Royal Hero Media
ကမ္ဘာ့ဈေးအကြီးဆုံး iPhone 5 ကာဗာ
ကမ္ဘာ့ဈေးအကြီးဆုံး iPhone 5 ကာဗာကို Natural Sapphire ကုမ္မဏီမှ တီထွင် ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၁ သိန်း တန်ဖိုး ရှိတဲ့အတွက် မြန်မာငွေနဲ့တွက်ရင် သိန်း ၉၀၀ နီးပါး တန်ဖိုးရှိမှာ ဖြစ်ပါတယ်။
ဈေးကြီးရတဲ့အကြောင်းက ရွှေ၊ စိန်၊ ကျောက်မျက်ရတနာများ စီခြယ်ထားလို့ ဖြစ်ပါတယ်။ ရွှေဖြူ 18kt, အပြာရောင် Ceylon ကျောက် ၂၈၃၀ လုံး - အပါအဝင် အားလုံး စုစုပေါင်းတော့ ၁၆၉.၈ ကာရက် ရှိပါတယ်။ Apple လိုဂိုကိုကျတော့ ၂.၂၈ ကာရက်ရှိတဲ့ အပန်းရောင် ပတ္တမြား ၃၈လုံး စီခြယ်ထားပါတယ်။ အပေါ်က အစိမ်းရောင် သစ်ရွက် လိုဂိုလေး ကျတော့ သေချာ ထုစစ်ထားတဲ့ ရှားပါး ကျောက်စိမ်း တစ်မျိုးနဲ့ ပြု လုပ်ထားခြင်း ဖြစ်ပါတယ်။
ဒါကြောင့် ကာဗာတန်ဖိုး တစ်ခ...ုတည်းနဲ့တင် အမေရိကန်ဒေါ်လာ ၁ သိန်း တန်သွားခြင်း ဖြစ်ပါတယ်။ မြန်မာပြည်ကလည်း လိုချင်သပ မှာယူမယ်ဆိုရင် လည်း Natural Sapphire က လုပ်ပေးမှာ ဖြစ်ပါတယ်။ ဒီတော့ သိန်း ၁ ထောင်လောက်ရှိရင် ကာဗာတစ်ခု လှလှလေးတော့ လုပ်နိုင်မှာ ဖြစ်ပါတယ်။

Nature Sapphire လုပ်လိုက်တဲ့ iPhone 5 ကာဗာကတော့ ကမ္ဘာ့ဈေးအကြီး ဆုံး iPhone 5 ကာဗာ အဖြစ် စံချိန်တင်သွားပါတယ်။
--
Ref: Zurmart.
ရိုးရာလေး နည်းပညာ
--
Ref: Zurmart.
ရိုးရာလေး နည်းပညာ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။