Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, April 4, 2014

ကမ္ဘာလောကကြီးရေ (ဖေမြင့် ဘာသာပြန်သည်။)


ကမ္ဘာလောကကြီးရေ (ဖေမြင့် ဘာသာပြန်သည်။)
-------------------------------------------------------
ကျွန်မသား စကော့ နေသည့် ကျောင်းမှ ကျောင်းအုပ်ဆရာကြီးက အရေးကြီးသောကိစ္စတစ်ခုပြောလို ၍ အိမ်သို့ လာရောက်လိုကြောင်းနှင့် တွေ့ဆုံနိုင်မည့် အချိန်ကို ပြန်ကြားပေးပါရန် ဖုန်းဆက်ပြောဆိုသည် ။
စကော့၏ ကျောင်းဆင်းပွဲကလည်း ရက်သတ္တပတ်အနည်းငယ်သာ လိုတော့သည်ဖြစ်ရာ ကျောင်အုပ်ကြီး ဆက်သွယ်ခြင်းမှာ ယင်းကိစ္စနှင့် ဆက်စပ်ပတ်သက်လိမ့်မည်ဟု ကျွန်မ ယူဆမိသည်။ သို့သော် စကော့တစ်ယောက်ကျောင်းမှာ မဟုတ်တရုတ် တစ်ခုခုများ လုပ်ခဲ့လေသလားဟူ၍လည်း စိတ်ထဲတွေးပူမိသေး၏ ။ သို့နှင့် သတင်းကောင်းပဲကြားရပါစေဟု ကျိတ်ဆုတောင်းကာ ဆရာကြီး အလာကိုစောင့်မျှော်နေခဲ့သည်။

သတင်းက သတင်းကောင်း အစစ်ဖြစ်သည်။ကျောင်းဆင်းပွဲတွင် ကျောင်းသားများကိုယ်စား နူတ်ဆက်စကားပြောကြားရန် အတွက် စကော့အား ရွေးချယ် အပ်နှင်းကြောင်း ကြားသိရသည်။ ထို့နောက် ဆရာကြီးက သား၏ အောင်မြင်မှုကိုဂုဏ်ပြုသောအားဖြင့်ကျောင်းဆင်းပွဲနှင့်စပ်လျဉ်းသည့် အမှတ်တရ စာတစ်ပုဒ် ရေးသားပေးပါရန် ကျွန်မအား မေတ္တာရပ်ခံသည်။ ကျွန်မကလည်း ၀မ်းမြောက်ဝမ်းသာဆောင်ရွက်ပေးနိုင်ပါကြောင်း ပြန်၍ပြောလိုက်သည် ။သားအတွက် ကျွန်မ တစ်ကယ်ပင် ၀မ်းမြောင်ဂုဏ်ယူခဲ့ခြင်းဖြစ်သည် ။
လက်နှပ်စက်ရှေ့မှာ ထိုင်ကာ စကော့ဖြတ်သန်းခဲ့ရသည့် ဘ၀ခရီး အကြောင်းပြန်ပြောင်းတွေးတောရင်း သူ့ဘ၀ အတွက် သည်ကျောင်းဆင်းပွဲ၏ ထူးခြားအရေးပါလှပုံကို ကျွန်မ ထင်လင်းစွာ မြင်လာသည် ။ စကော့နှင့် သူ၏အတန်းဖော်သူငယ်ချင်းများသည် သူတို့ အတွက်လုံးဝ စိမ်းနေသေးသည့် လက်တွေ့လူလောကကြီး အတွင်းသို့ ၀င်ရောက်ကြရတော့မည် ဖြစ်သည် ။သူတို့ကို ကျွန်မတို့ နေ့စဉ်ပုံမှန် လိုက်လံထိန်းကျောင်းပေးနေနိုင်ပြီ မဟုတ်တော့ အကြံပေးခြင်း ဖေမကူညီခြင်းများလည်း မပြတ်လုပ်နေနိုင်မည် မဟုတ်တော့ ။
သို့နှင့် သူတို့ နှဖူးတွေ့ဒူးတွေ့တွေ့ကြရတော့မည် ကမ္ဘာလောကကြီးထံ ကျွန်မ စာတစ်စောင် ယခုလိုရေးဖြစ်ခဲ့သည် ။
..............
