Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, October 18, 2013

လက်ကောက်ဝတ် အကြိတ်

ဆေးပညာဆိုင်ရာဆောင်းပါးများ
လက်ကောက်ဝတ် အကြိတ်
===============
လူတယောက်ဟာ သာမန်နဲ့မတူ အဖုအကြိတ် အလုံးအခဲတွေ နေရာတိုင်းမှာဖြစ်တတ်ပါတယ်။လူကိုဒုက္ခပေးနိုင်တာ ရှိသလို ဒုက္ခမပေးဘဲ သူ့ဘာသာ တည်ရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တခါတရံတော့ သူ့ဘာသာကို ပြန်ပျောက်သွားတတ်တယ်။သို့သော် ပုံမှန်မဟုတ်ဘဲ အဖုအကြိတ်ဖြစ်လာပြီဆိုရင်တော့ အနည်းဆုံး လူတယောက်ကို စိတ်ဒုက္ခပေးတတ်တာ အသေအချာပါ။ တရက်က ဆေးခန်းလာပြနေကျ ဘော်ဒါဆောင်တစ်ခုက ကျောင်းသားလေးတယောက် လက်ကောက်ဝတ်ပိုင်းအပေါ်မှာ အဖုအကြိတ်လုံးလေးတစ်လုံးဖြစ်လို့ လာပြခဲ့တယ်။ လက်ကောက်ဝတ်ကွေးရင်၊ ကော့ရင်နာတယ်။ ကျန်တဲ့အစိတ်အပိုင်းတွေ ကွေးဆန့်ရင် ဘာမှမဖြစ်ဘူး။ အရွယ်အစားက ၂စင်တီမီတာလောက်ရှိမယ်။ စမ်းသပ်ကြည့်ရင် အရိုးနုလိုဘဲ။ မမာသလို မပျော့ဘူး။
ဖိကြည့်ရင် သိပ်မနာဘူး။အရင်တုန်းကလည်း တခါဖြစ်ခဲ့ဘူးတယ်။ သူ့ဘာသာပြန်ပျောက်သွားပြီး အခုနှစ်တော်တော်ကြာမှ တခေါက်ပြန်ဖြစ်တယ်။ သေချာအောင် လက်ကောက်ဝတ်ကို ဓာတ်မှန်ရိုက်ခိုင်းလိုက်တယ်။ ထူးထူးထွေထွေဘာမှ မတွေ့ဘူး။ ဆရာဝန်တွေများ အားရင်ဓာတ်မှန်ရိုက်နေကြတာပဲ ပြောချင်ကြသူတွေရှိတယ်။ပြီးတော့လည်းဘာမှမတွေ့ဘူးဆိုတာမျိုးပေါ့။ ဓာတ်မှန်ရိုက်တာ အခြေနေနှစ်မျိုးကြောင့် ရိုက်ရတာပါ။ ပုံမှန်မဟုတ်တာများ တွေ့မလားဆိုတာက တမျိုး၊ ပုံမှန်ဟုတ်ရဲ့လား ဆိုတာသိချင်လို့တဖုံ ရိုက်ကြည့်တာပါ။ ဓာတ်ခွဲခန်းတွေက referral feeပို့ခအတွက်ပေးတဲ့ အဖိုးအခလိုချင်လို့ မဟုတ်ပါ။ဓာတ်မှန်ကြည့်ပြီးပုံမှန်ဆိုရင် စဉ်းစားစရာရှိတာတွေ ဆက်စဉ်းစားနိုင်ဖို့ လမ်းကြောင်းပေးသလို ဖြစ်လို့ပါ။ အခု လည်း လက်ကောက်ဝတ်ဓာတ်မှန်ရိုက်လို့ ပုံမှန်ဆိုတော့ လူနာအတွက် စိတ်အေးရပါတယ်။ ကုလည်းရ၊ မကုလည်းသိပ်မဆိုးနိုင်ဆိုတဲ့ ganglion