စောရနက္ခတ်နဲ့ ယှဉ်ပြီး မွေးဖွားလာတဲ့ လက်ရှိ မြန်မာနိုင်ငံအလံ
လက်ရှိမြန်မာနိုင်ငံတော်အလံ ကို တွေ့မြင်ရတိုင်း ဒီအလံတော်ဟာ အီသီယိုပီယားအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်းများစွာရဲ့ အလံတော်များနဲ့ ဆင်ဆင်တူနေပြီး မြန်မာနိုင်ငံမှာတော့ ရှမ်းအလံနဲ့ ပိုဆင်ပါတယ်။ ကွက်တိကို ပြောရရင် စစ်အစိုးရဟာ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ရဲ့ အလံတော်ကို ခိုးယူခဲ့ခြင်း ဖြစ်တယ်။
၁၉၇၄-ခုနှစ်၊ မဆလဥပဒေအရ အတည်ပြုခဲ့တဲ့ ခွေးစိပ်သွား၊ စပါးနှံ၊ ကြယ်(၁၄)နဲ့ အပြာအဖြူအနီ အလံတော်ကို ၂၀၁၀-ခု၊ အောက်တိုလ (၂၁)ရက်နေ့မှာ အင်္ဂါသားက ဖြုတ်ချလိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်တယ်။ ဗုဒ္ဓဟူးသားက အခုအလံသစ်ကို လွှင့်တင်တယ်။ လက်ရှိသမ္မတသိန်းစိန်က အဲဒီတုန်းက နိုင်ငံတော်ဝန်ကြီးချုပ်အဖြ စ်နဲ့ တက်ရောက်ခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နိုင်ငံတော်အလံကို ဖျက်ဆီးရင် ထောင်ဒဏ်(၃)နှစ်၊ ငွေဒဏ်(၃)သိန်း ကျခံစေရမယ်လို့ ပြဌာန်းခဲ့ပေမဲ့ သူတို့ကိုယ်တိုင် အလံဟောင်းကို ဖျက်ဆီးလိုက်ကြပါတယ်။ (ဧရာဝတီ - ၂၆၊ ၁၀၊ ၂၀၁၀)
အောက်တိုလ (၂၅)ရက်နေ့၊ ဘီဘီစီအင်တာဗျူးတစ်ခုမှာ အလံပိုင်ရှင်အမျိုးသားညွန့် ပေါင်းအစိုးရ၊ (NCGUB) နိုင်ငံခြားရေးဝန်ကြီးဦးဘိုလှတင့်က အမျိုးသားလွတ်မြောက်ရေးသင်္ကေ တ၊ အမျိုးသားရေးလက္ခဏာကို ဆောင်တဲ့အနေနဲ့ NCGUB က ဒီသုံးရောင်ခြယ်အလံကို အသုံးပြုခဲ့ကြောင်း၊ အလယ်က ကြယ်တစ်ပွင့်ကတော့ ပြည်နယ်ပေါင်းစုဖက်ဒရယ်ပြည် ထောင်စုတစ်ခုကို တည်ထောင်ဖို့ ညီညွတ်မှုကို ပြတဲ့အနေနဲ့ အသုံးပြုခဲ့ကြောင်း ဖြေကြားသွားတယ်။
မြန်မာနိုင်ငံက ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိခဲ့တဲ့အချိန် က စပြီး ဒီနေ့အချိန်ထိ အလံသုံးခု အသုံးပြုခဲ့ပါတယ်။ ၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီးကာလ အနီရောင်၊ အပြာရောင်၊ ကြယ်ဖြူငါးလုံးအလံ၊ ၁၉၇၄ ခုနှစ်ကနေ ၂၀၁၀ အောက်တိုဘာလအထိ အလံမှာ အနီရောင်၊ အပြာရောင်၊ အရွယ်တူကြယ်ဖြူ ၁၄လုံး၊ စပါးနှံနှင့် ခွေးသွားစိပ်အ မှတ်အသားပါ အလံနဲ့ အခု နအဖရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအလံတို့ ဖြစ်တယ်။ (ကေအိုင်စီ 10/25/2010)
