My Father, the Terrorist ( by Omar bin Laden )
သားတစ်ယောက်ကပြောသော အဖေတစ်ယောက်၏ ဘ၀ပုံရိပ်များ( အေးထွန်းမင်း ဘာသာပြန်သည်။ )
-------------------------- ---
ကျွန်တော် လူမှန်းသိစကတည်းက အဖေယောက်ယက်ခတ်တာ၊ စိတ်လှုပ်ရှားတာကို တစ်ခါမှမတွေ့ဖူးဘူး။ ဘာတွေဖြစ်နေဖြစ်နေ သူကတော့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပဲ။ လောကီလူ့ဘုံမှာ ဖြစ်ပျက်သမျှအားလုံးဟာ ဘုရားသခင်ရဲ့လက်ထဲမှာ ရှိတယ်လို့ သူကလေးလေးနက်နက် ယုံကြည်ထားတာကိုး။ အေးဆေးတည်ငြိမ်တဲ့ သဘာဝရှိပေမယ့် အဖေ့ကို ဘယ်သူမှမချုပ်ကိုင်နိုင်ဘူး ။ မလွှမ်းမိုးနိုင်ဘူး။ ဘာတွေပဲ ဖြစ်နေဖြစ်နေ သူကတော့ မတုန်မလှုပ်နေတာပဲ။
ကျွန်တော့်ကို မွေးတော့မယ်လို့ အမေက အဖေ့ကိုပြောတဲ့အခါမှာ အဖေကယောင်ကတမ်း ဖြစ်သွားတယ်လို့ အမေကပြောပြဖူးတယ်။ အဖေစိတ်လှုပ်ရှားတယ်ဆိုတာ မယုံနိုင်စရာပဲ။ အယောင်ယောင် အမှားမှားတွေဖြစ်လို့။ ကားသော့ကို ဘယ်ထားမိမှန်းမသိဘူးတဲ့။
အမေ့ကို ကားထဲမှာနေရာချပြီး သော့လိုက်ရှာတယ်။ ကားက မကြာသေးခင်က အဖေဝယ်လိုက်တဲ့ နောက်ဆုံးပေါ် ရွှေရောင်မာစီဒီး အသစ်စက်စက်။ အဲဒီကားကြီးအပေါ် အမေ့ကိုတင်ပြီး ဒလကြမ်းမောင်းတော့တာပဲ။ အမေပြောတာတွေကို နားထောင်ရင်း စွန်ပလွန်ပင်တွေ အစီအရီစိုက်ထားတဲ့ ရီရတ်မြို့ရဲ့ ကျယ်ဝန်းတဲ့ ရိပ်သာလမ်းမကြီးပေါ်မှာ ရွှေရောင်မြင်းရထားတစ်စီး အသော့နှင်နေပုံကို မျက်စိထဲမှာမြင်ယောင်လာမိတယ်။
အဲဒီလို ပျာယာခတ်နေတဲ့အချိန်မှာပဲ အဖေ့ရဲ့ စတုတ္ထမြောက်သားအဖြစ် ကျွန်တော် လူ့လောကထဲကို ရောက်လာခဲ့တာပဲ။
အဖေ့ဘက်က အဘိုးမိုဟာမက် အဝတ်ဒ်ဘင်လာဒင် - Mohammed Awad bin Laden ဟာ ခိုင်မာတည် ကြည်တဲ့စရိုက်လက္ခဏာကြောင့် လူသိများတဲ့ပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်တယ်။ အဘိုးရဲ့အဖေဟာ အဘိုး၁၁နှစ်သားမှာ ကွယ်လွန်သွားခဲ့တယ်။ အဘိုးရဲ့အမေနဲ့ ညီအစ်ကိုလေးယောက် ကျန်ခဲ့တယ်။ အဘိုးက အကြီးဆုံးလေ။
ယီမင်နိုင်ငံမှာ အခွင့်အလမ်းကောင်းတယ်ဆိုလို့  အဘိုးဟာ သူ့ရဲ့ညီငယ်ဖြစ်သူ အဗ္ဗဒူလာကိုခေါ်ပြီး ယီမင်ကိုထွက်သွားတယ်။ အဲဒီခေတ်က ကုလားအုပ်တန်းကြီးနဲ့ ခရီးသွားကြရတာဆိုတော့ ကုလားအုပ်တန်း ကြီးထဲမှာတခြား ခရီးသည်တွေနဲ့
ရောလိုက်သွားခဲ့ရတာပေါ့။ တကယ့်ကိုစွန့်စွန့်စားစားပဲ ။ သူမွေးဖွားကြီးပြင်းရာအရပ်နဲ့ မိတ်ဆွေတွေကို ခွဲခွာပြီးလိုက်သွားခဲ့တာ။ ဘာမှမသိရသေးတဲ့ တစိမ်းတရံစာ နယ်မြေတစ်ခုကို သွားတယ်ဆိုတာ အဲဒီအချိန်တုန်းကတော့ မဟာစွန့်စားခန်းကြီးတစ်ခုပဲ ။
ဖုန်အလိမ်းလိမ်းနဲ့ မြို့တွေရွာတွေကို ဖြတ်သွားပြီးတဲ့အခါ
အေဒင်မြို့ကိုရောက်ကြတယ်။ အဲဒီကမှ ဆိုမာလီယာကို ရွက်လွှင့်ပြီးရောက်သွားကြတယ်။ အေဒင်ပင်လယ်ကွေ့ကို ဖြတ်ပြီးတော့ပေါ့။အဘိုးတို့ ညီအစ်ကိုနှစ်ယောက် အလုပ်ဝင်လုပ်ကြတယ်။ အလုပ်သမားခေါင်းလုပ်တဲ့လူက သိပ်ဆိုးဆိုပဲ။
တစ်နေ့မှာ အလုပ်သမားခေါင်းက အဘိုးခေါင်းကိုတုတ်နဲ့ရိုက် လိုက်တာ ဒဏ်ရာပြင်းလွန်းလို့ အဘိုးမျက်စိတစ်ဘက် ကွယ်သွားရရှာတယ်။ ဒီလိုနဲ့ပဲ အဘိုးတို့ညီအစ်ကိုဟာ ရွာကိုပြန်ရောက်လာကြတယ်။ မျက်လုံးဒဏ်ရာပျောက်တဲ့ အထိရွာမှာနေပြီး၊ နောက်နှစ်ကျတော့ ညီအစ်ကိုနှစ်ယောက် တစ်ခါပြန်ထွက်ကြပြန်တယ်။ ဒီတစ်ခါတော့ ဆော်ဒီအာ ရေးဗီးယားကို ဦးတည်ပြီး ထွက်လာခဲ့ကြတယ်။ လမ်းတစ်လျောက်မှာ အခွင့်အလမ်းကောင်းလေးများ
တွေ့မလားဆိုပြီး၊ နေရာတော်တော်များများမှာ စနည်းနာကြတယ်။ မထူးပါဘူး။ ရောက်တဲ့အရပ်မှာ အသက်ဆက်နိုင်ဖို့ ရရာအလုပ် ဝင်လုပ်ကြရတယ်။
သူတို့ နှစ်ယောက်ရဲ့ခရီးဟာ တဝဲလည်လည်နဲ့ ဘယ်တော့မှ မဆုံးနိုင်တဲ့ ခရီးကိုသွားနေရသလိုပဲ။ ဦးတည်ရာမဲ့ပဲ။ ဒီလိုနဲ့ပဲ ပင်လယ်နီကမ်းစပ်မှာရှိတဲ့ ဂျေဒါကိုလဲရောက်ရော ဆက်သွားစရာ ပင်လယ်ပဲရှိတော့တယ်။အဘိုးဘင်လာဒင်ဟာ ဆင်းရဲပေမယ့် လုပ်ချင်ကိုင်ချင်စိတ် အင်အားအပြည့်ပဲ။ သန္နိဋ္ဌာန်လဲ မြဲမြံခိုင်မာတယ်။ မလိမ်မကောက် ရိုးရိုးသားသားနဲ့ ပင်ပင်ပန်းပန်း လုပ်ကိုင်ရတဲ့ အလုပ်ကြမ်းမှန်သမျှကို လုပ်ရမှာမရှက်ဘူး။ အဲဒီလိုလူမျိုးအတွက် ဂျေဒါဟာ အသင့်တော်ဆုံးနေရာပဲ။
ဆော်ဒီဘုရင် အဗ္ပဒူလ်အဇစ်ရဲ့ လက်ထောက်က အဘိုးရဲ့လုပ်ရည်ကိုင်ရည်နဲ့ ဇွဲသတ္တိကို မျက်စိကျသွားတယ်။ အဲဒါ ၁၉၃ဝ ပြည့်လွန်နှစ်များမှာပေါ့။ ဒေသတွင်းမှာ ဖြစ်ပွားခဲ့တဲ့မျိုးနွယ်စုချင်း စစ်ပွဲတွေကို ဘုရင်က အောင်နိုင်ပြီးစအချိန်လဲဖြစ်တယ်။
၁၉၃၂ခုနှစ်မှာ ဆော်ဒီနိုင်ငံကို တည်ထောင်တယ်။ ၁၉၃၈ ခုနှစ်မှာ ရေနံသိုက်တွေ ရှာဖွေတွေ့ရှိတယ်။ ရေနံကရတဲ့ငွေနဲ့ မကြုံစဖူးကြီးကျယ် ခမ်းနားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေစတော့တာပဲ။ အဆောက်အဦး ဆောက်ချင်တယ်ဆိုရင် ဘုရင်က အဘိုးကို ခိုင်းတာပဲ။ မက္ကာမှာရှိတဲ့ ဗလီဝတ်ကျောင်းကြီးကို တိုးချဲ့ဆောက်လုပ်ရာမှာ အဘိုးကို တာဝန်ပေးတယ်။ အဲဒီအလုပ်က အကျိုးအမြတ်များမှန်းသိကြတော့ လူတိုင်းလိုချင်တဲ့အလုပ်။
