နန်းနန်း ကို အစ်ကို တစ်ချို့က အစ္စရေး နိုင်ငံရဲ့ နိုင်ငံရေး စီးပွားရေး လူမျိုးရေး
ဘာသာရေး တွေကိုအထူးစိတ်ဝင်စား
မိပါတယ် အချိန်လေးရရင် ပြောပြပါလား
ညီမလေးလို့တောင်းဆိုထားလို့နန်း
သိသလောက် ကိုယ်မြင်တွေ့နေရ
လောက် ရေးပေးပါမယ်၊၊
အစ္စရေးနိုင်ငံဟာ စိုက်ပျိုးရေးမှာ သူမတူအောင် ဖွံဖြိုးတိုးတက်တဲ့
နိုင်ငံပါ၊နိုင်ငံရဲ့ အဓိက အကျဆုံး
စီးပွားရေးပါ၊ဒုတိယ စီးပွားရေးက
စနစ်တကျ ရှိလွန်းလှတဲ့မွေးမြူရေး
ပါပဲ၊၊
နို့ ပျားရည်နဲ့ သံလွင်ဆီ အပေါများ
ဆုံး နိုင်ငံပဲဖြစ်ပါတယ်၊
ဒါတောင်စိုက်ပျိုးရေးအတွက်ရေရော
သောက်သုံးဖို့အတွက်ရေပါ အီဂျစ်က
နေပိုက်လိုင်းတွေနဲ့သွယ်ပြီးဝယ်ယူသုံး
စွဲရတာပါ၊
ဒီနိုင်ငံကလူဦးရေ 6သန်းပဲရှိပါတယ်၊၊
တစ်နိုင်ငံလုံးရဲ့အကျယ် အဝန်းက
ရန်ကုန်မြို့တစ်မြို့စာလောက်ပဲရှိမယ်
လို့ထင်မိပါတယ် အတိအကျတော့
နန်းနန်းလည်းမသိပါဘူးရှင်၊
နိုင်ငံရဲ့သမ္မတ ရှီမွန်ပဲရက်စ်ကမေတ္တာတ
ရားနဲ့ပြည့်ဝတဲ့ပုဂ္ဂိုလ်ကြီးဖြစ်သလို
ဝန်ကြီးချုပ် နတန်ညာဦး ကလည်း နိုင်ငံ
ကို အလွန်ချစ်မြတ်နိုးပြီး ပြတ်သားစွာကာကွယ် စောင့်ရှောက်ပေးနိုင်တဲ့ ပြည်သူလူထု
အားကိုးယုံကြည်ရတဲ့ ဝန်ကြီးချုပ်တစ်ဦး
ဖြစ်ပါတယ်၊၊
ဂျူးလူမျိုး တိုင်းမှာလည်း မွေးရာပါ နိုင်ငံချစ်စိတ် ကိုယ့်လူမျိုးကိုချစ်တဲ့
စိတ်တွေ အပြည့်ရှိကြပါတယ်၊၊
လူတိုင်း အလုပ်ကို တာဝန်ကျေအောင်
လုပ်ဆောင်ကြတယ်၊၊မူကြိုလို ကလေး
ငယ်လေးတွေကို ထိမ်းပေးတဲ့ ကျောင်း
လေးတွေမှာထဲက သိသင့်သိထိုက်သော
မလုပ်သင့်သောအရာတားမြစ်ထားသော
အရာများအားလုံးကို ကလေးငယ်လေးတွေ
ရဲ့နှလုံးသားမှာ အမြဲစွဲထင် နေအောင် သင်ပြ
ပေးကြတယ်၊၊
လူတန်းစား နှစ်မျိုးရှိတယ်၊ဘာသာကြီးဂျူး
တွေနဲ့ရိုးရိုး သာမာန်ဂျူး ဆိုပြီး ကွဲပြားကြတယ်၊ဘာသာကြီး ဂျူးယောက်ကျာင်္းလေးတွေက ကီပါး လို့ခေါ်တဲ့ ဦးထုတ်သေးသေးလေးတွေ
