Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, October 20, 2013

ဥပဒေအထက်ကသူများ....

 

ဥပဒေအထက်ကသူများ....

နိုင်ငံတော်ရဲ့ အချုပ်အချာ အာဏာ ပိုင်ရှင် ဟာ ပြည်သူ ဖြစ် တယ် လို့ ဖွဲစည်းပုံ အခြေခံ ဥပဒေမှာ ပြဌာန်း ထားပါတယ်။ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အဖွဲ့ ပေါင်းပြီး ဥပဒေ က မည်သို့ပင် ဆိုစေကာမူ ပြည်သူလူထုကို အထက်စီး က နိုင်လိုမင်းထက် ဆက်ဆံ နေနေတုန်းပါဘဲ။
စည်းကမ်းချက်များ၊ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များ ဟာ အထက်အရာရှိကြီးများလူကြီးသားသမီးများနှင့်၎င်းတို့၏အသိုင်းအဝန်းတို့နှင့် မဆိုင်ဘဲ အောက်ခြေလ...ူတန်းစားများအတွက်သာ ဖြစ်နေပါတယ်။အကြီးအကဲ များသည် ဥပဒေအထက်တွင်ရှိပြီး လိုသလို ခွစီးနေကြပါတယ်။ အဘယ့်ကြောင့် ယခုကဲ့သို့ ပြောပါသနည်း။ ရှင်းပါသည်။ ဥပဒေနှင့် ငြိစွန်း၍ အပြစ်ပေးခံ၊ အပြုတ်ခံ၊ ထောင်ချခံရသူများကို ကြည့်ပါက အောက်ခြေမှ လူများကိုသာ တွေ့နေရပါတယ်။

Saturday, October 19, 2013 ရန်ကုန်မြို့၊ ကမ္ဘာအေး ဘုရားလမ်း၊ မြန်မာ့ကျောက်မျက်ရတနာ ပြခန်း မျက်နှာချင်းဆိုင်ရှိ သူရိယအလင်း သတင်းဂျာနယ်တိုက်ကို အောက်တိုဘာလ ၁၈ ရက်နေ့ည ၁၂ နာရီခန့် က နေရွှေသွေးအောင်(ခေါ်)ဖိုးလပြည့် အပါအဝင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်၏သားနှင့် အပေါင်းအပါများက ဝင်ရောက်၍ ပစ္စည်းများ သိမ်းဆည်းသွားကြောင်း
“ညက ၁၁နာရီကျော်ကျော် လောက်မှာ ဖိုးလပြည့်နဲ့ အဖွဲ့တွေ ရောက်လာပြီး ရှေ့တံခါးကို ဖွင့်ခိုင်းတာ လုံခြုံရေး တာဝန်ခံက မဖွင့်ပေးတော့ မလွယ်ပေါက် ကနေ ဖွင့်ခိုင်းလို့ ကိုသစ်မင်းဆွေကို ဖွင့်ခိုင်း ပြီး ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်ရဲ့သား သူရိန်နဲ့ လူအရောက်နှစ်ဆယ်လောက် ဝင်လာပြီး ဂျာနယ် အပါအဝင် ပစ္စည်းတွေကို သိမ်းသွားတာ။ ရုံးမှာ ချန်ထားတဲ့ဂျာနယ် ၁၀၀ နဲ့ ပြန်သိမ်းလာတဲ့ ဂျာနယ် ၆၀၀ ရာလောက်ကော၊ ကွန်ပျူတာ ၂၂စုံက System ပုံး၁၄လုံး ဖြုတ်သွားတယ်။ အထဲဝင်ဝင်ချင်း CCTVကို စက္ကူနဲ့ အုပ်လိုက်တယ်။ ကျွန်တော်တို့ အခန်းမှာ ရှိတဲ့ CCTV ပုံးကိုလည်း ဖြုတ်သွားတယ်။ နည်းပညာသမား ကောင်းကောင်းပါ တယ် ဗျ။ အဲဒီတော့ ရကော့(record) မရတော့ဘူးပေါ့ဗျာ”ဟု အဆိုပါဂျာနယ်၏ ရှယ်ယာ ကိုးဆယ် ရာခိုင်နှုန်း ကို ပိုင်းဆိုင်ထားသည်ဆိုသော စီအီးအို အဖွဲ့ဝင် ကိုမိုးဝေက ပြောဆိုခဲ့ပါတယ်…။