အဘိုးဟာ သူ့ဘဝမှာ သူအတပ်မက်ဆုံး အရာနှစ်ခုရှိတယ်။ ဒါကို တစ်ဆွေလုံးတစ်မျိုးလုံးသိတာ ပဲ။ အဲဒီနှစ်ခုက အဆောက်အဦနဲ့ မိန်းမပဲ။ ဒီနှစ်ခုနဲ့ပတ်သက်ရင် အဘိုးဟာအောင်မြင်ခြင်းမက
အောင်မြင်ခဲ့တယ်လို့ဆိုရမယ် ။ အဘိုးဟာ သစ္စာရှိရှိနဲ့ အလုပ်ကို ကြိုးစားတဲ့အတွက် ဘုရင်ရဲ့ ယုံကြည်အားကိုးမှုကို ခံရတယ်။ သူရဲ့အလုပ်ကြိုးစားမှုကြောင့်  ဆုလာဘ်တွေအများကြီးရတယ်။ အဲဒီရတဲ့ငွေကို မိန်းမတွေအတွက် သုံးဖြုန်းပစ်တာပဲ။
ဆင်းရဲသူဖြစ်ဖြစ် ချမ်းသာသူဖြစ်ဖြစ် မယားလေးယောက် တစ်ပြိုင်တည်းယူနိုင်တယ်ဆို တာ ကျွန်တော် တို့ယဉ်ကျေးမှု ပတ်ဝန်းကျင်မှာ မထူးဆန်းလှဘူး။ အဘိုးက ငွေကြေးတတ်နိုင်လေတော့ မယားတွေ ဟောတစ်ယောက် ဟောတစ်ယောက် ယူတော့တာပဲ။ လက်ရှိမယားကလဲ လေးယောက်။ ကွာရှင်းထားတဲ့ မယားတွေကလဲ အများကြီးဆိုတော့ အဘိုးမှာသားသမီးတွေက အများကြီးပဲ။ အဲဒီသားသမီးတွေကို စေ့ငှအောင် တွေ့ချိန်မရှိရှာဘူး။ လူမျိုးထုံးစံ အတိုင်းပဲ အဘိုးဟာ သားအကြီးဆုံးတွေကို ဂရုတစိုက်ရှိတယ်။ အရေးပေးတယ်။ ကျန်တဲ့ ကလေးတွေကိုတော့ သာရေးနာရေးရှိတဲ့အခါမှပဲ တွေ့ဖြစ်တော့တယ်။
ဒါပေမယ့် သားသမီးတွေရဲ့တိုးတက်မှုကိုေ တာ့ အဘိုးက မျက်ခြည်အပြတ်မခံဘူး။ မအားလပ်တဲ့ကြားကပဲ သားတွေရဲ့ပညာရေးနဲ့ သမီးတွေအိမ်ထောင် ကောင်းမွန်စွာကျရေးကို အချိန်ပေးဆောင်ရွက်ပေးတယ်။
အဖေ(အိုစမာဘင်လာဒင်)က အဘိုးရဲ့အကြီးဆုံးသားတစ်ယော က် မဟုတ်တော့ အဘိုးကို ပုံမှန်တွေ့ခွင့် မရရှာခဲ့ဘူးတဲ့။ ဒါ့အပြင် အဘိုးနဲ့ အဘွားတို့ရဲ့အိမ်ထောင်သက်ကလ ည်း သိပ်ကြာခဲ့တာမဟုတ်ဘူး။ အဖေ့ကို မွေးပြီးချင်းချင်းပဲ အဘွားဟာ ဒုတိယကိုယ်ဝန်ကို လွယ်ရတယ်။ ဒါပေမယ့် အဲဒီကိုယ်ဝန်ပျက်ကျသွားတယ်။ ကိုယ်ဝန်ပျက်ကျပြီးချိန်မှာ ပဲ အဘွားက အဘိုးနဲ့ကွာခွင့်တောင်းတယ်။ အဘိုးကရှောရှောရှူရှူပဲ ကွာပေးလိုက်တယ်။ နောက်အဘွားက မိုဟာမက် အယ်လ်အာတားဆိုသူနဲ့ နောက်အိမ်ထောင်ပြု တယ်။ အဲဒီအိမ်ထောင်နဲ့ ကလေးလေးယောက်ရတယ်။
အဖေ့ရဲ့ ပထွေးဟာ မွန်ရည်သန့်ပြန့်တဲ့လူကောင်းတစ်ယောက်ဖြစ်ပေမယ့် အဖေနဲ့သိပ်အစေးမကပ်ဘူး။ ပထွေးနဲ့ရတဲ့သူ့ အမေတူ အဖေကွဲတွေနဲ့လဲ ခပ်စိမ်းစိမ်းပဲ။ အိမ်ထောင်ကွဲတွေရဲ့ သားသမီးတွေ ခံစားရတဲ့ ဆုံးရှုံးမှုမျိုးကို အဖေလဲ ခံစားရတယ်။ ဖခင်အရင်းရဲ့ အသိအမှတ်ပြုမှုကို အဖေက လိုချင်တယ်။ တောင့်တတယ်။
ကျွန်တော်ဟာအဖေ့ရဲ့အယောက် နှစ်ဆယ်မျှသော သားသမီးများထဲက တစ်ယောက်မို့ အဖေရဲ့ခံစားချက်ကို ကျွန်တော်နားလည်တယ်။ ကိုယ်ချင်းစာကြည့်နိုင်တယ်။ ဒီလောက်များတဲ့ သားသမီးတွေကြားထဲမှာ အဖေ့ရဲ့ အရေးတယူပြုမှုကို ကျွန်တော်လိုချင်သလောက် မရခဲ့ပါဘူး။
အမြဲလိုလို သုန်သုန်မှုန်မှုန် ဖြစ်နေတဲ့အဖေဟာ ဘာသာရေးဘက်မှာ အထူးတလည်လိုက်စားလာတာကို အမျိုးအဆွေတွေအပြင် တခြားလူတွေကလဲ သတိပြုမိလာတယ်။ ဘုရားရှိခိုးဝတ်ပြုတာ ဘယ်တော့မှ ပျက်ကွက်လေ့မရှိဘူး။ ကိုရ်အမ်နဲ့ ဘာသာရေးကျမ်းတွေကို အမြဲလိုဖတ်နေလေ့ရှိတယ်။
ဘယ်ယောက်ျားမဆို တစိမ်းမိန်းကလေးအပေါ် အာရုံကျက်စားမိတတ်ကြပါတယ်။ အဖေကတော့ တစိမ်းမိန်းကလေး တစ်ယောက်ယောက် သူ့မြင်ကွင်းထဲဝင်လာရင် မျက်နှာလွှဲလိုက်လေ့ရှိတယ်။ ဒါပေမယ့် အဖေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ အိမ်ထောင်ကျခဲ့တယ်။ သူအိမ်ထောင်ကျတော့ အသက်၁၇နှစ်ပဲရှိသေးတယ်။ အဖေ့နှမတစ်ဝမ်းကွဲ နက်ဂျဝါ ဂနမ် - Najwa Ghanem ဟာ အဖေ့ရဲ့ ပထမဆုံးဇနီးပဲ။
ကျွန်တော်တို့ယဉ်ကျေးမှုမှာ ပထမဇနီးဟာ ဂုဏ်အမြင့်ဆုံးပဲ။ အမေကတော့ ဂုဏ်အမြင့်တကာ့ အမြင့်ဆုံးလို့ ပြောရမယ်။ အမေဟာ အဖေ့ရဲ့နှမတစ်ဝမ်းကွဲဖြစ်တာ ရယ်။ ပထမဆုံးဇနီးဖြစ်တာရယ်။ သားဦးယောက်ျားလေး မွေးပေးတာရယ်တို့ဟာ အမေ့ဂုဏ်ကို အများကြီးတက်စေတယ်။ သုံးထပ်ကွမ်းဂုဏ်မြင့်တဲ့ ဇနီးလို့ပြောရမလားပဲ။ ဝမ်းကွဲမောင် နှမတော်စပ်ပြီး သားဦးမွေးဖွားပေးတဲ့ ဇနီးကိုကွာရှင်းတယ်ဆိုတာ မွတ်စလင်လောကမှာ ရှားရှားပါးပါးပဲ။ အဖေနဲ့အမေတို့မူလကတည်းက သွေးသားတော်စပ်ထားတဲ့အတွက်
တော်စပ်မှုနဲ့ နှောင်တည်ထားပြီးသားဖြစ်သလို၊ လက်ထပ်ခြင်းဖြင့် ထပ်မံစည်းနှောင်ပြီး ဖြစ်တဲ့အပြင် သားဦးယောက်ျားဆိုတဲ့ သံယောဇဉ်ကလဲ ပိုပြီးခိုင်မြဲစေတယ်။
အဖေဟာအမေ့ကို အသံမာမာနဲ့ပြောတာ တစ်ခါမှ ကျွန်တော်မကြားဖူးဘူး။ ကျွန်တော်ဟာ အဖေ့ကို ချစ်ခင်လေးစားတာကို ဘယ်သူမှမတားဆီးနိုင်ပါဘူး။ ဒါပေမယ့် အဖေ့အပြုအမူတွေထဲမှာ ကျွန်တော် သဘောမကျတာတွေ ရှိတယ်။ ဘာမှ အပြစ်မရှိတဲ့၊ ကိုယ်တစ်ခါမျှ မမြင်ဖူးတဲ့ လူတွေကို အန္တရာယ်ပေးနေတာ ကျွန်တော်သိပ်မုန်းတယ်။
သူ့ကိုမုန်းကြတဲ့ လူတွေ အများအပြားရှိသလို ချီးမွမ်းထောမနာပြုကြတဲ့ လူလဲရှိတယ်။ သားတစ်ယောက်က ဖခင်အပေါ် ချစ်ခင်တဲ့စိတ်ရှိတာ အမှန်ပဲ။ ဒါကို ကျွန်တော် မဖုံးကွယ်ပါဘူး။ ငယ်ငယ်တုန်းကဆိုရင် အဖေဟာ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော ကိုးကွယ်ရာပါ။ ငါ့အဖေဟာ ကမ္ဘာပေါ်မှာ အရပ်အရှည်ဆုံးလူဆိုပြီး တောင်ဝင့်ကြွားမိသေးတာ။
