Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, June 2, 2013

သက်သက်လွတ်စားတိုင်း ကျန်းမာရေးကောင်းနိုင်ပါသလား

 
Myanmar News Update
သက်သက်လွတ်စားတိုင်း ကျန်းမာရေးကောင်းနိုင်ပါသလား
သက်သက်လွတ်စားသူတွေဟာ အခွံမာသီး (Nuts)၊ ထမင်းကြော်၊ အာလူးကြော်နဲ့ အကြော်စုံတွေလို အဆီများတဲ့ အစာစားတတ်ကြပါတယ် ။ ဟင်းအချို့မှာ ပါဝင်တဲ့ အုန်းဆီနဲ့ စားအုန်းဆီတွေဟာပြည့်ဝဆီတွေမြင့်မားစွာ ပါရှိပြီး သွေးတွင်း ကိုလက်စထရော အဆင့်ကို မြင့်တက် စေနိုင်ပါတယ်။ ဥအမျိုးမျိုးနဲ့ နွားနို့ကိုပါ စားသုံးတဲ့သူတွေ Lactoovo vegetariansဟာလည်း ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေစားသုံးမိနေကြပါတယ်လို ။ တစ်ပတ်ကို ဥသုံးလုံးထက် ပိုမစားသင့်ပါ။

မလိုင်အပြည့်ပါဝင်တဲ့ နွားနို့အစား အဆီမပါဝင်တဲ့ နွားနို့နဲ့ ဒိန်ချဉ်ကို စားသုံးသင့်တယ်လို့ ဆိုပါတယ်။ ကျန်းမာရေးအတွက် ပိုကောင်းတာ ဒါမှမဟုတ် ပိုဆိုးတာဖြစ်စေဖို့အတွက် အသားနဲ့ အရွက်တေ...ွ နှစ်မျိုးစလုံးစားသုံးမယ့် အစား ဟင်းသီးဟင်းရွက်ပဲစားဖို့ မလိုအပ်ဘူးလို့ ဆိုပါတယ်။ အရေးကြီးဆုံးက အာဟာရ ညီညွတ်ဖို့ပဲ လိုပါတယ်။ ဟင်းသီးဟင်းရွက်သာစားတဲ့ ရောဂါတချို့ရှိသူတွေဟာ ဆရာဝန်နဲ့ပြသပြီး အကြံဥာဏ် ယူသင့်ပါတယ်။
ဥပမာ ကျောက်ကပ်ရောဂါရှိသူတွေဟာ ပိုတက်စီယမ်ပါဝင်မှုများတဲ့ ငှက်ပျောသီး၊ ဒူးရင်းသီးနဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို သတိထားပြီးစားရပါမယ်။ ကျောက်ကပ် ပျက်စီးနေတဲ့အတွက် ပိုတက်စီယမ်အဆင့်ကို ပုံမှန်ဖြစ်နေအောင် မထိန်းထားနိုင်တဲ့အတွက် သွေးတွင်းပိုတက်စီယမ်အဆင့်တွေ မြင့်တက်နေရင် နှလုံးခုန်နှုန်းစည်းချက်
မမှန်တာတွေ ဖြစ်တတ်လို့ပါ။
ကျောက်ကပ်ရောဂါရှိသူတွေ အနေနဲ့ ဟင်းသီးဟင်းရွက်တွေကို မချက်ပြုတ်ခင်မှာ သူတို့မှာပါဝင်တဲ့ ပိုတက်စီယမ်တွေ လျော့သွားအောင် နာရီအနည်းငယ်ခန့် ရေစိမ် ထားသင့်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။ ဟင်းသီးဟင်းရွက်၊ အစေ့နဲ့ အသီးတွေကို အစိမ်းစားမယ်ဆိုရင်လည်း အစာမှအဆိပ်သင့်တာမခံရလေအောင် ဘုံပိုင်အောက်မှ ထွက်လာတဲ့ ရေနဲ့စင်အောင်ဆေးကြောပြီးမှ စားသင့်ပါတယ်။ သက်သက်လွတ်စားလေ့ ရှိသူတွေမှာ အောက်ပါ အာဟာရဓာတ်တွေချို့တဲ့ နိုင်ပါတယ်။
သံဓာတ်
အပင်မှရရှိတဲ့ သံဓာတ်ကို ခန္ဓာကိုယ်က ကောင်းကောင်းမစုပ်ယူနိုင်တဲ့အတွက် သွေးအားနည်း ရောဂါရရှိနိုင်ပါတယ်။ သံဓာတ်ဟာ အစိမ်းရောင်ဟင်းရွက်များ၊ သဖန်းသီး၊ ပဲအမျိုးမျိုးနဲ့ အစိမ်းရောင် ပန်းဂေါ်ဖီမှာ ပါဝင်ပါတယ်။
ကယ်လ်စီယမ်
ကယ်လ်စီယမ်ဟာ တိုဟူး၊ အစိမ်းရောင်ပန်းဂေါ်ဖီ၊ အစေ့၊ အခွံမာသီး၊ ကိုက်လန်နဲ့ ပဲတွေမှာ ပါဝင်ပါတယ်။
အသားဓာတ်
အပင်တွေမှာ ခန္ဓာကိုယ်တည်ဆောက်ဖို့အရေးကြီးတဲ့ အချို့ Amino acids တွေ ပါဝင်မှု နည်းပါတယ်။ အသားဓာတ်ဟာ ပဲအမျိုးမျိုး၊ အခွံမာသီး၊ အစေ့နဲ့ ပဲပိစပ်တို့မှာ ပါဝင်ပါတယ်။
ဗီတာမင် B12
အပင်စာအများစုမှာ ဇီဝရုပ်ဖြစ်ပျက်ဖို့လိုအပ်တဲ့ ဗီတာမင် B12 တွေ မပါဝင်တတ်ပါဘူး။ ဗီတာမင် B12 ချို့တဲ့ရင် ဦးနှောက်ပျက်စီးရောဂါ (Dementia) ရတတ်ပါတယ်။ ဗီတာမင် B12 ပါဝင်တဲ့ အားဖြည့်ဆေးသောက်ပါ။
Omega- 3 Fatty Acids
နှလုံးရောဂါပြဿနာဖြစ်နိုင်ခြေနဲ့ ကိုလက်စထရောအဆင့် လျော့ကျစေနိုင်ပါတယ်။ သီဟိုဠ်စေ့၊ ပဲပိစပ်မှ Omega- 3 Fatty Acids ကို ရရှိနိုင်ပါတယ်။
Mg Mandalay

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။