Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, January 17, 2014

စင်္ကာပူ အနုပညာလောကရဲ့ ကြယ်ပွင့်ငယ်လေး Stephanie Koh က စင်္ကာပူ နိုင်ငံသား ဖြစ်ရတာ ဂုဏ်မယူပါဘူးတဲ့


Burmese Treasure
စင်္ကာပူ အနုပညာလောကရဲ့ ကြယ်ပွင့်ငယ်လေး Stephanie Koh က စင်္ကာပူ နိုင်ငံသား ဖြစ်ရတာ ဂုဏ်မယူပါဘူးတဲ့

စင်္ကာပူအနုပညာလောကရဲ့ကြယ်ပွင့်ငယ်လေးဖြစ်တဲ့ Stephanie Koh က "စင်္ကာပူ နိုင်ငံသားဖြစ်ရတာ ဂုဏ်မယူပါဘူး" လို့ ပြောလိုက်တာကြောင့် သူတို့ဆီမှာ ပွဲဆူနေပါပြီ။

သူ့ကို အွန်လိုင်းကနေ ဝေဖန်ပြောဆို ရေးသားတာတွေကို သူက ပြန်တုံ့ပြန် လိုက်တဲ့အတွက် မနေ့က ကြာသပတေးနေ့မှာတော့ ပေါ့ပ်သတင်းစာမျက်နှာ တွေမှာ ဒီအကြောင်း ဖော်ပြထားကြပါတယ်။

သူ့တုံ့ပြန်ချက်ကတော့ စင်္ကာပူဟာ လှပတယ်၊ လူနေမှု အဆင့်အတန်းမြင့်မား တယ် ဆိုတာတွေအတွက် နှစ်သက်မိပါတယ်၊ သို့သော်လည်း ဒါဟာ ငွေကြေး တတ်နိုင်တယ်ဆိုတဲ့ သူတွေအတွက်ပါပဲတဲ့။

လစာကောင်းကောင်းရကြတယ် ဆိုသော်ငြား တခြားသော အလုပ်အကိုင် ဥပမာ အနုပညာရှင် လိုမျိုးတွေအတွက်တော့ အောင်မြင်ကြီးပွား နိုင်တဲ့ အလားအလာ မရှိဘူး လို့လည်း သူက ပြောလိုက်ပါတယ်။

စင်္ကာပူသူ စင်္ကာပူသားတွေဟာ အမြင်ကျဉ်းတယ်၊ ဘာကြောင့်လဲလို့ ဆိုတော့ စာနယ်ဇင်းမီဒီယာမှာ ဖော်ပြသမျှကို တကယ်ထင် အဟုတ်ထင် နေကြတာ ကြောင့်ပါတဲ့။

စင်္ကာပူမှာ ခိုင်းတာပဲ လုပ်ကြတယ်၊ ဖောက်ထွက်စဉ်းစားခြင်းမရှိဘူး၊ တီထွင် ကြံဆမှုမရှိဘူး ဆိုပြီးလည်း သူ ပြောပါတယ်။ စင်္ကာပူမှာ အရည်အချင်း ရှိကြပေမယ့် ဒါကို မမြင်ကြရတာကတော့ စင်္ကာပူရဲ့ပညာရေးစနစ်က တီထွင်ဖန်တီးမှုဖြစ်လာအောင် အားပေးနိုင်ခြင်းမရှိလို့ပါပဲလို့ သူက ပြောပါ တယ်။

ဝန်ဆောင်မှုပေးတာလည်း အလုပ်သဘောအရပဲဖြစ်တယ်၊ ဂုဏ်ယူစွာနဲ့ လုပ်ပေးတဲ့ ဝန်ဆောင်မှု မဟုတ်ဘူး၊ ဒါကြောင့် စင်္ကာပူကလူတွေမှာ ပျော်ရွှင်မှု မရှိပါလို့ ဆိုပါတယ်။

သူ့အတွေ့အကြုံအရဆိုရင် စင်္ကာပူတွေဟာ တပါးသူကိုကူညီခြင်းမရှိလို့ လူကောင်းတွေမဟုတ်ဘူးလို့လည်း ပြောပါတယ်။ ဒါတွေကြောင့် ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းလုပ်ခဲ့တဲ့ Razor ရုပ်သံနဲ့ အင်တာဗျူးမှာ သူက စင်္ကာပူနိုင်ငံသားဖြစ်ရတဲ့အတွက် ဂုဏ်မယူဘူးလို့ ပြောလိုက်တာပါတဲ့။

