Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, October 14, 2013

" ဗိုလ်ချုပ်ရုပ်ရှင် ၊ပြဇာတ်အနုပညာရှင်များ "

 
၁၉ ရာစု ကုန်လုလုတွင် ဖြစ်ထွန်းပေါ်ပေါက်ခဲ့သော ရုပ်ရှင်သမိုင်းကြောင်းကို ကြည့်မည်ဆိုလျှင်အမေရိကန်ပြည်ထောင်စုမှ “မီးသတ်ရဲဘော်၏ တစ်နေ့တာ” A Day in the life of a Fireman ဘဝဖြစ် စဉ်ရုပ်ရှင်ကား၊ ပြင်သစ်နိုင်ငံမှ ” လကမ္ဘာသို့တစ်ခေါက် A Trip to the Moon သိပ္ပံရုပ်ရှင်ကားတို့မှာစိတ်ကူးဖြင့် ကြို တင်စီစဉ်၍ပထမ ဆုံး ရိုက်ကူးသော ရုပ်ရှင်ကားများအဖြစ် မှတ်တမ်းတင်ထားသည်ကို တွေ့ရလေသည်။
၁၉ဝ၁ သို့မဟုတ် ၁၉ဝ၆ ခုနှစ်လောက်ကပင် မြန်မာနိုင်ငံ၌ နယ်လှည့်ရုပ်ရှင်ပြသမှု များရှိနေပြီဖြစ်ကြောင်းသိရသည်။ နယ်လှည့်ပြသသည့်အ ဆင့်မှနောက်ပိုင်းတွင် ယာယီရုံ များ၊ နောက် ရုပ်ရှင်ရုံများတည် ဆောက်ပြီးရုပ်ရှင်စီးပွားတစ် ခုပေါ်ပေါက်လာခဲ့ လေသည်။အစောပိုင်းက မြန်မာနိုင်ငံတွင် ပြည်ပမှရိုက်ကူးသောရုပ်ရှင် ကားများ ကိုသာ ပြသ ခဲ့ပြီး ၁၉၁၈ ခုနှစ် တွင်တော့ ပထမ ဆုံးမြန်မာရုပ်ရှင်ဇာတ်ကား တစ်ကားကို ရိုက်ကူးနိုင်ခဲ့သည်။ဤဇာတ်ကားမှာ စာရေးဆရာ ပီမိုးနင်းရေးသားပြီး မင်းသား ဦးညီပု၊မင်းသမီး မရီ(ခ)မအေးကြည်၊ဇာတ်ရံများအဖြစ် မောင်မောင်ချစ်၊ဦးပု၊ဦးပါကြီး၊ ဦးငြိမ်း၊ဦးမောင် မောင်ကလေး၊ ဦးတင်ဖေ (မောင်မောင်စိုး)တို့ ပါဝင်သော ” မေတ္တာနှင့် သူရာ” ရုပ်ရှင်ဇာတ်ကားပင်ဖြစ်သည်။
မြန်မာ့ပထမဆုံးဇာတ်လမ်းရုပ်ရှင်
ပထမဆုံးသောမြန်မာ့ ရုပ်ရှင်ဖြစ်သည့် ” မေတ္တာနှင့်သူရာ Love & Liquor ဇာတ်ကားကို ၁၉၂ဝ ပြည့်နှစ်အောက်တိုဘာလ ၁၃ရက်နေ့တွင် ရွိုင်ရယ်စီ နီမာဒီပဲရစ်ရုံ၌ စတင်ပြသနိုင်ခဲ့ရာလက်မှတ်များရောင်းမလောက်ပင် အောင်မြင်ခဲ့ပြီးပြသသောပွဲတိုင်း ရုံပြည့်ရုံလျှံ အားပေးခဲ့ကြသည်။ (မြန်မာရုပ်ရှင်ကား ပထမ ဆုံးပြသ သည့် အောက် တိုဘာလ ၁၃ရက်နေ့ကိုယခုအခါ ” မြန်မာ့ရုပ်ရှင်နေ့” အဖြစ်သတ်မှတ် ထားသည်)။ ၁၉၂ဝ ပြည့်နှစ်မှ စခဲ့သော