ကမ္ဘာလောကကြီးရေ ...
တို့ကလေးတွေ ဒီနေ့ ကျောင်းဆင်းကြတော့မယ် ကာလအတန်ကြာတဲ့အထိ မင်းကိုသူတို့ နားလည်နိုင်ကြအုံးမှာ မဟုတ်ဘူး မင်းသူတို့ ကိုကြင်ကြင်နာနာဆက်ဆံပေးပါလို့ မေတ္တာရပ်ခံချင်တယ် မင်းသိတဲ့ အတိုင်း သူတို့ကလောလောဆယ် အချိန်အထိ ကိုယ့်အိမ်မှာကိုယ် ဗိုလ်လုပ်နေကြတယ် သူတို့ ခံစားချက်တွေ ဝေဒနာတွေ မှန်သမျှ မိဘက မပြတ် အကဲခတ်ပြီး ဖြေဖျောက်ပေးကုစားပေးနေခဲ့တာ ၊ နက်ဖြန်သဘက်ခါစပြီး အခြေနေတွေက လုံးဝခြားနားသွားတော့မှာ ။ ဒီစွန့်စားခန်းခရီးမှာ ဆင်းရဲဒုက္ခတွေ ၀မ်းနည်းကြေကွဲစရာတွေလည်း ကြုံရလိမ့်မယ် သူနိုင်ငါနိုင်ယှဉ်ပြိုင်ရတဲ့ တိုက်ပွဲတွေလည်း ဆင်နွဲရလိမ့်မယ် ဒီလမ်းခရီးကိုလျှောက်လှမ်းနိုင်ဖို့ အတွက် သူတို့မှာယုံကြည်မှုတွေ မေတ္တာတရားတွေ ခံနိုင်ရည်တွေ သိနားလည်မှုတွေ အများကြီးလိုအပ်လိမ့်မယ် ဒါကြောင့်မို့ သူတို့လေးတွေကို ကြည့်ရှု့စောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံနေရတာပဲ ကမ္ဘာလောကကြီးရေ ။
သူတို့ သိသင့်သိထိုက်တဲ့ အရာတွေ သိအောင် တတ်အောင် သင်ပြပေးစမ်းပါ ဒါပေမယ့် ကျေးဇူးပြုပြီး တက်နိုင်သမျှ ညှာညှာတာတာတော့ ကိုင်တွယ်ပါနော် ။
လောကကြီးမှာလူတိုင်း သမာသမတ်ရှိတာ မဟုတ်ဘူး တရားသဖြင့်လုပ်နေတာမဟုတ်ဘူး မမှန်မကန်တဲ့သူတွေလည်းရှိတယ် ဆိုတာသူတို့သိဖို့လိုသေးတယ် ဒါပေမယ့်လူဆိုးတစ်ယောက်ရှိတိုင်း ဇာတ်လိုက်လူစွမ်းကောင်းတစ်ယောက်တော့ရှိတယ် လိမ်ညာကောက်ကျစ်တဲ့ နိုင်ငံရေးသမားတစ်ယောက်ရှိတိုင်း လေးစားကြည်ညိုစရာကောင်းတဲ့ နိုင်ငံရေးခေါင်းဆောင်ကောင်းတစ်ယောက်ရှိတယ် ကိုယ့်ကို ဒုက္ခပေးမယ့် ရန်သူတစ်ယောက်ရှိတိုင်း ကိုယ့်ကို ကူညီရိုင်းပင်းမဲ့ မိတ်ဆွေတစ်ယောက်တော့ရှိတယ် ဆိုတာလည်း သင်ကြားပေးစေချင်ပါတယ် ။
အချိန်တော့ပေးရမှာပေါ့လောကကြီးရယ် ဒါပေမယ့် ကိုယ်တိုင်ရှာ ငွေတစ်ကျပ်ဟာ အလကားရတဲ့ ငွေတစ်ရာထက် တန်ဖိုးရှိတယ်ဆိုတဲ့ အကြောင်း အရှုံးကို အပြုံးမပျက် ခံယူတက်မှ အောင်နိုင်ချိန်မှာ ပြည့်ပြည့်၀၀ ပျော်ရွှင်နိုင်မယ်ဆိုတဲ့ အကြောင်းတွေလည်း သူတို့ သိနားလည်အောင်ဆောင်ရွက်ပေးစေချင်ပါတယ် ။
ဖြစ်နိုင်ရင်သူတို့မှာ ၀န်တိုမစ္ဆေရစိတ် ကင်းဆင်အောင် သူတစ်ပါးရဲ့ အဆင်ပြေမှု အောင်မြင်မှု အတွက်လည်း မုတိတာပွားတတ်အောင် သင်ကြားပေးစေချင်တယ် မအောင်မြင်မှုနဲ့ ကြုံရတဲ့ အခါမျိုးမှာ အရှုံးဒဏ်ကို ကြံ့ကြံ့ခံ နိုင်တဲ့ဇွဲသတ္တိရှိဖို့နဲ့ အောင်မြင်တဲ့ အထိ ဆက်ကြိုးစားမယ်ဆိုတဲ့ စိတ်ဆန္ဒ ဆက်လက်ပြင်းပြနေတက်ဖို့လည်း သင်ကြားပေးပါ။ ပြီး သိမ်မွေ့သူကို သိမ်မွေ့စွာဆက်ဆံတက်ဖို့ မာကျောသူနဲ့ တွေ့တဲ့ အခါကိုယ်လည်းမာကျောနိုင်ဖို့ လမ်းညွှန်ပေးပါ ။