cystဆိုတာ ဖြစ်ဖို့ ရာခိုင်နှုန်းများလို့ပါ။ အင်္ဂလိပ်စကားမှာ တိုက်ရိုက်ဘာသာပြန်လို့မရတာတွေ အများသားလား။ ဆေးပညာမှာပိုလို့တောင်ဆိုးသေးတယ်။ အခု လည်း တိုက်ရိုက်ဘာသာပြန်ကြည့်ရင် အာရုံကြောအိတ် ဆိုတာမျိုးပြန်မိရင် မှားလိမ့်မယ်။ တကယ်တမ်းက အရေပြားအောက်တွင်ရှိသော ပုံမှန်မဟုတ်တဲ့ အဖုအကျိတ်လေး ဆိုတာမျိုးက ပိုမိုသင့်တော်ပါလိမ့်မယ်။ ganglion ဆိုတိုင်း အာရုံကြောအဖွဲ့အစည်းကိုသာ ပြေးပြေးမြင်ကြမိတတ်ကြပါတယ်။ ganglion cystကို bible cyst(သို့) bible bumpလို့လည်း ခေါ်ကြသေးတယ်။ဆိုလိုတဲ့ အဓိပ္ပါယ်က သူတို့ဆီမှာ ရှေးယခင်ကာလက ထူထဲတဲ့သမ္မာကျမ်းစာ( bible)နဲ့ ရိုက်တဲ့အခါ ဖြစ်တဲ့အဖုအကျိတ်က ပျောက်ကင်းသွားလို့ ဒီလိုနာမည်တွင်သတဲ့။ ganglion cystဆိုတာ ဘာကြောင့်ဖြစ်မှန်းတိတိကျကျ မသိကြပါ။ ဖြစ်နိုင်တဲ့သီအိုရီတခုက ကြွက်သားမျှင်တွေ ထိခိုက်ဒဏ်ရာရပြီး နောက်ပိုင်း အားနည်းတဲ့ အရွတ်ကြော(သို့) အဆစ်ကိုဖုံးထားတဲ့ အမြှေးပါးနေရာမှာ အဆစ်ရှိအရည်များ ထွက်လာတာမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ အဖုအကြိတ်ပေါ်လာရင် တစ်ပတ်နှစ်ပတ်မှ လချီပြီး ကြာတတ်တယ်။ ပြန်ပြန်ဖြစ်တတ်တယ်။တချို့က လုံးဝမနာကျင်ပေမယ့် တချို့ကျ လှုပ်ရှားတဲ့အခါ နာကျင်တယ်။ပုံမှန်အားဖြင့်မသိသာဘဲ လက်ကောက်ဝတ်ကွေးလိုက်မှ ပိုမိုသိသာစေတယ်။ ကွေးလိုက်ရင်နာလာတယ်။ဆယ်ကျော်သက်မှ လူလတ်ပိုင်းတွေမှာ အဖြစ်များတယ်။ အမျိုးသမီးတွေမှာ ပိုမိုတွေ့ရတယ်။အရင်က လက်မှာတနည်းနည်းနဲ့ ထိခိုက်ဒဏ်ရာ ရခဲ့ဖူးမယ်။ အဖုကြိတ်ကတစ်လုံးမကသုံး၊ လေးလုံးစုပြီး ဖြစ်နိုင်ပါတယ်။အဖြစ်များဆုံးနေရာက လက်ကောက်ဝတ် ပတ်ချာလည်ပါ။ လက်ချောင်းတွေမှာလည်း တွေ့ရတတ်တယ်။အခြားအဆစ်တွေမှာတွေ့ရတတ်ပေမယ့် အဖြစ်တော့အင်မတန်နည်းတယ်။ cystတွေဟာ လှုပ်ရင်ရွေ့ပေမယ့် ganglion cystကတော့ မာမာခဲခဲ ရွေ့ရှားမှုမရှိပါ။ အရွယ်အစားအားဖြင့် ၁ စင်တီမီတာမှ ၅ စင်တီမီတာထိရှိနိုင်ပါတယ်။ သိပ်ကြီးလာရင် အဆစ်ရဲ့ရွေ့ရှားမှုကိုပါထိခိုက်တဲ့အတွက် ခွဲထုတ်ရတတ်ပါတယ်။ သာမန်အားဖြင့် အရွယ်အစား၊ ဖြစ်တဲ့နေရာ၊ရောဂါလက္ခဏာအပြင် ဓာတ်မှန်ရိုက်ဖို့လိုတတ်ပါတယ်။ ဓာတ်မှန်ရိုက်ရင်ဘာမှတွေ့မယ်မဟုတ်ပဲ ပုံမှန်သာရှိပါလိမ့်မယ်။ လိုအပ်ရင် အခြားအကြီးစားဓာတ်မှန်ရိုက်ဖို့ လိုကောင်းလိုပါလိမ့်မယ်။ ဒီလိုရောဂါမျိုးဟာ အများအားဖြင့် ဒုက္ခမပေးတဲ့အတွက် စောင့်ကြည့်ရပါတယ်။ဆရာဝန်တွေ ခေါင်းခြောက်ရတဲ့ရောဂါတွေထဲမှာ ဒီလိုဘာမှလုပ်စရာမလိုတဲ့ ရောဂါမျိုးလည်းပါဝင်ပါတယ်။ ပြောခဲ့သလို သူ့ဘာသာကိုက ပြန်ကောင်းတတ်ပါတယ်။ အရေးကြီးဆုံးက လူနာကိုအားပေးရတယ်။ ဘာမှမဖြစ်တာသိပေမယ့် လူနာသိအောင်ရှင်းပေးရတယ်။လက်ကိုလှုပ်ရှားမှု မရှိစေပဲ ကျပ်စီးထားသင့်ပါတယ်။ လှုပ်တာရှားတာ တတ်နိုင်သမျှရှောင်ပေးရမယ်။ ရှေးယခင်ကကဲ့သို့ စာအုပ်ထူနဲ့ဖိရိုက်နှက်ခြင်းမှတော့ ရှောင်ရှားသင့်ပါတယ်။ အကိုက်ခဲပျောက်ဆေးလိမ်းနိုင်တယ်။ သိပ်ပူတာမျိုးလိမ်းပြီး ကျပ်စီးတာမျိုးမလုပ်သင့်ဘူး။ လက်ကောက်ဝတ်အားပြုရတာ တတ်နိုင်သမျှ ရှောင်ကြဉ်ရတယ်။ သက်သာပျောက်ကင်းရင် အားကစားပြန်လုပ်နိုင်တယ်။ ဖြစ်စမှာ အထဲက အရည်ကို စုပ်ထုတ်တာမျိုး လုပ်နိုင်ပါတယ်။ သိပ်ကြာပြီးခဲသွားရင် စုပ်ဖို့မလွယ်ပါ။ ganglion cystက ပိုကြီးလာပြီး ဆက်တိုက်နာကျင်လာရင် ထုံဆေးပေးပြီး ခွဲထုတ်ရပါတယ်။ အရည်ကိုဖုံးလွှမ်းထားတဲ့ အမြှေးပါးသာမက ရိုးတံကိုပါ ဖယ်ရှားပြစ်ရတယ်။cystရဲ့ သဘောကိုက ပြန်ဖြစ်တတ်ပါတယ်။ နောက်ပိုင်းပြန်ဖြစ်တဲ့အခါ အဖြစ်မြန်သလို အပျောက်လည်းမြန်လို့ စိုးရိမ်စရာမရှိပါ။ အဖုအကျိတ်ဖြစ်တိုင်း ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ ရောဂါတိုင်း၊ ပုံမှန်မဟုတ်တိုင်းတော့ တွေးတောပြီး ကြောက်လန့်နေမယ့်အစား ဆရာဝန်နဲ့ သေချာပြပြီး စမ်းသပ်စစ်ဆေးမှုပြုလုပ်သင့်ပါတယ်။

ဒေါက်တာ အေးမင်းထူး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။