Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, June 1, 2013

သေချာစွန့်ပစ် ပလက်စတစ်

 
Kyaw H Aung with Hlaing Bwa and 31 others
သေချာစွန့်ပစ် ပလက်စတစ်
-------
ဒီတစ်ခေါက် မြန်မာပြည်ပြန်တော့ အလယ်အလတ်စား ဟိုတယ်တစ်ခုပေါ်တည်းမယ်ဆိုပြီး ဘုတ်ကင်းလုပ်လိုက်ပါတယ်။ ဟိုတယ်ဝန်ထမ်းက အခန်းကို လိုက်ပြပြီး ဘေးတံခါးဖွင့်ကြည့်လိုက်တော့ နောက်ဘက်မှာ ဘေးနားတိုက်တာအဆောက်အဦးတွေက ပစ်ချထားတဲ့ အမှိုက်ပုံကို သွားတွေ့ပါတယ်။ အများစုက ပလက်စတစ်တွေဖြစ်နေတာကို တွေ့ရတယ်။

မွေးရပ်ဇာတိစစ်တွေကို ပြန်ပါတယ်။ အင်မတန်သာယာလှတဲ့ ပွိုင့်ကမ်းခြေကို ရောက်ပါတယ်။ စစ်တွေဟိုတယ်နားက စားသောက်ဆိုင်တွေမှာ စားပြီး သောင်ပြင်ပေါ်လမ်းလျှောက်တော့ သောင်ပြင်တစ်လျှောက် ပလက်စတစ်အိတ်တွေက ပျံ့ကြဲနေတယ်။ ကျနော်တို့တွေအတွက် သဘာဝက ဖန်ဆင်းပေးထားတဲ့အလှကို စွန့်ပစ်ထားတဲ့ ပလက်စတစ်အိတ်တွေက ဖျက်ဆီးပစ်လိုက်တယ်။ အကျည်းတန်လှတယ်။
...

ရခိုင့်နောက်ဆုံးထီးနန်းစိုက်ရာ မြို့ရွှေမြောက်ဦးကို ရောက်ပါတယ်။ မြို့ဟောင်းရဲ့ အထင်ရှားဆုံးတစ်ခုလို့ ပြောလို့ရတဲ့ ရှစ်သောင်းနဲ့ ထုက္ကံသိမ်ပုထိုးတော်ကြီးကို ဖူးဖို့ သွားပါတယ်။ မရောက်ခင် ကိုက်တစ်ထောင်ကျော်ကျော်က ဓာတ်ပုံရိုက်မယ်ဆိုပြီး လုပ်ပါတယ်။ ဘေးနားက ချောင်းနားလေးမှာ ပလက်စတစ်ပုံကြီးကို သွားတွေ့ပါတယ်။ ကျနော်တို့ရဲ့ ဂုဏ်ယူစရာကောင်းလှတဲ့ သမိုင်းအမွေကို ပလက်တစ်ပုံကြီးက ကျက်သရေတုံးစေတယ်။ အကျည်းတန်လှတယ်။

အကိုကြီး ကိုစိုးသန့်အောင်ရဲ့ ကျောက်တော်ဆိပ်ကမ်းပျက်စီးနေပုံ ဖေ့ဘုတ်ပေါ်တက်လာတယ်။ သွားကြည့်တော့ ဘေးနားတ၀ိုက်မှာ ပလက်စတစ်ပုံတွေကို သွားတွေ့တယ်။ ကျောက်တော်မြို့မှ လှိုက်လှဲစွာ ကြိုဆိုပါ၏ (ပလက်စတစ်အမှိုက်ပုံကြီးနဲ့) ဆိုသလို ဖြစ်ကုန်တယ်။ မြို့ကျက်သရေကို အ၀င်ဝကတည်းက ညစ်ပတ်စေတယ်။ အကျည်းတန်လှတယ်။

