ကျွန်တော် ရှက်မိပါသည်။ အသက်ကြီးလာလေရှက်ရမှန်း ပိုသိလာလေဖြစ်ပါသည်။ တာဝန်အရ ထိုင်းနိုင်ငံတွင် ခြောက်နှစ်ကျော်နေခဲ့ရသည်။ တာဝန်ပြီးဆုံးတော့ လည်း တာဝန် အရ စည်းဝေးပွဲတက် ရန် မကြာမကြာ ရောက်ခဲ့ရသည်။ ယခု အသက်ကြီး၍ နိုင်ငံ တော်တာဝန်မှ အငြိမ်းစားယူဖြစ်ခဲ့သည်။ သည်အခါမှာလည်း မိသားစု ကျန်း မာေ ရးကိစ္စနှင့် ရောက်ခဲ့ရပြန်သည်။ ထို့ကြောင့် ၁၉၈၆ ခုနှစ်မှစ၍ ထိုင်းနိုင်ငံ နှင့် ကျွန်တော် အဆက်မပြတ် ရှိခဲ့ရပါသည်။ ထိုင်းနိုင်ငံတွင် ကျွန်တော် တို့လို ပြည် တွင်းစစ် မရှိ၊ ဆူပူ သူအချို့ရှိခဲ့သော်လည်း မြန်မာနိုင်ငံနှင့် နှိုင်းစာလျှင် မပြောပ လောက်ဟု ဆိုရမည်။
စီးပွားရေး တိုးတက်လာသည်။ လုံခြုံမှုပြဿနာ မရှိ၍ သော်လည်း ကောင်း၊ စီးပွားရေးပေါ်လစီအရ လည်းကောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု၊ ပြည်ပကုန်သွယ်မှု လွတ်လပ်ေ သာ ကြောင့်လည်းကောင်း၊ နိုင်ငံခြားသားများ ဝင်ထွက်မှုတွေများ သည်။ ကမ္ဘာလှည့်ခရီးသွားတို့ အလာများသည်။ ဗီယက်နမ် စစ်ပွဲကာလ ကလည်း နိုင်ငံခြား သားစစ် သည်တို့ အလှည့်ကျဝင် ရောက် ရပ်နားမှုတွေရှိခဲ့သည်ကြောင့် သဘာဝကျစွာပင် လူမှု ရေးနယ်ပယ် ယဉ်ကျေးမှုနယ်ပယ်တွေမှာ ထိခိုက်မှုအချို့ ရှိခဲ့ သည်။ထိုင်းနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်။ နိုင်ငံ ရေးလွတ်လပ်မှုတွေ ရှိသည်။ ပါတီစုံဖွဲ့စည်းလှုပ်ရှားကြခြင်း ကြောင့် နိုင်ငံရေးတည်ငြိမ်မှုမရှိ။ မကြာခဏ အစိုးရပြောင်း သည်။ သက်တမ်းမစေ့မီ ပြောင်းလဲမှုများလည်း ရှိသည်။ အာ ဏာသိမ်းမှုလည်း ရှိသည်။ ပါတီတွေ မည်မျှကွဲသည်ဖြစ်စေ သူတို့ဘုရင်မင်းမြတ်ကို သူတို့ကြည်ညို သည်။
သူတို့ချစ်သည်။ သူတို့မြတ်နိုးသည်။ ထိုင်းနိုင်ငံတွင် ရှင်ဘုရင်ဦး ဆောင်မှုသည် ထိပ်မှာရှိသည်။ စည်းမျဉ်းခံဘုရင်စနစ်ဟု ဆိုသော်လည်း ဘုရင်သာလျှင် အဓိကဖြစ်ပေ သည်။Royal Family is above the politics ဟု သတ်မှတ် ထားကြသည်။ ကမ္ဘာ့နိုင်ငံအသီးသီးကဲ့သို့ ထိုင်းနိုင်ငံမှာလည်း နိုင်ငံ တော်သီချင်းရှိသည်။ အဓိပ္ပာယ်မှာ-