ခေါင်းပေါ် ဆောင်းထားကြတယ်
ဘာသာကြီးအမျိုးသမီးတွေကတော့ လုံလုံ
ခြုံခြုံ အဝတ်အစားဝတ်ရတယ်
ဒီနိုင်ငံမှာ အားလုံးတူညီတာ တစ်ခုက မိန်းခလေးဖြစ်စေ ယောကျာင်္းလေးဖြစ်စေ
ဘာသာကြီးဖြစ်စေ(မြန်မာပြည်မှာဆို ဘုန်းကြီးပေါ့)အားလုံးဟာ အသက်၁၈
နှစ်ပြည့်တာနဲ့စစ်ထဲကို မဝင်မဖြစ် ဝင်ကြ
ရတယ် ၃ နှစ်တာ စစ်မှု့ထမ်းရတယ်
စစ်မှု့ထမ်းရင်းကျောင်းတက်ရတယ်
စစ်သက်တမ်း၃ နှစ်ပြည့်ရင်တော့ ကိုယ်နဲ့သင့်တော် တတ်ကျွမ်းတဲ့
အလုပ်တွေမှာ အလုပ်လျောက်ခွင့်
ရှိတယ်၊၊
နန်းနန်းအကြိုက်ဆုံးစနစ်ပဲ လူတိုင်းမဖြစ်မနေစစ်မှု့ထမ်း
ကြရတော့ စိတ်သဘောထားမ
ညီညွတ်တာတွေ မရှိပဲ အားလုံး
ရဲ့စိတ်ထဲမှာ တိုင်းပြည်ကာကွယ်
စောင့်ရှောက်ရမယ် ဆိုတဲ့ အမျိုး
ချစ်တတ်တဲ့စိတ် လူတိုင်းလူတိုင်း
မှာရှိနေတာကို အရမ်းအားကျကျေ
နပ်မိတယ်၊
လူတစ်ယောက်ရဲ့တစ်နေ့တာအလုပ်ချိန်ကို
၈နာရီပဲသတ်မှတ်ပေးထားတယ်
အလုပ်တစ်ခုကိုဝင်တာနဲ့ သူ့အတွက်ကျန်းမာရေး အစ်ရှုး လုပ်ပေးရတယ် ငွေသုံးစွဲမှု့က ဘဏ်စနစ်
အကြွေးစနစ်တွေနဲ့ပဲလည်ပတ်ကြတယ်
ကိုယ်ရတဲ့လစာရဲ့၅ရာခိုင်နှုန်းကတော့
အစိုးရကို မဖြစ်မနေအခွန်ဆောင်ကြရတယ်
အသက်ကြီးလာလို့ အလုပ်မလုပ်နိုင် တဲ့အချိန်မှာ ပင်စင်လိုမျိုး အစိုးရက လစဉ်ပြန်ထုတ်ပေးတယ်
နန်းအားကျမိတဲ့ စနစ်လေးတစ်ခုရှိသေးတယ်
ဒါကတော့ ကီးဘုစ်လို့ခေါ်တဲ့ ရွာကြီးတစ်ခု
ထဲမှာ စိုက်ပျိုးရေး မွေးမြူရေး လက်မှူ့ပညာ
တွေကို ရွာမှာရှိတဲ့ မိသားစုဝင်များအားလုံး
စုပေါင်းလုပ်ကိုင်ပြီး ရလာတဲ့အကျိုးအမြတ်
ကို ညီတူညီမျှ ခံစားခွင့်ရှိတဲ့ အရမ်းကိုအေးချမ်းပြီး လောဘဒေါသတွေ
ကင်းတဲ့ အသေးစား သမဝါယမ ဆန်ဆန်
ရွာလေးတွေပဲ၊၊
သူတို့ မိသားစုတိုင်းအတွက် လစဉ် ပုံမှန်ဝင်ငွေရှိသလို အလှည့်ကျ ခရီး
ထွက်ခွင့် ရှိအောင် လစဉ်ရွာမှာပါတီ
နဲ့နေ့ထူးနေ့မြတ်ပျော်ပွဲရွှင်ပွဲတွေလုပ်
နိုင်အောင်ရန်ပုံငွေကိုလည်းအလုံအလောက်
သီးသန့်ထားရှိပေးတယ်၊၊
လူတိုင်းဟာဥပဒေနဲ့ချမှတ်ထားတဲ့စည်းကမ်း
ကိုတလေးတစား လိုက်နာကျင့်သုံးတယ်
စနစ်ကောင်းတော့
၆နှစ်အရွယ်ကလေးငယ်လေးတွေကအစ
စည်းစနစ်ရှိတယ် ကိုယ့်တာဝန်ကိုယ်ယူတတ်
တယ် တားမြစ်ထားတဲ့အရာတွေကိုနားလည်ကြတယ်၊
မိဘတွေ ကျောင်းဆရာဆရာမတွေက ကလေးတွေကို ရိုက်နှက်ဆုံးမခွင့်မရှိဘူး
ရိုက်မှု့က ဒီနိုင်ငံမှာအရမ်းအပြစ်ကြီးတယ်
သေဒဏ် မရှိဘူး သူတို့လူမျိုးရဲ့အသက်တစ်
ချောင်းကို အရမ်းတန်ဖိုးထားတယ်
ပါလက်စတိုင်းဘက်က ဂျူးစစ်သားတစ်ယောက်ကိုဖမ်းထားပြီး
အာရပ်လူမျိုးဖောက်ခွဲရေးသမား ထောင်
ကျနေတဲ့ အယောက် ၂၅၆ယောက်နဲ့
အလဲအလှယ် လုပ်ပေးခဲ့တယ်
ကိုယ့်လူမျိုးကို ဘယ်လောက်တန်ဖိုးထားသလည်းဆိုတာ
အရမ်းကျေနပ်ဖို့ကောင်းတယ်
နောက်တစ်ခု အားကျအတုယူစရာကောင်းတာလေးက
ဒီနိုင်ငံက ခလေးတွေ ၁၈နှစ်ပြည့်တာနဲ့
ကားမောင်းသင်ရတယ်၊
သူတို့ကိုယ်သူတို့လူကြီးဖြစ်ပြီလို့သတ်မှတ်
ကြတယ်၊မိဘဆီက ပိုက်ဆံတောင်းသုံးရမှာ
အရမ်းရှက်လာကြတယ်၊၊
မိန်းခလေးတွေ ရောယောကျာင်္းလေးပါ အပြင်အလုပ်ထွက်လုပ်ကြတယ်
ကော်ဖီဆိုင် စားသောက်ဆိုင်တွေမှာ စာပွဲထိုးလုပ်တယ် အချိန်ပိုင်းဘေဘီ
စစ်တာ လုပ်ကြတယ်၊
ရတဲ့ ပိုက်ဆံကို သူတို့လိုချင်ရာဝယ်
သုံးတယ်၊သူတို့လုပ်အားနဲ့ရတဲ့ငွေကို
ပဲသုံးတယ် မိဘတွေ ဘယ်လောက်ချမ်း
သာနေပါစေ၊မတောင်းဘူး အဲ့စိတ်ဓါတ်
လေးတွေကို အရမ်းကြိုက်တယ်၊
နောက်တစ်ခု အဟဲ ဒါကတော့ နန်းနန်း
တို့ယဉ်ကျေးမှု့နဲ့အရမ်းကွာခြားသွားပြီ
မိဘတွေက သူတို့သားလေးသမီးလေး
တွေ အသက်ပြည့်လို့ ရည်းစားမရှိကြရင်
မျက်နှာမကောင်းကြဘူး၊လူရာမဝင်သလို
သူတို့သားသမီးတွေမှာ ဘာခ်ျို့ယွင်းချက်
လိုအပ်ချက်ရှိလည်းဆိုပြီး အရိပ်တကြည့်
