Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 12, 2013

“ဖေ့စ်ဘုတ်ပေါ်က တာတီးများ”

 

“ဖေ့စ်ဘုတ်ပေါ်က တာတီးများ”

1.
ကျနော်တို့ငယ်ငယ်က မြန်မာနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ မျြိ့ငယ်လေးတမြို့မှာ နေခဲ့ဖူးတယ်။
မြို့လေးက ရန်ကုန်-မန္တလေးရထားလမ်းဘေးမှာ တည်ရှိပါတယ်။...
တရက်မှာ လူငယ်လေးနှစ်ယောက်ကို ရဲကဖမ်းပါတယ်
ဖမ်းရတဲ့ အကြောင်းက ရန်ကုန်-မန္တလေး အမြန်ရထားကို ခဲနဲ့ပေါက်တဲ့ ပြစ်မှုပါ
ရထားပေါ်က ခရီးသည်တစ်ယောက် ခဲမှန်တဲ့ ဒဏ်ရာကြောင့် မျက်လုံးတစ်ဖက်ပျက်သွားတယ်လို့ သိရပါတယ်


“ဘာကြောင့် ရထားကိုခဲနဲ့ပေါက်တာလဲ” လို့ အဲဒီလူငယ်လေးတွေကို စစ်ဆေးကြတော့ သူတို့က ဒီလိုဖြေပါသတဲ့… …
“သူတို့ကျတော့ မီးတွေထိန်လင်းနေတဲ့ ရထားကြီးကို စီးနေကြရတယ်၊ ကျနော်တို့မှာတော့ အမှောင်ထဲမှာ လမ်းလျှောက်နေရလို့” … တဲ့
… ဆိုတော့ အဖြေက ‘မနာလိုဝန်တိုမှု’ ပါပဲ

သူ့ဟာသူ သွားနေတဲ့ရထားကို မီးထိန်ထိန်လင်းနေတာနဲ့ပဲ ကြည့်မရဖြစ်ပြီး တခုခုနစ်နာသွာအောင်၊ ထိခိုက်သွားအောင်၊ လုပ်လိုက်ရမှ ဘဝင်ကျသွားတဲ့ အလွန်ယုတ်ညံ့တဲ့စိတ်ကို ပိုင်ဆိုင်ထားကြရှာတယ်။
မိမိရဲ့စိတ်ဒဏ်ရာကို ဖြေဖျောက်ဖို့ ရထားကို ခဲနဲ့ထုလိုက်တာ အပြစ်မရှိတဲ့ လူတယောက်မှာ မျက်လုံးတစ်ဖက် ပျက်သွားရတယ်။

ဒါ.. ရထားကို ခဲနဲ့ပစ်တဲ့အထဲက ကျနော်သိခဲ့တဲ့ အမှုတစ်ခုပါ
တခြား ရထားကို ခဲနဲ့ပစ်တဲ့အမှုတွေ အများကြီး ရှိပါသေးတယ်

2.
နောက်တခါ…
ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်ကားလေးတကား ရှိတယ်
“ပန်းမြိုင်လယ်ကဥယျာဉ်မှူး” ဆိုတဲ့ကား
အဓိကဇာတ်လိုက် ဦးကျော်ဟိန်းက တာတီးအဖြစ် သရုပ်ဆောင်တယ် (မှတ်မိသလောက် တာတီးလို့ ထင်ပါတယ်)

တာတီးက လူဆိုးလူမိုက်၊ မူးရူးပြီး အများနဲ့တယောက် ရန်ဖြစ်နေတာများတယ်
ရွာကလူတွေကလည်း လူမိုက်နဲ့ယှဉ်ပြီး မဖြစ်ချင်တော့ ခပ်ကင်းကင်းပဲနေကြတယ်

တရက်တော့ ရွာလုံးကျွတ်စုပေါင်းပြီး အလှူပွဲလုပ်ဖို့ရှိတယ်
အဲဒါကို တာတီးက လက်မခံဘူး၊ အဲဒီပွဲကိုမလုပ်ရဘူးလို့ တားတယ်၊ သွားတဲ့လူတွေကိုလည်း ကြိမ်းတယ်
“ရွာအထွက်က စောင့်နေမယ်၊ သွားရဲသွားကြည့်” ဆိုပြီး ရွာပြင်ကနေ တုတ်တခြောင်းကိုင်ပြီး စောင့်နေတယ်၊ ထွက်လာတဲ့သူကို ရိုက်မယ်ပေါ့
ဒီတော့ ရွာကလူတွေကလည်း သူနဲ့ ပြသနာမဖြစ်ချင်တော့ တခြားတလမ်းကနေ တိတ်တိတ်လေးပဲ ထွက်သွားလိုက်ကြတယ်