အများနောက် ရောယောက်မလိုက်ပဲ ကိုယ့် အသိဥာဏ်ကိုယ့်ဆုံးဖြတ်ချက်နဲ့ အလုပ်လုပ်တတ်ဖို့ ဘယ်သူ့စကားကို မှ နားပိတ်မထားသော်လည်း ကြားသမျှကိုတော့ အမှန်တရားဆိုတဲ့ စကာနဲ့ စစ်ပြီးမှ လက်ခံမှတ်သားတက်ဖို့ ၀မ်းနည်းကြေကွဲချိန်မှာလည်း အပြုံးမပျက်နေတတ်ဖို့ သို့သော် မျက်ရည်ကျခြင်းကိုလည်း ရှက်စရာလို့ မယူဆဖို့။ ပြီး တစ်ခါတစ်ရံရှုံးနိမ့်ခြင်းမှာလည်း ဂုဏ်ကျက်သရေ ရှိနေတတ်ပြီး အောင်မြင်လျှက် စိတ်ပျက်ရခြင်းဆိုတာမျိုးလည်းရှိကြောင်း သိရှိဖို့ကိုပါ သင်ကြားပေးစေချင်တယ် ။
အမြဲမကောင်းပြောတက်တဲ့သုတွေကို ဂရုမစိုက် ဖို့ စကားချိုလွန်းတဲ့သူကိုသတိထားဖို့ ။
ကိုယ့်ရဲ့ ဦးနှောက်နဲ့ ကြွက်သားကို ကြေးအမြင့်ဆုံးပေးသူထံ ရောင်းချတတ်ဖို့ ဒါပေမယ့် နှလုံးသားနဲ့ ၀ိညာဉ်ကိုတော့ ဘယ်တော့ မှဈေးနှုန်းမသတ်မှတ်ဖို့ တွေကိုလည်းသင်ပေးဖို့လိုလိမ့်မယ် ။
အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် ကိုယ်နဲ့ သူတစ်ပါး နှိုင်းယှဉ်တာမျိုးမလုပ်ဖို့လည်း သင်ပြပေးစေချင်တယ် ဘာကြောင့်လည်းဆိုတော့ လောကကြီးမှာ ကိုယ့်ထက်ကြီးကျယ်တဲ့လူတွေ ကိုယ့်ထက်နိမ့်ပါးတဲ့လူတွေဆိုတာ အမြဲရှိနေမှာ မဟုတ်လား ကိုယ့်စံချိန်နှိမ်အောင် ကိုယ့်ယခင်ဆောင်ရွက်ချက်တွေထက်ထူးခြားသာလွန်အောင် ပြိုင်ဆိုင် ကြိုးစားဖို့သာ သူတို့ကို သင်ကြားပေးစေချင်တယ် ။
ပြီးတော့ လောကကြီးမှာတစ်ခါတစ်ရံ အလောင်းအစားလုပ်ရတဲ့ အခါမျိုးရှိသလို အံစာတုံးကို လက်လွှဲပေးလိုက်ရတဲ့ အခါမျိုးလည်း ရှိတယ်ဆိုတာ သူတို့သိဖို့ လိုလိမ့်မယ် ။
လောကကြီးရေ ....သူတို့ကိုကြင်ကြင်နာနာဆက်ဆံပါကွာ ဒါပေမယ့် အလိုတော့ မလိုက်နဲ့ သိပ်ပြီးလည်း မျက်နှာသာမပေးနဲ့ ဘာကြောင့်လည်းဆိုတော့ မီးဒဏ်ကို နာနာခံပြီးမှ အသားကောင်းတဲ့ သံမဏိဖြစ်မှာကိုး ။ ဒီအတွက် သူတို့ မှာ မိမိကိုယ်ယုံကြည်တဲ့စိတ် ထက်သန်ပြင်းပြစွာရှိဖို့ မွေးမြူလေ့ကျင့်ပေးပါ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ရှိမှ လူသားတစ်ရပ်လုံးအပေါ်ယုံကြည်တဲ့စိတ် သူတို့မှာ ကိန်းအောင်းလာလိမ့်မယ် ။
မှာလိုက်တာတွေက သိပ်များနေပြီလားပဲ လောကကြီးရေ .. ဒါပေမယ့် မင်းတတ်နိုင်သမျှတော့ လုပ်ပေးနော် သူတို့က နုနယ်သေးတဲ့ ကလေးတွေ .... ငါတို့ရဲ့ ကလေးတွေပါ ။

(ဖေမြင့် ဘာသာပြန်သည်။)
----------------------------
Dear World
By Avril Johannes
The episode below is a speech given by a father for his son's graduation. You may read it as a parent or as a son/daughter. Whoever you read it as, there is something for everybody :
"Dear World:
Our children finish school today. It's all going to be quite strange to them for a while, and I wish you would treat them kindly. You see, up to now they have been king of their roost and their parents have always been near to soothe their wounds and repair their feelings. Now things are going to be different. They are starting out on a new adventure.
