Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, January 17, 2014

ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း တွေမှာ လူကို လူလို ဘယ်လို ဆက်ဆံလဲ



ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း တွေမှာ လူကို လူလို ဘယ်လို ဆက်ဆံလဲ
-------------------------------------------------------------------------
အထူးသဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေတဲ့သူတွေ နိုင်ငံတာဝန် ထမ်းဆောင်နေတဲ့ သူတွေ ဒီမိုကရေစီကို လိုလားသူတွေ လူတွေကို ဘယ်လို ဆက်ဆံ ရမယ် ဆိုတာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း တွေမှာ လူကို လူလို ဘယ်လို ဆက်ဆံလဲဆိုတာ သင်ဖို့ လိုအပ်တယ်။ယဉ်ကျေးနဲ့ နည်းလမ်းတွေ စနစ်တကျ ဖော်ထုတ်ပြုစုထားတဲ့ လူထုဆက်ဆံရေး နည်းပညာ ဆိုတာ လူယဉ်ကျေးတွေအားလုံးနားလည်အောင် ယဉ်ကျေးနဲ့ နည်းလမ်းတွေ နဲ့ စနစ်တကျ ဖော်ထုတ်ပြုစုထားတဲ့ ပညာရပ်ပဲဖြစ်တယ်။ အဲဒါမတတ်ရင် လူကို လူလို ဘယ်လိုဆက်ဆံရမယ်ဆိုတာ မသိဘူး။

မြန်မာပြည်ရဲ့ ဖွံ့ဖြိုးရေးမော်ဒယ်မှာ လူမှုနိုးကြားမှု နဲ့ နိုင်ငံတော် တို့ ကြားမှာ အပြန်အလှန် တွဲခေါ်ရင်းသွားရမယ့် သဘောရှိပါတယ်။ အစိုးရပိုင်းက တာဝန်ရှိ သူတွေအနေနဲ့လည်း လက်တလုံးခြား ဥပဒေတွေနဲ့ ပြည်သူလူထုအပေါ် လိမ်ညာနေတာ ပြည်သူလူထုအပေါ် ထားရှိတဲ့ စေတနာမှာ ခေါင်းပါးလှတာကြောင့် ပြည်သူတစ်ရပ်လုံးမှာ ဒုက္ခမျိုးစုံကို ကုန်းရုန်းပြီး ခံခဲ့ကြရပါတယ်။ အစိုးရအရာရှိများပေးသော ကတိအတိုင်းဖြစ်မလာခြင်းက ပြည်သူတို့အဖို့ စိတ်ပျက်စရာတစ်ခုပင်ဖြစ်ပါတယ် ။ အာဏာရှင်တွေဟာ မိမိတို့အာဏာတည်မြဲရေး အတွက် နည်းမျိုးစုံသုံးပြီး နှိတ်ကွပ်ရာမှာ အဆိုးဆုံးအချက်ကတော့ အသိပညာပိုင်းဆိုင်ရာကို နှိတ်ကွပ်ဖျက်ဆီးခြင်းပါဘဲ ။ လူ့အဖွဲ့အစည်းမှာ အကြောက်တရားကသာ အရာရာကိုလွှမ်းခြုံသွားပြီး မှန်မှန်ကန်ကန် စဉ်းစားသုံးသပ်နှိုင်စွမ်းလည်း တပါတည်း ပျောက်ဆုံးသွားတာကိုတွေ့ရပါတယ်။ဒီလိုနည်းနဲ့ဘဲ လူ့အဖွဲ့အစည်းအတွင်းမှာ အဲဒီလူ့အဖွဲ့အစည်းကို ပြန်လည် နှိတ်ကွပ်မဲ့ လူတန်းစားတရပ်ကို မွေးမြူနှိုင်လိုက်ကြပါတယ်။ဒီလိုနဲ့ဘဲ အာဏာရှင်စနစ်ဟာ အမြစ်တွယ်ညိပြီး အာဏာရှင်စက်ဝန်းထဲမှာ သံသယာလည်နေရပြန်ပါတယ်။

