Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, May 13, 2014

အချစ် ဝေဖန်ရေးဆရာ


နိုင်းနိုင်းစနေ အရှုပ်များနေ.. အဲ.. အလုပ်များနေလို့.. အဟောင်းတစ်ပုဒ်တင်ပါတယ်... အချစ် ဝေဖန်ရေးဆရာပါတဲ့... 

အချစ် ဝေဖန်ရေးဆရာ
________________

လက်ထပ်ပြီးသုံးနှစ်မြောက်မှာ သူမအကြည့် သူမဆုံးဖြတ်ချက်ကို သူမ စသံသယဝင်လာမိတယ်။ ဘာဖြစ်လို့ အစတည်းက ဒီလိုယောက်ျားမျိုးကိုမှ အိမ်ထောင်ဘက်အဖြစ် ရွေးချယ်ခဲ့မိသလဲ၊ ထက်မြက်တဲ့၊ တော်တဲ့ယောက်ျားတွေ ဒီလောက်အများကြီးထဲမှာ ဘာဖြစ်လို့ ဆိုးကွက်တွေဗလပွနဲ့ ဒီလိုယောက်ျားကိုမှ သူမရွေးချယ်ခဲ့ရသလဲ။

သူ မှတ်ဉာဏ်မကောင်းဘူး။ သူ့ကို မှာလိုက်တဲ့ကိစ္စတိုင်း မျက်စိတမှိတ်အတွင်းမှာ သူမေ့သွားတတ်တယ်။

သူ သန့်ရှင်းမှုကို ဦးစားမပေးဘူး။ သူမသာ တဗျစ်တောက်တောက်မရွတ်ရင် သူဟာ ဘယ်တော့မှ ကိုယ်တိုင် အဝတ်အစားလဲသူ မဟုတ်ဘူး။

ချစ်စရာစကားတွေကို တီတီတာတာ သူ မဆိုတတ်ဘူး။ သူဟာ ဘယ်တော့မှ သူမ မျက်နှာနီမြန်းသွားစေတဲ့၊ ရင်ခုန်သွားစေတဲ့စကားကို မပြောခဲ့ဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ကို သူမ အကြိမ်ကြိမ် အပြစ်တင်၊ ဝေဖန်ခဲ့ပေမယ့် သူ မပြောင်းလဲခဲ့ပါဘူး။ လင်မယားနှစ်ယောက်ရဲ့ကြားမှာ တင်းမာမှုတွေ ပိုပိုလာခဲ့ပါတယ်။

ချစ်သူရည်းစားဖြစ်ချိန်က ချွဲနွဲ့ခဲ့တဲ့ စကားတွေ၊ ကြည်နူးခဲ့တဲ့ အပြုအမူတွေက အခုချိန်မှာ ရေခဲပြင်လိုအေးစက်နေခဲ့တယ်။သူမ ခံစားရခက်လာတယ်။ ဒီလိုနဲ့ သူငယ်ချင်းကောင်းတစ်ယောက်ဆီ ယောက်ျားဖြစ်သူရဲ့ "အပြစ်"တွေကို သူမ ရင်ဖွင့်ခဲ့မိတယ်။ သူရဲ့အပြစ်တွေ၊ ဆိုးကွက်တွေတိုင်းက သူမကို မခံမရပ်ဖြစ်စေခဲ့ပါတယ်။

သူမ ပြောသမျှကို သူငယ်ချင်းက စိတ်ရှည်လက်ရှည် နားထောင်ပေးပြီး သူမကို မေးတယ်။

"နင်က အချစ် ဝေဖန်ရေးဆရာလား၊ သူ့အပေါ်ဝေဖန်ဖို့ကိုပဲ နင်ရှာနေတော့မှာလား၊ နင့်စိတ်ချမ်းသာစေတဲ့အရာ သူ့အပေါ်မှာ ရှာမတွေ့နိုင်တော့ဘူးလား"

"ရှာမတွေ့လို့ပဲ ပြောတာပေါ့။ သူ့ဆိုးကွက်တွေပြောမှ သူ့ကို ပြုပြင်နိုင်မယ်လေ။ ကောင်းကွက်တွေ ဘာလို့ပြောနေရမလဲ"

"နင် မှားပြီ။ သူ့ကောင်းကွက်တွေကို မကြာခဏ ပြောရတယ်။ ငါတို့ဟာ နေ့ရက်တွေကို ဖြတ်ကျော်နေကြတဲ့ သာမန်ဇနီးမောင်နှံတွေဖြစ်လို့ပဲ။ ငါတို့က ရေခဲသေတ္တာလို အေးစက်တဲ့ အချစ်ဝေဖန်ရေးဆရာတွေ မဟုတ်ဘူး" သူငယ်ချင်းက ပြုံးပြုံးလေးနဲ့ပြောတယ်။

"ရေခဲသေတ္တာလိုအေးစက်တဲ့ အချစ်ဝေဖန်ရေးဆရာ" တဲ့။ ဟုတ်ပါတယ်.. အိမ်မှာ သူမဟာ ဒီလိုဇာတ်ကောင်နဲ့ပဲ အမြဲသရုပ်ဆောင်ခဲ့တာပဲ မဟုတ်လား။

