Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, October 14, 2013

ပြင်းပြသောစိတ်ဆန္ဒ


လောကမှာ ကိုယ်ဖြစ်ချင်တာဖြစ်ဖို့ဆိုရင် ပြင်းပြတဲ့ ဆန္ဒရှိဖို့လိုပါတယ်... ဖြစ်ချင်တာလို့ဆိုတဲ့နေရမှာ ကိုယ့်အခြေအနေအဆင့်အတန်းနဲ့ လက်လှမ်းဝေးတဲ့အရာမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်... အလွယ်တကူရနိုင် ဖြစ်နိုင်တဲ့ အရာတွေအတွက်တော့ ပြင်းပြတဲ့ဆန္ဒမျိုးမလိုပါဘူး... သာမန်လုပ်ချင်ဖြစ်ချင်စိတ်ကလေးရှိရင် ထလုပ်လိုက်ရင် ရနိုင် ဖြစ်နိုင်မှာပါပဲ... လက်ရှိအခြေအနေမှာ ဘယ်လိုမှမဖြစ်နိုင် မရနိုင်တဲ့ အရာတစ်ခုကို ဖြစ်ချင်ရချင်တယ်ဆိုရင်တော့ ပြင်းပြတဲ့ ဆန္ဒရှိရပါလိမ့်မယ်....

ပုံပြင်လေးတစ်ပုဒ်ကြားဖူးပါတယ်... တောအုပ်တစ်အုပ်ထဲမှာ သူတော်စင်တစ်ပါးနေနေတာပေါ့... တစ်နေ့တော့ အမျိုးသမီးတစ်ယောက်က ကလေးတစ်ယောက်ကိုခေါ်ပြီး သူတော်စင်ဆီကိုရောက်လာတယ်... သူတော်စင်ကြီးက တန်ခိုးကြီးတယ်လို့ ကြားရတယ်ပေါ့.... အခုသူတို့သားအမိဆီမှာ စားစရာမရှိတဲ့အတွက် စားစရာလေးများ ပေးကမ်းဖို့ တောင်းဆိုသတဲ့.... အဲ့တော့ သူတော်စင်ကြီးက ပြင်းပြတဲ့ စိတ်ဆန္ဒရှိရင် ရလိမ့်မယ်လို့ ပြန်ပြောလိုက်တယ်... အမျိုးသမီးက ဟုတ်ပါတယ်... သူတို့သားအမိမှာ တကယ်ပဲစားစရာမရှိလို့ပါ... စားချင်စိတ်လည်း တကယ်ဖြစ်နေပါတယ်... ဒါကြောင့် စားစရာပေးပါလို့ထပ်ပြောတယ်... သူတော်စင်ကတော့ ပြင်းပြတဲ့ စိတ်ဆန္ဒရှိရင် ရလိမ့်မယ်လို့ပဲ ထပ်ပြောတယ်....

အဲ့လိုပြောရင်းနဲ့ ကလေးကလည်း ဆာတော့ ငိုတာပေါ့... အမျိုးသမီးလည်း သူတော်စင်ကို ထပ်ခါထပ်ခါတောင်းပန်နေတယ်... သူတော်စင်ကြီးတန်ခိုးကြီးတယ်ဆိုလို့ အားကိုးပြီးလာတာပါ... ကလေးကလည်း ဆာလို့ငိုနေပြီ... သူလည်းဆာလှပြီ... အစားအစာရချင်တဲ့ဆန္ဒလည်း ပြင်းပြလှပါပြီ... စားစရာလေးများ ဖန်တီးပေးဖို့ ဆိုပြီး ထပ်တောင်းဆိုနေတာပေါ့... သူတော်စင်ကြီးကလည်း ပြင်းပြတဲ့ စိတ်ဆန္ဒရှိရင် ရလိမ့်မယ်လို့ပဲ ထပ်ပြောသတဲ့... ဒီလိုနဲ့ အမျိုးသမီးလည်း ဆာလောင်လွန်းလို့ တုန်ရီမောဟိုက်နေပြီ... နေကလည်း တဖြည်းဖြည်းမြင့်လာတာပေါ့... သူတော်စင်ကို ငိုယိုတောင်းပန်ပြီး အစာပေးဖို့ပြောနေတုန်းပါပဲ... သူတော်စင်ကလည်း ပြင်းပြတဲ့ စိတ်ဆန္ဒရှိရင် ရလိမ့်မယ်လို့သာ ပြန်ပြောနေပါတယ်...