ပြည်သူတွေဟာ စိတ်ပျက်လက်ပျက် ဖြစ်လို့ဖြင့်နေပါပြီ ပြည်သူတွေဟာ လမ်းပျောက်လို့ဖြင့်နေပါပြီ နိုင်ငံတော်အုပ်ချုပ်သူများ မိမိကိုယ်မိမိ လူထုခေါင်းဆောင်လို့ ခံယူထားကြသူများ ဒီမိုကရေစီကိုလိုလားရင် မိမိတို့ကိုယ်တိုင် ဒီမိုကရေစီနည်းလမ်းကျကျ ကျင့်သုံးနှိုင်မှရပါလိမ့်မယ်။တကယ်တော့ မိမိတို့အား အမိန့်ပေးစေခိုင်းမှုများ ဘောင်ခတ်မှုများကို လုံးဝမကြိုက် မနှစ်သက်ကြ သောကြောင့်ပင်ဒီမိုကရေစီကိုတောင်းဆိုကြခြင်းပင် ဖြစ်သလို မိမိကိုယ်မိမိ လူထုခေါင်းဆောင်လို့ ခံယူထားကြသူများ ကလည်း ခေါင်းဆောင်လုပ်သူသည် အခြေခံအားဖြင့် အများအကျိုးအတွက် အခိုင်းခံရခြင်းဘဲဖြစ်တယ် ဆိုတဲ့ စိတ်ထား မွေးမြူနှိုင်မှ အများကလက်ခံပြီး တင်မြှောက်ခံထားရတဲ့ ခေါင်းဆောင်အဖြစ် အရွေးခံပြီး ဦးဆောင်ကြရန် လိုအပ်ပါတယ်။

မိမိဆန္ဒနှင့် အတွေးခေါ်မတူလျှင် ရန်သူလိုဆက်ဆံကြခြင်း သွေးထိုးစည်းရုံးခြင်း မိမိတို့နှင့် မတည့်သော အဖွဲ့အစည်းမှဆိုပြီး စွပ်စွဲဂျောက်ချခြင်း တို့မှာ ခေါင်းဆောင်ကောင်း တို့၏လုပ် ရပ်မဟုတ်ပါ။ ၎င်းကဲ့သို့ လုပ်ရပ်များသည် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု စည်းလုံးညီညွတ်မှုကို ပျက်ပြားစေပြီး ရှေ့ဆက်ရမည့်လုပ်ငန်း စဉ်များအတွက် အနှောက်အယှက်ဖြစ်စေပါတယ်။ အရာရာကို ယုံလွယ်ခြင်းမရှိဘဲ မိမိကိုယ်တိုင် လေ့လာ ဆင်ခြင်သုံးသပ်နှိုင် စွမ်းရှိရပါမယ်။ နိုင်ငံရေးလောကတွင် မည်သို့ပင် အထင်ကရ ခေါင်းဆောင်ပင် ဖြစ်စေကာမူ ဒီမိုကရေစီကျင့်စဉ်အရ အခြေခံမှ စတင်ရမည်ပင်ဖြစ်ပါတယ်။

လူမှုဆက်ဆံရေး ပတ်ဝန်းကျင်မှာ လိုက်နာစောင့်စည်းအပ်တဲ့ လောကနီတိ ရှိသလိုပဲ ကျနော်တို့တိုင်းပြည်ဟာ လူမဆန်တဲ့စနစ်ဆိုးကြီးနဲ့ အင်မတန်မှ လူကိုလူလိုသိတတ်တဲ့၊ လူတဦးချင်းစီအပေါ် မှာရော အယုတ်အလတ် အမြတ်မရွေး လေးစားချစ်ခင်တဲ့ ယဉ်ကျေးတဲ့ ဒီမိုကရေစီစနစ်ဆီကို လှမ်းနေကြတာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ နိုင်ငံတော်၏အမြင့်ဆုံး ဥပဒေဖြစ်ပြီး အစိုးရက ပြည်သူလူထု၏အခွင့်အရေးကို မချိုးဖေါက်နိုင်ရေးအတွက် ကာကွယ်ရန်လည်းဖြစ်ပါတယ်။အဲဒီတော့ ပြည်သူလူထုမှ မိမိတို့စိတ်ကြိုက် မဲဆန္ဒဖြင့် ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များပါဝင်တဲ့ ဥပဒေပြုပိုင်ခွင့်ရှိသည့် အဖွဲ့အစည်းမှသာ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေများ၊ တရားဥပဒေ များကို အမြဲတမ်းဆန်းစစ်ကာ ဥပဒေအဟောင်းများကိုရုပ်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်သတ်မှတ်ခြင်းစသည် တို့ကိုလူထုအစည်းအဝေးကြီးသို့ အမြဲတင်ပြ၍ ထိုလူထုအစည်းအဝေးကြီးတွင် လူထု၏ထောက်ခံအတည်ပြုမှု ကို ရယူပြီးမှသာလုပ်ငန်းကို အကောင်အထည်ဖေါ်ရမှာပင်ဖြစ်ပါတယ်။

