Burma-Newselite
မြန်မာ ဆီးဂိမ်းကိုသွားရောက်မည့် မလေးရှားနိုင်ငံသားများအတွက် ခရီးသွားအကြံပြုချက် ထုတ်ပြန်
၂၇ ကြိမ်မြောက် ဆီးဂိမ်းကို မြန်မာနိုင်ငံတွင် ကျင်းပမည်ဖြစ်ရာ မလေးရှားခရီးသွားများသတိပြုနိုင်ရန် အကြံပြုချက်ကို မြန်မာနိုင်ငံရှိ မလေးရှား သံရုံးက ထုတ်ပြန်မည်ဟု သိရသည်။
မြန်မာသည် ကမ္ဘာလှည့်ခရီးသွားများအတွက် အဆင်ပြေသောနိုင်ငံ မဟုတ်သည့်အတွက် ထိုသို့ ထုတ်ပြန်ရန်လိုအပ်ကြောင်း သံအမတ်...
ဒေါက်တာအာမက်ဖိုင်ဆာ မယဟာမတ်က ပြောသည်။

"သံရုံးရဲ့ ဖေ့ဘွတ်ပေါ်ကို မကြာခင် တင်မှာပါ။" ဟု သောကြာနေ့က
ပြုလုပ်သော ဆီးဂိမ်းအကြို မလေးရှားသတင်းမီဒီယာအဖွဲ့ကို ကြိုဆိုသည့် ညစာစားပွဲတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံကို လာရောက်ရန် မလေး၇ှားနိုင်ငံသားများက ကွာလာလန်ပူရှိ မြန်မာသံရုံးမှ ဗီဇာ ရယူရန်လိုကြောင်းသူက ပြောသည်။
"အမေရိကန်ဒေါ်လာကို သုံးရမယ်။ ဒီမှာက တခြားငွေကြေးတွေ လက်မခံဘူး။ အဲဒီငွေစက္ကူကလည်း မဟောင်းရဘူး။ ဈေးဆိုင်တွေ အားလုံးက ခရက်တစ်ကဒ်ကို လက်မခံကြဘူး။ "
ဆီးဂိမ်းနှင့် ပတ်သက်ပြီး ပြောဆိုရာတွင် - သံရုံးအနေနှင့် ယခုအချိန် အထိ မြန်မာဆီးဂိမ်းစီစဉ်ေ၇းကော်မတီ၏ ရှင်းလင်းပြောပြခြင်း ကို မကြားသိရသေးကြောင်း၊ ဧည့်သည်များက မြန်မာနိုငငံ၏ ဥပဒေနှင့် ယဉ်ကျေးမှုများကို လိုက်နာရမည် ဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။
"လုံခြုံရေးတိုးမြှင့်ချထားလိမ့်မယ်။ အထူးသဖြင့် မြန်မာအစိုးရက စီစဥိတဲ့ အားကစားပွဲတွေမှာဖြစ်တယ်။ "
"ဧည့်သည်တွေက ဆီးဂိမ်းကျင်းပရာနေရာတွေ ဖြစ်တဲ့ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်၊ ငွေဆောင်တို့ကိုပဲ သွားလို့ရမယ်။ ကျန်အရပ်တွေကို သွားလည်လို့ မရဘူး။"
အားကစားပြိုင်ပွဲအတွင်း အားကစား ၃၃ မျိုးတွင် ရွှေတံဆိပ် ၄၆၀ အတွက် ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ဒီဇင်ဘာလ ၁၁ မှ ၂၂ အထိ ယှဉ်ပြိုင်ကစားကြမည်
ဖြစ်သည်။
ခင်မေဇော်
ကိုးကား- Bernama

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။