Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 5, 2013

ဒီဂျစ်တာ ယဉ်ကျေးမှုနှင့် ဆိုင်ဘာပေါ်က အကြမ်းဖက်မှုများ

Burma-Newselite
ဒီဂျစ်တာ ယဉ်ကျေးမှုနှင့် ဆိုင်ဘာပေါ်က အကြမ်းဖက်မှုများ
************************
ရေးသားသူ- ခင်မေဇော်
ကွန်ပြူတာနည်းပညာများနှင့် ဆက်သွယ်ရေးကွန်ခြာများ တိုးတက် လာခြင်း၏ အကျိုးရလဒ်များစွာကို ကမ္ဘာနှင့်အ၀ှမ်းတွေ့ရသည်။ လူမှုရေးစာမျက်နှာများပေါ်လာပြီး လူများလွတ်လပ်စွာ မိမိပြောဆိုရေးသား လိုသော အကြောင်းအရာများကို ဖလှယ်လာနိုင်ကြသည်။ တင်ပြလာနိုင်ကြသည်။

လွတ်လပ်စွာရေးသားပြောဆိုခွင့်သည် ဒီမိုကရေစီ၏ အခြေခံဖြစ်ပြီး သတင်းမှောင်ချသည့်နည်းဖြင့် အစိုးရများ၊ ကော်ပိုရေးရှင်းကြီးများက
နိုင်ငံရေး စီးပွားရေး သြဇာကို ချုပ်ကိုင်လေ့ရှိကြသည်။ သို့သော် ထိုလွတ်လပ်မှုက တာဝန်ယူမှုနှင့် ဒွန်တွဲပါလာရန် လိုအပ်လာသည်။

အသံလွှင့် သတင်းသမားက မီဒီယာပေါ်တွင် မုန်းတီးမှုကို လှုံ့ဆော်ပြောဆိုခဲ့သဖြင့် ရာဇ၀တ်ကောင်အဖြစ် ခုံရုံးတင်ခံရသည့် သာဓက တခု ရှိခဲ့သည်။ ၂၀၀၇ ခုနှစ် ကင်ညာနိုင်ငံတွင် လူတထောင်ကျော်သေဆုံးပြီး လူပေါင်း ၆သန်းခွဲအိုးအိမ်မဲ့ဖြစ်ခဲ့ရသည့် အကြမ်းဖက်မှုသည် မုန်းတီးစေရန် လှုံ့ဆော်မှုများကြောင့် ဖြစ်ခဲ့သည်။ ထိုစဉ်က သမ္မတရွေးကောက်ပွဲအပြီး လူမျိုးစုများအကြား ပဋိပက္ခ
ဖြစ်ပေါ်ခဲ့ရာတွင် တာဝန်ရှိမှုဖြင့် ယခင် အသံလွှင့်သတင်းထောက် ဂျိုရှာ အာရပ်ဆန် သည် သမ္မတ ကင်ရာတာနှင့် ဒုတိယသမ္မတ ရူတိုတို့နှင့် အတူ နိုင်ငံတကာခုံရုံးတွင် တရားစွဲခံရသည်။ အမှုမှာ အကြမ်းဖက်မှုများကို လှုံ့ဆော်မှု ဖြစ်သည်။ ယခု ၂၀၁၃ ခုနှစ်တွင် နောက်ရွေးကောက်ပွဲ ရှိနေသဖြင့် ယင်းအမှားမျိုး ထပ်မဖြစ်ရအောင် လူမှုရေးမီဒီယာများ အပါအ၀င် မီဒီယာအားလုံးက သတိထားနေကြသည်။

လူမှုရေးကွန်ယက်များပေါ်တွင် အထူးသဖြင့် လူငယ်လေးများ အချင်းချင်း
နောက်ပြောင်၍ဖြစ်စေ လွန်လွန်ကဲကဲ ရေးသားမှုများကို တွေ့လာရသလို ဓာတ်ပုံ ဗီဒီယိုရိုက်ပြီး အကြပ်ကိုင်ခြိမ်းခြောက်သည့် ဖြစ်ရပ်များ ရှိလာသည်။ လူငယ်တချို့ အထူးသဖြင့် မိန်းကလေးများ သေကြောင်း ကြံစီမှုများ ဖြစ်လာသည့်အတွက် လူမှုရေးကွန်ယက်၏ လွတ်လပ်ခွင့် အပေါ် မေးခွန်းထုတ်လာကြသည်။ ထိုကဲ့သို့ လုပ်ရပ်များကို ရာဇ၀တ်မှုအဖြစ် အပစ်ပေးနိုင်မည့် ဥပဒေသစ်များ ပြဌာန်းရန်
တောင်းဆိုလာကြသည်။