မဆလ ခေတ်၊ န၀တနှင့် န၀တတဖြစ်လဲနအဖခေတ်တလျောက်လုံး တရားဥပဒေတို့သည် ၄င်းတို့အလိုအ လျောက် တရားမျှတခြင်းမရှိခဲ့သည်ကိုတွေ့နိုင်မှာဖြစ်ပါတယ်။ တရားစီရင်ရာတွင် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ အစည်းတို့၏ သဘောထား မှတ်ချက်များ တောင်းခံနေရသဖြင့် တရားစီရင်ရေး အဖွဲ့တို့ကလည်း ဥပဒေပြဌာန်းသတ်မှတ်ချက် အတိုင်း လိုက်နာလုပ်ကိုင်ဆောင်ခြင်း မရှိရသောကြောင့် ဥပဒေသည် သူ့အလိုအလျှောက် တရားမျှတခြင်း မရှိတော့ ပါဘူး။နိုင်ငံရေး၊ စီးပွားရေး နှင့် လူမူရေးအခြေအနေအမျိုးမျိုးတို့အောက်တွင် လူတို့၏ယဉ်ကျေးမှုများ ထွန်းကားလာသည် နှင့်အတူ နိုင်ငံတော်သည် မိမိမူဝါဒလမ်းစဉ်များနှင့်အညီ ပြည်သူတရပ်လုံးအား ထိန်းချုပ်ကွပ်ကဲနိုင်ရန်အတွက် သင့်လျှော်သည့် ဥပဒေများကို ရေးဆွဲပြဌာန်းရမည် ဖြစ်ပါတယ်။

လာဘ်ပေးလာဘ်ယူကိစ္စဟာ မ-ဆ-လခေတ်မှာ ထက် စစ်အစိုးရခေတ်မှာ အဆိုးဆုံးအခြေအနေကို ရောက်ခဲ့ ရတာပါ။ နိုင်ငံတော်ကပေးတဲ့လစာဆိုတာကို စာရင်းထဲထည့် မတွက်ကြတော့တဲ့အထိ တဖြည်းဖြည်းကြီး ထွားလာလိုက်တာ ကမ္ဘာမှာလည်း အောက်ဆုံးအဆင့်နားရောက်အောင် နာမည်ပျက်ခဲ့ရပြီ။ နိုင်ငံတော်မှာလည်း နိုင်ငံဝန်ထမ်းလောက က ခြတွေစားလိုက်ကြတာ အခွံနဲ့ အကြွေးတွေပဲ ကျန်ပါတော့တယ်။ အဖိနှိပ်ခံ လူတန်းစားတွေ ပိုဖိနှိပ်ခံရတယ်။ လူငယ်၊ လူရွယ်တွေ မျှော်လင့်ချက် လုံးဝမရှိတဲ့ဘ၀ အာရှတိုက် နိုင်ငံအနှံ့အပြားမှာ ကျွန်သာသာအလုပ်တွေ ထွက်လုပ်ကြရတယ်။ လူတွေရဲ့ စိတ်ဓာတ်တွေ၊ အကျင့်စာရိတ္တတွေ နိမ့်ကျ ပျက်စီးလာခဲ့ရတယ်။

