တအားရယ်ရတယ်သိလား... အရင်းကိုမကိုင်ဘဲ အဖျားကို သွားသွားကိုင်တဲ့လူတွေကို..
ပညာရေးတိုးတက်ဖို့တဲ့ ဟိုးတောထဲမှာ အဆင့်မြင့်တက္ကသိုလ်တွေဆောက်လိုက်ကြတာ.. တကယ်ဆို ရှိပြီးသားတက္ကသိုလ်၊ ကျောင်းတွေမှာပဲ ပညာရေးအဆင့် အခြေခံကိုကောင်းကောင်းပြုပြင်၊ ကျောင်းအပ်ရင် ဘယ်လောက်ပေးရပါတယ်ဆိုတဲ့ ဆရာ၊ ဆရာမတွေကို အပြစ်ပေးဒဏ်ပေးရမှာ
ကျန်းမာရေးတိုးတက်ဖို့တဲ့ ဆောက်လိုက်တဲ့အဆင့်မြင့်ဆေးရုံကြီးတွေ... တကယ်ဆို ရှိပြီးသားဆေးရုံတွေမှာ ဆေးဝါး၊ ကိရိယာစုံစုံလင်လင်ဖြစ်အောင်၊ ကျန်းမာရေးအခြေခံကို ပြည်သူပြည်သားတွေသိအောင် လုပ်ဆောင်ရမှာ
အမြန်လမ်းကောင်းဖို့တဲ့ အဆင့်မြင့်၈လမ်းသွားလုပ်ဦးမယ်တဲ့.. အဲဒီအမြန်လမ်း ကားကြပ်တယ်လို့လည်း မကြားဖူးပါဘူး.. ခဏခဏ မှောက်တာပဲ တွေ့တွေ့နေတာ.. တကယ်ဆို စံညွှန်းမမီတဲ့အဲဒီလမ်းကိုပဲ အန္တရာယ်မဖြစ်အောင် ပြုပြင်ရမှာ...
အဆင့်မြင့်ကနေကို မကျနိုင်တော့ဘူး... ကိုယ်လည်း မြန်မာပြည်သူတစ်ယောက်အနေနဲ့ အဆင့်မြင့်မြင့်ရယ်ပြီး မနေနိုင်မထိုင်နိုင်လို့ အဆင့်မြင့်မြင့်ဝေဖန်လိုက်တယ်... မတတ်နိုင်ဘူး.. အဆင့်မြင့်ရောဂါတွေ ကူးကုန်လို့ .....
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။