စလုံး ဖြစ်ရတာ ဘာကြောင့် ဂုဏ်မယူရသလဲ ဆိုပြီး ရှင်းပြထားတာကိုလည်း You Tube မှာ တင်လိုက်ပါတယ်။ ကြည့်ရှုအားပေးသူ အင်မတန်များ၊ ထောက်ခံသူလည်း အင်မတန် များပါတယ်။

သူ အားကျတာကတော့ တောင်ကိုရီးယား ဖြစ်နေမလား။ နိုင်ငံအများ အပြားမှာ စွာနေတဲ့ ကိုရီးယားလှိုင်းထဲ သူရောက်နေတာတော့ သေချာပါ တယ်။

ဆိုခဲ့သလိုပဲ သူက စင်္ကာပူ အနုပညာလောကရဲ့ကြယ်ပွင့်ငယ်လေးပါ။
ကိုရီးယားပေါ့ပ် သီချင်းပြိုင်ပွဲမှာလည်း ထိပ်ဆုံးအထိ ရောက်ခဲ့သူပါ။

အရှေ့တောင်အာရှနိုင်ငံအများအပြားမှာ Kpop Star Hunt လို့ အမည်ရတဲ့ အစီအစဉ် ရှိနေတာ သုံးနှစ်ကြာပါပြီ။ တိုင်ဝမ်၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဟောင်ကောင်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား အစရှိတဲ့နိုင်ငံများမှာ ကျင်းပနေတာပါ။

နိုင်ငံစုံက ဆန်ကာတင်အဆင့် အရွေးခံရသူတွေဟာ တောင်ကိုရီးယားကို သွားပြီးတော့ ပေါ့ဂီတဆိုင်ရာ သင်တန်းတွေတက်ခွင့်၊ အနုပညာ လှုပ်ရှားမှုတွေ လုပ်ကိုင်နိုင်ခွင့် အစရှိတဲ့ အခွင့်အရေးတွေ ရကြမှာပါ။
အဲဒီ လက်ရွေးစင်တွေကို တောင်ကိုရီးယားမှာပဲ နောက်ဆုံးအဆင့် ရွေးချယ်မှု ပြုပါတယ်။

နောက်ဆုံးအဆင့် အရွေးခံရသူများ

၂၀၁၁ - Chonnasorn Sajakul Sorn - ထိုင်း
၂၀၁၂ - Kawintida Sujindaporn - ထိုင်း
၂၀၁၃ - Su I Chin Andy - ထိုင်ဝမ်

သူတို့ ၃ ယောက်စလုံးရဲ့ တူညီချက်ကတော့ အရွေးခံရစဉ်မှာ အသက် ၁၅ နှစ် ဖြစ်နေကြခြင်းပါပဲ။ ပြိုင်ဘက်များထဲမှာ သူတို့လိုဆယ်ကျော်သက်များ ပါဝင်သလို အသက် ၂ဝ တော်တော်လေး ကျော်နေသူများကိုလည်း တွေ့ရ မှာပါ။

စင်္ကာပူကိုယ်စားပြု အထက်ဖော်ပြပါ အမျိုးသမီးငယ်ကတော့ Kpop Star Hunt အပိုင်း ၃ မှာ ထိပ်ဆုံး အနေအထားအထိ ရောက်ရှိခဲ့သူ အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။

အဲဒီလို အောင်မြင်တဲ့သူဆီကနေ စင်္ကာပူနိုင်ငံသား ဖြစ်ရတဲ့အတွက် ဂုဏ်မယူဘူးလို့ ပြောလိုက်တာကြောင့် သူတို့ဆီမှာ ပွဲဆူနေတာပါ။

မြန်မာပြည်သားအများအပြား အားကျကြတဲ့၊ နေထိုင်နေကြတဲ့ စင်္ကာပူကနေ အခုလိုမျိုး ဆူဆူညံညံသံလေး ထွက်လာတာဟာ စိတ်ဝင်စားစရာ ကောင်းနေ ပါတော့တယ်။

Myanmar News Media

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။