ထို့ထက်ပို၍ လူပုဂ္ဂိုလ် တဦးချင်း၊ လူမျိုး၊ ဘာသာတို့ကို မုန်းတီးစေရန် လှုံ့ဆော်မှုများကို တားဆီးရန် ကြိုးစားလာကြသည်။ မုန်းတီးရေး လှုံ့ဆော်ခြင်းကို လွတ်လပ်စွာ ရေးသားပြောဆိုခွင့်နှင့် မရောထွေးသင့်ပါ။ ယခုလက်ရှိတွင် ဖေ့ဘုတ်နှင့် တွစ်တာတို့သည် လူမှုရေးစာမျက်နှာများတွင် အတွင်ကျယ်ဆုံး ဖြစ်နေသဖြင့် ၎င်းတို့၏ စီမံခန့်ခွဲမှုကလည်း အရေးပါလာသည်။

အမျိုးသမီးများနှင့် အခြား အဖွဲ့များကို ပစ်မှတ်ထားသည့် လုပ်ရပ်များ၊ မုန်းတီးသော ပြောဆိုချက်များသည့် အသစ်အဆန်းတော့ မဟုတ်ပါ။ သို့သော် ယနေ့ကဲ့သို့သော ဒီဂျစ်တာခေတ်တွင် လူမှုရေးကွန်ယက်များပေါ် က ကောင်းမွန်သော ဆွေးနွေးမှုများနှင့် လူမှုရေးဝန်ဆောင်မှုများကြားတွင် ရိုင်းစိုင်းသော ကြမ်းတန်းသော ရွံရှာဖွယ်ကောင်းသော ရေးသားမှုများ ကလည်း ၀င်လာတတ်သည်။

"မုန်းတီးမှုနဲ့အနိုင်ကျင့်တဲ့ရေးသားပြောဆိုချက်တွေကို ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအ၀ိုင်းကြားထဲမှာ ရှိနေတာ အတော်စိတ်မကောင်းစရာပါ။ ဒါက အခုတော့ အချိန်နဲ့ တပြေးညီသွားနေတဲ့ ဒီဂျစ်တာယဉ်ကျေးမှုရဲ့ တစိတ်တပိုင်း ဖြစ်လာနေပါပြီ။" ဟု အာလ်တီမီတာ အဖွဲ့၏
ခေတ်သစ်မီဒီယာသုံးသပ်သူ ဘရိုင်ရင် ဆိုလစ် က ပြောသည်။

"ဒီဂျစ်တာခေတ်မှာနေရတာဆိုတော့ ဒီလိုမတရားမှုတွေကိုလည်း ကျွန်တော်တို့က အဲဒီနည်းအတိုင်းပဲ ချက်ခြင်းတုန့်ပြန်ဖို့လိုပါတယ်။"

သန်းပေါင်း ရာနှင့်ချီနေသော အသုံးပြုသူများအကြားတွင် အနိုင်ကျင့် သည့် မလျှော်ကန်သည့် ရေးသားမှုများကို မည်သို့ စောင့်ကြည့်အရေးယူ သွားမည်နည်းဆိုသည့်မေးခွန်းကို တွစ်တာကို မေးမြန်းလာကြသည်။ တွစ်တာ နေ့စဉ် ပေးပို့သုံးစွဲသူ သန်း ၄၀၀ ရှိနေသည်။ တွစ်တာအနေနှင့် အသုံးပြုသူများကို အကာအကွယ်ပေးနိုင်ရန်အတွက် အလိုအလျောက် တုန့်ပြန်သော စနစ်နှင့် မိမိကိုယ်တိုင် အွန်လိုင်းပေါ်တွင် ဖြည့်ရသော ဆိုင်ဘာ လုံခြုံရေးဆိုင်ရာ နည်းပညာများအတွက် ရင်းနှီးမြုပ်နှံရမည်ဟု ဘရိုင်ရင်က ဆိုသည်။

ပြီးခဲ့သည့် မေလကလည်း အမျိုးသမီးများ အဖွဲ့ပေါင်းစုက အင်တာနက်ပေါ် တွင် အမျိုးသမီးများနှင့် ပတ်သက်ပြီး ကြမ်းတန်းစွာ ဖော်ပြသည့် စာမျက်နှာများကို အရေးယူရန်အတွက် စုပေါင်း လက်မှတ်ရေးထိုး
တောင်းဆိုခဲ့ကြသည်။