ကြည့်နဲ့နေတတ်တယ်
ရီးစားရသွားပြီဆိုလို့ကတော့ ကာယကံ
ရှင်တွေထက် မိဘတွေက ပိုပျော်နေသလို
ပဲ သူတို့သားလေးသမီးလေးတွေဆီမှာ
ချစ်သူရီးစား ရှိတာကို ဂုဏ်ယူကြတာ
နန်းနန်းကတော့ သူတို့ဆီကကောင်းတဲ့
အရာတွေပဲ အတုယူပါတယ်
နောက်ဆုံးအားကျမိတာ တစ်ခုကတော့
ဒီနိုင်ငံက ရဲဝန်ထမ်းတွေပါ တာဝန်ကို
ကျေပွန်လွန်းအားကြီးနေတယ် အရမ်း
ကိုအလုပ်လုပ်ကြတယ် ပြသနာတစ်ခု
ဖြစ်လည်း ဘယ်လောက်ကြီးတဲ့ အမှု့
ဖြစ်ပါစေ မိအောင်ဖမ်းတယ် ထိရောက်စွာ
အပြစ်ပေးတယ် ဒီနိုင်ငံမှာ အဓိက ကာကွယ်
ပေးနေတာ အာဏာအရှိဆုံးက ရဲတွေပါပဲ
ဘယ်အမှု့ကိုမှ လျှော်မပြစ်ဘူး
တရားရုံးက တရားသူကြီးတွေလည်း လဒ်မစား ကြဘူး
ကဲနန်းနန်းလက်အရမ်းညောင်းပြီ အစ်ကိုတို့
သိချင်တာလေးတွေ လိုနေသေးရင် နောက်မှ
ထပ်ရေးပေးမယ်၊၊နန်းနန်းလည်းသိသလောက်လေးပြောပြခွင့်ရလို့ ကျေးဇူးတင်ပါတယ်၊၊
နန်းနန်း (8 photos)
ဘာသာရေး တွေကိုအထူးစိတ်ဝင်စား
မိပါတယ် အချိန်လေးရရင် ပြောပြပါလား
ညီမလေးလို့တောင်းဆိုထားလို့နန်း
သိသလောက် ကိုယ်မြင်တွေ့နေရ
လောက် ရေးပေးပါမယ်၊၊
အစ္စရေးနိုင်ငံဟာ စိုက်ပျိုးရေးမှာ သူမတူအောင် ဖွံဖြိုးတိုးတက်တဲ့
နိုင်ငံပါ၊နိုင်ငံရဲ့ အဓိက အကျဆုံး
စီးပွားရေးပါ၊ဒုတိယ စီးပွားရေးက
စနစ်တကျ ရှိလွန်းလှတဲ့မွေးမြူရေး
ပါပဲ၊၊
နို့ ပျားရည်နဲ့ သံလွင်ဆီ အပေါများ
ဆုံး နိုင်ငံပဲဖြစ်ပါတယ်၊
ဒါတောင်စိုက်ပျိုးရေးအတွက်ရေရော
သောက်သုံးဖို့အတွက်ရေပါ အီဂျစ်က
နေပိုက်လိုင်းတွေနဲ့သွယ်ပြီးဝယ်ယူသုံး
စွဲရတာပါ၊
ဒီနိုင်ငံကလူဦးရေ 6သန်းပဲရှိပါတယ်၊၊
တစ်နိုင်ငံလုံးရဲ့အကျယ် အဝန်းက
ရန်ကုန်မြို့တစ်မြို့စာလောက်ပဲရှိမယ်
လို့ထင်မိပါတယ် အတိအကျတော့
နန်းနန်းလည်းမသိပါဘူးရှင်၊
နိုင်ငံရဲ့သမ္မတ ရှီမွန်ပဲရက်စ်ကမေတ္တာတ
ရားနဲ့ပြည့်ဝတဲ့ပုဂ္ဂိုလ်ကြီးဖြစ်သလို
