပွါးရေးနှင့် ရည်းနှီးမြှုပ်နှံမှု များတွင် educated မဖြစ်ခြင်း---

စီးပွါးရေးပညာရပ် တွေကို ကောင်းမွန်စွာမသိခြင်းက ကချင်တွေရဲ့ စီးပွါးရေးဖွံ့ဖြိုးမှု ကို အတားအဆီးဖြစ်စေတာ တွေ့ရပါတယ်။ ယခုချိန်ထိ ကချင်အများစု financial , GDP , money exchange rate အတက်အကျ စတာတွေကို စိတ်မဝင်စားကြပါ။
ဈေးကွက်တစ်ခုရဲ့ Demand , Supply တွေမှာ ကျောက်စိမ်း အရည် အသား က လွဲပြီး ကျန်တာမသိကြ။
ကျောက်အခြောထည် လုပ်းငန်းဆိုတာ မိမိနဲ့ မဆိုင်သလိုပင်။

နိုင်ငံခြား ရင်းနှီးမြုတ်နှံမှု မှ အကျိုးအမြတ် မရှာတတ်ကြ။ လုပ်လိုက်တဲ့ တရုတ် နဲ့ ကျောက်စိမ်း တူးဖော်ရေးမှာလည်း မိမိရရှိတဲ့ မဆို့မပို့ ငွေလေးကို ကျေနပ်နေကြရတယ်။ ဒါကလည်း မရှင်းမရှင်း ပင်။

ဒီလို အခြားစီးပွါးရေးအတွက် educated မဖြစ်ခြင်းဟာ လက်ရှိ ကချင်တွေရဲ့ ကြီးမားတဲ့ အခက်အခဲ စိန်ခေါ်မှုကြီး ဖြစ်ပါတယ်။
----------
၃။ အုပ်ချုပ်သူများ၏ မြန်မာနိုင်ငံလုံးဆိုင်ရာ ဖိနိပ် လက်ဝါးကြီးအုပ်ခြင်း -----
စစ်အုပ်ချုပ်ရေး နဲ့ နောက်ပိုင်း တက်လာတဲ့ အစိုးရတွေရဲ့ ကချင် လုပ်ငန်းရှင်တွေအပေါ် မြေတောင်မြှောက် မပေးတဲ့အပြင် ၎င်းတို့နဲ့ နီးစပ်သူများကို ဦးစားပေးတဲ့ စနစ်ဟာလည်း ကချင်တွေ စီးပွါးရေး
ကျဆင်းစေတဲ့ အကြောင်းရင်း တစ်ခု ဖြစ်ပါတယ်။

တက်လာတဲ့ အစိုးရတိုင်းက ကချင်တွေကို သူပုန်လူမျိုး အဖြစ်သာ မြင်ကြပြီး ကချင်လုပ်ငန်းရှင်တွေကို အားပေးတာဟာ သူပုန်အားပေးခြင်း ဖြစ်တယ်လို့ ယူဆ ဟန်ရှိတယ်။ ဒါကြောင့်လည်း အကျိုးတူဆိုပြီး စဝင်လာတဲ့အချိန်မှာ ကချင်လုပ်ငန်းရှင်တွေ ပိုင်ဆိုင်တဲ့ ကျောက်စိမ်းလုပ်ကွက်တွေ သတ္တုတွင်း ဝန်ကြီးဌာန မှ တဆင့် ဈေးပြိုင်စနစ်လိုလို နဲ့ ဖားနိုင်သူရ စနစ်လို တစ်မျိုး နီးစပ်ရာဆွေမျိုး စနစ်လို တဖုံ နဲ့ လက်လွတ်ခဲ့ရပါတယ်။