အဲ့ဒီလိုနဲ့ အမျိုးသမီးက ငိုယိုတောင်းဆိုရင်း သူတော်စင်ကပြန်ပြောရင်းနဲ့ မွန်းတည့်လုနီးပါးရောက်လာခဲ့တယ်... အမျိုးသမီးခမျာ ဆာလောင်တဲ့စိတ်နဲ့ သတိလစ်မတတ်ဖြစ်နေတာပေါ့... ကလေးကလည်း ငိုရလွန်းလို့ အသံတောင်မထွက်နိုင်တော့ဘူး... အဲ့ဒီအချိန်မှာ ဘုရင်တစ်ပါးက ခရီးသွားလာရင်း သူတို့အနီးကဖြတ်သွားတယ်... သူတော်စင်တစ်ပါး... မေ့မျောလုမတတ် ငိုယိုနေတဲ့အမျိုးသမီးတစ်ယောက်နဲ့ ကလေးတစ်ယောက်ကို တွေ့တော့အကြောင်းရင်းကို စုံစမ်းတာပေါ့....

စားစရာမရှိလို့ အမျိုးသမီးက လာတောင်းတဲ့အကြောင်းသိရတော့ သူ့မှာပါလာတဲ့ စားစရာနဲ့ ရိက္ခာတွေကို အမျိုးသမီးတို့ သားအမိအတွက် ပိုပိုသာသာပေးခဲ့သတဲ့... ပြီးတော့ ခရီးဆက်ထွက်သွားတာပေါ့... အဲ့ဒီမှာ အမျိုးသမီးက သူတော်စင်ကိုပြောတယ်... သူတော်စင်ဆီမှာ ဒီလောက်ထိအောင် တောင်းပန်ပြောဆိုနေပေမဲ့ သူတော်စင်က သူ့အတွက် စားစရာကို မပေးနိုင်ခဲ့ဘူး... အခုဘုရင်နဲ့တွေ့မှသာ သူ့အတွက် စားစရာရတယ်ဆိုတဲ့အကြောင်း... အကယ်လို့ ပြင်းပြတဲ့ စိတ်ဆန္ဒရှိမှရမယ်ဆိုရင် ဘာကြောင့် စောစောကမရဘဲ အခုမှရသလဲလို့ မေးခွန်းထုတ်သတဲ့...

သူတော်စင်က စားစရာကို စတောင်းတဲ့အချိန်နဲ့ အခုဘုရင်မရောက်လာခင်အချိန်တွေမှာ ဘယ်အချိန်က ပိုဆာသလဲလို့ပြန်မေးလိုက်တယ်... အမျိုးသမီးက ဘုရင်ရောက်လာခါနီး မွန်းတည့်ချိန်မှာ ပိုဆာကြောင်းပြန်ပြောတာပေါ့... အဲ့တော့ အစောပိုင်းက အစားအစာကိုတောင်းဆိုနေတဲ့အချိန်မှာ အစားအစာကို ရလောက်အောင်အထိ ပြင်းပြတဲ့ ဆန္ဒမရှိခဲ့တဲ့အတွက် မရခဲ့တာဖြစ်ပြီး... ဘုရင်ရောက်လာတဲ့အချိန်မှာတော့ အစားအစာကို ရချင်တဲ့စိတ်ဟာ အလွန်အမင်းပြင်းပြနေခဲ့တဲ့အတွက် အဲ့အချိန်မှရတာဖြစ်တယ်လို့ ရှင်းပြလိုက်ပါတယ်...

ဒီဇာတ်လမ်းလေးမှာ တွေးစရာတွေအများကြီးပါပါတယ်... စိတ်ဆန္ဒတစ်ခုရှိရုံနဲ့ ကိုယ်ဖြစ်ချင်တဲ့အရာတစ် ခုဖြစ်မြောက်နိုင်ပါ့မလားလို့လည်း မေးစရာရှိတယ်... ဘုရင်... သူတော်စင်နဲ့ အမျိုးသမီးတို့ တောအုပ်တစ်အုပ်ထဲမှာ ဆုံတွေ့မှုဟာ တိုက်ဆိုင်မှုတစ်ခုကောမဖြစ်နိုင်ဘူးလားလို့ စဉ်းစားကြည့်နိုင်တယ်... သူမရဲ့ စိတ်ဆန္ဒဘယ်လောက်ပြင်းပြနေနေ ဘုရင်ဖြစ်သူက ဘာမှမပေးခဲ့ရင်... အဲ့ဒီဘုရင်က ဒီလမ်းကမသွားဘဲ တခြားလမ်းက သွားခဲ့ရင် သူမအတွက် စားစရာရနိုင်မလားလို့လည်း တွက်ဆကြည့်နိုင်ပါတယ်...