ကျနော်ပြောချင်တာက…
‘ကိုယ်ကိုယ်တိုင်လည်း မလုပ်နိုင်ဘူး၊ သူများတွေလုပ်တော့လည်း မလိုလားဘူး’ …ဆိုတဲ့ အဲဒီတာတီးလို လူမျိုးတွေလည်း ရှိနေတယ်ဆိုတာကိုပါ။

3.
မနေ့က…
မိုးလေဝသပညာရှင် ဦးထွန်းလွင်ရဲ့ Facebook က Status တခုကို ဖတ်လိုက်ရတယ်
သူက မုန်တိုင်းနဲ့ ပတ်သက်တဲ့ သတိပေးပို့စ်တခု တင်လိုက်တယ်တဲ့
အဲဒါကို သူပြောတဲ့အတိုင်း မုန်တိုင်းမတိုက်ပါဘူးဆိုပြီး လူတစ်ယောက်က သူ့ကို လိမ်နေတယ်လို့ စွပ်စွဲတယ်
ဆရာဦးထွန်းလွင်ရဲ့ ပို့စ်အောက်မှာ ‘လိမ်လည်မှုတခုသာ ဖြစ်တဲ့အကြောင်း’ ကွန်မန့်ရေးသွားတာ တဲ့
ဆရာဦးထွန်းလွင်လည်း အဲဒီကွန်မန့်နဲ့ ပတ်သက်လို့ တော်တော်စိတ်ထိခိုက်သွားပုံရတယ်

စဉ်းစားကြည့်ပါ…
မုန်တိုင်းသတိပေးချက်တခုဟာ အသက်အိုးအိမ်ပေါင်းများစွာကို ကယ်တင်နိုင်တယ်
ဆရာဦးထွန်းလွင်အနေနဲ့ ဘာအကျိုးခံစားမှုတခုမှ မရပဲ၊ ဒီ မိုးလေဝသသတင်းတွေ၊ မုန်တိုင်းခန့်မှန်းချက်တွေကို အချိန်နဲ့အမျှတင်ပေးနေတာပါ
ကိုယ့်ထမင်းကိုယ်စားပြီး အများအကျိုးအတွက် စေတနာ့ဝန်ထမ်း ဆောင်ရွက်ပေးနေတာပါ

သူ့ရဲ့လုပ်ရပ်ကို လူတွေကလည်း သောင်းသောင်းဖြဖြ ကြိုဆိုကြတယ်၊ ချီးကျူးထောပနာပြုကြတယ်
သူ့ကို ကျေးဇူးတင်ကြတယ်

ဒါကို စိတ်ဓာတ်ယုတ်ညံ့တဲ့သူက မနာလိုဖြစ်ပြီး၊ ကြည့်မရဖြစ်ပြီး၊ မီးထိန်ထိန်လင်းနေတဲ့ ရထားကို ခဲနဲ့ထုလိုက်တဲ့ သဘောပါပဲ
နောက်တမျိုးပြောရရင် ကိုယ်တိုင်လည်း မလုပ်နိုင်၊ သူများလုပ်တော့လည်း မနာလိုတဲ့ တာတီးလို လူမျိုးတွေက အများရဲ့အလှူကို ဖျက်လိုဖျက်စီးလုပ်တဲ့ သဘောပါပဲ

4.
ဖေ့စ်ဘုတ်မှာ ကျနော့်သူငယ်ချင်းတစ်ယောက်ရှိတယ်
သူက ဆရာဝန်တစ်ယောက်ပါ၊ Facebook မှာ ဟာသလေးတွေရေးပြီး တင်လေ့ရှိတယ်

တရက်ကတော့ ကျနော့်ကို Chat Box ကနေလာပြီး ရင်ဖွင့်တယ်
သူရေးတဲ့ ဟာသပို့စ်တခုကြောင့် သူ့ကို လာဆဲနေတယ် တဲ့