နောက်ဆုံးအလံဟာ နအဖတို့ နာဂစ်ဖွဲ့စည်းပုံအလိုအရ (၁) အဝါရောင်ဟာ ကြီးမြတ်ခြင်း၊ ဂုဏ်ရောင်ပြောင်ခြင်းနဲ့ ဘာသာ သာသနာကို ကိုယ်စားပြုတယ်လို့ ဆိုတယ်။ (၂) အစိမ်းရောင်ကတော့ ဆန်ရေစပါး ပေါများခြင်းနဲ့ သာယာဝပြောခြင်းကို အသွင်ဆောင်တယ်လို့ ဆိုတယ်။ (၃) အနီရောင်ကတော့ ရဲရင့်တဲ့ စိတ်ဓာတ်ခွန်အားကို အထူးပြုတယ်လို့ ဆိုတယ်။ အဖြူရောင်ကြယ်တစ်လုံးကတော့ ပြည်ထောင်စုကို ကိုယ်စားပြုကြောင်း ဆိုပါသတဲ့။
ဒါပေမဲ့ ပြည်သူတို့က ဒီအလံကို မကြိုက်ကြပါဘူး။ အလံတော်ကို ခိုးယူခဲ့တာကို အစပြုပြီး အပြစ်တင်ကြပါတယ်။ ၁၉၉၀-ခုနှစ်က ဒီချုပ်ရခဲ့တဲ့မဲကို ဖျက်သိမ်းခဲ့တယ်၊ ၂၀၀၈-ခုမှာ နာဂစ်ဖွဲ့စည်းပုံကို မဲခိုးပြီး အတည်ပြုခဲ့တယ်၊ နောက်ပြီး NCGUB ကနေ ဒီအလံကို ခိုးယူခဲ့တယ်။ ၂၀၁၀-ခုရွေးကောက်ပွဲမှာလည်း မဲခိုးပြီ့ အစိုးရတက်လုပ်ခဲ့တယ်။ ဒီအလံက သူခိုးအလံပဲလို့ တစ်ယောက်က ဆိုပါတယ်။
အခြားတစ်ယောက်က အလံတော်ကို ဒီလိုဖွင့်ဆိုပါတယ်။ အဝါရောင်ဟာ သန်းရွှေ၊ အစိမ်းရောင်ဟာ ငွေကြေးခဝါချမှု၊ အနီရောင်ဟာ ပြည်သူများရဲ့ သွေးတွေ၊ ကြယ်တစ်လုံးဟာ တပြည်ထောင်စုစနစ်ကို ကိုယ်စားပြုတယ်လို့ သူ့အယူအဆကို ပြောသွားပါတယ်။
ဘာပဲပြောပြော သူခိုးနက္ခတ်နဲ့ ယှဉ်ပြီး မွေးဖွားလာတဲ့ လက်ရှိအလံဟာ လေးစားစရာ တစ်ကွက်မှ မရှိပါဘူး။ ဖွဲ့စည်းပုံကို ပြင်ပြီး ပြည်သူ့ဆန္ဒအရ နောက်ထပ်အလံသစ်တစ်မျိုးကို အတည်မပြုမီအချိန်အထိ မြန်မာနိုင်ငံရဲ့ အလံကို အလေးပြုစရာမလိုဘူး။ အလေးပြုမိသူများ ရှိရင် မဟာစောရမင်းကြီး သန်းရွှေမျက်နှာကို ဖူးမြော်ပြီးသကာလ ခိုးသားငါးရာတို့ရဲ့ စစ်ဘင်ခရာသံကို ကြားယောင်မိပါစေသား။
ထီး ကူး ဆို
လက်ရှိမြန်မာနိုင်ငံတော်အလံ