ချစ်သူရည်းစားဖြစ်တုန်းက ချိုမြိန်ကြည်နူးခဲ့ကြတဲ့အချစ်တွေ ခုတော့ တဖြေးဖြေး ပျောက်ဆုံးခဲ့ကုန်ပြီ။ ဘဝရဲ့မီးခိုးမီးငွေ့တွေက သူမရဲ့အကြင်နာခေါင်းတိုင်ကို တဖြေးဖြေး ဖုံးလွှမ်းဝါးမျိုသွားခဲ့ပြီ။ ပေါ့ပေါ့တန်တန်နေ့ရက်တွေက သူမရဲ့ စိတ်ရှည်၊ သည်းခံ၊ ခွင့်လွှတ်စိတ်ကို ပျောက်ဆုံးစေခဲ့ပြီ။ အသံအနေအထား၊ မျက်နှာအနေအထားနဲ့ ကလေးတစ်ယောက်ကို သွန်သင်ဆုံးမသလိုမျိုး အစတည်းက ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ ယောက်ျားတစ်ယောက်ကို သူမ ပြစ်တင်မောင်းမဲနေခဲ့ပြီ။

သူငယ်ချင်းနဲ့လမ်းခွဲ အိမ်ပြန်လာပြီးနောက် သူ့အပေါ်ကြည့်တဲ့အမြင်ကို သူမ ပြောင်းလိုက်ပါတယ်။ ဝေဖန်တဲ့မျက်လုံးနဲ့ သူမ မကြည့်တော့ပါဘူး။ အေးစက်စက် ဝေဖန်ရေးသမားတစ်ယောက် မဖြစ်အောင် သူမနေပါတယ်။ အဲဒီနောက်ယောက်ျားနဲ့သူမရဲ့ကြား ပြောင်းလဲမှုက သိသာလာခဲ့ပါတယ်။ အနည်းဆုံးတော့ မကျေနပ်တာတွေပဲ သူမ ရင်ထဲ အပြည့် ထည့်မထားမိခဲ့တော့ပါဘူး။

သူ မှတ်ဉာတ်မကောင်းဘူး။ ဒါပေမယ့် သူမနဲ့ ပတ်သက်သမျှကိုတော့ သူ မှတ်မိနေတယ်။ သူမ ကြိုက်တဲ့ မဂ္ဂဇင်းကို သူမှတ်မိတယ်။ အလုပ်ဆင်း အိမ်ပြန်တဲ့အခါ သူမအတွက် နောက်ဆုံးထွက်တဲ့မဂ္ဂဇင်းကို သူ ဝယ်လာတတ်တယ်။

လတိုင်း သူမ နေထိုင်မကောင်းတဲ့ရက်တွေကို သူမှတ်မိနေပြီး သူမအတွက် ဆေးဝါးတွေကို သူပြင်ဆင်ပေးတတ်တယ်။

သူ သန့်ရှင်းမှုကို ဦးစားမပေးဘူး။ ဒါပေမယ့် သန့်ရှင်းတာကို သူမ ကြိုက်တယ်ဆိုတာ သူသိတယ်။ ရုံးပိတ်ရက်တွေမှာ အိမ်သန့်ရှင်းရေးကို သူလုပ်တတ်တယ်။ တန်ဖိုးရှိတဲ့သူ့အချိန်တွေနဲ့ ဝိုင်းကူလုပ်ပေးသည့်တိုင် သူ မညည်းတွားခဲ့ဘူး။

ချစ်စရာစကားတွေ တီတီတာတာ သူမဆိုတတ်ဘူး။ ဒါပေမယ့် သူမအကြိုက်ကို သူဂရုစိုက်တတ်တယ်။ သူမ ကြိုက်တဲ့ဟင်းတွေ သူသင်ယူပြီး အားလပ်ချိန်မှာ သူမကို သူချက်ကျွေးတတ်တယ်။

အချစ်ရဲ့ဝေဖန်ရေးဆရာ မလုပ်တော့တဲ့နောက်ပိုင်းမှာသူမရဲ့ပျော်ရွှင်၊ စိတ်ချမ်းသာမှုက အဆင့်တဆင့်တိုးသွားပါတယ်။ သူ့အပြုအမူ၊ ဂရုစိုက်မှုတွေက ဟိုးအရင်တည်းက ရှိပြီးသားဆိုပေမယ့် ဆိုးကွက်ကိုသာပိုမြင်ခဲ့တဲ့ သူမ ဒါတွေကို သတိမထားခဲ့မိဘူး၊ မမြင်ခဲ့မိဘူး။ အခုတော့ သူ့ကောင်းကွက်ကိုသာ သူမ ရွေးချယ်ကြည့်တတ်ခဲ့လို့ သူမရဲ့ စိတ်တွေလည်း ပိုလန်းဆန်းလာခဲ့ပါတယ်။ ပိုပျော်ရွှင်လာခဲ့တယ်။ အချစ်လည်း ပိုနွေးထွေး၊ ပိုချိုမြိန်လာခဲ့ပါတယ်။

"အချစ်ဝေဖန်ရေးဆရာ မလုပ်ဘူး" ဒါဟာ ဘဝတစ်သက်တာရဲ့ ပျော်ရွှင်ခြင်းကို သက်ရောက်စေသလို ကျွန်မတို့တစ်သက် သင်ယူလေ့လာဖို့လိုအပ်တဲ့ ဘဝသင်ခန်းစာတစ်ပုဒ်လည်းဖြစ်ပါတယ်။ အိမ်ထောင်ရေးကို သဟဇတဖြစ်စေတဲ့ အစွမ်းလည်းဖြစ်ပါတယ်။ ကျွန်မတို့ တစ်သက်လုံး လေ့လာလိုက်စားထိုက်ပါတယ်။

မူရင်းရေးသားသူ -- Miao Chun Fu (苗君甫) 不做爱情批评家

နိုင်းနိုင်းစနေ (Monday, October 11, 2010)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။