”ထိုင်းနိုင်ငံသည် ထိုင်းလူမျိုးတို့၏ အသွေးအသားတွေနှင့် စုပေါင်းထားသည်။ ထိုင်းနယ်မြေတစ်ခုလုံး ထိုင်းလူမျိုးတို့ ပိုင် သောနယ်မြေဖြစ်သည်။ နိုင်ငံလွတ်လပ်မှုကို သ မိုင်းတစ် လျှောက် ထိန်းသိမ်းခဲ့သည်။ ထိုင်းလူမျိုးတို့သည် ငြိမ်းချမ်းမှုကို မြတ်နိုးသည်။ နိုင်ငံတော်လုံခြုံရေးအတွက် အသက်သွေးချွေး တို့ ပေးဆပ်ရန်အသင့်ရှိကြ သည်။ နိုင်ငံတော် အဓွန့်ရှည်ပါစေဟူ သော အဓိပ္ပာယ်ဖြစ်သည်။ အတိတ်သမိုင်းမှာ သူတို့ စစ်ရှုံးခဲ့ဖူးသည်။ ကျွန်မဖြစ်ခဲ့ကြ။ကျွန်တော်တို့ နိုင်ငံတွင် သူ့ကျွန်ဘ ဝနှင့် နှစ်ေ ပါင်း ရာ ကျော်နေခဲ့ရသည်။ လှုပ်ရှားမှုမျိုးစုံနှင့် ရုန်းရင်းကန်ရင်း လွတ် လပ်ရေးကို အရယူခဲ့ကြရသည်။ ဒုတိယကမ္ဘာစစ်မဖြစ်မီ စစ်ကြိုကာ လကစ၍ မြန် မာ့နိုင်ငံ ရေးေ လာ ကသို့ လက်ဝဲဝါဒတွေ စိမ့်ဝင်လာခဲ့သည်။ အရင်းရှင် နယ်ချဲ့ကို တိုက်ထုတ်လိုသော တိုးတက်သည့် လူငယ်နိုင်ငံရေး သမား အများစုသည် လက်ဝဲစာပေ များကို လေ့ လာကြသည်။ လိုက်စားကြသည်။ မြန်မာ့နိုင်ငံရေးသမိုင်းတွင် ၁။ သခင်အောင်ဆန်း ၂။ သခင်စိုး ၃။ ဂိုရှယ်ခေါ်ဘတင် ၄။ သခင်လှဖေ ၅။ သခင် ဗဟိန်း ၆။ မစ္စတာနတ် သ် တို့ပါဝင်သော ကွန်မြူနစ်ပါတီက လာပ်စည်းကို စတင် တည်ထောင်သည်။
ဒုတိယကမ္ဘာစစ် ပြီးစ ခေတ်ကာလတွင် လူ ငယ်ထု အများစုက လက်ဝဲဝါဒ ယိမ်းကြသည်။ ၁၉၅ဝ ခုနှစ် ဝန်းကျင်တွင် ကျွန်တော်တို့လို ဆယ့်လေး ငါးခြောက်နှစ်အရွယ် အထက်တန်းကျောင်း တက်စလူ ငယ်များသည် လက်ဝဲဝါဒကို ရေရေလည်လည် နားမလည်ကြသေးသော်လည်း လက်သီး လက်မောင်းတန်း လာကြသည်။ ဖဆပလ ကွဲ ခဲ့ပြီး ဗကပတို့ တောခိုခဲ့ပြီ။ ရန် ကုန်မြို့ကို ခြိမ်းခြောက်လာသော သောင်းကျန်းမှု ရန် မှ ရုန်းထွက်စကာလဖြစ်သည်။ လက်ဝဲစာပေဟုဆို သော စာအုပ်ပါးလေး များ ပေါ် ထွက်လာသည်။ အရင်းရှင်မကောင်းကြောင်း ရေးသားထားသော စာပေများ ဖတ်ကြသည်။ အချို့ လူငယ်လူရွယ်တို့ သဘောတရားသင် တန်းများ တက်ကြသည် ဟု သိရ သည်။
ကျွန်တော်သည် နိုင်ငံရေးစာပေကို ထဲထဲဝင်ဝင် မလေ့ လာမိ။ မလိုက်စားမိ။ ကျွန်တော်တို့အုပ်စုထဲမှ တစ်ယောက် သည် ”အနုပဋိလောမရုပ်ဝါဒ” အကြောင်းပြောသည်။ ထိုဝါဒ အကြောင်း မေးသောအခါ သေသေချာချာ မပြောတတ်။ သို့ သော်လည်း နောင်သောအခါ တောခိုသွားဖြစ်သည်။ တော တွင်းမှာပင် ကွယ်လွန်ခဲ့သည်ဟု ကြားသိရ သည်။ကျွန်တော့်အစ်ကိုကြီးသည် လင်းယုန်နီနှင့် ရင်းနှီးသည်။ ဗန်းမော်တင်အောင်နှင့် ရင်းနှီးသည်။ ကျွန်တော်လည်း လက်ဝဲသမားများကို လေးစားလာသည်။ ဘာကြောင့်မှန်းမသိ၊ ဖဆပလအစိုးရကို မကောင်းဟုထင်လာသည်။ ဖဆပလ အစိုးရမူဝါဒကို မသိ၊ ဖဆပလ အဖွဲ့ကွဲရသော အကြောင်းကို မသိ၊ ဗကပတို့ အလံနီတို့ ရည် ရွယ်ချက်ကို မသိ။ကျွန်ဘဝမှာ လူဖြစ်လာရသော ဗီဇစိတ်ကြောင့်လားမသိ၊ အုပ်စိုးသူကို ဆန့်ကျင်လိုစိတ်တို့ ကိန်း အောင်းလာသည်။ ကျွန်တော့် အဘိုးအဘွား မိဘ များက ဘာသာတရား ကိုင်းရှိုင်းသူများ ဖြစ်၍ မိရိုးဖလာ ဗုဒ္ဓဘာသာ ကိုးကွယ်သူ ဖြစ်သည်။ မိရိုးဖလာလေးစားရိုသေစိတ်နှင့် သမားရိုးကျလမ်းကို ဆန့်ကျင်လိုသော စိတ် တို့ ဒွန်တွဲ ဖြစ်ပေါ်လာခဲ့သည်။ထိုခေတ်ထိုအခါက ကျွန်တော်တို့လို လူငယ်တွေ များခဲ့ကြသည်။ နိုင်ငံရေး သမားတို့ မြေအောက်စည်းရုံးမှုကလည်း လျှို့ဝှက်လွန်း လှသည်။ လူငယ် တွေကို ယူဂျီတွေက မည်သို့ ရွေးချယ်ခွဲခြား စည်းရုံးကြသည် မသိ။ နောင် လေးငါးဆယ်နှစ် ကြာမှ အစိုးရဝန်ထမ်းဖြစ်သူ၊ ပမညတအ ဖွဲ့ဝင်ဖြစ် သူ၊ တောခို သွားသူဟူ၍သီးခြားသီးခြားစာရင်းပေါ်လာကြသည်။
တစ်ခု သေချာသည်ကတော့ သူ့ကျွန်ဘဝမှ လူဖြစ်လာခဲ့ သော ကျွန်တော်တို့၏ ငုတ်စိတ် သို့မဟုတ် မသိစိတ်ထဲတွင် အရာရာကို ဆန့်ကျင်လိုသောစိတ် ရှိနေကြသည်။ မခံချင်စိတ် လား၊ တော်လှန်လိုသောစိတ်လားမသိ။ ၁၉၅၁ ခုနှစ် သီတင်းကျွတ်လ မီးထွန်းပွဲတော်ကာလက ရန်ကုန်တစ်မြို့လုံး မီးထွန်းပွဲတော်ကျင်းပကြသည်။ ကျွန်ေ တာ် တို့ နေထိုင်သော ရေကျော်ရပ်ကွက်မှာ စည်ကားလှသည်။ လပြည့်နေ့ညတွင် အိမ်၌ ကျွန်တော့်မိဘများမရှိ၊ ကျွန်တော် တစ်ယောက်တည်း မီးတွေမှိတ်ကာ ဧည့်ခန်း ဝမှာ ထိုင်နေမိ သည်။ ဘေးအိမ်တွေမှ မီးတွေ ထိန်လင်းနေသည်။ လမ်းသွား လမ်းလာ မီးပွဲကြည့်သူများကို အမှောင်ထဲမှ ထိုင်၍ကြည့်နေမိ ခဲ့သည်။ နောက် တစ်နေ့နံနက် တွင် အိမ်ရှေ့အိမ်က တိုင်ပြော သဖြင့် ကျွန် တော့်အမေက ကျွန်တော့်ကို အပြစ်တင်သည်။ ဘာအကြောင်းကြောင့် မီးပိတ်ထားရသ လဲဟု မေးသည်။ တိ ကျသော အဖြေ ကျွန်တော့်မှာမရှိ။
ယခု အသက်ကြီးမှ စဉ်းစားမိသည်။ အများသူငါလုပ် ဆောင်မှု၊ သမားရိုးကျလမ်းကြောင်းစသည်တို့ကို ဆန့်ကျင် လိုသော ”ငုတ်စိတ်” ကြောင့် ဟု သုံးသပ်မိပါတော့သည်။