မြန်မာရုပ်ရှင်မှာ တဖြည်းဖြည်း တိုးတက် လာခဲ့ပြီး ပြည် တွင်းတွင်သာမက ပြည်ပ နိုင်ငံများသို့ပါ သွားရောက်ရိုက် ကူးပြီး ပြည်ပသို့ ရုပ်ရှင်ကား များတင် ပို့ပြသနိုင်သည်အထိ အောင်မြင်လာပေသည်။ပထမဆုံးပြည်ပသို့ သွား ရောက် ရိုက်ကူးသောဇာတ် ကားမှာ စွယ်တော်သမိုင်းဇာတ် ကားဖြစ် ပြီးသီရိလင်္ကာတွင်သွား ရောက် ရိုက်ကူးခြင်းဖြစ်သည်။၁၉၂၃တွင်အိန္ဒိယသို့ ပထမ ဆုံး သွားေ ရာက်၍ရိုက်ကူးသော ဇာတ်ကားမှာငွေပေးလို့မရ ဇာတ်ကားဖြစ်သည်။၁၉၃ဝ ပြည့်နှစ်တွင် မြန်မာဇာတ်ကား များဖြစ်သော နန်းညွန့်နွယ် ဇာတ်ကားသည် ထိုင်းနိုင်ငံ သို့ လည်းကောင်း၊၁၉၃၉ ခုနှစ်တွင် မြိုင်ယံဘွားဇာတ်ကားသည် အိန္ဒိယသို့လည်းကောင်းတင်ပို့ ပြသနိုင်ခဲ့ပြီး ဥရောပတိုက်သို့ ပထမဆုံးတင် ပို့ပြသနိုင် ခဲ့ သောဇာတ် ကားမှာ “ဆုထူးပန်” ဇာတ်ကားဖြစ်သည်။
ကိုအောင်ဆန်းနှင့်ရုပ်ရှင်
၁၉၃၅ ခုနှစ်တွင် ထိုအ ချိန်ကတက္ကသိုလ်ကျောင်းသား အဖြစ်သာရှိနေသေးသော ကိုအောင်ဆန်းသည်ဘွိုင် ကော့တာအမည်ရှိရုပ်ရှင်တွင် အခြားကျောင်း သားေ ခါင်း ဆောင်များဖြစ်သည့်ကိုနု၊ကို ရာရှစ်တို့နှင့်ပါဝင်သရုပ်ဆောင် ခဲ့သည်။ကိုအောင်ဆန်းသည် ရုပ် ရှင်ဝါသနာကြီးသူဖြစ်သည့် အလျောက်သူ၏ ကျောင်းသား မိတ်ေ ဆွ များနှင့်ရုပ်ရှင်ရုံရှေ့ဆုံးတန်းမှရုပ်ရှင်ကြည့်တတ်သူ လည်း ဖြစ်သည်။၁၉၄၇ ခုနှစ် ဧပြီလတွင် မေမြို့၌ဗိုလ်ချုပ်တို့ မိသား စုအနားယူနေချိန်က ဗိုလ်ချုပ် အောင်ဆန်းသည် ဦးဖေခင်၊ ဦးပုကလေးတို့နှင့်အတူ လားရှိုး လမ်းဘေးရှိ ရုပ်ရှင်ရုံသို့သွား၍ ဟိုတယ်ဘာလင် Hotel Berlin အမည်ရှိဇာတ်ကားကိုသွား ကြည့်ခဲ့သည်ဟုသတင်းစာ ဆရာဦး ပုကလေးက ရေးသား ခဲ့ဖူးသည်။
ဗိုလ်ချုပ်သည် စစ်မဖြစ်မီက ရန်ကုန်တွင်ပြသသွားခဲ့သည့် Wuthering Height, Rebe-cca, Gone with the Wind, Lady Hamilton, Wate-rloo Bridge, The Good Earth, Suez စသည့် ဇာတ်ကားများကို နှစ်သက်ခဲ့သည်။ ၁၉၄၇ခုနှစ်ဦးပိုင်းတွင် ပြသခဲ့သည့် For Whom the bell tolls