Nine Nine Sanay @ နိုင်းနိုင်းစနေ
လူတိုင်းက အားသိပ်မစိုက်ထုတ်ရဘဲ တောင်ပေါ်အထိတက်လှမ်းနိုင်မယ့်လမ်းကို ရှာဖွေချင်ကြတယ်။ တောင်ထိပ်ရောက်ဖူးသူကို ဘယ်လမ်းက ပိုချောမွေ့သလဲလို့လည်း မေးတတ်ကြတယ်။ တောင်ထိပ်ရောက်ဖူးသူတွေက “တောင်ပေါ်ကိုရောက်ဖို့ ဖြတ်လမ်းမရှိဘူး။ လမ်းတိုင်းက ကွေးကွေးကောက်ကောက်၊ မတ်စောက်တာချည်းပဲ။ တောင်ထိပ်ကိုရောက်ချင်ရင် တစ်ခါတလေမှာ ချောက်ကမ်းပါးကိုလည်း ဖြတ်ကျော်ရတယ်”လို့ဆိုပါတယ်။
အောင်မြင်ခြင်းဆီသွားတဲ့လမ်းဟာလည်း ချောမွေ့နေမှာ ...မဟုတ်ပါဘူး။ တွေ့ကြုံရင်ဆိုင်မှ သင်ခန်းစာကိုရတယ်။ ကျရှုံးခြင်းကိုမခံစားဖူးရင် အောင်မြင်ခြင်းကိုလည်း တန်ဖိုးထားတတ်မှာ မဟုတ်ပါဘူး။ ကျရှုံးခြင်းကို မခံစားဖူးရင် မကျရှုံးဖို့ ကိုယ့်ကိုယ်ကိုအားပေးတတ်မှာ မဟုတ်ပါဘူး။ အောင်မြင်ခြင်းဆီသွားဖို့ ဖြတ်လမ်းမရှိပါဘူး။ ဒါပေမယ့် နည်းလမ်းရှိပါတယ်။ အဲဒီနည်းလမ်းက ကြိုတင်ပြင်ဆင်တာ၊ လက်တွေ့ကျကျ အကောင်အထည်ဖော် လုပ်ဆောင်တာပဲဖြစ်ပါတယ်။ (ထင်ရှားသူတို့၏ ဘဝပုံပြင် စာအုပ်မှ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။