တကယ်ဆိုရင် လူတွေကနိုင်ငံရေးကိုစိတ်ပါဝင်စားတာ၊ ကိုယ်ထိလက်ရောက် ပါဝင်လာတာတွေ ကိုကျနော်တို့က ကြိုဆိုရမှာပါ။ အုံနဲ့ ကျင်းနဲ့အားလုံး ပါဝင်လာအောင် ဝိုင်းကြဝန်းကြ နှိုးဆော်သမှု ပြုကြရမှာပါ။ဒီမိုကရေစီမှာ ဘယ်သူပဲပါရမယ် ဘယ်သူမပါရ … လို့ ကန့်သတ်တားမြစ်ထားတာမရှိပါဘူး။ လူသားတစ်ယောက်ရဲ့ အသက်ရှင်သန်ခွင့်၊ ဂုဏ်သိက္ခာတို့ကို အသိအမှတ်ပြုလေးစားမှုနဲ့ အလိုဆန္ဒတို့ ကိုဖြည့်ဆီး ပေးနိုင်မှု တန်းတူညီမျှခြင်းနဲ့လွတ်လွပ်ခြင်းတို့ဟာ ဒီမိုကရေစီ၏ ထူးခြားသော ဂုဏ်အင်္ဂါများဖြစ်ပါတယ်။ နိုင်ငံသူနိုင်ငံသားများက မိမိတို့ ဆန္ဒအရ လွတ်လပ်စွာပါဝင် ဆုံးဖြတ်နိုင်ခွင့်ရှိဖို့လိုအပ်ပါတယ်။ တကယ်တမ်း အပြောနဲ့မဟုတ်ဘဲ လူသားတွေအတွက် ဘယ်လောက် လုပ်ပြီးပြီလဲဆိုတာ ပြန်ဆန်းစစ်ဖို့ လိုကြပါလိမ့်မယ် ၊ တိုင်းပြည် တည် ဆောက် ဖို့အတွက် မျိုးချစ်စိက် တကယ်ရှိရင် စိက်ကူးတွေ အကြံဥာဏ်တွေ နဲ့ ရဲဘော်တွေ တစ်ဦးနှင့်တစ်ဦး အားလုံးလက်တွဲပြီး ခွင့်လွှတ်ခြင်းနှင့်အတူ ဆက်လက် လုပ်ဆောင် နိုင်ကြရပါမယ်။

ယနေ့ ကျွန်တော်တို့ နိုင်ငံဟာ နိုင်ငံရေးကော တည်ငြိမ်ပါသလား။ စီးပွားရေးကော ဦးမော့လာပါသလား။ အလုပ်လက်မဲ့ ပြဿနာကော ရှိပါသလား။ ဒါတွေက တရားခံ အစစ်ဆိုတာ ဘယ်သူမှ မမြင်ကြဘူး။ စည်းကမ်းတကျနှင့် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ခဲ့ခြင်းမရှိမှု၊ အကျင့်စာရိတ္တ အနည်းနဲ့အများ ပျက်ယွင်းမှု၊ အစိုးရအဖွဲ့များရဲ့ တာဝန်ခံခြင်း၊ ဖြေရှင်းနိုင်ခြင်း မရှိမှုတို့ကြောင့် အကျင့်ပျက် လာဒ်စားမှု အောက်မှာသာ မွေ့ပျော်နေကြရပြီး အကျင့်ပျက်ခြစားမှုဆိုတာကြီး မြန်မာနိုင်ငံမှာ အမြစ်တွယ်ခဲ့တာ ကြာခဲ့ပါပြီ။။လူတို့၏ ပေါတီးပေါ့ဆ နေထိုင်မှုကို မည်သို့ပြုပြင်ကြမည်နည်း?..လွပ်လပ်မှုနှင့် စည်းကမ်းရှိမှုကို ပင်မကွဲပြားကြ။လူတိုင်းလူတိုင်း တကိုယ်ကောင်းဆန်မှု ကိုယ်ကျိုးကြည့်မှု တို့ကို မည်သို့ ပြုပြင်ကြမည်နည်း?...မိမိကိုယ်ကျိုးအတွက် သူတပါးကို ထိခိုက်နှိုင်မည့် ကိစ္စ မပြုလုပ်ရ ဤ အချက် သည် လူတိုင်း လူတိုင်း၏ ရင်ထဲ အသဲနှလုံးထဲ၌ စွဲမြဲနေရ မှာပင်ဖြစ်ပါတယ်။