လူတော်တော်များများက အဖေ့ကို ပါရမီရှင်လို့ဆိုကြတယ်။ အထူးသဖြင့် သချာင်္အရာမှာပေါ့။ အဖေက အတွက်အချက်တော်တယ်။ ဂဏန်းပေါင်းစက်နဲ့တောင် အပြိုင်ပေါင်းနိုင်တယ်။ ဘမျိုးဘိုးတူလို့ ပြောရမလားမသိဘူး။ အဘိုးဟာ လယ်ဂျာစာအုပ်ထဲက ကိန်းဂဏန်းတွေ အတန်းလိုက်ကို စိတ်တွက်နဲ့ အမှားအယွင်း မရှိပေါင်းနိုင်တယ်လို့ ပြောကြတယ်။
မှတ်ဥာဏ်အရာမှာလဲ အဖေဟာ ပြိုင်စံရှားသူတစ်ယောက်ပဲ။ မိတ်ဆွေတွေက အကဲစမ်းတဲ့ သဘောနဲ့ ကိုရ်အမ်ကျမ်းထဲမှာပါတဲ့ အပိုဒ်တွေကို မေးတတ်ကြတယ်။ အဖေက အေးအေးဆေးဆေးနဲ့ အလွတ်ရွတ်ပြတာပဲ။ တစ်လုံးမှ မလွဲဘူး။ အဘိုးလေယာဉ်ပျက်ကျပြီး ကွယ်လွန်သွားတော့ အဖေဟာဝမ်းနည်းကြေကွဲလို့ မဆုံးနိုင်တော့ဘူး။ အဲဒီလိုဖြစ်နေချိန်မှာ ထက်မြက်တဲ့မှတ်ဥာဏ်စွမ်းရည် ကို ရခဲ့တာလို့ အဖေကပြောဖူးတယ်။
ကျွန်တော် မကျေနပ်ဆုံးက ဂျေဒါမှာရှိတဲ့အိမ်မှာ ကျွန်တော် အကျဉ်းသားတစ်ယောက်လို နေခဲ့ရတာကိုပဲ။ ကျွန်တော့်ကို မမွေးခင်နှစ်နှစ်မှာ အာဖဂန်ကို ဆိုဗီယက်တို့ ဝင်ရောက်သိမ်းပိုက်ခဲ့တယ်။ အဖေဟာ အာဖဂန် လွတ်မြောက်ရေးလှုပ်ရှားမှုမှာ အရေးပါတဲ့ လူတစ်ယောက် ဖြစ်လာတယ်။ သူ့ရဲ့သားသမီးတွေကို ပြန်ပေးဆွဲမယ်ဆိုတဲ့ သတင်းကြောင့် အဖေက ကျွန်တော်တို့ကို အိမ်ပြင်ထွက်ခွင့်မပေးဘူး။ ခြံထဲတောင် ထွက်ကစားခွင့်မပေးဘူး။
အိမ်ထဲမှာ ကစားရတော့ စိတ်လွတ်လပ်မှုမရှိဘူး။ ကျွန်တော့်ညီနဲ့ ကျွန်တော်ဟာ တစ်နာရီ နှစ်နာရီလောက် ဝတ်ကျေတန်းကျေ အိမ်ထဲမှာကစားပြီးရင် ပြတင်းပေါက်ကနေ ပြင်ပကမ္ဘာကြီးကို ငေးကြည့်နေမိတယ်။ အဲဒီကမ္ဘာကြီးဟာ ကျွန်တော်တို့နဲ့ ဘာမှမဆိုင်သလိုပဲ။ ပလက်ဖောင်းပေါ်မှာ ကလေးတွေ ကစားနေကြတယ်။ စက်ဘီးစီးသူကစီး၊ ကြိုးခုန်သူကခုန်လို့ပေါ့။
အဖေဟာ ဘာသာရေးမှာ ကိုင်းရှိုင်းလွန်းလို့လားတော့မသိဘူး တင်းတင်းကြပ်ကြပ် တစ်ယူသန်အမူအကျင့်တွေ အဖေ့ဆီမှာစွဲကပ်လာတယ်။ ကျွန်တော်တို့နေတဲ့ ဂျေဒါမြို့ဆိုတာ ပူပြင်းစွတ်စိုတဲ့မြို့။ ပူအိုက်တဲ့နေ့တွေမှာအိမ်မှာ ရှိတဲ့ လေအေးစက်ကို ဖွင့်ခွင့်မပေးဘူး။ မီးဖိုချောင်ထဲမှာရှိတဲ့ ရေခဲသေတ္တာကိုလဲသုံးခွင့်မပေးဘူး။ အဖေက ပြောသေးတယ်'' ခေတ်မီတိုးတက်မှုတွေဟာ အစ္စလာမ်အယူအဆကို တိမ်းပါးချွတ်ချော်စေတယ်''တဲ့။ အဲဒီတော့ အစားအစာကိုဝယ်တဲ့ နေ့မှာပဲစားရတယ်။ ပူပြင်းတဲ့ ရာသီဥတုကြောင့် နေ့ကူးလို့မဖြစ်ဘူး။
အမေက သူ့ရဲ့ကလေးအတွက် နို့လိုတယ်လို့ပြောရင်၊ ကျွန်တော်တို့ မိသားစုပိုင် နွားခြံကနေ တိုက်ရိုက်ယူပြီးတိုက်ရတယ်။
ချက်တာပြုတ်တာတွေအတွက် ဓာတ်ငွေ့မီးဖိုသုံးခွင့်ပေး လို့ တော်သေးတယ်။ လျှပ်စစ်မီးလဲ သုံးခွင့်ပေးတယ်။ ဒါပေမယ့် အခန်းတိုင်းမှာ မဖွင့်ရဘူး။ လူမရှိတဲ့အခန်းတွေမှာ ဖယောင်းတိုင်ထွန်းရတယ်။ အမေက အဖေပြုသမျှ နုရတာပဲ။ ဘာမှ မပြောရှာပါဘူး။ လက်တွေ့မကျတဲ့ အဖေ့ရဲ့ ညွှန်ကြားချက်တွေကို ကျွန်တော်တို့ မောင်နှမတစ်စုက လုံးဝမကြိုက်ဘူး။
တားဆီးကန့်သတ်မှုတွေနဲ့ အမြဲရစ်ပတ်နေတဲ့အဖေဟာ
ဘောလုံးနဲ့ပတ်သက်လာရင်တော့ တားဆီး ကန့်သတ်မှုတွေ ဘယ်ရောက်ကုန်မှန်းမသိဘူး။ သူဘောလုံးဝယ်လာတဲ့နေ့က သူ့လက်ထဲမှာပါလာတဲ့ ဘောလုံးကိုမြင်ရတော့ သားသမီးတွေက ပျော်မြူးနေတာပေါ့။ ကလေးတွေရဲ့မျက်နှာက အပြုံးအပျော်တွေကိုမြင်ရတဲ့ အဖေမျက်နှာဟာလဲ ပြုံးယောင်သမ်းနေတယ်။ ဒီလိုပြုံးတာကို မြင်ရခဲဘိခြင်း။ ပြီးတော့ အဖေက ပြောသေးတယ် အချိန်ရရင် ဘောလုံးကန်ချင်တယ်တဲ့။
အဖေဟာ သားသမီးတွေနဲ့ ရင်းရင်းနှီးနှီး ချော့မြူပွတ်သပ်တာမျိုး မရှိဘူး။ ''ပွတ်သီးပွတ်သပ်နေတယ်ဆိုတာ တိရစ္ဆာန်တွေလုပ်တဲ့ အလုပ်ကွ''လို့ အဖေကပြောတယ်။ အဖေနဲ့ ပွတ်သီးပွတ်သပ်နေဖို့ အခွင့်အရေးရတိုင်း ကျွန်တော်ကြိုးစားတယ်။ ကြာတော့လဲ အဖေက သည်းညည်းမခံနိုင်တော့ဘူး။ ကြိမ်လုံးနဲ့ အဆော်ခံရတော့တာပဲ။ အဖေက ကျွန်တော်တို့ ညီအစ်ကိုတစ်တွေ နည်းနည်းမှားတာနဲ့ ဆော်တာပဲ။
မိသားစုဝင် မိန်းမသားတွေအပေါ်မှာ အဖေဟာ အနူးညံ့ဆုံး ဆက်ဆံတယ်။ အဘွား၊အမေနဲ့ ညီမတွေကို အဖေအော်တာ ငေါက်တာ တစ်ခါမှ မတွေ့ဖူးဘူး။ မိန်းမသားတွေကို ရိုက်နှက်တာ တစ်ခါမှ မမြင်ဖူးဘူး။
အာဖဂန် လွတ်မြောက်ရေးစစ်ပွဲ ပြင်းထန်နေတဲ့အချိန် တစ်နေ့မှာ အဖေဟာ အာဖဂန်မြေပုံကို နာရီပေါင်းများစွာ စိုက်ကြည့်ပြီး စဉ်းစားနေတယ်။ တောင်ကုန်းတိုင်း၊ ချိုင့်ဝှမ်းတိုင်း၊ ရွာတိုင်းကို အလွတ်မှတ်မိနေအောင် စူးစိုက်ကြည့်နေတယ်။ ကျွန်တော်တို့ကအခန်းထဲ အော်ဟစ်ပြေးလွှားနေတော့ အဖေက ''အိုမာအခန်းထဲက ထွက်သွားစမ်း''လို့ ခက်ထန်တဲ့လေသံနဲ့ ပြောတယ်။ ကလေးပီပီ ကျွန်တော်က အခြေအနေကို မရိပ်စားမိဘဲ ဆက်ပြေးနေမိတယ်။ နည်းနည်းကြာသွားတော့ အဖေက '' အိုမာမင်းညီအစ်ကိုတွေ အားလုံးသွားခေါ်စမ်း''လို့ ပြောတယ်။