ထိုနည်းတူစွာ ရုပ်ရှင်သွားကြည့်သည်။ ရှေ့ဆုံးတန်းမှာ တစ်ကျပ်ပေးရ သည်။ ရုပ်ရှင်စတင်ပြသောအခါ နိုင်ငံတော်အလံ လွှင့်သည်။ နိုင်ငံတော်သီချင်းလွှင့်သည်။ ကျွန်တော်အပါအဝင် လူတစ် ဝက်လောက် မတ်တတ်ရပ် အလေးမပြုဘဲ ထိုင်နေခဲ့ကြသည်။ ထို့ကြောင့် ယခုမှပင် ကျွန်တော်ရှက်မိပါသည်။ မိမိကိုယ်မိမိ ရှက်မိရပါ သည်။ ထိုင်းနိုင်ငံတွင် နံနက် ၆ နာရီ တစ်ကြိမ် ညနေ ၆ နာရီ တစ်ကြိမ် အမျိုးသားသီချင်းလွှင့်သည်။ လမ်းပေါ်တွင် ခြေ ကျင်လျှောက်နေကြသူ ကလေးလူကြီး အားလုံး ရပ်နေကြ သည်။ သီချင်းဆုံးမှ ခရီးဆက်ကြသည်။ ထိုအမျိုးသားသီချင်းကိုလည်း အသံချဲ့စက်များနှင့် အများ သူငါလမ်းသွားလမ်းလာတို့ ကြားအောင်ဖွင့်ကြ သည်။ ကျောင်း ဝတ်စုံနှင့် ကျောင်းသားများ၊ လုပ်ငန်းဝတ်စုံနှင့် ဌာနပေါင်းစုံ၊ ကုမ္ပဏီပေါင်းစုံမှ အလွှာစုံတို့ လမ်းပေါ်မှာ သွားရင်းလာရင်း ခြေစုံရပ်၍ အလေးပြုကြ သည် ကို နေ့စဉ်မြင်တွေ့ လာရသည်။ကိုယ့်အမျိုးသားအလံနှင့် အမျိုးသားသီချင်းကို အရိုအ သေမပေးခဲ့မိ၍ စေ့စေ့တွေးရင်း ရှက်မိရပါသည်။ ကျွန်တော် တို့၏ နိုင်ငံတော် သီချင်းသည် အဓိပ္ပာယ်ပြည့်ဝ လှပါ၏။ ရေးစပ်ထားသော စကားလုံးတို့ ကျစ်လျစ်၍ မျိုးချစ် စိတ်တို့ တဖွားဖွားပေါ်ပေါက် စေသော သီချင်းဖြစ်ပါ၏။
ထိုနည်းတူစွာ ရုပ်ရှင်သွားကြည့်သည်။ ရှေ့ဆုံးတန်းမှာ တစ်ကျပ်ပေးရ သည်။ ရုပ်ရှင်စတင်ပြသောအခါ နိုင်ငံတော်အလံ လွှင့်သည်။ နိုင်ငံတော်သီချင်းလွှင့်သည်။ ကျွန်တော်အပါအဝင် လူတစ် ဝက်လောက် မတ်တတ်ရပ် အလေးမပြုဘဲ ထိုင်နေခဲ့ကြသည်။ ထို့ကြောင့် ယခုမှပင် ကျွန်တော်ရှက်မိပါသည်။ မိမိကိုယ်မိမိ ရှက်မိရပါ သည်။ ထိုင်းနိုင်ငံတွင် နံနက် ၆ နာရီ တစ်ကြိမ် ညနေ ၆ နာရီ တစ်ကြိမ် အမျိုးသားသီချင်းလွှင့်သည်။ လမ်းပေါ်တွင် ခြေ ကျင်လျှောက်နေကြသူ ကလေးလူကြီး အားလုံး ရပ်နေကြ သည်။ သီချင်းဆုံးမှ ခရီးဆက်ကြသည်။ ထိုအမျိုးသားသီချင်းကိုလည်း အသံချဲ့စက်များနှင့် အများ သူငါလမ်းသွားလမ်းလာတို့ ကြားအောင်ဖွင့်ကြ သည်။ ကျောင်း ဝတ်စုံနှင့် ကျောင်းသားများ၊ လုပ်ငန်းဝတ်စုံနှင့် ဌာနပေါင်းစုံ၊ ကုမ္ပဏီပေါင်းစုံမှ အလွှာစုံတို့ လမ်းပေါ်မှာ သွားရင်းလာရင်း