သက်တန့်ချို
အချစ်ဆိုတာ ဘာလဲ
ကွန်နက်ရှင်မကောင်း၍ ဘာကို အပြစ်တင်ရမလဲ မသိဟုတွေးနေတာထက် နုတ်စ်တစ်ခုလောက်ရေးတာကောင်းမည်ဟုထင်သည် ။
ခေါင်းစဉ်ကို အချစ်ဆိုတာ ဘာလဲ ဟု ပေးချင်သည် ။ အချိန်တိုင်းအချစ်အကြောင်းရေးနေ၍ ခံစားချက်တွေပွင့်ထွက်၍ ဒီစာရေးသူ ဘာဖြစ်နေလဲဟုမမေးစေချင်ပါ ။
ကျွန်တော် ဘာမှမဖြစ်ပါ ။ ကျွန်တော်အချစ်ကို စိတ်ဝင်စားပါသည် ။ ကိုယ်လည်းချစ်ချင်သည် ။ ကိုယ်လည်းအချစ်ခံချင်သည် ။
၁ ။ အချစ်ဆိုတာ ကောင်းကျိုးလိုလားခြင်းတမျိုးလို့ ကျွန်တောကထင်တယ် နှစ်ဦးနှစ်ဖက်ပြေလည်နေသရွေ့ အချစ်ဆိုတာ ပြဿမရှိပါ ။
...

၂ ။ ပိုင်ဆိုင်လိုခြင်း နီးစပ်လိုခြင်း တွေဖြစ်လာလျှင် ပူလောင်ခြင်းက စတင်လာသည် ။ ပေးဆပ်လိုခြင်း သူပျော်ရင်ကိုယ်ကြည်နူးနေသမျှ ဘာမှ အပြစ်မရှိ ။ ပူလောင်မှုစတင်လာပြီဆိုလျှင်တော့ အချစ်သည် အနုတ်လက္ခဏာဖက်ရောက်သွားလေ့ရှိသည် ။
၃ ။ အချစ်အမျိုးမျိုးရှိသည့်အနက် ၁၅၀၀ အချစ်ကိုလည်း ကျနော်က ဖွဲ့ကြည့်ချင်သည် ။ အချစ်မှာ ပြေးသည်လိုက်သည်ဟု၍မရှိပါ ။ တစ်ယောက်ယောက်ပြေး၍ တစ်ယောက်ယောက်ကလိုက်နေပြီဆိုလျှင်အချစ်မဟုတ်တော့ ။ အတုသာဖြစ်လိမ့်မယ် ။ လက်ခုပ်နှစ်ဖက်တီးမှမြည်သော အချစ်သည် Game တစ်ခုမဟုတ်ဟု ကျွန်တော်မြင်သည် ။
၎ ။ အကျိုးတစ်ခုခုလို၍ ပေးဆပ်ခြင်းလား ဖြူစင်သော စေတနာဖြင့်ပေးဆပ်ခြင်းလားဆိုတာထက် ကောင်းကျိုးလိုလားခြင်းကိုဦးတည်သောအချစ်သည် ဖြူစင်နက်ရှိုင်းသည်ဟု ကျွန်တော်ထင်သည် ။
၅ ။ အချစ်တွင် နားလည်မှုကို အုတ်မြစ်ချ၍ စာနာမှုကို တည်ဆောက်သည် ။ ပျော်ရွှင်ချမ်းမြေ့ စေလိုစိတ်ကို ဦးတည်၍ မေတ္တာတရားကို ဖြန့်ကျက်သည် ။ စေတနာသည်အချစ်၏ တစိတ်တပိုင်းဖြစ်သည် ။
၆ ။ အချစ်မှာ ဝေးခြင်းနီးခြင်းမရှိ ပေးဆပ်ခြင်းရယူခြင်းမရှိ ပကတိဖြူစင်သော ရင်ခုန်သံဖြင့် တည်ဆောက်ထားခြင်းသာဖြစ်သည် ။
၇ ။ အချစ်၏ ပင်ကို ဂုဏ်သတ္တိမှာ ကြည်လင်သည် အေးမြသည် ။ မနာလိုခြင်း သ၀န်တိုခြင်းတို့ပေါင်းစပ်သောအခါ အချစ်သည် အနည်ထိုင်လာသည် အေးစက်လာသည် ရန်သူဆန်လာတတ်သည် ။
၈ ။ တစ်ဖက်ဖက်က သည်းခံပေးနေသ၍ ချစ်သူရောအချစ်ခံသူရော အဆင်ပြေပါသည် ။ နှစ်ဦးနှစ်ဖက်ချစ်သောအချစ်တိုင်းတွင် သာသည်ဟူ၍မရှိသလို နာသည်ဟူ၍လည်းမရှိပါ ။
၉ ။ အချစ်ကို အဓိပ္ပါယ်ဖွင့်ဆိုကြည့်လျှင် သင်တို့မှားမည် ။ အချစ်တွင် အဓိပ္ပါယ် ဟူ၍ သီးခြားမရှိ ။ ဘာကို ဘယ်နေရာမှာ ဘာအကြောင်းကြောင့်ဘယ်အချိန်ကချစ်သွားတယ်ဟူသော အကြောင်းပြချက်များသည် အချစ်မဟုတ် ။ လျှက်တပျက်အတွင်းအချစ်ဖြစ်နိုင်သလို ရင်ခုန်သံ ထူးထူးဆန်းဆန်း တစ်ချက်ထိခတ်လိုက်ခြင်းမှလည်းအချစ်ဖြစ်နိုင်သည် ။
၁၀။ အားကိုးချင်သည် အနိုင်ယူချင်သည် ပျော်စေချင်သည် ကိုယ်မှ လွဲ၍ ဘယ်သူ့ကိုမှ မချစ်စေချင် ကိုယ့်အတ္တကို တခါတရံ ရှေ့တန်းတင်တတ်သည် ။ ထို့ကြောင့် ရယူလိုမှု အရင်းခံသောအချစ်ထက် မေတ္တာ အရင်းခံသောအချစ်ကသာ အေးမြစေပါသည် ။
လူတစ်ယောက်ကို ၂၄ နာရီ၏ နာရီအများစုမှာ သတိရနေပါသလား ။
သင်သူ့ကို ချစ်နေမိပြီဖြစ်သည် ။
( သက်တန့်ချို )

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။