မနေ့က စစ်တွေမြို့ ဘီလူးမချောင်း (မြို့လည်ချောင်း)ကို ပြုပြင်မယ်လို့ ဖတ်လိုက်ရတယ်။ သေချာတယ်ဆိုရင် အရမ်းပျော်စရာပါ။ ဒီချောင်းလေးဟာ ငယ်ငယ်တုန်းက ကျနော်တို့ ငါးရှာခဲ့တဲ့နေရာ။ အဲဒီတုန်းက sanitation လည်း ဂရုမစိုက်အားပဲ ချောင်းထဲဆင်းပြီး ငါးရှာခဲ့တဲ့ နေရာ။ ဦးဥတ္တမလမ်းပေါ်က တံတားလေးနားမှာ ငယ်ငယ်တုန်းက ငါးရှာရင် ၆ လက်မလောက် အရှည်ရှိတဲ့ “ငါးခလေး” (ဗမာလို ငါးကျည်း လို့ ခေါ်မယ်ထင်တယ်။) တွေကိုတောင် တွေ့ပါတယ်။ ပုဇွန်လေးတွေကိုလည်း တွေ့တယ်။ ဒါပေမယ့် နောက်ပိုင်းတော့ ထိန်းသိမ်းမှုမရှိတော့ ချောင်းက တိမ်ပြီး ဘေးနားက အိမ်တွေမှာ အမြဲတမ်း ရေတက်ခံရတယ်။ ဒီတစ်ခေါက်ပြန်လို့ ဦးဥတ္တမလမ်းတံတားလေးကနေ ဖြတ်တော့ ရေမတွေ့ပဲ ပလက်စတစ်ပုံကြီးကိုသာ တွေ့ပါတော့တယ်။

မလေးရှားနိုင်ငံ မလက္ကာ မြို့ (Malacca, ယခင် ရခိုင်မင်းသား ဒေါင်းမာတင် ပေါ်တူဂီရေတပ်နဲ့အတူ သွားလာနေခဲ့သည့် မြို့) ကို ရောက်ဖြစ်တယ်။ မြို့လည်ချောင်းကို သေချာထိန်းသိမ်းထားပြီး ခရီးသွားဧည့်သည်တွေအတွက် ဘုတ်လေးစီးပြီး လည်လို့ရအောင် လုပ်ထားတယ်။ အမေရိကန်ပြည်ထောင်စုက တချို့မြို့တွေ ဥပမာ - အင်ဒီယားနားပို့လစ် မှာ ဆိုရင် တူးမြောင်းတောင် တူးပြီး အပန်းဖြေနေရာအဖြစ် သွားလာနေလို့ရောက်အောင် လုပ်ပေးထားတယ်။
သဘာဝအလှအပတွေကို ကျနော်တို့နိုင်ငံမှာလည်း သေချာထိန်းသိမ်းနိုင်ရင် ဘယ်လောက်ကောင်းနိုင်မလဲ။ အထူးသဖြင့် ပလက်စတစ်အခြေအနေက အရမ်းဆိုးရွားနေတယ်။

သမုဒ္ဒရာထဲမှာ Gyre လို့ ခေါ်တဲ့ ပတ်လည်စီးဆင်းနေတဲ့ ရေစီးကြောင်းတွေရှိတယ်။ လူတွေက စွန့်ပစ်လိုက်တဲ့ Biodegradable မဖြစ်တဲ့ အရာတွေဟာ decompose မဖြစ်ပဲ ပင်လယ်သမုဒ္ဒရာထဲမှာ ဝေ့လည်မျှော်နေကြတယ်။ တချို့က Plastic Ocean ပလက်စတစ် သမုဒ္ဒရာလို့တောင် ခေါ်လာနေကြတယ်။ ဟာဝိုင်ယီကျွန်းဟာ အရမ်းလှပတယ်။ ဒါပေမယ့် ဟာဝိုင်ယီ ကျွန်းရဲ့ မြောက်ဘက် သမုဒ္ဒရာတစ်နေရာမှာ ရှိတဲ့ Gyre လေးတစ်ခုမှာ ပလက်စတစ် အမှိုက်ပုံကြီးကိုကျတော့ လူတွေက မမြင်ချင်ယောင် ဆောင်နေကြတယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက ဝေဖန်ကြတယ်။