ကျွန်တော်တို့ကလဲ ကလေးဆိုတော့ အခြေအနေကို မရိပ်စားမိဘူး။ အဖေ ဘာများပေးမလို့လဲ။ ဘယ်လို ကစားနည်း အသစ်ကိုပြမလို့လဲပေါ့။ မျှော်လင့်တကြီးနဲ့ သူ့ကိုမော်ကြည့်နေကြတယ်။ ညီအစ်ကို အားလုံးတန်းစီရပ်ကြတယ်။ အဖေက သူကိုင်နေကျ သစ်သားတုတ်ချောင်းနဲ့ တစ်ယောက်ချင်းကို ရိုက်တော့တာပဲ။ တစ်ကိုယ်လုံးအနှံ့ အရိုက်ခံရတာ။ ပျော်ရွှင်ရမလားလို့ မျှော်လင့်နေတုန်းမှာ
အရိုက်ခံရတော့ ရှက်ကြောက်မှုနဲ့ ခါးသီးမှုတွေ ကျွန်တော့်တစ်ကိုယ်လုံး ပျံ့နှံ့စီးဆင်းသွားတော့တာပဲ။
လက်ကရိုက်နေပေမယ့် သူ့ပါးစပ်ကပြောတဲ့ ဆုံးမစကားတွေကတော့ အေးအေးဆေးဆေး တည်တည်ငြိမ်ပဲ။ အော်ဟစ်တာမျိုး၊ ဒေါသလေသံမျိုးမပါဘူး။
''အိုမာ မင်းဟာမင်းညီအစ်ကိုတွေထက် အသက်ကြီးတယ်။ မင်းတို့တွေ ဆူညံနေတဲ့အတွက် ငါအလုပ်လုပ်လို့ မရဘူး။ မင်းမှာ တာဝန်ရှိတယ်''လို့ ခက်ထန်မှုမပါတဲ့ လေသံနဲ့ပြောတယ်။
၁၉၉၆ခုနှစ်မှာ ဆူဒန်အစိုးရက ကျွန်တော်တို့ မိသားစုကို ခါတွန်မှာ ရှိတဲ့အိမ်ကနေ နှင်ထုတ်လိုက်တယ်။ အဖေဟာ ကျွန်တော့်ကိုခေါ်ပြီး အာဖဂန်ကိုထွက်လာခဲ့တယ်။ မိသားစုဝင်ထဲက ကျွန်တော်တစ်ယောက်ပဲ သူနဲ့လိုက်ခဲ့ရတယ်။
အာဖဂန်က တိုရာဘိုရာတောင်တန်းပေါ်မှာရှိတဲ့ ဟောင်းနွမ်းအိုမင်းတဲ့ ခြံဝင်းတစ်ခုကို အဖေက သူ့နေအိမ်သစ်အဖြစ် ရွေးချယ်လိုက်တယ်။ အဖေရဲ့ ဝေယျာဝစ္စတွေ ကျွန်တော်လုပ်ပေးရတယ်။ ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ တောင်တန်းပေါ်မှာ တစ်ခုခုလုပ်နေရတာကိုက ပျော်စရာတစ်ခုပဲ။
နေ့ညမဟူ သူ့နားမှာ နေနေရတဲ့အတွက် အဖေ့ရဲ့ အကျင့်စရိုက်တွေကို နက်နက်ရှိုင်းရှိုင်း သိမြင်ခွင့်ရခဲ့တယ်။ ကျွန်တော့်ရဲ့ကလေးဘဝ တစ်လျှောက်လုံးမှာ အဖေဟာ ခပ်လှမ်းလှမ်းက လူတစ်ယောက် အဖြစ်ရှိနေခဲ့တယ်။ တိုရာဘိုရာ တောင်တန်းပေါ်မှာတော့ သူယုံကြည်စိတ်အချရဆုံး လူသုံးလေးယောက်ပဲ ရှိတော့တယ်။ ယုံကြည်စိတ်အချရဆုံး အဲဒီသုံးလေးယောက်ထဲမှာ ကျွန်တော် အပါအဝင်ပေါ့။ ကလေးဘဝတစ်လျှောက်လုံး ကျွန်တော်သိရှိနားလည် ထားတာထက်ပိုပြီး အဖေ့အကြောင်းကို သိခွင့်ရခဲ့တယ်။
သူဟာ ကျွန်တော့်အဖေပဲ သူ့ကိုဘယ်တော့မှ ကျွန်တော် သစ္စာမဖောက်ဘူး။ ဒါပေမယ့် သူနဲ့အီဂျစ် လူမျိုးတွေလုပ်နေတဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကို ကျွန်တော် ရွံရှာမုန်းတီးတယ်။
အဖေကိုယ်နဲ့မကွာ အမြဲဆောင်ထားတဲ့ ပစ္စည်းနှစ်ခုရှိတယ်။ လမ်းလျှောက်ကြိမ်တုတ်နဲ့ အေကေ-၄၇ မောင်းပြန်စက်သေနတ်ပဲ။ စိပ်ပုတီးနဲ့ ကိုရ်အမ်ကျမ်းကိုတော့ သူလက်လှမ်းမီတဲ့နေရာမှာ အမြဲထားဖို့ ကျွန်တော်တို့ကို ပြောထားတယ်။ သူအမြဲသုံးတဲ့ ပစ္စည်းတွေထဲမှာ ရေဒီယိုလဲပါတယ်။ ဥရောပတိုက်ကလွှင့်တာ တွေကိုနားထောင်လေ့ရှိတယ်။ အထူးသဖြင့် ဘီဘီစီကိုပေါ့။ နောက်ပြီး အသံဖမ်းစက်တစ်လုံးလဲ ကိုယ်နဲ့မကွာ ဆောင်ထားတယ်။ တစ်ခါတစ်ရံ နာရီပေါင်းများစွာ အသံဖမ်းစက်ထဲကို သူ့ရဲ့စိတ်ကူးစိတ်သန်းတွေကိုပြောပြီး အသံသွင်းနေတော့တာပဲ။
သူ့မကျေနပ်ချက်တွေကို ဒေါသတကြီး အသံသွင်းချင်လဲ သွင်းနေတာပဲ။ အနာဂတ်ကမ္ဘာကြီးဟာ ဘယ်လိုဖြစ်ရမယ် ဆိုတာမျိုးတွေလဲပါတယ်။ အစ္စလာမ်ကို မလေးမစား လုပ်တာတွေ အပေါ်မှာ သူ့ရဲ့ဒေါသက အရှိန်ညီးညီးပဲ။
အဖေဟာ အလုပ်ထဲမှာပဲ နစ်မြုပ်နေတော့ ကိုယ်ရေးကိုယ်တာ ဆိုတာပြောခဲဘိခြင်းပဲ။ ရှားရှားပါးပါး တစ်ခါ နှစ်ခါတော့ သူ့ငယ်စဉ်ဘဝကို ပြန်ပြောဖူးတယ်။
တခါတလေတော့လဲ သူ့အမေ ကျွန်တော့်ရဲ့အဘွားအကြောင်း ကို
ဆွေးဆွေးမြည့်မြည့် ပြောနေတတ်တယ်။ အဘွားအကြောင်းကို ပြောနေတုန်းမှာ သူ့ရဲ့မျက်လုံးတွေဟာ အရောင်တောက်နေတာပဲ။ သူပြောတဲ့အကြောင်းတွေထဲမှာ အဘိုးအကြောင်းကို ကျွန်တော် အကြိုက်ဆုံးပဲ။ ''အိုမာ မင်းအဘိုးဟာ ပါရမီရှင် တကယ့်လူတော်ပဲ။ ဆော်ဒီအာရေးဗီးယား နိုင်ငံကို သဲထဲကဆွဲထုတ်ပြီး၊ ခေတ်မီနိုင်ငံတော်ဖြစ် အောင်တည်ဆောက်ပေးခဲ့တာကွ'' လို့ မကြာခဏ ပြောတတ်တယ်။
ပြောမယ့်သာပြောရတယ် အဖေဟာ အဘိုးနဲ့ အကျွမ်းတဝင်နေဖို့ အခွင့်အရေးမရရှာခဲ့ဘူးတဲ့။ အဘိုးဟာ ဇနီးမယား မြောက်မြားစွာ (ကွာရှင်း ပြီးအပါအဝင်)တို့ကမွေးဖွားတဲ့ သားဦးများကိုသာ အလေးပေးဆက်ဆံတဲ့အတွက် သားဦးမဟုတ်တဲ့ အဖေဟာ အဘိုးနဲ့ နီးနီးကပ်ကပ်နေခွင့် မရခဲ့ဘူး။
တစ်ခါတော့ အဘိုးဟာ သားတွေကိုတန်းစီရပ်ခိုင်းတယ်။ အဖေက အရပ် အနိမ့်အမြင့်လိုက်တန်းမစီဘဲ ရရာနေရာမှာ ဝင်ရပ်မိလိုက်တဲ့အတွက် အဘိုးရဲ့ရိုက်နှက်ခြင်းကိုခံရတော့တာပဲ။ ''အဲဒီတုန်းက အရိုက်ခံရတာကို ငါတစ်သက်မမေ့ဘူး။ အသားလဲနာတယ်။ အသည်းလဲနာတယ်''လို့ အဖေကပြန်ပြောပြတယ်။
'' ငါကလေးတုန်းက ကားသိပ်လိုချင်တာပဲ။ ကားရူးရူးတယ်။ အဲဒီတုန်းက ကိုးနှစ်သားလောက်ပဲ ရှိဦးမယ်။ ကားလိုချင်တဲ့အကြောင်း တစ်ချိန်လုံးပြောတာပဲ။ ငါ့အမေနဲ့ ပထွေးဟာ ငါကား ရူးရူးတဲ့ဒဏ်ကို ခံရတာပဲ။ သူတို့ကလဲ ငါ့ကို ကားဝယ်မပေးနိုင်ရှာဘူး'' လို့ အဖေက ကျွန်တော့်ကို ပြောပြတယ်။