စာရေးသူကိုယ်တွေ့ တစ်ခုကတော့ ၂၀၀၂-၂၀၀၃ က Kachin national ကုမ္ပဏီပိုင် မားဆား လုပ်ကွက်အမှတ် ၁၄၅ ဟာ အစိုးရမှ သက်တမ်းတိုး မခံတော့ဘဲ အခြား ကုမ္ပဏီက တူးဖော်ခွင့် ရှိသွားတာပါပဲ။ ခေါင်းပေါင်းကျင်းပြီး ကျောက်ကျော တွေ မြင်တွေ့နေရချိန်မှာ လက်လွတ်လိုက်ရပါတယ်။ ရလာဒ်အနေနဲ့ Kachin National co.,ltd ဟာ အသက်ရှူဖို့တောင် အခက်အခဲ ဖြစ်သွားပါတယ်။
----------
ကချင်ကျောက်စိမ်း ကုန်သည်များ စည်းလုံးမှု မရှိခြင်း ကလည်း ဆိုးရွားမှုတစ်ခုပါ။ လက်တွဲခေါ်မှု မရှိဘဲ အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား ဆိုတာ ကျောက်လုပ်ငန်းမှာ အဓိက တွေ့ရတာပါပဲ။

အခြား လူမျိုးတွေနဲ့ မတူတာက အခြား ဦးပိုင်ကဲ့သို့ ကုမ္ပဏီတွေကို ယှဉ်ဖိုက်နိုင်ဖို့ အင်အားတောင့်တင်းတဲ့ ကုမ္ပဏီ မဖွဲ့နိုင် မတည်ထောင်နိုင်တာပါပဲ။ မမြင်ဘူးတဲ့ ပိုက်ဆံလေးတွေ ရလာတော့ မာနထောင်လွားပြီး ဘယ်သူ့ကိုမှ အောက်မကျို့ချင်ကြတော့ဘူး။

အဲတော့ ကျောက်စိမ်း လုပ်ကွက်ကောင်းတွေ လေလံဆွဲနိုင်မယ့် အင်အား သူတို့မှာ မရှိကြတော့ဘူး။ ရတဲ့ လုပ်ကွက်အပေါ် ယန္တားအင်အားသုံး တူးဖော်ဖို့ ခက်ခဲသွားတယ်။ နောက်ပိုင်း မိမိလုပ်ကွက်ကို ဈေးပေါပေါ နဲ့ အခြားသူတွေဆီ ထိုးအပ်လိုက်ရတော့တာပါပဲ။
--------
ဆိုးကျိုး က ဘာတွေလဲ

ခုလက်ရှိ မြင်တွေ့နေရတဲ့ မြစ်ကြီးနားမြို့က ခမ်းနားတဲ့ ကချင်အိမ် အကုန်နီပါး ကျောက်စိမ်း အောင်တဲ့ ငွေတွေနဲ့ တည်ဆောက်ထားတာပါ။

ခရစ်ယာန် အသင်းတော် အကုန်နီးပါးရဲ့ ခေတ်ပေါ် အဆောက်အအုံတွေဟာ ကျောက်စိမ်းမှ ရငွေက အခြေခံ အုတ်မြစ် ဖြစ်တယ်ဆိုတာ ငြင်းနိုင်မယ် မထင်ဘူး။

ပြည်ပ အထောက်အပံ့ မရှိတဲ့ အသင်းတော် အများစုဟာ အသင်းသားတွေရဲ့ ထည့်ဝင်တဲ့ အလှူငွေအပေါ် ရပ်တည်နေရတာပါ။

အသင်းသားတွေ အဓိက လုပ်ကိုင်တဲ့ စီးပွါးရေး ပျက်သုန်းရင် အသင်းတော်ဟာ ဘဏ္ဍာရေး အကျပ်အတည်းနဲ့ ရင်ဆိုင်ရမှာ မလွဲပါ။

ထိုအတူပဲ လက်နက်ကိုင်အဖွဲ့အစည်း ဟာလည်း ကျောက်စိမ်းရငွေ ပေါ်မှာ ရပ်တည်နေရပါတယ်။ ကျောက်စိမ်း ကုန်ရင် ဒီအဖွဲ့ကြီးလည်း နားကား မှာ မလွဲပါဘူး။