တကယ့်တကယ်တော့ ပြင်းပြတဲ့ စိတ်ဆန္ဒက အရာရာကို လွှမ်းမိုးဦးဆောင်သွားနိုင်တယ်ဆိုတာကို ထင်ထင်ရှားရှားသိမြင်နိုင်ပါတယ်... သူမမှာ သူတော်စင်ဆီသွားပြီး တောင်းဆိုရလောက်အောင် စိတ်ဆန္ဒမပြင်းပြခဲ့ရင် ဒီလိုမဖြစ်လာနိုင်ပါဘူး... သူတော်စင်ဆီမှာ တောင်းဆိုတဲ့အချိန်မှာလည်း ဘုရင်ကသတိပြုမိသွားလောက်အောင် စိတ်ဆန္ဒမပြင်းပြခဲ့ရင် ဒီလိုမဖြစ်လာနိုင်ပါဘူး... ပြင်းပြတဲ့ စိတ်ဆန္ဒက ရှာကြံရမယ့်နည်းလမ်းတွေကို အလိုလိုဖန်တီးပေးလာပါတယ်... ဒီအမျိုးသမီးဟာ သူတော်စင်ကို အားကိုးတဲ့စိတ်သာရှိတဲ့အတွက် သူမရဲ့ စိတ်ဆန္ဒပြင်းပြမှုဟာ သူတော်စင်ဆီမှာ တောင်းဆိုခြင်းနဲ့ပဲ အဆုံးသတ်သွားပါတယ်... သူတော်စင်ဆီက တောင်းဆိုရုံနဲ့ စားစရာမရလာနိုင်ဘူးဆိုတဲ့ အသိသာရှိခဲ့မယ်ဆိုရင် အစားအစာရမယ့်နည်းလမ်းကို သူမ ကြံဆလာပါလိမ့်မယ်... သူမရဲ့ စိတ်ဆန္ဒပြင်းပြမှုပေါ်မူတည်ပြီး အစားအစာရနိုင်မယ့်နည်းလမ်းတွေကို သူမလုပ်ဆောင်လာပါလိမ့်မယ်...

လောကရဲ့ သဘောတရားက ရိုးရှင်းပါတယ်... အကျိုးလိုရင် အကြောင်းရှိရပါမယ်... တစ်ခုလိုရင် တစ်ခုစိုက်ထုတ်ရပါတယ်... ထီပေါက်ချင်တဲ့သူဟာ စိတ်ဆန္ဒပြင်းပြတယ်ဘယ်လောက်ပြောပြော ထီထိုးထားဖို့လိုပါတယ်... ဒါမှမဟုတ် ထီလက်မှတ်ကောက်ရတာမျိုးဖြစ်ရပါမယ်... ကိုယ့်ဆီက စိုက်ထုတ်မှု လုပ်ဆောင်မှုမပါဘဲ ဘာမှမရနိုင်ပါဘူး... မှန်ကန်ထိရောက်တဲ့ လုပ်ဆောင်မှုဖြစ်ဖို့ကတော့ ပြင်းပြတဲ့ စိတ်ဆန္ဒရှိဖို့လိုပါတယ်...

လူတွေရဲ့ စိတ်အစွမ်းသတ္တိဟာ ထင်မှတ်မထားတဲ့ တန်ခိုးစွမ်းအင်တွေရှိပါတယ်.... အသက်အန္တရာယ်ကြုံလာတဲ့အခါ အစိုးရိမ်လွန်လာတဲ့အခါ သာမန်အနေအထားနဲ့ မဖြစ်နိုင်... မလုပ်နိုင်တဲ့ စွမ်းအင်တွေရလာတတ်တာကို သတိပြုမိပါလိမ့်မယ်... ပုံမှန်မမနိုင်တဲ့ အလေးတွေကို မနိုင်လာတာမျိုး... ပုံမှန်မခုန်နိုင်တဲ့အမြင့်ကို ခုန်နိုင်လာတာမျိုးဟာ စိတ်ရဲ့ တန်ခိုးအစွမ်းသတ္တိတွေဖြစ်ပါတယ်... မိမိကိုယ်တိုင်ဆက်လက်အသက်ရှင်လိုစိတ်... မိမိချစ်ခင်သူတွေကို အသက်မဆုံးရှုံးစေလိုစိတ်တွေ ပြင်းပြတဲ့အခါ အခုလို အစွမ်းတွေရလာတာဖြစ်ပါတယ်... သေလုနီးပါးဖြစ်နေတဲ့အချိန်မှာ ပြင်းပြတဲ့ စိတ်ဆန္ဒကြောင့် အသက်မဆုံးရှုံးပဲ လူကောင်းပကတိ ပြန်ဖြစ် လာတာတွေလည်း တွေ့ဖူးကြားဖူးကြမှာပါပဲ...

