Golden Land Myanmar
ရောင်စုံဖန်သား ကမ်းခြေ
ရှာဖွေ တွေ့ရှိတဲ့ ထူးထူး ဆန်းဆန်း အကြောင်းအရာ လေး တစ်ခုက ရောင်စုံ ဖန်သား ေ လးေ တြ ပြည့်နှက် နေတဲ့ ပင်လယ် ကမ်းခြေ တစ်ခု အကြောင်းပါ။ အဲဒီ ဖန်သား ရောင်စုံ တွေ ကမ်း စပ်မှာ ရှိနေ တဲ့ နေရာ က အမေရိကန်၊ ကယ်လီ ဖိုးနီးယား ပြည်နယ် မြောက်ပိုင်း က Fort Bragg မြို့ ကမ်း ခြေ တစ်ခုမှာ ဖြစ်ပါ တယ်။ အောက်က ပုံတွေ မှာ ဖော်ပြ ထားတဲ့ အတိုင်း ပါဘဲ။ ကမ်းခြေ တစ်လျှောက် မှာ သဲတွေ နဲ့အတူ အရောင် စုံနေတဲ့ ကျောက်ခဲ ငယ်လေးတွေ အရွယ် ကြည်လင် တောက်ပ နေတဲ့ အရာလေး တွေ အများကြီး တွေ့ရ ပါလိမ့်မယ်။
ပုံမှာ မြင်တွေ့ ရတဲ့ အတိုင်း ပါဘဲ .. အရောင် တွေ စုံလင် လှပြီး ကြည်လင် တောက်ပနေ တာ ကို တွေ့ရမှာပါ။ ကမ်းစပ် မှာ ဖြစ်ပေါ် နေတဲ့ လှလှပပ ဖန်သားစလေးတွေဟာ တကယ်တမ်း တော့ လူတွေ က ပြုလုပ် သုံးစွဲ ကြတဲ့ ဖန်ထည်တွေ၊ ပုလင်း တွေ၊ ဖန်ကရား အိုးတွေ စသဖြင့် ဖန် နဲ့ ပြု လုပ်တဲ့ သုံးစွဲစရာ ပစ္စည်းတွေ ပင်လယ် တွင်း စွန့်ပစ် ကြရာ ကနေ ကွဲကြေ ပျက်စီးပြီး ပင်လယ်ေ ရလှိုင်းရဲ့ ကာလ ကြာရှည် တိုက်စားမှု ကြောင့် ဖြစ်ပေါ် လာရတယ် လို့ ဆိုပါတယ်။ လူတွေရဲ့ ပြု လုပ်ချက် ကြောင့် မဟုတ် ဘဲ သဘာဝ တရားရဲ့ ဆန်းကြယ် စွာ ဖန်တီးချက် ကြောင့် အခုလို အေ ရာင် စုံနေ တဲ့ ဖန်သား ကမ်းခြေ ( Glass Beach ) ရယ်လို့ ခေါ်ရ လောက်အောင် ဖန်သား ရောင် စုံေ တွ ကမ်းစပ်မှာ ပြည့်နေခဲ့တာပါ။
သို့သော်လည်း ထူးခြားချက်က အခုလို ဖန်သား ရောင်စုံ တွေဟာ အခြား ဘယ် ကမ်းစပ်မှာ မှ မ ရှိနိုင် ဘဲ ဒီနေရာ တစ်ခု တည်း မှာသာ ဖြစ်ပေါ် နေခဲ့တာပါ။ ပင်လယ်ရဲ့ ဆားငံရေ တွေက လူတွေ စွန့်ပစ် ထားတဲ့ ဖန် ပုလင်းတွေ အစ ရှိတဲ့ ဖန်ထည် တွေကို တိုက်စား လိုက်တာ ကြောင့် ဖန်ကွဲစေ လး တွေ ဟာ အစွန်းအတက် တွေ မရှိဘဲ မျက်နှာပြင် ဟာ ညီညာ ချောမွတ်၊ တော က်ပ နေခဲ့ ပါတယ်။ ပင်လယ်ရေ ကြောင့် ဖြစ်ပေါ် လာတဲ့ ( Sea Glass ) ဖန်သားစ လေးတွေ ဟာ အဖြူေ ရာင်၊ အညိုရောင် ၊ အစိမ်းရောင် တို့သာ များပေမဲ့ အခြားသော အရောင် များ ကိုလည်း ရှားရှား ပါးပါး တွေ့ရတတ် တယ် လို့ သိရပါတယ်.။ ခုလို ချောမွတ် တဲ့ ဖန်စလေးတွေ ဖြစ်အောင် ပင်လယ် ဟာ ဘယ်လောက် ကြာအောင်များ တိုက်စား ခဲ့တယ် ဆိုတာ မသိနိုင် လောက်အောင် အံ့သြ ဖို့ကောင်းနေ ပါတယ်။