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏ မြေး ဖိုးလပြည့်မှ ပြည်သူ့ ဝန်ထမ်း ယာဉ်ထိန်းရဲတဦးအား လက်သီးနဲ့ ထိုး ၊ ပါးရိုက် ၊ ရုံးခန်းအတွင်း ခေါ်ယူနှိပ်စက်ပြီး မိုက်ရိုင်းစွာပြုမူခဲ့4-3-2013 ရက်နေ့ (1400)ချိန် ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(9)ရပ်ကွက်၊ တက္ကသိုလ် ရိပ်သာလမ်းနှင့် အင်းယားလမ်း မီးပွိုင့်တွင် ယာဉ်ထိန်း တပ်ဖွဲ့စု(25)မှ လ 226993 တပ်သား စံသိန်းထွေး(ဘ) ဦးစံလှဘော်သည် ယာဉ်ထိန်း တာဝန်ဆောင်ရွက်နေစဉ် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏ မြေး ဖိုးလပြည့်မှ ပြည်သူ့ ဝန်ထမ်း ယာဉ်ထိန်းရဲတဦးအား လက်သီးနဲ့ ထိုး ၊ ပါးရိုက် ၊ ရုံးခန်းအတွင်း ခေါ်ယူနှိပ်စက်ပြီး မိုက်ရိုင်းစွာပြုမူခဲ့ပါတယ်….။

ttps://www.facebook.com/photo.php?fbid=255976221206589&set=a.150121365125409.32843.100003826406332&type=1&theater
https://www.facebook.com/photo.php?fbid=247890128681371&set=a.120486168088435.20789.100003811585215&type=1&theater
ဦးသန်းရွှေမြေးလက်သံပြောင်မှု ယာဉ်ထိန်းရဲ အတည်ပြု
http://blog.irrawaddy.org/2013/04/blog-post_12.html

မိုးကုတ်ဦးမြမောင်ဆိုလျှင် ရှေ့မီနောက်မီ ပုဂ္ဂိုလ်တို့ သိကြပါတယ်။ ဆွေမျိုးစဉ်ဆက်မည်မျှ ချမ်းသာကြောင်း ယခုတိုင် သားသမီးမြေးတို့ကိုပင် ဘဏ်အကောင့်ဖွင့်၍ငွေကြေးသုံးစွဲရန်ထားရှိခဲ့ကြောင်းအများသိပင်ဖြစ်ပါတယ်။ရန်ကုန်မြို့ လယ်ခေါင်မှာ နေ့ခင်းကြောင်တောင် ဓါးနဲ့ ထိုးမသတ်ဘဲ သေနတ်နှင့် ပစ်ချင်တိုင်း ပစ်ပြီး ကားမောင်းထွက်သွားတာကိုပင် မိအောင် မဖမ်းနိုင်သေးပါဘူး…။ လူအများငတ်မွတ် ခေါင်းပါး ဆင်းရဲနေရစဉ်မှာ"စိန်စီတဲ့ည" လို့ လူသိများပြီး၊ ဗိုလ်ချုပ်သန်းရွှေရဲ့သမီး မသန္ဒာရွှေ မင်္ဂလာဆောင်တော့ ခမ်းနားကြီးကျယ်စွာ ကျင်းပတာကို မြင်ရတော့ လူတိုင်းက အံ့သြ ဒေါသ ဖြစ်ခဲ့ကြရပါတယ်။ ၂၀၀၇ ခုနှစ်၊ ဧပြီလ မေမြို့ကို သွားကြတဲ့ ခရီးစဉ်တခုမှာ သူ့မြေး