Burmese Treasure
“မေတ္တာ ဟူသည်”
* လူတစ်ယောက် လိုအပ်နေတဲ့အချိန်မှာ သူ့ရဲ့လိုအပ်ချက်ကို
တတ်နိုင်သလောက် ကာယအား၊ ဓနအားဖြင့် ဖြည့်ဆည်းပေး
လိုက်တာဟာ သူ့ကိုအကောင်းဆုံး ရုပ်အာဟာရထောက်ပံ့ပေး...
လိုက်တာပဲ။

* သို့တည်းမဟုတ် အားပေးလိုက်တာ၊ နှစ်သိမ့်ပေးလိုက်တာ၊
နွေးနွေးထွေးထွေး ဆက်ဆံလိုက်တာဟာလည်း သူ့ကို စိတ်
အာဟာရ ဖြည့်ဆည်းပေးလိုက်တာပဲ။
* တနည်းအားဖြင့် ကာယကံမေတ္တာ၊ ၀စီကံမေတ္တာဆိုရမယ်။
သူ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်လို့ သူ စိတ်ချမ်းသာ
သွားတယ်၊ ကြည်နူးသွားတယ်၊ စိတ်ဓါတ်ခွန်အားတွေရသွား
တယ်ဆိုရင် ကိုယ်တိုင်လည်း စိတ်ချမ်းသာ ကြည်နူးရတယ်။
* အေးချမ်းတဲ့အရသာ ခံစားရတယ်။ ဒါဟာ သူ့ကို ပေးလိုက်
လို့ ကိုယ်တိုင် ခဏအတွင်း လက်တွေ့ခံစားရတဲ့ မေတ္တာတရား
ရဲ့အကျိုးရလဒ်လို့ဆိုရင်လည်း မမှားဘူး။
-“ဌေး”သာမဏေကျော်ဆရာတော်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။