မြန်မာနိုင်ငံ၏ ဖေ့ဘွတ်များပေါ်တွင်လည်း မိတ်ဆွေသူငယ်ချင်းများနှင့် ဆက်သွယ်ရန်၊ ဗဟုသုတဖလှယ်ရန်၊ ၀ါသနာတူ မိတ်ဆွေများရှာရန်၊ လူမှုရေးလုပ်ငန်းများအတွက် ဆော်သြရန်တို့အပြင် အချိန်နှင့် တပြေးညီ သတင်းများ သိရှိနိုင်ရန် စသည်တို့အတွက် အကျိုးများစွာ ဖြစ်ပေါ်နေသလို အခြားနိုင်ငံများတွင် ဖြစ်ပေါ်နေသလို မုန်းတီးရေးလှုံ့ဆော်မှုများ၊ ပုဂ္ဂိုလ်ရေး ပုတ်ခတ်တိုက်ခိုက်မှုများကလည်း ရှိနေကြသည်။

လူ့အသိုင်းအ၀ိုင်းအတွက် အရေးကြီးလှသော လွတ်လပ်စွာ ပြောဆို
ရေးသားခွင့်အတွက် လူမှုရေးမီဒီယာများက စိန်ခေါ်မှုကြီး ဖြစ်လာကြောင်း၊ တပြိုင်နက်တည်းမှာပင် လူမှုအသိုင်းအ၀ိုင်း၏ လုံခြုံမှုကိုလည်း ကာကွယ်ရန် လိုအပ်ကြောင်း ဖေ့ဘွတ်၏ စီမံမှုဆိုင်ရာ အကြီးအကဲ ရှယ်လီ ဆင်းဘက်က ချီကာဂိုတွင် ပြီးခဲ့သည့် ဇူလိုင်လက ပြုလုပ်ခဲ့သည့် ညီလာခံတခုတွင် ပြောဆိုလိုက်သည်။

ဖေ့ဘွတ်အနေနှင့် မသင့်လျှော်သော ဖော်ပြချက်များ စာရင်းတွင်
နောက်ထပ် အကြောင်းအရာများတိုးထားကြောင်း၊ အထူးသဖြင့် အမျိုးသမီးများကို တိုက်ခိုက်သည့် အပေါ်တွင် ဖြစ်ကြောင်း၊ ဤကိစ္စရပ်များကို ဖေ့ဘွတ်က အထူးအလေးထားပါကြောင်း
ပြောဆိုလိုက်သည်။

မသင့်တော်သော ဖော်ပြရေးသားချက်များကို တွေ့လျှင် Report ခလုတ် ကိုနှိပ်၍ အကြောင်းကြား သတင်းပေးပို့ကြရန်နှင့် ၎င်းတို့က စစ်ဆေးပြီး မှန်ကန်ကြောင်း တွေ့ရှိပါက ယင်းစာမျက်နှာများကို ဖယ်ရှားမည်
ဖြစ်ကြောင်းလည်း ပြောဆိုသွားသည်။

အများသူငှာ လူမြင်ကွင်း လမ်းမများပေါ်တွင် လက်မခံနိုင်သည့်
ပြုမူပြောဆိုရေးသားမှုများကို အင်တာနက် အွန်လိုင်းပေါ်မှာလည်း လက်ခံမည်မဟုတ်ဘဲ တနည်းနည်းနှင့် အရေးယူဆောင်၇ွက်သွားမည်ဟု ဆိုသည်။

"လွတ်လွတ်လပ်လပ် တွစ်လုပ်နိုင်တယ်ဆိုတာက ဥပဒေမရှိတော့တာ မဟုတ်ဘူးလေ။ တပါးသူတဦးကို ထိခိုက်ပြီးတော့ ဒါမှမဟုတ်
ခြိမ်းခြောက်ဖို့ အတွက် ရည်ရွယ်ချက်နဲ့ ရေးတယ်ဆိုရင်တာ့ ဒါက တကမ္ဘာလုံးက ကြားနေရတဲ့ ခြိမ်းခြောက်မှု တခုပါပဲ။" ဟု ဘရိုင်ရန်ဆိုလစ်က ပြောဆိုလိုက်သည်။
ရေးသားသူ- ခင်မေဇော် (၀ါရှင်တန်ဒီစီ)
7Day သတင်းဂျာနယ်တွင် ဖော်ပြခဲ့သော ဆောင်းပါး ဖြစ်ပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။