ဘာကြောင့်ဆဲတာလဲ?
သူက နိုင်ငံရေးအယူအဆတခုကို တင်ပြဆွေးနွေးဝေဖန်တာလည်း မဟုတ်ဘူး
ဘာသာရေးပြသနာတခုကို ထောက်ပြပြစ်တင်နေတာလည်း မဟုတ်ဘူး
မတူတဲ့ အယူအဆတွေ၊ ကိုးကွယ်ယုံကြည်မူတွေကို ငြင်းကြခုန်ကြ ဆဲကြဆိုကြတယ်ဆိုရင် မပြောလိုပါဘူး
ခုဟာက ဘယ်သူ့ကိုမှ မထိခိုက်တဲ့ ဟာသပါ
ဘယ်အစွန်းဘက်မှ မပါဘူး
အများကို ရယ်မောပျော်ရွှင်စေချင်တဲ့ စေတနာနဲ့ သူအားတဲ့အချိန်တွေမှာ ဟာသလေးတွေရေးပြီး ဖေ့စ်ဘုတ်မှာ တင်တာပါ

သူက ပြောတယ်… သူ ဒီဟာသတွေကို ဆက်တောင် မရေးချင်တော့ဘူးတဲ့၊ စိတ်ပျက်သွားပြီတဲ့၊ စိတ်ထဲ အနှောက်အယှက် ဖြစ်လွန်းလို့ ညတောင် အိပ်မပျော်ဘူးတဲ့
ဒါနဲ့ ကျနော်လည်း ကျနော်ကြုံခဲ့တဲ့၊ ကျနော်လည်း အဆဲခံခဲ့ရတဲ့ အကြောင်းလေးတွေ ပြောပြပြီး တတ်နိုင်သလောက် ဖြေသိမ့်ပေးခဲ့တယ်

သူလည်း သူရေးတဲ့ဟာသလေးတွေကြောင့် လူသိများတယ်
သူ့ပရိတ်သတ်တွေနဲ့ ရီစရာကွန်မန့်လေးတွေ အပြန်ပြန်အလှန်လှန် ရေးကြပြောကြ ရီကြမောကြနဲ့ပေါ့
ဒါကို အများပျော်ရွှင်နေတာ မကြည့်ရက် မမြင်ရက်တဲ့ တာတီးလို လူစားမျိုးတွေက၊ ရထားကို ခဲနဲ့ပေါက်လိုက်တာပါပဲ

5.
ဖေ့စ်ဘုတ်မှာ မထင်မရှား ပရိုဖိုင်းတွေနဲ့ အကောင့်တုတွေလုပ်ထားပြီး “ဘယ်သူဘာလုပ်လုပ် ဆဲမယ်” ဆိုတဲ့ လူတန်းစားတစ်ရပ် သီးခြားရှိပါတယ်။
လက်လှုပ်လက် ခြေလှုပ်ခြေ ဆဲတာပဲ
ကောင်းတာလုပ်လည်း ဆဲ
ဆိုးတာလုပ်လည်း ဆဲ
အီးပေါက်လည်း ဆဲ
အမြီးမြှောက်လည်း ဆဲ
ဘာမှမလုပ်လည်း ဆဲ
ဆဲ ဆဲ ဆဲ ချည်းနေတော့တာ

သူများတကာတွေ ဖေ့စ်ဘုတ်မှာ အပြန်ပြန်အလှန်လှန် ပြောကြဆိုကြ နောက်ကြပြောင်ကြ ရယ်ကြမောကြရင် သူတို့ မလိုလားဘူး၊ မကြည့်ရက်ဘူး မမြင်ရက်ဘူး
ဒီတော့ ဒီပွဲပျက်အောင် တာတီးလို တုတ်ကိုင်ပြီးကြိမ်းတော့တာပေါ့၊ ဆဲတော့တာပေါ့
သူပြောတာ ဆဲတာဆိုတာကို စိတ်ထဲမှာထားပြီး ခံစားနေရင် ကိုယ်ပဲ စိတ်ညစ်ပိန်ချုံးဖြစ်မယ်

ဒီတော့…
ကျနော်ကတော့ ကျနော်ကို လာဆဲရင် ဘာမှပြန်မပြောဘူး၊ ထုံးစံအတိုင်း Block လိုက်တာပါပဲ
ပါးစပ်ကလည်း တိုးတိုးလေးရေရွတ်လိုက်တယ်…

“ဘိုင့် ဘိုင် ကိုတာတီး”… လို့

သန်၎ကို-ပေါက်ကရရေးသည်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။