ဝန်ကြီးချုပ် နတန်ညာဦး ကလည်း နိုင်ငံ
ကို အလွန်ချစ်မြတ်နိုးပြီး ပြတ်သားစွာကာကွယ် စောင့်ရှောက်ပေးနိုင်တဲ့ ပြည်သူလူထု
အားကိုးယုံကြည်ရတဲ့ ဝန်ကြီးချုပ်တစ်ဦး
ဖြစ်ပါတယ်၊၊
ဂျူးလူမျိုး တိုင်းမှာလည်း မွေးရာပါ နိုင်ငံချစ်စိတ် ကိုယ့်လူမျိုးကိုချစ်တဲ့
စိတ်တွေ အပြည့်ရှိကြပါတယ်၊၊
လူတိုင်း အလုပ်ကို တာဝန်ကျေအောင်
လုပ်ဆောင်ကြတယ်၊၊မူကြိုလို ကလေး
ငယ်လေးတွေကို ထိမ်းပေးတဲ့ ကျောင်း
လေးတွေမှာထဲက သိသင့်သိထိုက်သော
မလုပ်သင့်သောအရာတားမြစ်ထားသော
အရာများအားလုံးကို ကလေးငယ်လေးတွေ
ရဲ့နှလုံးသားမှာ အမြဲစွဲထင် နေအောင် သင်ပြ
ပေးကြတယ်၊၊
လူတန်းစား နှစ်မျိုးရှိတယ်၊ဘာသာကြီးဂျူး
တွေနဲ့ရိုးရိုး သာမာန်ဂျူး ဆိုပြီး ကွဲပြားကြတယ်၊ဘာသာကြီး ဂျူးယောက်ကျာင်္းလေးတွေက ကီပါး လို့ခေါ်တဲ့ ဦးထုတ်သေးသေးလေးတွေ
ခေါင်းပေါ် ဆောင်းထားကြတယ်
ဘာသာကြီးအမျိုးသမီးတွေကတော့ လုံလုံ
ခြုံခြုံ အဝတ်အစားဝတ်ရတယ်
ဒီနိုင်ငံမှာ အားလုံးတူညီတာ တစ်ခုက မိန်းခလေးဖြစ်စေ ယောကျာင်္းလေးဖြစ်စေ
ဘာသာကြီးဖြစ်စေ(မြန်မာပြည်မှာဆို ဘုန်းကြီးပေါ့)အားလုံးဟာ အသက်၁၈
နှစ်ပြည့်တာနဲ့စစ်ထဲကို မဝင်မဖြစ် ဝင်ကြ
ရတယ် ၃ နှစ်တာ စစ်မှု့ထမ်းရတယ်
စစ်မှု့ထမ်းရင်းကျောင်းတက်ရတယ်
စစ်သက်တမ်း၃ နှစ်ပြည့်ရင်တော့ ကိုယ်နဲ့သင့်တော် တတ်ကျွမ်းတဲ့
အလုပ်တွေမှာ အလုပ်လျောက်ခွင့်
ရှိတယ်၊၊
နန်းနန်းအကြိုက်ဆုံးစနစ်ပဲ လူတိုင်းမဖြစ်မနေစစ်မှု့ထမ်း
ကြရတော့ စိတ်သဘောထားမ
ညီညွတ်တာတွေ မရှိပဲ အားလုံး
ရဲ့စိတ်ထဲမှာ တိုင်းပြည်ကာကွယ်
စောင့်ရှောက်ရမယ် ဆိုတဲ့ အမျိုး
ချစ်တတ်တဲ့စိတ် လူတိုင်းလူတိုင်း
မှာရှိနေတာကို အရမ်းအားကျကျေ
နပ်မိတယ်၊
လူတစ်ယောက်ရဲ့တစ်နေ့တာအလုပ်ချိန်ကို
၈နာရီပဲသတ်မှတ်ပေးထားတယ်
