04 June 2013 |By Health Digest
မြီးကောင်ပေါက် အရွယ်မှာ မိန်းကလေး တွေဟာ ပိုပြီး အထွားမြန်တာ လူတိုင်း သတိပြုမိ ကြပါလိမ့်မယ်။ ဒါကြောင့် သူတို့လေးတွေ နေ့စဉ် လိုအပ်တဲ့ ကယ်လို အကောင်းဆုံး ပါဖို့ လိုတယ်။ သို့သော် ဆယ်ကျော်သက် မလေး တွေဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး သင့်တင့် မျှတတဲ့ အစား အစာရွေးချယ် စားသောက်လေ့ မရှိတာကြောင့် လိုအပ်တဲ့ အာဟာရဓာတ် မရရှိကြပါ။
ဥပမာ - ပြောရလျှင် ကယ်လ်စီယမ် တို့၊ သံဓာတ်တို့ မလုံလောက်တော့ အရိုးပါး ရောဂါတွေ၊ သံဓာတ်ချို့တဲ့ သွေးအားနည်း ရောဂါတွေ ဖြစ်လာ နိုင်ပါတယ်။ မိဘများ အနေဖြင့် မိမိတို့ အိမ်မှာရှိတဲ့ မြီးကောင်ပေါက် မလေး တွေ အာဟာရ ဓာတ်လုံလောက် ပြည့်ဝဖို့ အထူး အာရုံစိုက် ထားသင့် ပါတယ်။
ဥပမာ - အစိမ်းရင့်ရောင် ဟင်းရွက် အမျိုးမျိုး၊ အရောင်ပါတဲ့ သစ်သီးတွေ၊ နွားနို့ ၈ အောင်စဝင် တစ်ဖန်ခွက် စသည်တို့ နေ့စဉ်ပါအောင် ကျွေးပေးပါက အရပ်ရှည် သလို ဥာဏ်လည်း ထက်မြက်စေတယ်။ နေ့လယ်မှာ သရေစာ အဖြစ် ဒိန်ချဉ်၊ သစ်သီး လတ်လတ် ဆတ်ဆတ်များ၊ ဆီကြော်မပါ ပြောင်းဖူးပြုတ်၊ ပဲပြုတ်၊ ကန်စွန်းဥ ပြုတ်၊ ဖရဲသီးလို ဟာမျိုးတွေ ကျွေးနိုင်တယ်။ မြန်မာ မုန့်တွေလည်း ဥပမာ ကြက်ဥ ခေါက်မုန့်၊ မုန့်လုံးရေပေါ်၊ မုန့်ကျွဲသဲ စသည်တို့ဟာ ဆီမပါပါဘူး။ ရေခဲ သေတ္တာထဲ အချိုရည်တွေ ထည့်မပေးပါနဲ့။ ကိုယ်တိုင် လည်း သူတို့ရှေ့ ခဏခဏ စားပြတာ၊ သောက်ပြတာ မလုပ်သင့်ပါ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။