YoYarLay
ကမ္ဘာ့ဈေးအကြီးဆုံး Laptop ကွန်ပျူတာ Luvaglio
ကမ္ဘာ့ဈေးအကြီးဆုံး Laptop ကို ထုတ်လုပ်သူကလည်း အင်္ဂလန်ကပဲ ဖြစ်ပါတယ်။ Luvaglio အမည်ရ ဇိမ်ခံပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီမှ ၂၀၁၂ နှစ်ဆန်းက ဖန်တီးလိုက်တဲ့ Laptop ဖြစ်ပါတယ်။
တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁ သန်းရှိပါတယ်။ အဓိက ဈေးကြီးသွား တဲ့အပိုင်းကတော့ စိန်ပဲ ဖြစ်ပါတယ်။ Start up Buttom ကို စိန်နဲ့ဖွင့်ရမှာ ဖြစ်ပါတယ်။ ယင်းစိန်ကို Laptop ပိုင်ဆိုင်သူ အား ပေးထားမှာ ဖြစ်ပါတယ်။ ဒါကြောင့် လုံခြုံရေး အဆင့်မြင့်ပြီး စိန်တုံး ရှိသူမှသာ ဖွင့်လို့ရမယ့် Laptop ဖြစ်ပါတယ်။ စိန်ကို ကြိုက်နှစ်သက်ရာ အမျိုးအစား ရွေးချယ်ခွင့်ပေးထားပါတယ်။ သို့ပေမယ့် Luvaglio မှာရောင်းချတဲ့ စိန်အားလုံးဟာ ကမ္ဘာ့ရှားပါးဈေး...ကြီး စိန်များသာ ဖြစ်ပါတယ်။

Latop ကို Case ထဲမှာ ထည့်သွင်းပြီး အသုံးပြုလိုတဲ့ Case သတ္တုအမျိုးအစားနဲ့ သားရေ အရောင်ကိုလည်း စိတ်ကြိုက် ရွေးချယ် ရမှာ ဖြစ်ပါတယ်။ သေချာချုပ်လုပ်ပေးထားတဲ့ Hand made –Case ဖြစ်ပါတယ်။ အတွင်းက Hardware များကတော့ ပုံသေမရှိပါ ဘူး။ ပြောင်းလဲသွားတဲ့နည်းပညာအလိုက် Up grade လုပ်ပေးမှာ ဖြစ်တဲ့ အတွက် အသုံးပြုမယ့် Hard disk က အစ နောက်ဆုံပေါ် ကိုသာ အသုံးပြုမှာ ဖြစ်ပါတယ်။
ကြိမ်းသေပါမှာကတော့ 128 solid State drive, USB stick, MP3 Player တို့ဖြစ်ပြီး အခြား Graphic Card တို့ကတော့ ခေတ်အလိုက် တပ်ဆင်ပေးမှာ ဖြစ်ပါတယ်။ ၁၄ လက်မ အလင်းမပြန် Anti-reflective glare coating သုပ် LED ဖန်သား မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။
ယင်း Laptop ကို စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီးများသာ ဇိမ်ခံပစ္စည်းအဖြစ် ဝယ်ယူပါတယ်။ ကြိုတင်ပြုလုပ်ထားခြင်း မရှိပဲ မှာယူသူ ရှိမှသာ Luvaglio ကဖန်တီးပေးခြင်း ဖြစ်ပါတယ်။ Sample အနေနဲ့ ဖန်တီးပေးထားတဲ့ Luvaglio ရဲ့Laptop တစ်လုံးရဲ့ ပေါက်ဈေးဟာ အမေရိကန် ဒေါ်လာ ၁ သန်းရှိတဲ့အတွက် ကမ္ဘာ့ဈေးကြီးဆုံး Laptop အဖြစ် သတ်မှတ်ထားကြပါတယ်။
Ref:www.Luvaglio.com
ရိုးရာလေး နည်းပညာ
-
http://www.yoyarlay.com/science-tech/134-inventions/36002-luvaglio-laptop

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။