နောက်ဆုံးတော့ ပထွေးက အဖေ့ကို သူ့ရဲ့အဖေအရင်း (ကျွန်တော့အဘိုး) ကို သွားတွေ့ဖို့ပြောတယ်။ အဘိုးက စက်ဘီးပဲ ဝယ်ပေးလိုက်တော့ အဖေ စိတ်ဓာတ်အတော်ကျသွားတယ်တဲ့။ စက်ဘီးကို တစ်ခါနှစ်ခါပဲစီးပြီး သူ့ညီတစ်ယောက်ကို ပေးလိုက်တယ်။
''နောက်သုံးလေးပတ်ကြာတော့ အိမ်ရှေ့ကို ဖိတ်ဖိတ်တောက်နေတဲ့ ကားသစ်ကြီးတစ်စီး ငါ့ဖို့ဆိုပြီး ရောက်လာတယ်။ ငါသိပ်ပျော်သွားတယ်။ ငါ့ဘဝရဲ့ အပျော်ဆုံးနေ့ပဲ'' လို့ အဖေကပြောတယ်။
တိုရာဘိုရာ တောင်ပေါ်စခန်းပေါ်မှာ အဖေနဲ့လိုက်နေတာ သုံးနှစ်လောက်ရှိသွားတဲ့အခါ ကန္ဒဟာ အနီးမှာရှိတဲ့ ဆိုဗီယက်တပ်စခန်း ဟောင်းတစ်ခုဆီကို ပြောင်းကြဖို့ ကျွန်တော်တို့ပြင်ဆင်နေကြတယ်။ တစ်နေ့မှာ အဖေက တိုက်ခိုက်ရေး သမားအားလုံးကို အစည်းအဝေး ခေါ်တယ်။ ပြောင်းဖို့ရွှေ့ဖို့ ပြင်ဆင်နေရလို့ အလုပ်ရှုပ်နေတဲ့အချိန် ဘာဖြစ်လို့ အစည်းအဝေး ခေါ်ရတယ်ဆိုတာ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ ညီတွေက နားမလည်နိုင်ဘူး။
အစည်းအဝေးမှာ အာဇာနည် တစ်ယောက်ဖြစ်ရခြင်းဟာ ဘယ်လောက် မြင့်မြတ်တန်ဖိုးကြီးတယ်ဆို တာ အဖေက အရှည်ကြီးရှင်းပြတယ်။ အစ္စလာမ်ဘာသာအတွက် မိမိရဲ့အသက်ကို ပေးလှူခြင်းဟာ ဘယ်လောက် ဂုဏ်ယူဖို့ကောင်းတယ်၊ ကြီးကျယ်မြင့်မြတ်တယ် ဆိုတာတွေကိုရှင်းပြတယ်။ အဲဒီလိုရှင်းပြပြီး အခန်းထဲမှာရှိနေတဲ့ တိုက်ခိုက်ရေးသမားတွေ တစ်ယောက်ချင်း မျက်နှာတွေကို စေ့စေ့လိုက်ကြည့်တော့တာပဲ။ လူဟောင်းကြီးတွေက အဖေ့ရဲ့စကားကို ပျင်းရိငြီးငွေ့ပုံပေါ်ပေမယ့်  လူသစ် တိုက်ခိုက်ရေးသမားတွေရဲ့ မျက်လုံးတွေက စိတ်အားထက်သန်မှုနဲ့ အရောင်တွေတောက်လို့။
အစည်းအဝေးပြီးတော့ အဖေ ဟာသူ့သားတွေအားလုံး ဆင့်ခေါ် လိုက်တယ်။ အငယ်ဆုံး ကောင်တွေ လဲပါတာပေါ့။ သူ့ကြည့်ရတာ စိတ် လက်ကြည်လင် ပျော်ရွှင်နေပုံပဲ။ သူ့ ရဲ့ ဒီလိုအနေအထားမျိုးကို အင်မတန် တွေ့ရခဲတယ်။ ''သားတို့ မင်းတို့ ဝိုင်းထိုင်လိုက်ကြ။ အဖေ မင်းတို့ကို ပြောစရာရှိတယ်'' သူက ရွှင်ရွှင်ပျပျနဲ့ ပြောတယ်။
''ဗလီမှာ ကြေညာချက် တစ်စောင်ကပ်ထားတယ်။ အသေခံဗုံးခွဲမယ့် မွတ်စလင်ပီသတဲ့လူတွေကို ဖိတ်ခေါ်တဲ့စာပဲ''လို့ပြောပြီး မျှော်လင့်ခြင်းကြီးစွာနဲ့ ကျွန်တော်တို့ကို ကြည့်တယ်။
ဘယ်သူမှ တုတ်တုတ်မလှုပ်ကြ။ အဖေကထပ်ပြောတယ် ''သားတို့ သေသေချာချာ နားထောင်။ အစ္စလာမ်အတွက် အသက်ပေးလှူချင်တဲ့ အသေခံဗုံးခွဲသမားတွေ အလိုရှိတယ်လို့ ဗလီမှာကြေညာစာ ကပ်ထားတယ်။ အဲဒီမှာ စာရင်းသွားပေး လို့ရတယ်''တဲ့။
ညီအငယ်ဆုံး တစ်ယောက်က မတ်တတ်ထရပ်ပြီး တရိုတသေနဲ့ အဖေ့ကို ခေါင်းညိတ်ပြပြီး ဗလီရှိရာကို ပြေးတော့တာပဲ။ အဲဒီညီဟာငယ် လွန်းအားကြီးတယ်။ အသက်ရှင်ခြင်းနဲ့ သေလွန်ခြင်းတို့ရဲ့ခြားနားမှုကို တိတိပပ မသိနိုင်လောက်အောင်ကို ငယ်တယ်။
ကျွန်တော် ဒေါသထွက်သွားတယ်။ ''အဖေ ဘာဖြစ်လို့ ကိုယ့်သားအရင်းတွေကို ဒီလိုလုပ်ဖို့ တောင်းဆိုရတာလဲ'' လို့ ပြောလိုက်မိတယ်။
အဲဒီလိုမဖြစ်မီ လပေါင်းအတော်ကြာကတည်းက အဖေဟာ ကျွန်တော့်အချိုးကို ကြည့်မရဖြစ်နေတာ။ တန်ခိုးအာဏာကို မလိုချင်တဲ့။ စစ်ကိုမလိုချင်ဘဲ ငြိမ်းချမ်းရေးကိုသာ တောင့်တတဲ့ သားကိုအဖေက မလိုချင်။ ကျွန်တော့်ကို စူစူးဝါးဝါးစိုက်ကြည့်ပြီး
'' ဒီမှာ ငါ့သားအိုမာ မင်းသိအောင်ပြောလိုက်မယ်။ မင်းဟာ ငါ့ရင်ထဲမှာ မရှိတော့ဘူး။ တခြားလူတွေ၊ ကလေးတွေ၊ တိုင်းသူပြည်သားတွေဟာ ငါ့ရင်ထဲမှာရှိပေမယ့် မင်းအတွက် နေရာလပ်မရှိတော့ဘူး''တဲ့။ သားအားလုံးကို လှည့်ပတ်ကြည့်ရှုရင်း'' ငါ့ရဲ့ ဒီအယူအဆဟာ တခြားသားတွေ အပေါ်မှာလဲ ဒီလိုပဲရှိတယ်ဆိုတာ မင်းတာ မင်းတို့အားလုံး မြဲမြဲမှတ်ထားကြ''လို့ ပြောလိုက်တယ်။
အဖေဟာ သူ့ရဲ့သဘောထားကို ပြတ်ပြတ်သားသားပြောချလိုက်တာပဲ။ အဖေ့ရဲ့ သားတွေအပေါ်မှာ ချစ်ခြင်းဆိုတာ သူ့အရေပြားအပေါ် ဆုံးလွှာရဲ့အောက်ကိုတောင်
မရောက်ဘူးဆိုတာသိလိုက်ရတယ်။ သူရန်သူတွေကိုမုန်းတဲ့ အမုန်းထုထည်ဟာ သားတွေအပေါ်မှာထားတဲ့ မေတ္တာထက် အဆများစွာပိုနေတယ်ဆိုတာ ကျွန်တော်သိလိုက်ရတယ်။သားတစ်ယောက်ကပြောသော အဖေတစ်ယောက်၏ ဘ၀ပုံရိပ်များ( အေးထွန်းမင်း ဘာသာပြန်သည်။ )
--------------------------
ကျွန်တော် လူမှန်းသိစကတည်းက အဖေယောက်ယက်ခတ်တာ၊ စိတ်လှုပ်ရှားတာကို တစ်ခါမှမတွေ့ဖူးဘူး။ ဘာတွေဖြစ်နေဖြစ်နေ သူကတော့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပဲ။ လောကီလူ့ဘုံမှာ ဖြစ်ပျက်သမျှအားလုံးဟာ ဘုရားသခင်ရဲ့လက်ထဲမှာ ရှိတယ်လို့ သူကလေးလေးနက်နက် ယုံကြည်ထားတာကိုး။ အေးဆေးတည်ငြိမ်တဲ့ သဘာဝရှိပေမယ့် အဖေ့ကို ဘယ်သူမှမချုပ်ကိုင်နိုင်ဘူး
ကျွန်တော့်ကို မွေးတော့မယ်လို့ အမေက အဖေ့ကိုပြောတဲ့အခါမှာ အဖေကယောင်ကတမ်း ဖြစ်သွားတယ်လို့ အမေကပြောပြဖူးတယ်။ အဖေစိတ်လှုပ်ရှားတယ်ဆိုတာ မယုံနိုင်စရာပဲ။ အယောင်ယောင် အမှားမှားတွေဖြစ်လို့။ ကားသော့ကို ဘယ်ထားမိမှန်းမသိဘူးတဲ့။
အမေ့ကို ကားထဲမှာနေရာချပြီး သော့လိုက်ရှာတယ်။ ကားက မကြာသေးခင်က အဖေဝယ်လိုက်တဲ့ နောက်ဆုံးပေါ် ရွှေရောင်မာစီဒီး အသစ်စက်စက်။ အဲဒီကားကြီးအပေါ် အမေ့ကိုတင်ပြီး ဒလကြမ်းမောင်းတော့တာပဲ။ အမေပြောတာတွေကို နားထောင်ရင်း စွန်ပလွန်ပင်တွေ အစီအရီစိုက်ထားတဲ့ ရီရတ်မြို့ရဲ့ ကျယ်ဝန်းတဲ့ ရိပ်သာလမ်းမကြီးပေါ်မှာ ရွှေရောင်မြင်းရထားတစ်စီး အသော့နှင်နေပုံကို မျက်စိထဲမှာမြင်ယောင်လာမိတယ
အဲဒီလို ပျာယာခတ်နေတဲ့အချိန်မှာပဲ အဖေ့ရဲ့ စတုတ္ထမြောက်သားအဖြစ် ကျွန်တော် လူ့လောကထဲကို ရောက်လာခဲ့တာပဲ။
အဖေ့ဘက်က အဘိုးမိုဟာမက် အဝတ်ဒ်ဘင်လာဒင် - Mohammed Awad bin Laden ဟာ ခိုင်မာတည် ကြည်တဲ့စရိုက်လက္ခဏာကြောင့် လူသိများတဲ့ပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်တယ်။ အဘိုးရဲ့အဖေဟာ အဘိုး၁၁နှစ်သားမှာ ကွယ်လွန်သွားခဲ့တယ်။ အဘိုးရဲ့အမေနဲ့ ညီအစ်ကိုလေးယောက် ကျန်ခဲ့တယ်။ အဘိုးက အကြီးဆုံးလေ။
ယီမင်နိုင်ငံမှာ အခွင့်အလမ်းကောင်းတယ်ဆိုလို
ရောလိုက်သွားခဲ့ရတာပေါ့။ တကယ့်ကိုစွန့်စွန့်စားစားပဲ
ဖုန်အလိမ်းလိမ်းနဲ့ မြို့တွေရွာတွေကို ဖြတ်သွားပြီးတဲ့အခါ
အေဒင်မြို့ကိုရောက်ကြတယ်။ အဲဒီကမှ ဆိုမာလီယာကို ရွက်လွှင့်ပြီးရောက်သွားကြတယ
တစ်နေ့မှာ အလုပ်သမားခေါင်းက အဘိုးခေါင်းကိုတုတ်နဲ့ရိုက်
တွေ့မလားဆိုပြီး၊ နေရာတော်တော်များများမှာ စနည်းနာကြတယ်။ မထူးပါဘူး။ ရောက်တဲ့အရပ်မှာ အသက်ဆက်နိုင်ဖို့ ရရာအလုပ် ဝင်လုပ်ကြရတယ်။
သူတို့ နှစ်ယောက်ရဲ့ခရီးဟာ တဝဲလည်လည်နဲ့ ဘယ်တော့မှ မဆုံးနိုင်တဲ့ ခရီးကိုသွားနေရသလိုပဲ။ ဦးတည်ရာမဲ့ပဲ။ ဒီလိုနဲ့ပဲ ပင်လယ်နီကမ်းစပ်မှာရှိတဲ့ ဂျေဒါကိုလဲရောက်ရော ဆက်သွားစရာ ပင်လယ်ပဲရှိတော့တယ်။အဘိုးဘင
ဆော်ဒီဘုရင် အဗ္ပဒူလ်အဇစ်ရဲ့ လက်ထောက်က အဘိုးရဲ့လုပ်ရည်ကိုင်ရည်နဲ့
၁၉၃၂ခုနှစ်မှာ ဆော်ဒီနိုင်ငံကို တည်ထောင်တယ်။ ၁၉၃၈ ခုနှစ်မှာ ရေနံသိုက်တွေ ရှာဖွေတွေ့ရှိတယ်။ ရေနံကရတဲ့ငွေနဲ့ မကြုံစဖူးကြီးကျယ် ခမ်းနားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေစတော့တာပဲ။ အဆောက်အဦး ဆောက်ချင်တယ်ဆိုရင် ဘုရင်က အဘိုးကို ခိုင်းတာပဲ။ မက္ကာမှာရှိတဲ့ ဗလီဝတ်ကျောင်းကြီးကို တိုးချဲ့ဆောက်လုပ်ရာမှာ အဘိုးကို တာဝန်ပေးတယ်။ အဲဒီအလုပ်က အကျိုးအမြတ်များမှန်းသိကြတေ
အဘိုးဟာ သူ့ဘဝမှာ သူအတပ်မက်ဆုံး အရာနှစ်ခုရှိတယ်။ ဒါကို တစ်ဆွေလုံးတစ်မျိုးလုံးသိတာ
အောင်မြင်ခဲ့တယ်လို့ဆိုရမယ်
ဆင်းရဲသူဖြစ်ဖြစ် ချမ်းသာသူဖြစ်ဖြစ် မယားလေးယောက် တစ်ပြိုင်တည်းယူနိုင်တယ်ဆို
ဒါပေမယ့် သားသမီးတွေရဲ့တိုးတက်မှုကိုေ
အဖေ(အိုစမာဘင်လာဒင်)က အဘိုးရဲ့အကြီးဆုံးသားတစ်ယော
အဖေ့ရဲ့ ပထွေးဟာ မွန်ရည်သန့်ပြန့်တဲ့လူကောင်
ကျွန်တော်ဟာအဖေ့ရဲ့အယောက် နှစ်ဆယ်မျှသော သားသမီးများထဲက တစ်ယောက်မို့ အဖေရဲ့ခံစားချက်ကို ကျွန်တော်နားလည်တယ်။ ကိုယ်ချင်းစာကြည့်နိုင်တယ်။
အမြဲလိုလို သုန်သုန်မှုန်မှုန် ဖြစ်နေတဲ့အဖေဟာ ဘာသာရေးဘက်မှာ အထူးတလည်လိုက်စားလာတာကို အမျိုးအဆွေတွေအပြင် တခြားလူတွေကလဲ သတိပြုမိလာတယ်။ ဘုရားရှိခိုးဝတ်ပြုတာ ဘယ်တော့မှ ပျက်ကွက်လေ့မရှိဘူး။ ကိုရ်အမ်နဲ့ ဘာသာရေးကျမ်းတွေကို အမြဲလိုဖတ်နေလေ့ရှိတယ်။
ဘယ်ယောက်ျားမဆို တစိမ်းမိန်းကလေးအပေါ် အာရုံကျက်စားမိတတ်ကြပါတယ်။ အဖေကတော့ တစိမ်းမိန်းကလေး တစ်ယောက်ယောက် သူ့မြင်ကွင်းထဲဝင်လာရင် မျက်နှာလွှဲလိုက်လေ့ရှိတယ်။ ဒါပေမယ့် အဖေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ အိမ်ထောင်ကျခဲ့တယ်။ သူအိမ်ထောင်ကျတော့ အသက်၁၇နှစ်ပဲရှိသေးတယ်။ အဖေ့နှမတစ်ဝမ်းကွဲ နက်ဂျဝါ ဂနမ် - Najwa Ghanem ဟာ အဖေ့ရဲ့ ပထမဆုံးဇနီးပဲ။
ကျွန်တော်တို့ယဉ်ကျေးမှုမှာ ပထမဇနီးဟာ ဂုဏ်အမြင့်ဆုံးပဲ။ အမေကတော့ ဂုဏ်အမြင့်တကာ့ အမြင့်ဆုံးလို့ ပြောရမယ်။ အမေဟာ အဖေ့ရဲ့နှမတစ်ဝမ်းကွဲဖြစ်တာ
တော်စပ်မှုနဲ့ နှောင်တည်ထားပြီးသားဖြစ်သလိ
အဖေဟာအမေ့ကို အသံမာမာနဲ့ပြောတာ တစ်ခါမှ ကျွန်တော်မကြားဖူးဘူး။ ကျွန်တော်ဟာ အဖေ့ကို ချစ်ခင်လေးစားတာကို ဘယ်သူမှမတားဆီးနိုင်ပါဘူး။ ဒါပေမယ့် အဖေ့အပြုအမူတွေထဲမှာ ကျွန်တော် သဘောမကျတာတွေ ရှိတယ်။ ဘာမှ အပြစ်မရှိတဲ့၊ ကိုယ်တစ်ခါမျှ မမြင်ဖူးတဲ့ လူတွေကို အန္တရာယ်ပေးနေတာ ကျွန်တော်သိပ်မုန်းတယ်။
သူ့ကိုမုန်းကြတဲ့ လူတွေ အများအပြားရှိသလို ချီးမွမ်းထောမနာပြုကြတဲ့ လူလဲရှိတယ်။ သားတစ်ယောက်က ဖခင်အပေါ် ချစ်ခင်တဲ့စိတ်ရှိတာ အမှန်ပဲ။ ဒါကို ကျွန်တော် မဖုံးကွယ်ပါဘူး။ ငယ်ငယ်တုန်းကဆိုရင် အဖေဟာ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော ကိုးကွယ်ရာပါ။ ငါ့အဖေဟာ ကမ္ဘာပေါ်မှာ အရပ်အရှည်ဆုံးလူဆိုပြီး တောင်ဝင့်ကြွားမိသေးတာ။