ဘာမဆို အချောင်ရလျှင် တွယ်လိုက်မည်ဟူသောစိတ်ဓာတ်ကို တတိုင်းပြည်လုံး အတိုင်းအတာ ဖြင့် ပြုပြင်ကြပါမှ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး အတွက် အထောက်အကူဖြစ်လာမှာ ပင်ဖြစ်ပါတယ်။ ပြည်သူလူထုကို မသုံးစားဘဲ မနေနှိုင်အောင် အကြပ်ကိုင်ပြီး ရောင်းဝယ် ဈေးကစားတာမျိုး ကုန်တွေကို ပိုင်ဆိုင် လက်ဝါးကြီးအုပ်ထားပြီး ပြည်သူလူထု မသုံးစွဲဘဲ မနေနှိုင်အောင် အမြတ်ကြီးစားနေတာတွေ ကုန်ထုတ်လုပ်သူတွေကလည်း မိမိတို့အရင်းအနှီးကို အလုပ်သမားတွေရဲ့ သွေးနဲ့ ချွေးနဲ့ အင်အားနဲ့ ပေါင်းစပ်ပြီး ကုန်တွေဖြစ်အောင်ထုတ်လုပ်ကြတာမျိုးတွေ ဒီစနစ်ဆိုးကြီး ကို အမြစ်ကမကျန် တွန်းလှန်ပြစ်ရပါမယ်။ အမှန်တကယ် နိုင်ငံတော်ဆင်းရဲလာရခြင်း လူတန်းစားအဆင့်အတန်းမညီမျှရခြင်းတို့မှာ ခေါင်းပုံဖြတ် မတရားအမြတ်ကြီးစားတဲ့ စီးပွားရေး စနစ်ဆိုးကြီးကြောင့် ပင်ဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးလမ်းစဉ်ဟာ မတိကျမပြတ်သား စားနေကြ ကြောင်ဖားကြီးများ ၏ အာဏာလက်ရှိကိုယ်ကျိုးရှာ အာဏာဘီလူးကြီးများ ၏ သွေးစုတ်မျှော့ကြီးများ စာရိတ္တမဏ္ဍိုင်ကို အခြေမှပျိုလဲအောင် စားနေကြသော ခြကြီးများ ဝင်လာနှိုင်စေရန် ဖွင့်ထားပေးသော လမ်းစဉ်ပင်ဖြစ်နေပါတယ်။ ပြည်သူလူထုကတင်မြှောက်သော ကိုယ်စားလှယ်များ အုပ်စိုးခွင့်နှင့် ပြည်သူလူထုကထောက်ခံသော ပြည်သူလူထုအတွက် အကျိုးကိုဖြစ်ထွန်းစေသော၊ကာကွယ် သော ဥပဒေများကို ပြဌာန်းပေးနှိုင်ရန် ကျွန်တော်တို့ပြည်သူလူထုကြီးတရပ်လုံးမှာ တာဝန်ရှိပါတယ်။
ပြုပြင်ပြောင်းလဲရေးတွေ ကိုယ့်နိုင်ငံ ကိုယ့်ရေမြေနဲ့ လိုက်လျှောညီထွေမဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ မှန်ကန်တဲ့စေတနာ နှင့် ခေါင်းဆောင်တွေ တွေရဲ့ လုပ်ဆောင်မှု.နှင့် အစိုးရအနေနဲ့ ရဲရဲတင်းတင်းသာ ပွင့်လင်းမြင်သာတဲ့ စီးပွားရေးစနစ်ကို ကျင့်သုံးမယ်ဆိုရင် ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ အစိုးရနဲ့အတူ ၀ိုင်းဝန်း ဖြေရှင်း ကာကွယ်သွားနှိုင်မယ်လို့ ပြောနှိုင်ပါတယ်။အချောင်ရယူလိုစိတ် သူတပါးအပေါ် အနိုင်ကျင့်လိုစိတ် မိမိကိုယ်ကျိုးအတွက် သူတပါးအပေါ် ခေါင်းပုံဖြတ်လိုစိတ် အတွေးအခေါ် မျိုးတွေ ပါ ဖျောက်ဖျက်ပစ်၍ မိမိတို့နိုင်ငံ မိမိတို့လူမျိုး တိုးတက်ကြီးပွားရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် ကမ္ဘာမှာ မြန်မာဟေ့လို့ ကြွေးကျော်နှိုင်မည့် ခေတ်ရောက်အောင် လှမ်းနှိုင်လိမ့်မည်ဟု ယုံကြည်ပါတယ်။
ဇော်ဝမ်းမောင်…….

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။