ချမ်းသာကြွယ်ဝလိုတဲ့ စိတ်ဆန္ဒပြင်းပြလာရင် ချမ်းသာဖို့နည်းလမ်းတွေသင်ရှာကြံလုပ်ကိုင်လာပါမယ်... ဒါဆိုရင် ဘာမှမလုပ်တဲ့သူထက် သင့်မှာ ချမ်းသာချင်တဲ့ စိတ်ဆန္ဒပြင်းပြနေပါပြီ... အဲ့ဒီလိုပြင်းပြတဲ့အတွက် သင်ချမ်းသာဖို့ အများကြီးနီးစပ်သွားပါပြီ... သမ္မတဖြစ်ချင်တဲ့ ဆန္ဒပြင်းပြရင် သမ္မတဖြစ်နိုင်မယ့်နည်းလမ်းတွေ... လူထုထောက်ခံမယ့်အချက်တွေကို သင်ရှာကြံပြင်ဆင်လာပါလိမ့်မယ်... သင့်ရဲ့ပြင်းပြတဲ့ စိတ်ဆန္ဒက သင့်အောင်မြင်မှုဆီကို ခေါ်ဆောင်သွား ပါလိမ့်မယ်...

တစ်ချို့ကပြောပါလိမ့်မယ်... သူတို့မှာ ပြင်းပြတဲ့စိတ်ဆန္ဒတော့ရှိပါတယ်... အခုထိမအောင်မြင်သေးဘူးလို့ဆိုပြီး.... မအောင်မြင်ရတဲ့ အကြောင်းရင်းကတော့ အောင်မြင်လောက်တဲ့အထိ စိတ်ဆန္ဒပြင်းပြမှုမရှိသေးလို့ပါပဲ... သင်တကယ်အောင်မြင်ချင် တဲ့အခါ အောင်မြင်မယ့်နည်းလမ်းကိုရှာလာပါလိမ့်မယ်... အောင်မြင်သူတွေဆီကအကြံယူပြီး... အောင်မြင်မယ့်လမ်းကြောင်းကို လျှောက်ပါလိမ့်မယ်... ကြုံတွေ့သမျှ အခက်အခဲတွေကို ရင်ဆိုင်ပြီး အောင်မြင်မှုပန်းတိုင်ကို အရောင်သွားနိုင်ပါလိမ့်မယ်... အရာရာတိုင်းအတွက် အခြေခံအကျဆုံးကတော့ ပြင်းပြတဲ့ စိတ်ဆန္ဒပဲ ဖြစ်ပါတယ်...

ဒါကြောင့် တစ်စုံတစ်ရာကို ဖြစ်ချင် ရယူချင်တဲ့စိတ်ဆန္ဒရှိမယ်ဆိုရင် အဲ့ဒီစိတ်ဆန္ဒကလည်း တကယ်ပြင်းပြလေးနက်ခဲ့မယ်ဆိုရင် သင်သေချာပေါက်အောင်မြင်မှာပါပဲလို့ ရဲရဲဝံ့ဝံ့အာမခံရင်းနဲ့ အဆုံးသတ်လိုက်ပါတယ်... အားလုံးပဲ လိုရာဆန္ဒတစ်လုံးတစ်ဝပြည့်စုံနိုင်ကြပါစေ....

ဆန္ဒဝတော ကိံနာမ ကမ္မံ နသိဇ္ဈတိ

ှဆန္ဒဝတော- ပြင်းပြသော အလိုဆန္ဒရှိသူအား
ကိံနာမ- အဘယ်မည်သော
ကမ္မံ- အမှုကိစ္စဟူသမျှသည်
နသိဇ္ဈတိ- မပြီးစီးဘဲ ရှိနိုင်ပါအံ့နည်း
---------------------------------------------------------------
----------------------------------------------------------------
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway
----------------------------------------------------------------

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။