Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, May 14, 2014

အမျိုးသားတွေလည်း အလှပြင်ကြပြီ

အမျိုးသားတွေလည်း အလှပြင်ကြပြီ
==========================
သူသူထက်လွင်

အလှတရားနဲ့ပတ်သက်လာရင် ယနေ့ခေတ် မှာ အမျိုးသားတွေလည်း မိမိကိုယ်ကိုယ် ခန့်ညားမှုရှိအောင်၊ လှပမှုရှိအောင် အလေးထား ဆောင်ရွက်လာကြပါတယ်။ အမျိုးသားတွေက သူ တို့ အသက်အရွယ်အလိုက် အချို့တွေက ချစ်စရာ ဖန်စီပုံစံလေးတွေ၊ အချို့တွေကျတော့ စမတ်ကျကျ ပုံစံလေးတွေ၊ အချို့တွေကတော့ သပ်ရပ်ခန့်ညားပြီး ရင့်ကျက်တဲ့ပုံစံလေးတွေဖြစ်အောင် ဖန်တီးပြင်ဆင် ကြတာကို တွေ့မြင်ရပါတယ်။
အမျိုးသားတွေ ဘယ်ဆံပင်ပုံစံတွေကြိုက်လဲ

တစ်ချိန်တုန်းက သျှောင်ထုံးဖြင့်နေထိုင် ခဲ့ကြတဲ့ အမျိုးသားတွေဟာ ယနေ့ခေတ်မှာတော့ ပြည်တွင်းရှိ နာမည်ကျော်သရုပ်ဆောင်များ၏ဆံပင် ပုံစံများအပြင် နိုင်ငံတကာမှနာမည်ကျော်သရုပ် ဆောင်များ၊ ဘောလုံးသမားများ၏ဆံပင်ပုံစံများကို ဓာတ်ပုံများယူလာပြီး လာရောက်ညှပ်ခိုင်းကြတယ်လို့ သိရပါတယ်။
''ဒီဘက်ခေတ်မှာက သူတို့ကြိုက်တဲ့ဆံပင် ပုံစံတွေကို ယူလာပြပြီး ညှပ်ခိုင်းပါတယ်။ ပြည်တွင်း က သရုပ်ဆောင်တွေရဲ့ ဆံပင်ပုံစံကို လာညှပ်ခိုင်းတဲ့ သူတွေ တော်တော်များပါတယ်။ အခုခေတ်အစား ဆုံးက သရုပ်ဆောင်အောင်ရဲလင်းရဲ့ ဆံပင်ပုံစံ၊ ဆံ ပင်အရောင်အတိုင်း လိုက်လုပ်ကြပါတယ်။ သူထူးစံ ဆံပင်ပုံစံလဲ ညှပ်ကြတယ်။
အချို့က နိုင်ငံခြားက သရုပ်ဆောင်ဆံပင်ပုံစံတွေ၊ ဘောလုံးသမားဆံပင် ပုံစံတွေ လာညှပ်ကြတာမျိုးလဲရှိပါတယ်။ ဘယ်ဆံပင် ပုံစံမျိုး ပဲဖြစ်ဖြစ် ဈေးနှုန်းကတော့ အတူတူပါပဲ''ဟု ဆံကေသာ ပညာရှင် အောင်မျိုးမင်းက ပြောပြသည်။
ဆံကေသာပုံစံအမျိုး ၂ဝ ခန့်ရှိသော်လည်း အခုခေတ်စားနေသော ဆံပင်ပုံစံ များမှာ ဘေးသား ကို အပြောင်ရိပ်၍ ဆံပင်အလယ်ဆံသား ထောင် ထားသော OneWay ၊ Punk ၊ Emo၊ Emo Slight၊ Punk Slight ၊ အော်တာ၊ တစ်ခြမ်းစောင်းပုံစံများဖြစ်ပြီး ထိုင်းမင်းသား Pee Mark ဆံပင်
ပုံစံများမှာ အထူးခေတ်စားနေတယ်လို့ ဆိုပါတယ်။
ဆံပင်အရောင်တွေဆိုရင် အရင်က အုန်း ခွံရောင်၊ အဝါဘက်သန်းတဲ့ အရောင်တွေကို ကြိုက် နှစ်သက်ခဲ့သော်လည်း အခုအခါ အနီဘက်သန်းတဲ့ အရောင်တွေကို ဆိုးလာကြတယ်လို့ သိရပါတယ်။
ခေါင်းလျှော်ရင်းအနှိပ်ခံကြတယ်
အချို့အမျိုးသားတွေကျတော့ လုပ်ငန်း ခွင်မှာ စိတ်ဖိစီးမှုတွေများလာပြီး ပင်ပန်းတာကိုလျှော့ ချနိုင်ဖို့ ခေါင်းလျှော်ပြီး အနှိပ်ခံလေ့ရှိပါတယ်။
''ခေါင်းလျှော်ရင်းနဲ့ ကုပ်ကြော(ဇက်ကြော) ဆွဲပေးပါတယ်။ ဦးခေါင်းကိုလဲ နှိပ်နယ်ပေးပါတယ်။ပခုံးအကြောနဲ့ ခါးရိုးတစ်လျှောက်ကို နှိပ်နယ်ပေးပါ တယ်။ ဘာအခက်အခဲတွေရှိလဲ ဆိုတော့ ယောက်ျား လေးတွေဆိုတော့ နှိပ်တာနဲ့ ယားလို့မခံနိုင်တာတွေ ရှိတယ်။ အချို့ခံနိုင်တဲ့သူတွေကျတော့ ပိုနှိပ်ပေးရ ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး''ဟု ဆံကေသာဆရာ မောင်ဝေဟင်ထွန်းကပြောသည်။
