TechSpace Journal
Nokia Lumia 929 Windows ဖုန်း ဓာတ်ပုံထွက်ရှိ
အောက်တိုဘာလ ၂၂ ရက်နေ့၊ ယူအေအီးနိုင်ငံရဲ့  အဘူဒါဘီမြို့ မှာ Nokia World လို့အမည်ရတဲ့ပွဲ တစ်ခု ကျင်းပ မယ်လို့ ရေးသားဖော်ပြထားကြ ပါတယ်။ ယင်းပွဲမှာ Nokia ရဲ့  စမတ်ဖုန်း နဲ့ Tablet ၆ လုံး အသစ် မိတ်ဆက် ပြသမှာ ဖြစ်ပါတယ်။
အဲ့ဒီပွဲမှာ ပါဝင်နိုင်ချေရှိတဲ့ စမတ်ဖုန်းများထဲမှ တစ်လုံးအဖြစ် Nokia Lumia 929 ရဲ့  ဓာတ်ပုံကို evleaks ဆိုဒ်မှာ ဖော်ပြခဲ့ပါတယ်။ အဖြူရောင် Lumia 929 ပါ။ မျက်နှာပြင် အရွယ် ၅ လက်မ ရှိပြီး 1080p Full HD အရည်အသွေး ရှိပါတယ်။ ကင်မရာက 20 Megapixel PureView ဖြစ်ပြီး Zeiss Lens ပါဝင်မယ်လို့လည်း ဆိုပါတယ်။ 4G network support လုပ်နိုင်မယ့် စမတ်ဖုန်း ပါ။ Windows Phone 8 OS ကိုပဲ အသုံးပြုမယ့် ဖုန်း ဖြစ်ကြောင်း ဆိုပါတယ်။
Nokia ကို Microsoft သို့လွဲပြောင်းဖို့ စီစဉ်ထားပေမယ့် Smartphone ထုတ်လုပ်ရောင်းချမှုများ ကတော့ ပုံမှန် လည်ပတ်နေဆဲပါပဲ။ Phablet ဖုန်းနဲ Tablet တွေတောင် မိတ်ဆက်ပြသမှာပါ။ Windows Phone ရဲ့  ဈေးကွက် ဟာ တဖြည်းဖြည်း ကျယ်ပြန့်လာတာမို့ Nokia World Announcement ဟာလည်း လူအများစောင့် မျှော်နေတဲ့ ပွဲတစ်ခု ဖြစ်လာကြောင်း သိရပါ တယ်။
.
Ref: pocketlint
Aung Kham (TSJ Team)
http://blog.techspace.com.mm/2013/10/nokia-lumia-929-windows.html

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။