နေရွှေသွေးအောင်အတွက် တပ်မတော်ရဟတ်ယာဉ်ကို ရန်ကုန်လွှတ်ပြီး ဘဲကင် အ၀ယ်ခိုင်းခဲ့တယ်လို့လည်း ဆိုပါတယ်။ ၂၀၀၈ ခုနှစ်က သတင်းတခုအရ မန္တလေး ၂၂-လမ်းက သမာဓိရွှေဆိုင်မှာ ဗိုလ်ချုပ်သန်းရွှေ သမီးတွေက သန်းကျပ် ၁၀၀ ဖိုးလောက် ရွှေတွေ တချိန်တည်း ၀ယ်ယူခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာ တိုင်းပြည်ထဲက လူတဦး အတွက် ကျန်းမာရေးစရိတ်ကို ဒေါ်လာဆင့် ၄၀ လောက်ပဲ သုံးစွဲနေတဲ့အချိန်ပါ။ နောက်တခါ တရုတ်နိုင်ငံက တရုတ်- အာဆီယံစီးပွားရေး ဇုံဥယျာဉ်ထဲမှာ မြန်မာနိုင်ငံ အတွက်ရတဲ့ မြေကွက်ကို ဒုတိယသမီး မခင်ပြုံးရွှေက အမေရိကန်ဒေါ်လာ သန်း ၂၀၀ နဲ့ တရုတ်ကုမ္ပဏီ၂-ခုကို ပြန်ရောင်းချပေးခဲ့တယ်။ သူ့သားသမီးတွေအပါအ၀င် နီးစပ်တဲ့ ၀န်ကြီးတွေ၊ ဗိုလ်ချုပ်ကြီးတွေရဲ့ ခြစားမှု၊ အကျင့်ပျက် လာဘ်စားမှုတွေကို ဗိုလ်ချုပ်သန်းရွှေက မျက်ကွယ်ပြုထားခဲ့ပါ တယ်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေနှင့် ၎င်း၏ မိသားစုသည် အမေရိကန် ဒေါ်လာ သန်း နှစ်ထောင် (နှစ် ဘီလျှံ) ခန့် ချမ်းသာသည်ဟု ယူဆရသည်ဟု မြန်မာနိုင်ငံတွင်းရှိ နိုင်ငံခြား သံတမန် များကယခုနှစ် အစောပိုင်း ကတည်းက သုံးသပ် ထားကြကြောင်း ဥရောပ သံ အမှုထမ်း တစ်ဦး၏ မြန်မာ ၀ီကီလိခ်ထံ ပေးစာတွင် ဖော်ပြထားပါတယ်..။ ၀င်ငွေသည် တစ်နှစ်လျှင် သန်း ၃၀၀ ခန့်ဝင်ငွေရှိ နေပြီး စင်္ကာပူ နိုင်ငံ ၊ တရုတ်နိုင်ငံ ၊ မလေးရှားနိုင်ငံ ၊တောင်ကိုရီးယား နိုင်ငံ ၊ ဗီယက်နမ် နိုင်ငံ၊ ရုရှား ၊ ယူကရိန်း ၊ ဘီလာရပ်(စ) နှင့် အာရပ်နိုင်ငံ အချို့တွင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ မိသားစုဝင်များ၏ရင်းနှီးမြုပ်နှံမှုများ ရှိနေပြီးယူအေအီး နိုင်ငံ ဒူဘိုင်းမြို့ရှိ စူပါမားကတ် အချို့တွင်လည်း ရင်းနှီးမြုပ်နှံမှုများ ပြုထားသည်ဟု သိရပါတယ်…။အနှစ် နှစ်ဆယ် နီးပါးကြာ တိုင်းပြည်၏ သံယံဇာတ ကို လက်ဝါးကြီး အုပ်ထားသည့် မြန်မာ စစ်ခေါင်းဆောင်၏ ချမ်းသာမှုသည် မည်၍ မည်မျှ ရှိမည်ကို မည်သူမျှ အတိအကျ မသိနိုင်သော်လည်း ၎င်း ၏ သမီးဖြစ်သူ မသန္တာရွှေ မင်္ဂလာဆောင်မှာ တံစိုးလက်ဆောင် သဘောသဖွယ် ပဏ္ဍာ ဆက်ရသည် လက်ဖွဲ့မှ ဒေါ်လာ သန်း၁၀၀ ကျော်ရရှိခဲ့ပါတယ်…။