အလုပ်တစ်ခုကိုဝင်တာနဲ့ သူ့အတွက်ကျန်းမာရေး အစ်ရှုး လုပ်ပေးရတယ် ငွေသုံးစွဲမှု့က ဘဏ်စနစ်
အကြွေးစနစ်တွေနဲ့ပဲလည်ပတ်ကြတယ်
ကိုယ်ရတဲ့လစာရဲ့၅ရာခိုင်နှုန်းကတော့
အစိုးရကို မဖြစ်မနေအခွန်ဆောင်ကြရတယ်
အသက်ကြီးလာလို့ အလုပ်မလုပ်နိုင် တဲ့အချိန်မှာ ပင်စင်လိုမျိုး အစိုးရက လစဉ်ပြန်ထုတ်ပေးတယ်
နန်းအားကျမိတဲ့ စနစ်လေးတစ်ခုရှိသေးတယ်
ဒါကတော့ ကီးဘုစ်လို့ခေါ်တဲ့ ရွာကြီးတစ်ခု
ထဲမှာ စိုက်ပျိုးရေး မွေးမြူရေး လက်မှူ့ပညာ
တွေကို ရွာမှာရှိတဲ့ မိသားစုဝင်များအားလုံး
စုပေါင်းလုပ်ကိုင်ပြီး ရလာတဲ့အကျိုးအမြတ်
ကို ညီတူညီမျှ ခံစားခွင့်ရှိတဲ့ အရမ်းကိုအေးချမ်းပြီး လောဘဒေါသတွေ
ကင်းတဲ့ အသေးစား သမဝါယမ ဆန်ဆန်
ရွာလေးတွေပဲ၊၊
သူတို့ မိသားစုတိုင်းအတွက် လစဉ် ပုံမှန်ဝင်ငွေရှိသလို အလှည့်ကျ ခရီး
ထွက်ခွင့် ရှိအောင် လစဉ်ရွာမှာပါတီ
နဲ့နေ့ထူးနေ့မြတ်ပျော်ပွဲရွှင်ပွဲတွေလုပ်
နိုင်အောင်ရန်ပုံငွေကိုလည်းအလုံအလောက်
သီးသန့်ထားရှိပေးတယ်၊၊
လူတိုင်းဟာဥပဒေနဲ့ချမှတ်ထားတဲ့စည်းကမ်း
ကိုတလေးတစား လိုက်နာကျင့်သုံးတယ်
စနစ်ကောင်းတော့
၆နှစ်အရွယ်ကလေးငယ်လေးတွေကအစ
စည်းစနစ်ရှိတယ် ကိုယ့်တာဝန်ကိုယ်ယူတတ်
တယ် တားမြစ်ထားတဲ့အရာတွေကိုနားလည်ကြတယ်၊
မိဘတွေ ကျောင်းဆရာဆရာမတွေက ကလေးတွေကို ရိုက်နှက်ဆုံးမခွင့်မရှိဘူး
ရိုက်မှု့က ဒီနိုင်ငံမှာအရမ်းအပြစ်ကြီးတယ်
သေဒဏ် မရှိဘူး သူတို့လူမျိုးရဲ့အသက်တစ်
ချောင်းကို အရမ်းတန်ဖိုးထားတယ်
ပါလက်စတိုင်းဘက်က ဂျူးစစ်သားတစ်ယောက်ကိုဖမ်းထားပြီး
အာရပ်လူမျိုးဖောက်ခွဲရေးသမား ထောင်
ကျနေတဲ့ အယောက် ၂၅၆ယောက်နဲ့
အလဲအလှယ် လုပ်ပေးခဲ့တယ်
ကိုယ့်လူမျိုးကို ဘယ်လောက်တန်ဖိုးထားသလည်းဆိုတာ
အရမ်းကျေနပ်ဖို့ကောင်းတယ်
နောက်တစ်ခု အားကျအတုယူစရာကောင်းတာလေးက
ဒီနိုင်ငံက ခလေးတွေ ၁၈နှစ်ပြည့်တာနဲ့