လူတော်တော်များများက အဖေ့ကို ပါရမီရှင်လို့ဆိုကြတယ်။ အထူးသဖြင့် သချာင်္အရာမှာပေါ့။ အဖေက အတွက်အချက်တော်တယ်။ ဂဏန်းပေါင်းစက်နဲ့တောင် အပြိုင်ပေါင်းနိုင်တယ်။ ဘမျိုးဘိုးတူလို့ ပြောရမလားမသိဘူး။ အဘိုးဟာ လယ်ဂျာစာအုပ်ထဲက ကိန်းဂဏန်းတွေ အတန်းလိုက်ကို စိတ်တွက်နဲ့ အမှားအယွင်း မရှိပေါင်းနိုင်တယ်လို့ ပြောကြတယ်။
မှတ်ဥာဏ်အရာမှာလဲ အဖေဟာ ပြိုင်စံရှားသူတစ်ယောက်ပဲ။ မိတ်ဆွေတွေက အကဲစမ်းတဲ့ သဘောနဲ့ ကိုရ်အမ်ကျမ်းထဲမှာပါတဲ့ အပိုဒ်တွေကို မေးတတ်ကြတယ်။ အဖေက အေးအေးဆေးဆေးနဲ့ အလွတ်ရွတ်ပြတာပဲ။ တစ်လုံးမှ မလွဲဘူး။ အဘိုးလေယာဉ်ပျက်ကျပြီး ကွယ်လွန်သွားတော့ အဖေဟာဝမ်းနည်းကြေကွဲလို့ မဆုံးနိုင်တော့ဘူး။ အဲဒီလိုဖြစ်နေချိန်မှာ ထက်မြက်တဲ့မှတ်ဥာဏ်စွမ်းရည်
ကျွန်တော် မကျေနပ်ဆုံးက ဂျေဒါမှာရှိတဲ့အိမ်မှာ ကျွန်တော် အကျဉ်းသားတစ်ယောက်လို နေခဲ့ရတာကိုပဲ။ ကျွန်တော့်ကို မမွေးခင်နှစ်နှစ်မှာ အာဖဂန်ကို ဆိုဗီယက်တို့ ဝင်ရောက်သိမ်းပိုက်ခဲ့တယ်။ အဖေဟာ အာဖဂန် လွတ်မြောက်ရေးလှုပ်ရှားမှုမှာ
အိမ်ထဲမှာ ကစားရတော့ စိတ်လွတ်လပ်မှုမရှိဘူး။ ကျွန်တော့်ညီနဲ့ ကျွန်တော်ဟာ တစ်နာရီ နှစ်နာရီလောက် ဝတ်ကျေတန်းကျေ အိမ်ထဲမှာကစားပြီးရင် ပြတင်းပေါက်ကနေ ပြင်ပကမ္ဘာကြီးကို ငေးကြည့်နေမိတယ်။ အဲဒီကမ္ဘာကြီးဟာ ကျွန်တော်တို့နဲ့ ဘာမှမဆိုင်သလိုပဲ။ ပလက်ဖောင်းပေါ်မှာ ကလေးတွေ ကစားနေကြတယ်။ စက်ဘီးစီးသူကစီး၊ ကြိုးခုန်သူကခုန်လို့ပေါ့။
အဖေဟာ ဘာသာရေးမှာ ကိုင်းရှိုင်းလွန်းလို့လားတေ
အမေက သူ့ရဲ့ကလေးအတွက် နို့လိုတယ်လို့ပြောရင်၊ ကျွန်တော်တို့ မိသားစုပိုင် နွားခြံကနေ တိုက်ရိုက်ယူပြီးတိုက်ရတယ်။
ချက်တာပြုတ်တာတွေအတွက် ဓာတ်ငွေ့မီးဖိုသုံးခွင့်ပေး
တားဆီးကန့်သတ်မှုတွေနဲ့ အမြဲရစ်ပတ်နေတဲ့အဖေဟာ
ဘောလုံးနဲ့ပတ်သက်လာရင်တော့ တားဆီး ကန့်သတ်မှုတွေ ဘယ်ရောက်ကုန်မှန်းမသိဘူး။ သူဘောလုံးဝယ်လာတဲ့နေ့က သူ့လက်ထဲမှာပါလာတဲ့ ဘောလုံးကိုမြင်ရတော့ သားသမီးတွေက ပျော်မြူးနေတာပေါ့။ ကလေးတွေရဲ့မျက်နှာက အပြုံးအပျော်တွေကိုမြင်ရတဲ့
အဖေဟာ သားသမီးတွေနဲ့ ရင်းရင်းနှီးနှီး ချော့မြူပွတ်သပ်တာမျိုး မရှိဘူး။ ''ပွတ်သီးပွတ်သပ်နေတယ်ဆိုတာ
မိသားစုဝင် မိန်းမသားတွေအပေါ်မှာ အဖေဟာ အနူးညံ့ဆုံး ဆက်ဆံတယ်။ အဘွား၊အမေနဲ့ ညီမတွေကို အဖေအော်တာ ငေါက်တာ တစ်ခါမှ မတွေ့ဖူးဘူး။ မိန်းမသားတွေကို ရိုက်နှက်တာ တစ်ခါမှ မမြင်ဖူးဘူး။
အာဖဂန် လွတ်မြောက်ရေးစစ်ပွဲ ပြင်းထန်နေတဲ့အချိန် တစ်နေ့မှာ အဖေဟာ အာဖဂန်မြေပုံကို နာရီပေါင်းများစွာ စိုက်ကြည့်ပြီး စဉ်းစားနေတယ်။ တောင်ကုန်းတိုင်း၊ ချိုင့်ဝှမ်းတိုင်း၊ ရွာတိုင်းကို အလွတ်မှတ်မိနေအောင် စူးစိုက်ကြည့်နေတယ်။ ကျွန်တော်တို့ကအခန်းထဲ အော်ဟစ်ပြေးလွှားနေတော့ အဖေက ''အိုမာအခန်းထဲက ထွက်သွားစမ်း''လို့ ခက်ထန်တဲ့လေသံနဲ့ ပြောတယ်။ ကလေးပီပီ ကျွန်တော်က အခြေအနေကို မရိပ်စားမိဘဲ ဆက်ပြေးနေမိတယ်။ နည်းနည်းကြာသွားတော့ အဖေက '' အိုမာမင်းညီအစ်ကိုတွေ အားလုံးသွားခေါ်စမ်း''လို့ ပြောတယ်။
ကျွန်တော်တို့ကလဲ ကလေးဆိုတော့ အခြေအနေကို မရိပ်စားမိဘူး။ အဖေ ဘာများပေးမလို့လဲ။ ဘယ်လို ကစားနည်း အသစ်ကိုပြမလို့လဲပေါ့။ မျှော်လင့်တကြီးနဲ့ သူ့ကိုမော်ကြည့်နေကြတယ်။ ညီအစ်ကို အားလုံးတန်းစီရပ်ကြတယ်။ အဖေက သူကိုင်နေကျ သစ်သားတုတ်ချောင်းနဲ့ တစ်ယောက်ချင်းကို ရိုက်တော့တာပဲ။ တစ်ကိုယ်လုံးအနှံ့ အရိုက်ခံရတာ။ ပျော်ရွှင်ရမလားလို့ မျှော်လင့်နေတုန်းမှာ
အရိုက်ခံရတော့ ရှက်ကြောက်မှုနဲ့ ခါးသီးမှုတွေ ကျွန်တော့်တစ်ကိုယ်လုံး ပျံ့နှံ့စီးဆင်းသွားတော့တာပ
လက်ကရိုက်နေပေမယ့် သူ့ပါးစပ်ကပြောတဲ့ ဆုံးမစကားတွေကတော့ အေးအေးဆေးဆေး တည်တည်ငြိမ်ပဲ။ အော်ဟစ်တာမျိုး၊ ဒေါသလေသံမျိုးမပါဘူး။
''အိုမာ မင်းဟာမင်းညီအစ်ကိုတွေထက် အသက်ကြီးတယ်။ မင်းတို့တွေ ဆူညံနေတဲ့အတွက် ငါအလုပ်လုပ်လို့ မရဘူး။ မင်းမှာ တာဝန်ရှိတယ်''လို့ ခက်ထန်မှုမပါတဲ့ လေသံနဲ့ပြောတယ်။
၁၉၉၆ခုနှစ်မှာ ဆူဒန်အစိုးရက ကျွန်တော်တို့ မိသားစုကို ခါတွန်မှာ ရှိတဲ့အိမ်ကနေ နှင်ထုတ်လိုက်တယ်။ အဖေဟာ ကျွန်တော့်ကိုခေါ်ပြီး အာဖဂန်ကိုထွက်လာခဲ့တယ်။ မိသားစုဝင်ထဲက ကျွန်တော်တစ်ယောက်ပဲ သူနဲ့လိုက်ခဲ့ရတယ်။
အာဖဂန်က တိုရာဘိုရာတောင်တန်းပေါ်မှာရ
နေ့ညမဟူ သူ့နားမှာ နေနေရတဲ့အတွက် အဖေ့ရဲ့ အကျင့်စရိုက်တွေကို နက်နက်ရှိုင်းရှိုင်း သိမြင်ခွင့်ရခဲ့တယ်။ ကျွန်တော့်ရဲ့ကလေးဘဝ တစ်လျှောက်လုံးမှာ အဖေဟာ ခပ်လှမ်းလှမ်းက လူတစ်ယောက် အဖြစ်ရှိနေခဲ့တယ်။ တိုရာဘိုရာ တောင်တန်းပေါ်မှာတော့ သူယုံကြည်စိတ်အချရဆုံး လူသုံးလေးယောက်ပဲ ရှိတော့တယ်။ ယုံကြည်စိတ်အချရဆုံး အဲဒီသုံးလေးယောက်ထဲမှာ ကျွန်တော် အပါအဝင်ပေါ့။ ကလေးဘဝတစ်လျှောက်လုံး ကျွန်တော်သိရှိနားလည် ထားတာထက်ပိုပြီး အဖေ့အကြောင်းကို သိခွင့်ရခဲ့တယ်။
သူဟာ ကျွန်တော့်အဖေပဲ သူ့ကိုဘယ်တော့မှ ကျွန်တော် သစ္စာမဖောက်ဘူး။ ဒါပေမယ့် သူနဲ့အီဂျစ် လူမျိုးတွေလုပ်နေတဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကို ကျွန်တော် ရွံရှာမုန်းတီးတယ်။
အဖေကိုယ်နဲ့မကွာ အမြဲဆောင်ထားတဲ့ ပစ္စည်းနှစ်ခုရှိတယ်။ လမ်းလျှောက်ကြိမ်တုတ်နဲ့ အေကေ-၄၇ မောင်းပြန်စက်သေနတ်ပဲ။ စိပ်ပုတီးနဲ့ ကိုရ်အမ်ကျမ်းကိုတော့ သူလက်လှမ်းမီတဲ့နေရာမှာ အမြဲထားဖို့ ကျွန်တော်တို့ကို ပြောထားတယ်။ သူအမြဲသုံးတဲ့ ပစ္စည်းတွေထဲမှာ ရေဒီယိုလဲပါတယ်။ ဥရောပတိုက်ကလွှင့်တာ တွေကိုနားထောင်လေ့ရှိတယ်။ အထူးသဖြင့် ဘီဘီစီကိုပေါ့။ နောက်ပြီး အသံဖမ်းစက်တစ်လုံးလဲ ကိုယ်နဲ့မကွာ ဆောင်ထားတယ်။ တစ်ခါတစ်ရံ နာရီပေါင်းများစွာ အသံဖမ်းစက်ထဲကို သူ့ရဲ့စိတ်ကူးစိတ်သန်းတွေကိ
သူ့မကျေနပ်ချက်တွေကို ဒေါသတကြီး အသံသွင်းချင်လဲ သွင်းနေတာပဲ။ အနာဂတ်ကမ္ဘာကြီးဟာ ဘယ်လိုဖြစ်ရမယ် ဆိုတာမျိုးတွေလဲပါတယ်။ အစ္စလာမ်ကို မလေးမစား လုပ်တာတွေ အပေါ်မှာ သူ့ရဲ့ဒေါသက အရှိန်ညီးညီးပဲ။
အဖေဟာ အလုပ်ထဲမှာပဲ နစ်မြုပ်နေတော့ ကိုယ်ရေးကိုယ်တာ ဆိုတာပြောခဲဘိခြင်းပဲ။ ရှားရှားပါးပါး တစ်ခါ နှစ်ခါတော့ သူ့ငယ်စဉ်ဘဝကို ပြန်ပြောဖူးတယ်။
တခါတလေတော့လဲ သူ့အမေ ကျွန်တော့်ရဲ့အဘွားအကြောင်း
ဆွေးဆွေးမြည့်မြည့် ပြောနေတတ်တယ်။ အဘွားအကြောင်းကို ပြောနေတုန်းမှာ သူ့ရဲ့မျက်လုံးတွေဟာ အရောင်တောက်နေတာပဲ။ သူပြောတဲ့အကြောင်းတွေထဲမှာ အဘိုးအကြောင်းကို ကျွန်တော် အကြိုက်ဆုံးပဲ။ ''အိုမာ မင်းအဘိုးဟာ ပါရမီရှင် တကယ့်လူတော်ပဲ။ ဆော်ဒီအာရေးဗီးယား နိုင်ငံကို သဲထဲကဆွဲထုတ်ပြီး၊ ခေတ်မီနိုင်ငံတော်ဖြစ် အောင်တည်ဆောက်ပေးခဲ့တာကွ'' လို့ မကြာခဏ ပြောတတ်တယ်။
ပြောမယ့်သာပြောရတယ် အဖေဟာ အဘိုးနဲ့ အကျွမ်းတဝင်နေဖို့ အခွင့်အရေးမရရှာခဲ့ဘူးတဲ့။ အဘိုးဟာ ဇနီးမယား မြောက်မြားစွာ (ကွာရှင်း ပြီးအပါအဝင်)တို့ကမွေးဖွားတ
တစ်ခါတော့ အဘိုးဟာ သားတွေကိုတန်းစီရပ်ခိုင်းတယ
'' ငါကလေးတုန်းက ကားသိပ်လိုချင်တာပဲ။ ကားရူးရူးတယ်။ အဲဒီတုန်းက ကိုးနှစ်သားလောက်ပဲ ရှိဦးမယ်။ ကားလိုချင်တဲ့အကြောင်း တစ်ချိန်လုံးပြောတာပဲ။ ငါ့အမေနဲ့ ပထွေးဟာ ငါကား ရူးရူးတဲ့ဒဏ်ကို ခံရတာပဲ။ သူတို့ကလဲ ငါ့ကို ကားဝယ်မပေးနိုင်ရှာဘူး'' လို့ အဖေက ကျွန်တော့်ကို ပြောပြတယ်။
နောက်ဆုံးတော့ ပထွေးက အဖေ့ကို သူ့ရဲ့အဖေအရင်း (ကျွန်တော့အဘိုး) ကို သွားတွေ့ဖို့ပြောတယ်။ အဘိုးက စက်ဘီးပဲ ဝယ်ပေးလိုက်တော့ အဖေ စိတ်ဓာတ်အတော်ကျသွားတယ်တဲ့။
''နောက်သုံးလေးပတ်ကြာတော့ အိမ်ရှေ့ကို ဖိတ်ဖိတ်တောက်နေတဲ့ ကားသစ်ကြီးတစ်စီး ငါ့ဖို့ဆိုပြီး ရောက်လာတယ်။ ငါသိပ်ပျော်သွားတယ်။ ငါ့ဘဝရဲ့ အပျော်ဆုံးနေ့ပဲ'' လို့ အဖေကပြောတယ်။
တိုရာဘိုရာ တောင်ပေါ်စခန်းပေါ်မှာ အဖေနဲ့လိုက်နေတာ သုံးနှစ်လောက်ရှိသွားတဲ့အခါ
အစည်းအဝေးမှာ အာဇာနည် တစ်ယောက်ဖြစ်ရခြင်းဟာ ဘယ်လောက် မြင့်မြတ်တန်ဖိုးကြီးတယ်ဆို
အစည်းအဝေးပြီးတော့ အဖေ ဟာသူ့သားတွေအားလုံး ဆင့်ခေါ် လိုက်တယ်။ အငယ်ဆုံး ကောင်တွေ လဲပါတာပေါ့။ သူ့ကြည့်ရတာ စိတ် လက်ကြည်လင် ပျော်ရွှင်နေပုံပဲ။ သူ့ ရဲ့ ဒီလိုအနေအထားမျိုးကို အင်မတန် တွေ့ရခဲတယ်။ ''သားတို့ မင်းတို့ ဝိုင်းထိုင်လိုက်ကြ။ အဖေ မင်းတို့ကို ပြောစရာရှိတယ်'' သူက ရွှင်ရွှင်ပျပျနဲ့ ပြောတယ်။
''ဗလီမှာ ကြေညာချက် တစ်စောင်ကပ်ထားတယ်။ အသေခံဗုံးခွဲမယ့် မွတ်စလင်ပီသတဲ့လူတွေကို ဖိတ်ခေါ်တဲ့စာပဲ''လို့ပြောပြ
ဘယ်သူမှ တုတ်တုတ်မလှုပ်ကြ။ အဖေကထပ်ပြောတယ် ''သားတို့ သေသေချာချာ နားထောင်။ အစ္စလာမ်အတွက် အသက်ပေးလှူချင်တဲ့ အသေခံဗုံးခွဲသမားတွေ အလိုရှိတယ်လို့ ဗလီမှာကြေညာစာ ကပ်ထားတယ်။ အဲဒီမှာ စာရင်းသွားပေး လို့ရတယ်''တဲ့။
ညီအငယ်ဆုံး တစ်ယောက်က မတ်တတ်ထရပ်ပြီး တရိုတသေနဲ့ အဖေ့ကို ခေါင်းညိတ်ပြပြီး ဗလီရှိရာကို ပြေးတော့တာပဲ။ အဲဒီညီဟာငယ် လွန်းအားကြီးတယ်။ အသက်ရှင်ခြင်းနဲ့ သေလွန်ခြင်းတို့ရဲ့ခြားနားမ
ကျွန်တော် ဒေါသထွက်သွားတယ်။ ''အဖေ ဘာဖြစ်လို့ ကိုယ့်သားအရင်းတွေကို ဒီလိုလုပ်ဖို့ တောင်းဆိုရတာလဲ'' လို့ ပြောလိုက်မိတယ်။
အဲဒီလိုမဖြစ်မီ လပေါင်းအတော်ကြာကတည်းက အဖေဟာ ကျွန်တော့်အချိုးကို ကြည့်မရဖြစ်နေတာ။ တန်ခိုးအာဏာကို မလိုချင်တဲ့။ စစ်ကိုမလိုချင်ဘဲ ငြိမ်းချမ်းရေးကိုသာ တောင့်တတဲ့ သားကိုအဖေက မလိုချင်။ ကျွန်တော့်ကို စူစူးဝါးဝါးစိုက်ကြည့်ပြီး
'' ဒီမှာ ငါ့သားအိုမာ မင်းသိအောင်ပြောလိုက်မယ်။ မင်းဟာ ငါ့ရင်ထဲမှာ မရှိတော့ဘူး။ တခြားလူတွေ၊ ကလေးတွေ၊ တိုင်းသူပြည်သားတွေဟာ ငါ့ရင်ထဲမှာရှိပေမယ့် မင်းအတွက် နေရာလပ်မရှိတော့ဘူး''တဲ့။ သားအားလုံးကို လှည့်ပတ်ကြည့်ရှုရင်း'' ငါ့ရဲ့ ဒီအယူအဆဟာ တခြားသားတွေ အပေါ်မှာလဲ ဒီလိုပဲရှိတယ်ဆိုတာ မင်းတာ မင်းတို့အားလုံး မြဲမြဲမှတ်ထားကြ''လို့ ပြောလိုက်တယ်။
အဖေဟာ သူ့ရဲ့သဘောထားကို ပြတ်ပြတ်သားသားပြောချလိုက်တ
creditး ဈေးကွက်ဂျာနယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။