စင်္ကာပူနှင့် တရုတ်နိုင်ငံ များတွင် တိုက်တာ အိမ်ခြံမြေများ ၀ယ်ထားပြီး တရုတ်ပြည် ရှန်ဟိုင်း မြို့ နှင့် ယူနန် ပြည်နယ်၊ ရှန်ဆန်း ပြည်နယ် တို့တွင် အမေရိကန် ဒေါ်လာ ခြောက် သန်း ထက်မနည်း တန်းဖိုးကြီး အိမ်ရာများကို ၀ယ်ယူထားပြီးဖြစ်ပါတယ်…။
အထက်အရာရှိများအုပ်ချုပ်သူလူတန်းစားများကျူးလွန်သည်ကျတော့ရှိစေ။အောက်ခြေကလူတွေကျတော့ဥပဒေအရပါဆိုတဲ့စနစ်ကိုတိုက်ဖျက်ပစ်ရပါ မယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တရားမျှတမှုနှင့် အာဏာ ဆိုတာဟာ တစ်သီးတခြားစီ ဖြစ်နေပါတယ်။ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ ဥပဒေ ကျွမ်းကျင်သူတွေက ဥပဒေကို အဓိပ္ပါယ် ဖွင့်ဆိုရာမှာ လူထုအကျိုးစီးပွားထက် နိုင်ငံတော် အကြီးအကဲဆိုသူတွေရဲ့ အကျိုးစီးပွားကိုသာ အဓိကထားကြလို့ပဲဖြစ်ပါတယ်။ဒီလိုပုံစံမျိုးတွေ နှင့် ဥပဒေရေးဆွဲနေသမျှ ကာလပါတ်လုံး တရားမျှတမှု ဆိုတာ ရှိမှာမဟုတ်ပါဘူး။ တရားမျှတမှုအပေါ်မှာ အခြေခံပြီး အာဏာဆိုတာ ဒွန်တွဲနေတာပါ။ မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းကိုသွားနေပြီလို့ ဆိုကြပေမယ့် အရင်စစ်အစိုးရပုံစံအတိုင်း လုပ်ဆောင်နေဆဲဖြစ်နေဆဲဘဲ ဖြစ်တဲ့အတွက် ပြည်သူတွေပါဝင်တဲ့ စီမံကိန်းတွေ ဖြစ်လာမှာမဟုတ်သေးပါဘူး။

စာရွက်လေးတစ်ရွက် ဝေငှမိတဲ့ ကျောင်းသားလေးတစ်ယောက်ကိုတောင် အလွတ်မပေးဘဲ ဖမ်းဆီးတတ်တဲ့ တာဝန်ရှိသူတွေ ------ ဒါဘာသဘောလဲဆိုတာ ခင်ဗျားတို့ဖာသာပဲ ဖြေကြည့်ကြပါတော့ မိမိရဲ့ အသိဥာဏ်၊ အတွေးအခေါ်နဲ့ သေသေချာချာ ပိုင်းခြား၊ ချင့်ချိန် ဝေဖန်သုံးသပ်ပြီးတော့မှ လုပ်ကြပါ။ လူဟာလူပါပဲ၊ ဘာသာ၊ လူမျိုး၊ အသားအရောင်၊ ယဉ်ကျေးမှုတွေ၊ စကားတွေ တူချင်မှ တူပေမယ့် လူဖြစ်တာချင်းတော့ တူပါတယ်။ ဒါကြောင့် လူဟာ လူပါပဲ။
ဥပဒေနှင့်ပါတ်သက်လို့ -အထက်လူကြီး ဆိုသူများသည်ပင် ဥပဒေကို အမှန်တကယ် လိုက်နာခြင်း ရှိမရှိဆိုတာ သက်သေ သာဓကတွေ အများကြီးရှိခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်က အာဏာပိုင်အဖွဲ့အစည်းများဖြစ် သူများရဲ့ ပိုင်ဆိုင်မှု ပစ္စည်းစာရင်းတွေကောက်ယူဖို့ ညွှန်ကြားချက်ပေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးအချို့က မကျေမနပ်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။သူတို့ရဲ့နိုင်ငံတော်ဘဏ္ဍာတွေ ခိုးစားဖွက်စားတာတွေပေါ်မှာစိုးလို့ဝိုင်းပြီးကာကွယ်နေကြတာလေ။