ဇာတ်ကားကို ဗိုလ်ချုပ် ကအထူးနှစ် သက်ခဲ့လေ သည်။ဗိုလ်ချုပ်သည်ဟာသကားများ ကိုလည်း နှစ်သက်သူဖြစ်ပြီး Bud Abbot, Lou Coestelo, Red Skeleton တို့ပါဝင်သည့် ဇာတ်ကားများ ကို လည်း နှစ်ခြိုက် သူဖြစ်သည်။ဗိုလ်ချုပ်သည် ရုပ်ရှင်၊ ပြ ဇာတ်အနုပညာရှင်များနှင့် လည်း ရင်းနှီးသောဆက်ဆံရေး ရှိသူဖြစ်သည်။ရုပ်ရှင်ကို နှစ် ခြိုက်သလိုပြ ဇာတ်များ ကို လည်း နှစ် သက်သူဖြစ်ပါသည်။ မြန်မာ့ရုပ်ရှင်လုပ်ငန်း သည်၁၉၂ဝမှ၁၉၄ဝပြည့် လွန် အထိ တိုးတက်ခဲ့သော်လည်း ဂျပန်ခေတ်တွင်မူ ရုပ်ရှင်ရိုက် ကူးမှုများ ရပ်စဲခဲ့ ရသည့်အ တွက် ရုပ်ရှင်ပညာရှင်များမှာ လူဘိုင်စကုပ်ခေါ်လူကိုယ် တိုင် သရုပ်ဆောင်ရသည့် ပြဇာတ် များကပြခဲ့ကြရသည်။
ထိုအချိန်ကကန်တော် ကြီးမြေပဒေသာကျွန်းရှိ ကန် တော်မိတ်ပြဇာတ်ရုံ၊ ဗဟန်း ရွှေဂုံတိုင်လမ်းနှင့်လင့်လမ်း ထောင့်တွင် တည်ရှိသည့်လွင် လွင်ပြဇာတ်ရုံ၊ ရန်ကုန် တိရစ္ဆာန် ဥယျာဉ်အနီးရှိ မြိုင်ပြဇာတ်ရုံတို့ ပေါ်ပေါက်ခဲ့သည်။ထိုစဉ်က ဒါရိုက်တာဆရာခန့်၏ “ဤစစ်ကြီးမှာ” ပြဇာတ်မှာလည်းအထူး နာမည်ကြီးနေချိန်ဖြစ် သည်။ဗိုလ်ချု ပ်အောင်ဆန်းသည် မအားလပ်သည့်ကြားမှပင် မြိုင်ပြ ဇာတ်ရုံ၌ စင်တင်ကပြခဲ့သော ဤစစ်ကြီးမှာပြဇာတ်ကို သွား ရောက်ကြည့်ရှုအားပေးခဲ့ဖူး သည်။ပြဇာတ် မင်းသား မှာ ကျော်ဝင်းဖြစ်ပြီး ကျော်ဝင်း၏ စစ်ဝတ်စုံအပြည့်ဖြင့် ဓားခုတ် ခန်းကိုအထူးနှစ်ခြိုက်လွန်းလှ သဖြင့်ဗိုလ်ချုပ်သည် စင်ပေါ် တက်၍ကျော်ဝင်းအား ဂုဏ်ပြု ခဲ့သည် ဟု ဆိုပါ သည်။မင်းသားကျော်ဝင်းသည် တကယ့်စစ်သားပြဇာတ်ကို ကပြနေစဉ်မှာပင် တိုင်းပြည် အတွက် စစ်ထဲ ဝင်လိုကြောင်း၊ တော်လှန်ရေးလုပ်လိုကြောင်း ဗိုလ်ချုပ်အောင် ဆန်းရှိရာ ဦးဝိ စာရလမ်းရှိစစ်ရုံးသို့သွား ရောက်ပြီးဗိုလ်ချုပ်အားပြော ကြားခဲ့ရာ ဗိုလ်ချုပ်က -
” ကျွန်တော်တို့ ရန်ကုန်မှာ စစ်သားတစ်ထောင်ထားခဲ့တယ်။ ခင်ဗျားတစ်ယောက်ကတော့ ပြဇာတ်ပေါ်က ဝါဒဖြန့်ပေးတာ ပိုပြီးခရီးရောက်တယ်” ဟု ပြောကြားခဲ့သည်။