လူငယ်ဖန်တီးရှင်များကို ပိုကြိုက်လာ
အရင်ခေတ်က အမျိုးသားဆံပင်ညှပ်ဆိုင် တွေမှာ အသက်အရွယ်ကြီးတဲ့ လူကြီးတွေက ဆံပင် ညှပ်ခြင်းများပြုလုပ်ပေးလေ့ရှိပြီး ပြောင်းလဲလာသော ယနေ့ခေတ်မှာ အသက် ၂ဝကျော်အရွယ် လူငယ် အမျိုးသားများ ဖန်တီးပေးတဲ့ ဆံပင်ပုံစံတွေကို လူ ကြိုက်များလာပါတယ်။
''ကျွန်တော်တို့ကလဲ လူငယ်တွေဆိုတော့ ဘောလုံးပွဲတွေ၊ ရုပ်ရှင်တွေ ကြည့်ကြတော့ ခေတ် စားနေတဲ့ဆံပင်ပုံစံတွေ အမြင်ရှိတယ်။ လူကြီးဆိုင် မှာ လူကြီးပုံတွေပဲညှပ်ပေးတာဆိုတော့ အသစ်အ ဆန်းဖော်နိုင်တဲ့ ဆိုင်တွေမှာ လာလုပ်ကြတာမျိုးတွေ ရှိလာတယ်။
အခုဆို ခေတ်ပြောင်းလာတော့ယောက်ျား လေးတွေလဲ အလှအပကြိုက် လာပြီ။ ယောက်ျားစစ် စစ်တွေကိုင်တာကိုပဲ ကြိုက်တာမျိုးတွေလဲ ရှိလာပါ ပြီ''ဟု အမျိုးသားသီးသန့်ဆိုင်မှ ဆံကေသာဆရာ တစ်ဦးကပြောသည်။
မျက်နှာဆေးသူများလာတယ်
တစ်ချိန်က အမျိုးသားတွေက အလှအပ ရေးရာကို စိတ်ဝင်စားခြင်းမရှိပေမယ့် အခုချိန်မှာ တော့ အမျိုးသားတွေလည်း သန့်ရှင်းသပ်ရပ်စွာဖြင့် ဆွဲဆောင်မှုရှိတဲ့သူမျိုး ဖြစ်ချင်လာကြပါတယ်။
''အမျိုးသားတွေက ဆံပင်ညှပ်တာအများ ဆုံးလုပ်ကြတယ်။ သင်္ကြန်လိုကာလ မျိုးမှာ ဆေးဆိုး ကြတယ်။ အခု မျက်နှာဆေးတာ၊ ဂျီး(ချေး)ချွတ် တာမျိုးတွေကို လုပ်လာကြပါတယ်။ တစ်ပတ်တစ်ခါ ပေါင်းလာတင်တာမျိုးနဲ့ မျက်နှာကို သန့်ရှင်းအောင် ထားတတ်လာပါတယ်''ဟုအမျိုးသားသီးသန့်အလှ ပြင်ဆိုင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဒါကြောင့်မို့ အသက်အရွယ်အလိုက် အစ် ကိုတွေဆိုရင် ညစ်ထေးရှည်လျား တဲ့ ဆံပင်ပုံစံတွေ အစား သပ်ရပ်တိုကပ်တဲ့ဆံပင်ပုံစံလေးတွေနဲ့ ခန့် ညားနိုင်ပြီး ငယ်ရွယ်လှတဲ့မောင်လေးတွေကတော့ ပုံတုံးဆံပင် ပုံစံကြီးတွေအစား ဖန်စီဖြစ်မယ့်၊ ချစ်စရာ ကောင်းမယ့် ဆံပင်ပုံစံလေးတွေနဲ့ လှပခေတ်မီဖို့ လိုအပ်ပါတယ်။
အဲဒီလို ကိုယ်နဲ့လိုက်ဖက်တဲ့ဆံပင်ပုံစံကို ရွေးချယ်နိုင်ဖို့ အမျိုးသားများသီးသန့် အလှပြုပြင် ပေးတဲ့ ရွှေမျက်ဝန်းအလှပြုပြင်ရေးဆိုင်(၃)၊ အမှတ် (၃၄) မြေညီထပ်၊ ဦးထွန်းလင်းခြံလမ်း၊ ကမာရွတ် မြို့နယ်မှာ ဆံပင်ညှပ် ကျပ် ၅ဝဝ၊ လျှော်နှိပ် ကျပ် ၅ဝဝ ဖြင့် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
အမျိုးသားများအားလုံး မိမိတို့ကျောင်း မှာ၊ လုပ်ငန်းခွင်မှာ ခံ့ညားလှပတဲ့ ဆံကေသာများဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေရန်ရည်ရွယ်၍ ယခု တစ်ပတ် အလှအပလမ်းညွှန်ကဏ္ဍမှ ဖော်ပြပေး လိုက်ခြင်းပင် ဖြစ်ပါတယ်။
-------------------------------------------------------------------------
---------------------------------------------------------------------------
Flower News Journal ၊ အတွဲ ၁၀ ၊ အမှတ် ၁၈

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။