ယခုလက်ရှိ တူးဖော်နေမှု နှုန်းအတိုင်းဆို ယခင် ထင်မှတ်ထားတဲ့ ကျောက်စိမ်း ကုန်ခမ်းမယ့် နှစ်ထက် အဆ ၁၀၀ ကျော် ပိုစောဖွယ် ရှိပါတယ်။ ဒီအခါ ကချင်တွေ က တလှည့်ပြန်ပြီး သူတပါးဆီ နိမ့်ကျတဲ့ ဘဝတွေနဲ့ ကျွံခံဖို့ဘဲ ရှိတော့တယ်။
--------
ဆိုတော့က ကျတော်တို့ ဘာမှားနေ သလဲ ?? ဆိုတာ သုံးသပ်သင့်ပါပြီ။

ကချင်လူငယ်တွေကို မျိုးချစ် မျိုးချစ်ပဲ ဆက်အော်ခိုင်းပြီး လက်တွေ့ မဆန်တဲ့ ဘဝမှာပဲ ဆက်နေခိုင်းမလား ???

ဒါမှမဟုတ်
ကုန်ထုတ်လုပ်မှုတွေ ဖန်တီးနိုင်အောင် အားပေးမလား??
စီးပွါးရေး ပညာရှင်တွေ မွေးထုတ်ပြီး ကယ်တင်မလား???
ကိုယ်ရသင့်တဲ့ အခွင့်အရေးကို အစိုးရဆီ တိုက်ရိုက် တောင်းဆို မလား???
ဒါမှမဟုတ် အတူမနေသင့် မူဝါဒကို ကိုင်စွဲပြီး ဘာမှလည်း မလုပ်နိုင် ကိုယ်လုပ်သမျှ တရားဝင်အဖြစ် အသိမှတ်ပြု မခံရတဲ့ ဘဝနဲ့ ဆက်နေမလား???
စတဲ့ စတဲ့ မေးခွန်းတွေကို ကျုပ်တို့ ဖြေဆို ရင်ဆိုင်ရပါတော့မယ်။

အချုပ်အားဖြင့်
ကချင်တွေအနေနဲ့ မိမိ ဘဝ ၊ ပတ်ဝန်းကျင် တိုးတက်ဖို့ အစိုးရနဲ့ လက်မတွဲဘူး ဆိုတာထက် အစိုးရနဲ့ လက်တွဲပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်း ၊ မိမိတို့ ပြည်နယ်အကျိုးကို ဆောင်ရွက်နိုင်မယ့် အစိုးရ ကို ပုံဖော်ခြင်း ၊ ပါဝင်ဆောင်ရွက်ခြင်းအပြင် လိုအပ်ပါက ပြည်နယ်အစိုးရ တစ်ခုလုံး ပြောင်းလဲပစ်ခြင်းအထိ လုပ်ကိုင်နိုင်မယ့် အခွင့်အရေးများ ဖန်တီးနိုင်ခွင့် တို့ကို အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါပြီ။

လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ လည်း လုပ်ငန်းရှင်ကြီးများ ပေါ်ထွက်လာရေးကို ပိုမို ပံ့ပိုးကူညီ သင့်ပါပြီ။
တိုင်းပြည်ကို အကျိုးမပြုတဲ့ ခရိုနီလက်သစ်တွေ ထပ်ထွက်မလာဖို့ လုပ်ဆောင်ရပါမယ်။

လူငယ်အားလုံး အခြား ရနိုင် လုပ်နိုင်တဲ့ အလုပ် တွေမှာ ပါဝင်လုပ်ကိုင်ခြင်းဖြင့် ပိုမို လက်တွေ့ကျတဲ့ ဘဝတွေကို တည်ဆောက် ရပါမယ်။
ကျုပ်တို့ အမှားတွေ လုပ်တာ သိပ်များသွားခဲ့ ပြီးပြီ မဟုတ်ပါလား !!!

by Jan Khone

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။