မင်းသားကျော်ဝင်းလည်း ဗိုလ်ချုပ်၏စကားကိုသဘောပေါက် ကာဇာတ်စင်ပေါ်မှနေ၍ ပြဇာတ်များ ဇာတ်ဝင်သီချင်းများ ဖြင့်မြန်မာတို့၏ဇာတိသွေး ဇာတိမာန်ကိုနှိုး ဆွပေး ခဲ့လေ သည်။တကယ်တော့ ဗိုလ်ချုပ် သည် အနုပညာသည်တို့၏ စွမ်းပကားနှင့် တန်ဖိုးကိုသိပြီး၊ ထိုတန်ဖိုးကိုလည်း အကဲဖြတ် နိုင်သူတစ်ဦး ဖြစ်လေသည်။ ဗိုလ် ချုပ် သည်ပြဇာတ်လောကတွင် မင်းသားကျော်ဝင်း၊ လူရွှင် တော် ဖိုးပါကြီး၊ စတန့်မင်းသား တင်ဖေတို့ကို အထူးနှစ်ခြိုက်ခဲ့ သည်။ထို့အပြင်နောင်အခါ ဂီတနက်သန် ကိုစော ညိန်း အဖြစ် ထင်ရှားလာမည့် ပြဇာတ်(ဒုတိယမင်းသား)ကိုစောညိန်း ပါဝင်ကပြသော” စစ်ပြန်” ပြဇာတ်ကိုလည်း ကြည့်ရှုအားပေးခဲ့ပါသည်။
ဂျပန်တော်လှန်ရေးပြီး ဆုံး၍အင်္ဂလိပ်များပြန်အဝင် တွင်တော့ ဗိုလ်ချုပ်အောင်ဆန်း သည်ဗမာနိုင်ငံရုပ်ရှင်နှင့်ပြ ဇာတ်အစည်းအရုံးကြီး ၏ ၂၅ နှစ်မြောက်အထိမ်းအမှတ် ဗမာ ပြည်ပြပွဲကြီးကိုလည်းဘုရင်ခံ ဆာဟူးဘတ်ရန့်စ်၊ ဒီးဒုတ်ဦးဘ ချိုတို့နှင့်အတူ တက်ရောက်ဖွင့် လှစ်ပေးခဲ့သည်။ အခမ်းအနား တွင် ဗိုလ်ချုပ်အောင်ဆန်းက-
” မြန်မာပြည်ကြီး မကြာမီ လွတ်လပ်တော့မည်ဖြစ်ကြောင်း၊ လွတ်လပ်သောမြန်မာပြည်တွင် တိုင်းပြည်ထူထောင်တိုးတက်ရေးအတွက် ပြည်သူပြည် သားတိုင်း၌ တာဝန် ရှိ ကြောင်း၊ ရုပ်ရှင်လောကသားများမှာ လည်းတာဝန်ရှိကြောင်း၊ ရုပ် ရှင်အနုပညာရှင်ဖြင့် တိုင်းပြည် အကျိုးရှိအောင်ဆောင်ရွက် ရန်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြား ခဲ့သည်။ဖွင့်ပွဲအပြီးနောက်တစ်နေ့ တွင်မိသားစုနှင့်အတူ သာမန် မိသားစုများလိုပင် လက်မှတ် ဝယ်၍ဝင်ရောက် ကြည့်ရှုအား ပေးခဲ့ပါ သည်ဟု လည်း မှတ် တမ်းများက ဆိုပါသည်။ဆိုရလျှင် ၁၉၂ဝ ပြည့်နှစ် က စတင်ခဲ့သော မြန်မာတို့၏ မြန်မာ့ရုပ်ရှင်သည်ယခုအခါ တွင် ရာပြည့်အကြို၉၃နှစ် မြောက်ပင် ရှိခဲ့ပြီဖြစ် သည်။ဗိုလ်ချုပ်အောင်ဆန်း သည် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ရက်က ကျဆုံးခဲ့ရစဉ်တွင် လည်း ရုပ်ရှင်လောကသားများ က ဗိုလ်ချုပ်အားဝိုင်းဝန်း ဂုဏ် ပြုဝန်းရံပေးခဲ့သည်ကို သမိုင်း တွင်အထင် အ ရှားတွေ့မြင်နိုင် ပါသည်။ဗိုလ်ချုပ်ကွယ်လွန်ပြီး နှစ်ပေါင်း ၆၅ နှစ်အကြာမှာ တော့ ဗိုလ်ချုပ်၏ သမီးဖြစ်သူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လည်း စာပေ၊ရုပ်ရှင်၊ သဘင်၊ ဂီတစသည့် အနုပညာလောက သားများနှင့်တစ်သွေးတည်း တစ်သားတည်းရှိနေသည်ကို တွေ့မြင်ကြရမည် ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် သည် ၂ဝ၁၂ ခုနှစ်က ရန်ကုန် မြို့ ၊ပြည်လမ်း၊တော်ဝင်စင်တာတွင်ပြုလုပ်ခဲ့သော” လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်” သို့ တက်ရောက်ခဲ့ပြီး မိန့် ခွန်း ပြောကြားရာတွင်-” လွတ်လပ်ခြင်း အနုပညာ ရုပ် ရှင်ပွဲတော်ဆိုတော့ လွတ်လပ်ခြင်က အဓိကလား၊ အနုပညာကအဓိကလားဆိုတာမေး စရာဖြစ်လာပြီ။ ဒါပေမ ယ့် ဒီနှစ်ခုကဒွန်တွဲနေပါတယ်။လွတ်လပ်ခြင်းရှိမှတန်ဖိုးရှိတဲ့ အနုပညာကို ဖန်တီးလို့ ဖြစ်မှာပါ။ အနုပညာဆိုတာကလည်း ကျွန်မတို့အားလုံးရဲ့ လွတ် လပ်ခြင်း ကိုအများ ကြီး အထောက်အ ကူပြုပါတယ်။ဒါကြောင့်မို့လို့ ကျွန်မတို့ဟာလွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော်အ တွက်ဆောင်ပုဒ်အနေနဲFree Art, Free Thought, Freedom /Free Art လွတ်လပ်တဲ့အနုပညာ၊အနုပညာလွတ်လပ်မှု၊ Free Thought လွတ်လပ်တဲ့အတွေးအခေါ်၊ အတွေးအခေါ်လွတ်လပ်မှု၊အဲဒါမှစစ်မှန်တဲ့ လွတ်လပ်မှုကို ကျွန်မ တို့ဦးတည်နိုင်မှာဖြစ်ပါ တယ်” ဟု ပြောကြားခဲ့ပါသည်။
ဤကား ဗိုလ်ချုပ်တို့သား အဖနှင့်အနုပညာလောကသားများ၏ ရင်းနှီးပွင့်လင်းသော ဆက်ဆံရေး၏သင်္ကေတလည်း ဖြစ်ပါသတည်း။ ။
သိန်းအေး
ရည်ညွှန်း-
(၁)ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာရှင်များ
(၂)လွတ်လပ်ခြင်းအနုပညာရုပ်ရှင် ပွဲတော် စာစောင်များ
(၃)မျက်ရှုဝက်ဘ်ဆိုက်
(၄)မြန်မာ့ရုပ်ရှင်သမိုင်းစဉ် ငွေရတုကာလ(၁၉၂ဝ-၁၉၄၅)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။