Eternal Light Magazine
“တခြားမယ်တွေက အရက်သောက်တဲ့အချိန်မှာ ညီမအနေနဲ့ လိုက်မသောက်ပါဘူး”
Q. နန်းခင်ဇေယျာအနေနဲ့ နိုင်ငံခြားသားဧည့်သည်တွေနဲ့ ပြောဆို ဆက်ဆံတဲ့အခါ မျက်နှာငယ်ခဲ့ရတာတွေ ရှိပါသလား။
A. ညီမမှာတော့ မျက်နှာငယ်ခဲ့ရတာတွေ မကြုံခဲ့ဖူးပါဘူး။ ညီမတို့ အလုပ်က Service ပေးတာရယ်၊ ဘုရားသမိုင်းကြောင်းတွေကို ရှင်းလင်းပြောပြရတဲ့ အပိုင်းတွေပဲ လုပ်ရတာဆိုတော့ မရှိပါဘူး။ ဒါပေမဲ့ ညီမကိုယ်တိုင် နိုင်ငံခြား သွားတဲ့အခါမှာတော့ မျက်နှာငယ်ခဲ့...ရတယ်။

ှQ. ဘယ်လိုအရာတွေက နန်းခင်ဇေယျာအတွက် မျက်နှာငယ်ခဲ့ရတာလဲ ဆိုတာကို ပြောပြပေးပါလား။
A. ညီမ ဂျပန်ပွဲသွားတုန်းက Immigration ဖြတ်တဲ့အခါတွေမှာ မြန်မာ ပတ်ပို့(စ်)ဆိုပြီး အနီရောင်ကိုကိုင်ဖို့ကိုတောင် ညီမ မကိုင်ရဲတော့ဘူး။ တခြားပတ်ပို့ (စ်)အစိမ်းတွေ၊ အပြာတွေဆို လုံးဝမစစ်ဘူး။ ညီမ ပတ်ပို့(စ်)အနီရောင်ကိုကျတော့ ရှေ့စစ်လိုက် နောက်စစ်လိုက်နဲ့။ ဒီပတ်ပို့(စ်)အနီ ကိုင်ဆောင်ထားတာကပဲ ပြစ်မှုကြီးကျူးလွန် ထားတဲ့ပုံပေါက်နေတယ်။ ညီမမှာ အဲဒီအချိန်က အရမ်းသိမ်ငယ်သလို ခံစားရတယ်။ သူများတွေဆို Immigration ဖြတ်ရင် နှစ်မိနစ်၊ သုံးမိနစ်ဆိုရပြီ။ ညီမကျတော့ ဆယ်မိနစ်နီးပါးလောက်ကြာတယ်။ ပြီးရင် ဘာလာလုပ်တာလဲလို့ မေးခံရတယ်။ မယ်ပွဲကိုလာပြိုင်တာ လို့ ပြောတာတောင် ဘယ်ပွဲလဲ၊ လိုအပ်တဲ့စာရွက်စာတမ်းပြတဲ့။ အဲဒီထိကို မျက်နှာငယ်ခဲ့ရတယ်။
Q. မယ်ပြိုင်ပွဲမှာ တွေ့ရတဲ့သူတွေရဲ့အနေအထိုင်၊ အပြုအမူ၊ အကျင့်စရိုက်တွေက ကိုယ့်နိုင်ငံက အကျင့်စရိုက်တွေနဲ့ မတူညီတာတွေ ရှိနိုင်တော့ အဲဒီမှာရော အဆင်ပြေအောင် ဘယ်လိုများနေထိုင်ခဲ့ရပါသလဲ။
A. ညီမအနေနဲ့ အပြောအဆို၊ အသွားအလာ၊ အနေအထိုင်တွေ ကို သေချာဂရုစိုက်ရပါတယ်။ ဥပမာ တခြားမယ်တွေက အရက်သောက် တဲ့အချိန်မှာ ညီမအနေနဲ့ လိုက်မသောက်ပါဘူး။ အဲဒီလိုလိုက်သောက်တဲ့ အခါ နင်တို့နိုင်ငံမှာလည်း ဒီလိုပဲသောက်လားဆိုတဲ့အတွေးဝင်သွားနိုင်တယ်။ ပြီးတော့ ညီမတို့ဆီက ခေါင်းအုံးဆိုရင် ဘယ်သူမှ ခြေထောက်နဲ့ မကျော်မခွဘူး။ အမြဲတမ်း အမြင့်မှာပဲထားတယ်။ သူတို့က အဲဒီလို မဟုတ်ဘူး။ ခေါင်းရင်းတွေဘာတွေလည်းမရှိဘူး။ ခေါင်းအုံးကိုလည်း
ကျော်ချင်ရင်ကျော်တယ်။ သူတို့မှာ အဲဒီလိုမတူတဲ့ အယူအဆတွေရှိတဲ့အတွက် နားလည်ပေးခဲ့ရတာတွေ ရှိပါတယ်။
“ဘယ်သူတွေ ဘယ်လောက်မှားမှား ကိုယ်မမှားအောင် နေတတ်ဖို့ လိုတယ်ဆိုတဲ့ နန်းခင်ဇေယျာ”
Eternal Light Magazine
October 2013 Cover
လူငယ်နှင့် အကျင့်စရိုက်
Model - Nan Khin Zayar & Yoon Yoon
Photo - Min Khant Kyaw (AMS)
Location - Shwedagon Pagoda
Dress - Htay Htay Tin (Shi Mi Zu)
Makeup - Soe Soe
Silk - Shwe Bayani

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။