ကုန်းတွင်းနေနဲ့ သင်္ဘောတွေပေါ်က စွန့်ပစ်လိုက်တဲ့ ပလက်စတစ်တွေဟာ ရေနေသတ္တ၀ါတွေကို လက်ရှိအခြေအနေမှာ ထိခိုက်နေတယ်။ ပလက်စတစ်အစလေးတွေဟာ နေအထိုးမှာ အရောင်လက်တော့ ငါးတွေက စားမိရာကနေ ဆို့ပြီး သေတဲ့ ငါးတွေအများအပြားရှိတယ်။ တခါ ငါးတွေကို ငှက်တွေက စားပြန်တော့ ငှက်တွေမှာလည်း ပလက်စတစ်ကို အစာမကြေနိုင်ပဲ သေပြန်တယ်။

ဒီဘက်နိုင်ငံတွေမှာ ပလက်စတစ်ကို အစားထိုးဖို့ နည်းလမ်းအချို့ ရှိနေပြီ။ ဥပမာ - ပြောင်း၊ ဂျုံတွေမှာ ပါတဲ့ ကစီဓာတ်တွေကို ဖယ်ယူပြီး အမျှင်ရှည်လေးတွေ လုပ်၊ ပြီးတော့ pellet အရွယ် အစေ့လေးတွေဖြစ်အောင်လုပ်ပြီး၊ ဇွန်းခရင်းတွေ စတဲ့ ပလက်စတစ်အစားထိုးပစ္စည်းတွေကို ဖန်တီးနေကြပြီ။ မြန်မာနိုင်ငံမှာက အဲဒီလိုအစားထိုးနည်းတွေ မရှိလေသေးတော့ သုံးတဲ့ပလက်စတစ်တွေကို တတ်နိုင်သလောက် recycle လုပ်ဖို့ လိုမယ်။ မြို့နိုင်ငံတွေမှာ အကျည်းတန်နေတာတွေကို အစိုးရအပါအ၀င် အားလုံး တက်ညီလက်ညီ ပူးပေါင်းဖြေရှင်းမှ တော်ကာကျမယ်။ အမြဲတမ်းအစိုးရကို အပြစ်တင်နေရုံနဲ့လည်း မပြီးဘူး။ ကိုယ်ကိုယ်တိုင်ကလည်း စည်းကမ်းတကျ စွန့်ပစ်ဖို့ လိုမယ်။ အစိုးရကလည်း အမှိုက်သိမ်းစနစ်ကို ကောင်းကောင်းစီမံပေးဖို့လိုမယ်။ လမ်းပေါ်မပစ်အောင် ပြည်သူပိုင်နေရာတွေမှာ အမှိုက်ပုံတွေ စီစဉ်ပေးထားဖို့ လိုမယ်။

မြန်မာနိုင်ငံသားတွေဟာ ဂရုဏာတရား ပြည့်တဲ့လူတွေပါ။ လူထုအခြေပြုအဖွဲ့အစည်းတွေ များများဖွဲ့ပြီး ပူးပေါင်းပါဝင်ဖို့ လိုလိမ့်မယ်။ အထူးသဖြင့် လူငယ်လေးတွေရဲ့ role က အရေးကြီးတယ်။ ပိုက်ဆံချမ်းသာတဲ့ လူတွေကလည်း ဘုရားဆောက်ဘုန်းကြီးကျောင်းပဲ လှူရုံမဟုတ်ပဲ ကိုယ့်မြို့ရွာအတွက်၊ သဘာဝပတ်ဝန်းကျင်အတွက်လည်း လုပ်ချင်စိတ်ရှိတဲ့ လူတွေကို ကူညီထောက်ပံ့ပေးရလိမ့်မယ်။ အကျည်းတန်မှုတွေကို ၀ိုင်းဝန်းရှင်းလင်းပေးကြရင် ကမ္ဘာလှည့်ခရီးသွားဦးရေ တိုးပွားလာမှု စတဲ့ လူမှု၊ စီးပွားရေးဆိုင်ရာ အကျိုးခံစားခွင့်တွေ ကို ပြန်လည်ခံစားလာကြရမှာပါပဲ။

သန့်ရှင်းတဲ့ လူ့ဘောင်ကို ၀ိုင်းဝန်းတည်ဆောက်ကြပါစို့။ ။
ကျော်ထူးအောင်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။