၁၉၇၄-ခုနှစ်၊ မဆလဥပဒေအရ အတည်ပြုခဲ့တဲ့ ခွေးစိပ်သွား၊ စပါးနှံ၊ ကြယ်(၁၄)နဲ့ အပြာအဖြူအနီ အလံတော်ကို ၂၀၁၀-ခု၊ အောက်တိုလ (၂၁)ရက်နေ့မှာ အင်္ဂါသားက ဖြုတ်ချလိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်တယ်။ ဗုဒ္ဓဟူးသားက အခုအလံသစ်ကို လွှင့်တင်တယ်။ လက်ရှိသမ္မတသိန်းစိန်က အဲဒီတုန်းက နိုင်ငံတော်ဝန်ကြီးချုပ်အဖြ
အောက်တိုလ (၂၅)ရက်နေ့၊ ဘီဘီစီအင်တာဗျူးတစ်ခုမှာ အလံပိုင်ရှင်အမျိုးသားညွန့်
မြန်မာနိုင်ငံက ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိခဲ့တဲ့အချိန်
နောက်ဆုံးအလံဟာ နအဖတို့ နာဂစ်ဖွဲ့စည်းပုံအလိုအရ (၁) အဝါရောင်ဟာ ကြီးမြတ်ခြင်း၊ ဂုဏ်ရောင်ပြောင်ခြင်းနဲ့ ဘာသာ သာသနာကို ကိုယ်စားပြုတယ်လို့ ဆိုတယ်။ (၂) အစိမ်းရောင်ကတော့ ဆန်ရေစပါး ပေါများခြင်းနဲ့ သာယာဝပြောခြင်းကို အသွင်ဆောင်တယ်လို့ ဆိုတယ်။ (၃) အနီရောင်ကတော့ ရဲရင့်တဲ့ စိတ်ဓာတ်ခွန်အားကို အထူးပြုတယ်လို့ ဆိုတယ်။ အဖြူရောင်ကြယ်တစ်လုံးကတော့ ပြည်ထောင်စုကို ကိုယ်စားပြုကြောင်း ဆိုပါသတဲ့။
ဒါပေမဲ့ ပြည်သူတို့က ဒီအလံကို မကြိုက်ကြပါဘူး။ အလံတော်ကို ခိုးယူခဲ့တာကို အစပြုပြီး အပြစ်တင်ကြပါတယ်။ ၁၉၉၀-ခုနှစ်က ဒီချုပ်ရခဲ့တဲ့မဲကို ဖျက်သိမ်းခဲ့တယ်၊ ၂၀၀၈-ခုမှာ နာဂစ်ဖွဲ့စည်းပုံကို မဲခိုးပြီး အတည်ပြုခဲ့တယ်၊ နောက်ပြီး NCGUB ကနေ ဒီအလံကို ခိုးယူခဲ့တယ်။ ၂၀၁၀-ခုရွေးကောက်ပွဲမှာလည်း
အခြားတစ်ယောက်က အလံတော်ကို ဒီလိုဖွင့်ဆိုပါတယ်။ အဝါရောင်ဟာ သန်းရွှေ၊ အစိမ်းရောင်ဟာ ငွေကြေးခဝါချမှု၊ အနီရောင်ဟာ ပြည်သူများရဲ့ သွေးတွေ၊ ကြယ်တစ်လုံးဟာ တပြည်ထောင်စုစနစ်ကို ကိုယ်စားပြုတယ်လို့ သူ့အယူအဆကို ပြောသွားပါတယ်။
ဘာပဲပြောပြော သူခိုးနက္ခတ်နဲ့ ယှဉ်ပြီး မွေးဖွားလာတဲ့ လက်ရှိအလံဟာ လေးစားစရာ တစ်ကွက်မှ မရှိပါဘူး။ ဖွဲ့စည်းပုံကို ပြင်ပြီး ပြည်သူ့ဆန္ဒအရ နောက်ထပ်အလံသစ်တစ်မျိုးကို အတည်မပြုမီအချိန်အထိ မြန်မာနိုင်ငံရဲ့ အလံကို အလေးပြုစရာမလိုဘူး။ အလေးပြုမိသူများ ရှိရင် မဟာစောရမင်းကြီး သန်းရွှေမျက်နှာကို ဖူးမြော်ပြီးသကာလ ခိုးသားငါးရာတို့ရဲ့ စစ်ဘင်ခရာသံကို ကြားယောင်မိပါစေသား။
ထီး ကူး ဆို
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။