အချို့သော သူတွေက ရောင်စုံ ဖန်သား ကမ်းခြေကို တကူးတက အလည်အပတ် သွားရောက် ကြရင်းနဲ့ အခု ဆိုရင် အဲဒီ ကမ်းခြေ ဟာ လူသိများတဲ့ ကမ်းခြေ တစ်ခု ဖြစ်နေခဲ့ပါပြီ။ ကမ်းခြေကို လာရောက် လည်ပတ် ကြသူတိုင်း ကလည်း ကမ်းစပ်က ဖန်သား ရောင် စုံလေးတွေ ကို ရှာဖွေေ ကာ က်ယူပြီး အမှတ် တရ အဖြစ် ယူဆောင် သွားကြ လွန်းလို့ နောက် ဆိုရင် ရောင်စုံ ဖန် သားေ လးေ တြ ရွားပါး သြားမွာ ကို စိုးရိမ်နေ ရပါတယ်။ ကမ်းခြေ အနီး တစ်ဝိုက် က ဆိုင်တွေ မှာတော့ ပင်လယ် ကမ်းစပ် က ရရှိ တဲ့ သဘာဝ ဖန်သားလေးတွေ နဲ့  ပုံစံတူ လူလုပ် ဖန်သားစေ့ ကေ လးတွေ ရောင်းချ တဲ့ ဆိုင်တွေ များပြား လာခဲ့ ပါတယ်။ ပင်လယ် ဖန်သားကျောက်လေးတွေ ကို ဖန်စီ ပစ္စည်းလေးတွေ ပြုလုပ် သလို၊ အခမ်း အနား ဧည့်ခံ ပွဲတွေမှာ လည်း အလှဆင် ပစ္စည်း အဖြစ် အသုံးပြု ကြပါတယ်။ ရေပန်းစား လူကြိုက်များ လာတဲ့ ပင်လယ် ဖန်သား စလေးတွေေ ကြာင့် အတုပြု လုပ်တဲ့ လူတွေ လည်း များပြား လာနေ ပါတယ်။
လူတွေဟာ အဲဒီကမ်းခြေ ကို ရောက်လာ ကြ တိုင်း လှပတဲ့ ရောင်စုံ ဖန်သားစလေး တွေ အမှတ် တရ အဖြစ် ကောက်ယူ စုဆောင်း ကြလွန်းလို့ ကြာလာရင် လှပနေ တဲ့ ကမ်းခြေ ဟာ ဖန်သားေ ရာင် စုံစလေး တွေ မရှိတော့ဘဲ Glass Beach ဆိုတဲ့ အမည်နဲ့ မလိုက်ဖက် အောင် အလှပျက် သွားမှာ ကို စိုးရိမ် စရာ ဖြစ်နေ ပါတယ်။ သဘာဝ တရား က လှပစွာ ဖန်ဆင်း ထားပေ မဲ့ အဲဒီ သဘာဝ ကိုလည်း လူတွေ က သာ ပြန်လည် ဖျက်ဆီး ပစ်နိုင် တာပါ။ ၁၉၅၀ ကနေ ၁၉၆၇ ခုနှစ် အထိ တုန်း ကတော့ ၄င်း ကမ်းခြေ ဟာ လှပ သာယာမှု မရှိ ဘဲ အမှိုက်တွေ ရှုပ်ပွ နေတဲ့ သာမန် ကမ်းခြေ တစ်ခု သာ ဖြစ်ခဲ့ ပါတယ်. နှစ်တွေ ကြာ လာတဲ့ အခါမှာ တော့ အမှိုက် သရိုက် တွေကို ဖယ်ရှား ရှင်းလင်း ပစ် ခဲ့ကြတဲ့ အခါ အရင်က ရှိခဲ့တဲ့ ဖန်ပုလင်း၊ ဖန်ပစ္စည်း တွေ ဟာ ရောင်စုံ ဖန်စလေး တွေ ဖြစ်နေ ခဲ့ပြီး သာယာတဲ့ ကမ်းခြေ တစ်ခု အဖြစ် ပြောင်းလဲ ပေးနိုင် ခဲ့ပါပြီ။ သို့သော် ခုချိန် မှာတော့ ဒီဖန်ရောင်စုံစလေး တွေ ကို ကောက်ယူ ခွင့်ကတ်သတ် ထားလိုက်ပြီ လို့ သိရပါတယ်။
ဖန်ရောင်စုံလေးတွေ ကို မကောက်ယူ ကြဘဲ ဒီအတိုင်း ထားထားမယ် ဆိုရင် အခုလို မြင်တွေ့ရတဲ့ အတိုင်း သဘာဝရဲ့ လက်ဆောင် တစ်ခု ဖြစ်တဲ့ ရောင်စုံ ကမ်းခြေ ဟာ ကြည်လင် တောက် ပ နေ တဲ့ ရောင်စုံ ဖန်သားလေး တွေနဲ့ ကြည်နူးဖွယ် လှပ တင့်တယ် နေဦး တော့မှာ သေချာ ပါတယ်။
ချော ( အစိမ်းရောင် လွင်ပြင် )

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။