Popular Journal
“၁၆နှစ်”
-----------------------------
ရေးသားသူ-အိန္ဒြာကျော်ဇင်
-----------------------------
အူဝဲနဲ့များစွာခင်မင်ရင်းနှီးရတဲ့ ပေါ်ပြူလာတောင် ၁၆နှစ်အပျိုပေါက်လေး အရွယ် ရောက်နေပြီ။ ၁၆နှစ်အရွယ်ဆိုတော့ စိတ်ကစားတတ်တဲ့ အရွယ်မဟုတ်လား။ ဒီလို ၁၆နှစ်အရွယ်အပျိုးလေးအူဝဲဆီမှာထူးခြားတဲ့ မွေးနေ့လက်ဆောင်လိုချင်တယ်တဲ့၊ ဒါပေမဲ့ သူတောင်းတဲ့ မွေးနေ့လက်ဆောင်က အမှတ်တရစာမူလေးတစ်ပုဒ်တဲ့။ အူဝဲအံ့သြသွားရတယ်။ အင်း.. အူဝဲအလုပ်ကြီးတစ်ခုစတင်ရပါတော့မယ်။ ခေါင်းလည်း ခြောက်ရပါတော့မယ်။
စာမရေးခင် အူဝဲတစ်ခုတွေးမိတာက ဒီလို။ ဘာပဲဖြစ်ဖြစ် ၁၆နှစ်သမီးရယ်လို့ ဖြစ်လာဖို့ ပြုစုပေးတဲ့ ပေါ်ပြူလာ သမီးပျိုလေးရဲ့ မိဘတွေကို ချီးကျူးမိတယ်။ ဒီသမီးလေးအပျိုရွယ်လေး ဖြစ်လာတဲ့အထိ ပြုစုပျိုးထောင်ရတဲ့ အခက်အခဲတွေကို အူဝဲခံစားမိတာပေါ့။ အူဝဲလည်း မိခင်တစ် ယောက်ပဲလေ။၁၆နှစ်အထိတိုင်သမီးလေးကို အနာအစာတစ်ခုမှမရှိဘဲ ပျိုးထောင်ခဲ့တာမို့ လေးစား မိပါတယ်။ဇွန် ၃ဝရက်နေ့ဆို ပေါ်ပြူလာက ၁၆နှစ်ပြည့်ပြီ။ ဒီတော့ပေါ်ပြူလာအပျိုစင်လေးအတွက် အူဝဲပေးချင်တဲ့လက်ဆောင်ဆုမွန်ကလည်း အူဝဲ၁၆နှစ်ပြည့်ကျော် ၁၇နှစ်က ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အတိတ်အမှတ်တရတွေပေးသင့်တယ် တွေးမိတယ်။ အပျိုစင်လေးပေါ်ပြူလာရယ်.. လူတိုင်းမှာ အတိတ်ဆိုတာရှိတယ်။ ဇွတ်အတင်းမေ့ပျောက်ထားလို့ရတဲ့ အတိတ်ရှိသလို၊ တစ်ခါတရံတော့လည်း အတိတ်ဆိုတာ အတိတ်မှာပဲ။ ကျန်ရစ်ခဲ့ပြီးမေ့မေ့ပျောက်ပျောက် ဖြစ်နေရာက မိတ်ဟောင်းဆွေ ဟောင်းတွေနဲ့ ပြန်ဆုံလို့တစ်ခါ အတိတ်ကနေရာဟောင်းတွေဆီ ပြန်ရောက်ရလို့ အဟောင်းတွေက အသစ်ပြန်ဖြစ်ရတာတွေရှိတယ်။ သြော်..အခု ပေါ်ပြူလာက၁၆နှစ်ပြည့်မှာအူဝဲ ရဲ့ အတိတ် ၁၆နှစ်အရွယ်တုန်းက အမှတ်တရတွေ ပြန်သတိရ ရပြန်ပြီ။ ၁၆နှစ်အရွယ်တုန်းက ၁ဝတန်း စာမေးပွဲဖြေပြီး တက္ကသိုလ်တက်ဖို့စောင့်နေတဲ့အချိန်၊ တစ်နေ့အားလပ်နေတာနဲ့ နေ့စဉ်သတင်းစာ ကို ဖတ်ကြည့်တော့ မော်ဒယ်ပြိုင်ပွဲတစ်ခုသွားတွေ့တာ။ ငြိမ်ငြိမ်နေတာ ဝါသနာပါလို့လားမသိ ဘူး။ ဘေးနားကတိုက်တွန်းတာနဲ့ အဲဒီပြိုင်ပွဲဝင်ပြိုင်တယ်။ နောက် မစ္စကုက္ကိုင်းဆုရတယ်။ ပြီးတော့ ာင်် ထဒာေ်် ရတယ်။ အဲဒီကနေစလိုက်တဲ့အနုပညာပိုးဟာအခုချိန်ထိပဲ။ာငျတွေရပြီး မြဝတီ၊ မြန်မာ့အသံတို့မှာလည်း ရုပ်သံအူဝဲရိုက်ကူးခွင့်တွေရလာတယ်။ ပြီးတော့ ကြော်ငြာတွေရိုက်ကူးရ တယ်။ နောက်ဗီဒီယို၊ ရုပ်ရှင်တွေရိုက်ကူးရတယ်။ အိုက်တင်ပညာကိုလည်း လေ့လာရင်း အနုပညာ အလုပ်ကိုကြိုးစားလုပ်တယ်။ အူဝဲအနုပညာကို ဘယ်လောက်ချစ်သွားလဲဆိုတာ ဆရာဦးမီးပွား ရိုက်ကွင်းမှာ အိုက်တင်လွန်သွားလို့ မတော်တဆချော်ကျပြီး ဒဏ်ရာရ၊ ဦးနှောက်အာရုံကြောထိပြီး ဆေးရုံကို တစ်ပတ်တောင်တက်တဲ့အထိပါပဲ။
၁၆နှစ်တုန်းက အမှတ်တရတွေက တကယ့်ကိုများပါတယ်။ ပြောင်းလဲမှု တွေကလည်းများလာပြီ။ပေါ်ပြူလာမှာက အူဝဲတို့အနုပညာရှင် မောင်နှမ တွေရဲ့ ပုံတွေ၊ စကားတွေ သတင်းအထူးပြုရေးသားတင်ပြလို့ အူဝဲ တို့မောင်နှမတွေ အားလုံးကိုယ့်ပုံကိုယ့် စကားကို ပြန်ပြီး ကြည့်ကြ ဖတ်ကြတာလည်း ၁၆နှစ်တောင်ရှိခဲ့ပြီ။ ၁၆နှစ် တုန်းက အူဝဲလုပ်တဲ့ ပရဟိတကိုရော၊ ၁၆နှစ်ကျော်လို့ အသက်ရလာပြီး လုပ်တဲ့ ပရဟိတ အလှူတွေကိုပါ ပရိသတ်တွေ မုဒိတာပွားနိုင်အောင် ပေါ်ပြူလာကနေ တစ်ဆင့်ပရိသတ်တွေကသိကြတယ်။သာဓုခေါ်ကြတယ်။၁၆နှစ်အရွယ် ကလေးဘဝကလို အမေကိုချွဲဖို့အချိန်လည်း မရသလို၊ အူဝဲကိုယ်တိုင် အမေဖြစ်လာပြီ။ ကိုယ်တိုင်အိမ်ထောင်ရှင်မ တစ်ဦးအနေနဲ့ သားသမီးရေးကို ဦးဆောင်လုပ်လာရပြီ။ ကိုယ်တိုင် နေထိုင်ရှင်သန်ခွင့်အသက် အရွယ် သက်တမ်းကိုမခန့်မှန်းနိုင်ပေ မယ့်အပျိုစင်လေး ပေါ်ပြူလာ ကိုတော့ ၁၆ နှစ်မှနောင်နှစ် ပေါင်းမြောက်များစွာ တိုင် စာပေကို ချစ်မြတ်နိုးတဲ့၊ အများအကျိုးဆောင်တဲ့ ဂုဏ်သတင်းမွှေး ပျံ့နေမှာ ပါလို့ ယုံကြည်မျှော်လင့် ပါတယ်။
မေတ္တာဖြင့်
အိန္ဒြာကျော်ဇင်
(ယခုဆောင်းပါးမှာဇွန် ၂၃ရက်နေ့ (တနင်္ဂနွေနေ့ )ထုတ်
ပေါ်ပြူလာနယ်အတွဲ(၁၇)အမှတ်(၂၄)မှဖြစ်သည်။)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။