အထက်လူကြီး ဆိုသူများသည်ပင် ဥပဒေနှင့် မငြိစွန်းသော လုပ်ငန်းများ လုပ်ကိုင်နေသလား၊ သန့်ရှင်းနေသလား၊ သမာဓိရှိရှိ နေထိုင် ကျင့်ကြံနေသလားဟု စဉ်းစားမိသည်။ မထင်ပါ။ န၀တမှ ပထမဦးဆုံးအကြိမ် ဖယ်ရှားခံရသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ၊ ထွန်းကြည်၊ မြင့်အောင် ၊ မောင်သင့် စသည်တို့သည် တစုံတရာ အရေးယူခံရခြင်း မရှိဘဲ လွတ်မြောက်နယ်မြေမှာ ပျော်ရွှင် မြူးတူးနေကြပါတယ်။

(နိုင်ငံပိုင်ငွေတွေကို ထုတ်ယူအလွဲသုံးစားပြုလုပ်ရာတွင် ပါဝင်မှု အမှတ် ၆/၁၃၊ ပြစ်မှုပုဒ်မ ၄၀၉)
ဆက်သွယ်ရေးဝါယာကြိုးများရောင်းချခဲ့ရာကမ္ဘာ့ပေါက်ဈေးထက်၁၀ဆဈေးကြီးပြီးရောင်းခဲ့သည်
http://www.facebook.com/photo.php?fbid=437942676297271&set=a.329330483825158.78075.322396224518584&type=1&theater
ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း (ဗိုလ်မှုးချုပ်ဟောင်း) နေအိမ်မှာကန်ဒေါ်လာ၂သန်းပါသော လက်ဆွဲအိတ်တခု သူ၏နေအိမ်တွင် သိမ်းဆည်းရမိခဲ့ပါတယ်။ဒေါ်လာသန်းချီ အလွဲသုံးစားလုပ်ခဲ့တဲ့ ဆက်သွယ်ရေးဝန်ကြီးဟောင်း သိန်းထွန်း ဘာကြောင့် အရေးယူ မခံရတာလဲ။
အရင် စက်မှု (၁) ဝန်ကြီးဟောင်း ဦးစိုးသိန်း(အခု သမ္မတရုံး ဝန်ကြီး) မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဆိုတဲ့ ဥက္ကဌထိုင်ခုံမှာ အမြိုင့်သားထိုင်ရင်း တိုင်းပြည်ကို ရောင်းစားနေသူတစ်ဦးလည်းဖြစ်ပါတယ်။ ၂၀၀၉-၂၀၁၀ လောက်တုန်းက မြန်မာ့မော်တော်ယာဉ်နဲ့ ဒီဇယ်အင်ဂျင်ထုတ်လုပ်မှုလုပ်ငန်းကနေ အမြတ်ငွေကို ၂ဆကျော်လောက်စာရင်းလိမ်ပြခိုင်းတဲ့ကိစ္စတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ တာတာကုမ္ပဏီနဲ့ ပူးပေါင်းပြီးတော့ ၁၀ ဘီးကားတွေ တစ်နှစ်ကို အစီးရေ (၁၀၀)ထုတ်ဖို့အကြောင်းကို လွန်ခဲ့တဲ့ နှစ်တွေမှာ ဂျာနယ်တွေ မီဒီယာတွေထဲမှာ ပါခဲ့ဖူးတာကို မှတ်မိကောင်း မှတ်မိနိုင်မယ့်သူတွေ ရှိပါတယ်။ မကွေးမှာ စက်ရုံတည်တော့ ကားပစ္စည်းအစိတ်အပိုင်းတွေကို ဆေးစိမ်တဲ့စက်ဝယ်ဖို့ပြင်ပါတယ်။ အဲဒီစက်တန်ဘိုးက အမေရိကန်ဒေါ်လာ (၇)သန်းလောက် တန်ပါတယ်။ ကာလတန်ဘိုးနဲ့သင့်ရင် မြန်မာငွေကျပ်သိန်းပေါင်း ခြောက်သောင်းသုံးထောင်ကျော်ရှိပါတယ်။ ဒီငွေတွေဟာ စက်ရုံနေ့စားအလုပ်သမားပေါင်း ၁၀၀၀ အတွက် (၇)နှစ်စာ ရှိပါတယ်။ သေးသေးလေးမဟုတ်ပါဘူး။