ခြေစုံရပ်၍ အလေးပြုကြ သည် ကို နေ့စဉ်မြင်တွေ့ လာရသည်။ကိုယ့်အမျိုးသားအလံနှင့် အမျိုးသားသီချင်းကို အရိုအ သေမပေးခဲ့မိ၍ စေ့စေ့တွေးရင်း ရှက်မိရပါသည်။ ကျွန်တော် တို့၏ နိုင်ငံတော် သီချင်းသည် အဓိပ္ပာယ်ပြည့်ဝ လှပါ၏။ ရေးစပ်ထားသော စကားလုံးတို့ ကျစ်လျစ်၍ မျိုးချစ် စိတ်တို့ တဖွားဖွားပေါ်ပေါက် စေသော သီချင်းဖြစ်ပါ၏။
”ကမ္ဘာမကျေxမြန်မာပြည်xတို့ဘိုး ဘွားအမွေစစ်မို့ ချစ် မြတ်နိုးပေxပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မ
လေxဒါတို့ပြည်xဒါတို့မြေxတို့ပိုင်နက်မြေxတို့ပြည်xတို့မြေxအကျိုးကို ညီညာစွာတို့တစ်တွေ ထမ်းဆောင်ပါစို့လေxတို့ တာဝန်ပေxအဖိုးတန်မြေ xx”
လေxဒါတို့ပြည်xဒါတို့မြေxတို့ပိုင်နက်မြေxတို့ပြည်xတို့မြေxအကျိုးကို ညီညာစွာတို့တစ်တွေ ထမ်းဆောင်ပါစို့လေxတို့ တာဝန်ပေxအဖိုးတန်မြေ xx”
သည်မျှကောင်းမွန်သော တန်ဖိုး ရှိသော နိုင်ငံတော်သီ ချင်းကို ရိုသေရ ကောင်းမှန်းမသိခဲ့။ သူတို့နိုင်ငံတော်သီချင်းကို သူတို့ လူမျိုးတွေ နံနက် တစ်ကြိမ် ညနေတစ်ကြိမ် အလေးပြုနေကြသည်။ ကျွန်ဘဝ မရောက်ခဲ့ကြ၍ အရို အသေပေးရမှာကို ရှက်ရွံ့သောစိတ်မရှိကြဟု ထင်သည်။ ကျွန်တော်တို့ ကျွန်ဖြစ်ခဲ့တာ ကြာပါပြီ။ ကျွန်ဘဝက လွတ်ခဲ့တာ ကြာပါပြီ။ကျွန်တော်တို့ငယ်စဉ်က ”ငုတ်စိတ်”မှာရှိခဲ့သော ဆန့်ကျင် လိုစိတ်တွေ ပယ်ဖို့အချိန်ကျပြီဟု သဘောပေါက်လာပါသည်။
Anti authority စိတ်တွေ ဖျောက်ကြဖို့အချိန်တန်ပါပြီ။ မြန်မာ့မြေမှာ မြန်မာအစိုးရနှင့် မြန်မာလူမျိုးတွေ ရပ်တည် နေကြပါပြီ။ ထို့ကြောင့် ကျွန်တော်တို့ ငယ်စဉ်က မှား ခဲ့ကြသည်ကို ရှက်မိရပါပြီ။ နေရာတိုင်းမှာ Anti authority စိတ်တွေထားဖို့မလိုတော့ကြောင်း သဘော ပေါက်ရပါပြီ။ မျိုးချစ်စိတ် အစစ်ကို ခွဲခြားသိလာရပါပြီ။ သည် အသိတရား၊ သည်နောင်တ တရားကို ကိုယ့်ထက် ငယ်သူများထံ မျှဝေရပါတော့မည်။ စစ်မှန်သည့် လွတ်လပ်သော စိတ် မွေးဖို့ လက်ဆင့်ကမ်းရ ပါဦးမည်။နှောင်း လူတို့ ”ရှက်စိတ်နှင့် နောင်တ” မရကြလေအောင် ပြောရပါဦးမည်၊ ရေးရပါဦးမည်။ ကျွန်တော်စာရေးသူ တာဝန်ကျေချင်မိရပါသည်။
မောင်ဆွေသက်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။