Myanmaalinn
>> ဘောလုံးသမားဘဝမှ အနားယူလိုက်ချိန်တွင် ပိုမိုခန့်ညားလာသည့် ဘက်ဟမ်း <<
အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်းသည် ဗြိတိသျှနာမည် ကျော် ရုပ်ရှင်ဒါရိုက်တာ ဂိုင်းရစ်ချီ၏ ရိုက်ကွင်းတစ်ခုသို့ ရောက်ရှိနေ စဉ် ၎င်း၏ ပုံပန်းသဏ္ဍန်သည် အလွန်ခန့်ညား ကျော့မော့နေကြောင်း မျက်မြင်များက အထင်တကြီး ပြောဆိုခဲ့ကြဒေးဗစ်ဘက်ဟမ်း အနေဖြင့် ဘောလုံးသမား ဘဝမှ အနားယူလိုက်ပြီးနောက် ပိုမို၍ ကြံ့ခိုင်သန်မာ ခန့်ညားလာကြောင်း ချီးကျူးခံနေရသည်။ အများအားဖြင့် ဘောလုံးသမား ဘဝကို ကျောခိုင်းလိုက်သည့်အခါ နာမည်ကျော် ကြယ်ပွင့်ကစားသမား အတော်များများသည် ဝဖြိုးလာတတ်သော်လည်း ဘက်ဟမ်းကမူ ပို၍ပင် ဆွဲဆောင်မှုပြည့်ဝ ကြည့်ကောင်းလာခဲ့သည်။
အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်းသည် ဗြိတိသျှ နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာ ဂိုင်းရစ်ချီ၏ ရိုက်ကွင်းတစ်ခုသို့ ရောက်ရှိနေစဉ် ၎င်း၏ ပုံပန်းသဏ္ဍန်သည် အလွန်ခန့်ညား ကျော့မော့နေကြောင်း မျက်မြင်များက အထင်တကြီး ပြောဆိုခဲ့ကြသည်။
ရစ်ချီသည် မကြာသေးမီက H&M အတွက် ကြော်ငြာရိုက်ကူးပေးရာ၌ ဘက်ဟမ်းနှင့် အတူတွဲဖက် အလုပ်ဖြစ်ခဲ့သည်။ ယင်းတို့နှစ်ဦးသည် အားကစားရုံတွင်လည်း အတူတွဲဖက် လေ့ကျင့်နေကြသူများ ဖြစ်သည်။ နီးစပ်သူ တစ်ဦးက "အားကစားရုံထဲ ရောက်သွားချိန်မှာ တကယ့်နာမည် ကျော် နှစ်ယောက်ကို တွေ့လိုက်ရတယ်ဆိုရင် လူတိုင်း အံ့ဩ ထိတ်လန့် သွားမှာပဲလေ။ ဘက်ဟမ်းရော၊ ရစ်ချီပါ တကယ့်ကို ကြိုးကြိုးစားစား လေ့ကျင့်သူတွေ ဖြစ်ပါတယ်။ နှစ်ယောက်စလုံးက ကိုယ့်ခန္ဓာကိုယ် အချိုးအဆက်ကို လုံးဝဥဿုံ ပြီးပြည့်စုံနေတာမျိုးပဲ လိုချင်ကြတယ်"ဟု ပြောကြားခဲ့သည်။ ဘက်ဟမ်းသည် မန်ချက်စတာ ယူနိုက်တက်တွင် ဘောလုံးသမားဘဝ စတင်ကာ ရီးယဲလ်မက်ဒရစ်နှင့် လော့စ်အန်ဂျလိစ် ဂလက်စီတို့ထံ ကူးပြောင်းပြီးနောက် ပဲရစ်စိန့်ဂျာမိန်း အသင်း၌ ကစားသမား ဘဝကို အဆုံးသတ်ခဲ့သူ ဖြစ်သည်။
Source: Planet Myanmar Network
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။