It is an adventure that may include war and tragedy and sorrow. To make their way they will require a great deal of faith, love, tolerance and understanding. So, world, I wish you would look after them. Take them by the hand and teach them the things they will need to know, but please, world, do it gently if you can. They will have to learn that not all people are just, that not all people are fair, and that not all people are true. But also teach them that for every villain there is a hero, that for every crooked politician there is a great and dedicated leader, and that for every enemy there is a good friend. It will take time, world, but teach them that a nickel earned is of more value than a dollar found. Teach them to lose gracefully so that they will enjoy winning that much more. Steer them away from envy, if you can, and teach them the secret of quiet laughter.
Teach them to be at peace with their God. Teach them to be strong inside so they can stand the hurt of failure and keep the desire to try again until they succeed. Teach them to be gentle with gentle people,and to
be tough with tough people.
Teach them to follow their judgement and not the crowd. Teach them to listen to all people, but to filter all they hear through a screen of truth. Teach them to laugh when they are sad, but also teach them that there is no shame in shedding tears. Teach them there can be glory in failure and despair in success. Teach them to disregard cynics and to beware of too much sweetness. Teach them to sell their brains and brawn to the highest bidder, but never to put a price on their heart and soul.Teach them if you can, not to compare themselves with others, as there will always be greater or lesser persons. Teach them instead to surpass their own accomplishments.
Teach them there is a time to gamble, but there is also a time to pass the dice.Treat them gently, world, but don't coddle them; only the test of fire makes the finest steel. Teach them to have sublime faith in themselves as this will give them faith in mankind. This is quite an order, world, but see what you can do. They are such nice young people-our children."
-----------------------------
http://www.salizah.com/dearworld.html
creditး မူရင်းစာရေးသူ Avril Johannes နှင့်
ဘာသာပြန်သူ ဆရာဖေမြင့် ။
ပုံကို Google Images မှကူးယူပါသည်။ ( Fireflies )

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။