စက်မှု ၀န်ကြီးဌာန ယခင် စက်မှု(၁) ၀န်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်ဟာဆိုရင် သူ့လစာနဲ့မတန်လောက်အောင်ကိုချမ်းသာနေပါတယ် နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ သိန်း ၄၀၀၀ ကျော်တန်မြေကွက်နဲ့အိမ်တစ်လုံးချက်ချင်းဆောက်ခဲ့ပါတယ် ။ ပုဂံ(၁)လမ်း၊ ခြံအမှတ် ( ၃၂၁၅ ) ဖြစ်ပါတယ် .. လက်ရှိခေတ်ကာလ ပေါက်ဈေး သိန်း ၄၀၀၀ ကျော်တန်ပါတယ်။ ဒါတောင် နေပြည်တော်ကအိမ်ပဲရှိပါသေးတယ်။ ရန်ကုန်မှာတင် အိမ် ၃ လုံးရှိပါသေးတယ်။ DG တယောက်ရဲ့တရားဝင်လစာက ၂၀၀၀၀၀/-ဖြစ်ပါတယ်။ (၁)နှစ်မှ (၂၄)သိန်းပဲ ရှိတယ်။ စားသောက်စရိတ်(၄)သိန်းနုတ်ရင် သိန်း(၂၀)အသားတင်ကျန်ပါတယ်။ ဒါဆိုဘယ်လိုလုပ်ဒီလိုသိန်း ၄၀၀၀ ကျော်တန်အိမ်ကို ဆောက်နိုင်ပါသလဲစဉ်းစားကြည့်ပေးပါ။
ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃ဝ၂ (လူသတ်မှု)
၂၀၀၅ ခုနှစ် နှစ်ဆန်းပိုင်းလောက်က အမှတ်(၁) စက်မှုဝန်ကြီးဌာန၊ မြန်မာ့ ကြွေထည်မြေထည်လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး စိုးရီရဲ့ နေအိမ်မှာ အိမ်ဖော်ကလေးမလေး တစ်ယောက်ကို ဂေါက်တံနဲ့ ခေါင်းကို ရိုက်သတ်ခဲ့ပြီး သူမရဲ့  အလောင်းကို ဖျောက်ဖျက်ခဲ့တဲ့ ပြစ်မှုကြီးတစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ ရိုက်သတ်ခဲ့ပြီးတဲ့နောက် အင်းစိန်မြို့နယ်ရှိ ဒညင်းကုန်းရွာသို့ သေဆုံးသူ ကလေးမရဲ့  အလောင်းအား သွားရောက် မြှပ်နှံပေးဖို့နဲ့ အလောင်း ဖျောက်ဖျက်ပေးဖို့ ဦးပြုံးချို ကို အမိန့်ပေး ခိုင်းစေခဲ့ပါတယ်။ ဦးပြုံးချိုဟာ ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်စိုးရီရဲ့ ခိုင်းစေချက်ကြောင့် ဌာနဆိုင်ရာ အိမ်သုံးကားပေါ်မှာ ကလေးမရဲ့ အလောင်းကို တင်ဆောင်ကာ ဒညင်းကုန်းရွာ သင်္ချိုင်းကုန်း ရှိရာသို့ ညတွင်းချင်း သွားရောက် မြှပ်နှံဖို့ ကြိုးစားခဲ့ပါတယ်။ ရွာမှာ ရှိတဲ့ လူငယ် တချို့ဟာ မသင်္ကာဖွယ်ရာ ကားတစ်စီး ရွာပတ်လည်မှာ ဝေ့လည်လည် မောင်းနှင်နေကြောင်း တွေ့ရှိသွားကာ ကျေးရွာ ယရက မှ တဆင့် ရဲစခန်းသို့ အကြောင်းကြား ခဲ့ကြပါတယ်။ ရဲစခန်းက မသင်္ကာဖွယ်ရာ ကားကို သွားရောက်ခေါ်ယူ စစ်ဆေးရာက အလောင်း ဖျောက်ဖျက်မှုကြီး ဟာလည်း “ဗူး” ပေါ်သလို ပေါ်ခဲ့ရပါတယ်။ ဦးပြုံးချို ကိုလည်း ဖမ်းဆီးအရေးယူ ချုပ်နှောင်ထားလိုက်ပါတယ်။ ဗိုလ်မှူးကြီး စိုးရီဟာ အခုအငြိမ်းစား အပေးခံလိုက်ရတဲ့ ကာကွယ်ရေးစစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နဲ့ ညီအကိုအရင်း တော်စပ်တာကြောင့် ပြည်ထဲရေး ၀န်ကြီးဌာနကို သူတို့ရဲ့ အာဏာပါဝါ အစွမ်းကုန်သုံးပြီး လူအင်အား ငွေအင်အားနဲ့ အမှုမှန် မပေါ်ပေါက်အောင် မှေးမှိန်ဖျောက်ဖျက်ဖို့ ကြိုးစားကြပါတယ်။သေဆုံးသူ အိမ်ဖော်မလေးရဲ့ မိဘ ဆွေမျိုးတွေကို ပစ္စည်းခိုးယူလေဟန် အပြစ်ပုံချကာ ရိုက်လိုက်မိရာမှ မတော်တဆ လှေကားမှ ချော်လဲကျပြီး လိမ့်ကျသေဆုံးသွားကြောင်း မဟုတ်မမှန် လိမ်ညာပြောဆိုပြီး ငွေအနည်းငယ်ပေးကာ နှုတ်ပိတ်လိုက်ကြပါတယ်။ သေဆုံးသူ မိန်းကလေးရဲ့ မိဘဆွေမျိုးတွေဟာ ရိုးသားဖြူစင်ကြပြီး လူ့အသက်တစ်ချောင်းကို ငွေနဲ့ မလဲနိုင်ကြပေမဲ့ စစ်အရာရှိကြီးတွေရဲ့ နိုင်ထက်စီးနင်း လုပ်ခြင်း ခံရကာ အားမတန်လို့ မာန်လျော့ခဲ့ရပါတယ်။ ဒီလူသတ်မှုနဲ့ အလောင်းဖျောက်ဖျက်မှုကို စုံစမ်းဖော်ထုတ်ခြင်း အရေးယူခြင်း တစုံတရာ မရှိတော့လို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း သတင်းစာ ရှင်းလင်းပွဲတခုမှာ ပြောကြားခဲ့တဲ့ “တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူး” ဆိုတဲ့ စကားဟာ ပြည်သူတွေကြားမှာ ရယ်စရာ ဟာသတခု ဖြစ်နေရပါတယ်။
မြန်မာနိုင်ငံမှာတော့ အရှက်မရှိတဲ့ အာဏာပိုင် စစ်အရာရှိကြီးများဟာ အာဏာပါဝါကို အလွဲသုံးစား လုပ်ပြီး ဥပဒေကို လက်တစ်လုံးခြား ပြည်သူလူထု အပေါ်မှာနိုင်ထက်စီးနင်းလုပ်နေကြပါတယ်။ အမှန်တကယ်တော့ လွတ်လပ်မှုရှိပြီး လွှမ်းမိုးမှု မရှိတဲ့ သီးခြား အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသင့်ပြီး နိုင်ငံတော် မျက်နှာ တစ်ခုတည်းသာကြည့်ကာ ပြတ်ပြတ်သားသား ဆောင်ရွက်သင့်ပါတယ်။ ပြည်သူလူထုဟာ ယနေ့အချိန်အထိကို ဥပဒေရဲ့ အကာအကွယ်၊ ဥပဒေနဲ့ ချေပခွင့်ဆိုတာ လုံးဝ မခံစားခဲ့ရဘူး။
ဇော်ဝမ်းမောင်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။