ကားမောင်းသင်ရတယ်၊
သူတို့ကိုယ်သူတို့လူကြီးဖြစ်ပြီလို့သတ်မှတ်
ကြတယ်၊မိဘဆီက ပိုက်ဆံတောင်းသုံးရမှာ
အရမ်းရှက်လာကြတယ်၊၊
မိန်းခလေးတွေ ရောယောကျာင်္းလေးပါ အပြင်အလုပ်ထွက်လုပ်ကြတယ်
ကော်ဖီဆိုင် စားသောက်ဆိုင်တွေမှာ စာပွဲထိုးလုပ်တယ် အချိန်ပိုင်းဘေဘီ
စစ်တာ လုပ်ကြတယ်၊
ရတဲ့ ပိုက်ဆံကို သူတို့လိုချင်ရာဝယ်
သုံးတယ်၊သူတို့လုပ်အားနဲ့ရတဲ့ငွေကို
ပဲသုံးတယ် မိဘတွေ ဘယ်လောက်ချမ်း
သာနေပါစေ၊မတောင်းဘူး အဲ့စိတ်ဓါတ်
လေးတွေကို အရမ်းကြိုက်တယ်၊
နောက်တစ်ခု အဟဲ ဒါကတော့ နန်းနန်း
တို့ယဉ်ကျေးမှု့နဲ့အရမ်းကွာခြားသွားပြီ
မိဘတွေက သူတို့သားလေးသမီးလေး
တွေ အသက်ပြည့်လို့ ရည်းစားမရှိကြရင်
မျက်နှာမကောင်းကြဘူး၊လူရာမဝင်သလို
သူတို့သားသမီးတွေမှာ ဘာခ်ျို့ယွင်းချက်
လိုအပ်ချက်ရှိလည်းဆိုပြီး အရိပ်တကြည့်
ကြည့်နဲ့နေတတ်တယ်
ရီးစားရသွားပြီဆိုလို့ကတော့ ကာယကံ
ရှင်တွေထက် မိဘတွေက ပိုပျော်နေသလို
ပဲ သူတို့သားလေးသမီးလေးတွေဆီမှာ
ချစ်သူရီးစား ရှိတာကို ဂုဏ်ယူကြတာ
နန်းနန်းကတော့ သူတို့ဆီကကောင်းတဲ့
အရာတွေပဲ အတုယူပါတယ်
နောက်ဆုံးအားကျမိတာ တစ်ခုကတော့
ဒီနိုင်ငံက ရဲဝန်ထမ်းတွေပါ တာဝန်ကို
ကျေပွန်လွန်းအားကြီးနေတယ် အရမ်း
ကိုအလုပ်လုပ်ကြတယ် ပြသနာတစ်ခု
ဖြစ်လည်း ဘယ်လောက်ကြီးတဲ့ အမှု့
ဖြစ်ပါစေ မိအောင်ဖမ်းတယ် ထိရောက်စွာ
အပြစ်ပေးတယ် ဒီနိုင်ငံမှာ အဓိက ကာကွယ်
ပေးနေတာ အာဏာအရှိဆုံးက ရဲတွေပါပဲ
ဘယ်အမှု့ကိုမှ လျှော်မပြစ်ဘူး
တရားရုံးက တရားသူကြီးတွေလည်း လဒ်မစား ကြဘူး
ကဲနန်းနန်းလက်အရမ်းညောင်းပြီ အစ်ကိုတို့
သိချင်တာလေးတွေ လိုနေသေးရင် နောက်မှ
ထပ်ရေးပေးမယ်၊၊နန်းနန်းလည်းသိသလောက်လေးပြောပြခွင့်ရလို့ ကျေးဇူးတင်ပါတယ်၊၊
နန်းနန်း (8 photos)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။