Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, June 7, 2013

မိမိဘဝကို စတင်ချစ်မြတ်နိုးလာစေဖို့ နည်းလမ်း (၁၀)ခု-

 
Tun Wai
မိမိဘဝကို စတင်ချစ်မြတ်နိုးလာစေဖို့ နည်းလမ်း (၁၀)ခု-

မိမိဘဝကို မုန်းတီးကြောင်း၊ မိမိမှာ ရှိတာတွေနဲ့ ပျော်ရွှင်မှုမရှိကြောင်း ညည်းညူနေတဲ့လူတွေ အများကြီးရှိပါတယ်။ ဒီသဘောထားတွေ သင့်မှာလည်း ဖြစ်နေမယ်ဆိုရင် သင်လည်းပဲ ချမ်းသာမှ၊ မိတ်ဆွေတွေ အများကြီးရှိမှ၊ ကျော်ကြားမှ၊ ပြည့်စုံတဲ့ မိသားစုတစ်ခုရှိမှ ပျော်ရွှင်နိုင်လိမ့်မယ်လို့ တွေးထင်ထားတဲ့ လူတွေထဲက တစ်ဦးပဲ ဖြစ်နေပါလိမ့်မယ်။ ဝမ်းနည်းဖွယ်ကောင်းတာက သင် မှားနေပါပြီ။ နောက်တစ်ကြိမ် “ငါ့ဘဝကို မုန်းတယ်”လို့ ပြောမိတဲ့အခါ “ငါ သေချင်သလား”လို့ မိမိကိုယ်ကို မေးစေချင်ပါတယ်။ ဒါဟာ ပြင်းထန်လွန်းပုံ ရှိပေမယ့် သင် အသေအချာ စဉ်းစားကြည့်စေချင်ပါတယ်။ သင် အသက်ရှင်နေသမျှ ပျော်ရွှင်နိုင်ပါသေးတယ်။ ပြီးတော့ သင့်ဘဝအခြေအနေတွေ တိုးတက်လာအောင်လုပ်ဖို့ အခွင့်အရေးလည်း အမြဲရှိနေပါတယ်။ အောက်မှာ နည်းလမ်းဆယ်ခု ပေးထားပါတယ်။

(၁) သင့်ဘဝရဲ့ ကောင်းတဲ့အရာတွေအပေါ် အာရုံစိုက်ပါ သင်ဟာ ကောင်းတဲ့အရာ တစ်ခုခုကိုမှ မစဉ်းစားနိုင်ဘူးဆိုရင် မကောင်းတဲ့အတွေးတွေကိုပဲ ဆက်လက်စွဲကိုင်ထားနေမိမှာပါ။ မကောင်းတဲ့ အတွေးတွေကို ဖယ်ထုတ်ပစ်လိုက်ပါ။ သင့်ဘဝမှာ သင်တကယ် မြတ်နိုးရတဲ့အရာတွေက ဘာတွေလဲ။

(၂)မညည်းညူပါနဲ့ သင်ဟာ ဘဝကို မချစ်ခင်တတ်ဘူးဆိုလျှင်ပင် အဲဒီစကားမျိုး တစ်ချိန်လုံး ပြောနေဖို့ မလိုအပ်ပါဘူး။ သင့်ဘဝကို မချစ်ဘူးလို့ ပိုပြီးပြောလေ သင့်မှာ မကောင်းတဲ့ အတွေးအခေါ်တွေ ပိုပြီးအားကောင်း လာလေပါပဲ။

(၃) သင့်ဘဝကို အခြားလူတစ်ယောက်နဲ့ မနှိုင်းယှဉ်ပါနဲ့ သင့်ဘဝဟာ အခြားလူတစ်ယောက်ရဲ့ ဘဝနဲ့ တစ်ထေရာတည်း ဘယ်တော့မှ မတူညီနိုင်ပါဘူး။ သင်ဟာ အခြားလူတစ်ယောက်မှာ ရှိနေတဲ့အရာတွေအပေါ် အချိန်အများကြီးပေး အာရုံစိုက်နေမယ်ဆိုရင် အဓိပ္ပာယ် မရှိပါဘူး။ (အခြားသူတစ်ယောက်မှာ သင့်ထက်သာတာ) တစ်ခုခု ရှိနေမယ်ဆိုရင် သင့်ကိုယ်ပိုင် အောင်မြင်ပျော်ရွှင်မှု ရရှိဖို့အတွက် အခြားသူတစ်ယောက်ရဲ့ အောင်မြင်မှုကို တွန်းအားအဖြစ် အသုံးချနိုင်ပါတယ်။ ဒါပေမယ့် သင့်မှာမရှိတာတွေအတွက်နဲ့တော့ ဝမ်းနည်းနေစရာ မလိုအပ်ပါဘူး။

(၄) သင်ချစ်မြတ်နိုးတဲ့ အရာတွေကို ပိုပြီးပြုလုပ်ပါ သင့်မှာ အချိန်ရမယ်ဆိုရင် သင့်ကို ပျော်ရွှင်စေမယ့် အရာတွေ အများကြီး ပြုလုပ်လိုက်မှာပဲလို့ မကြာခဏ ညည်းညူပြောဆို မိပါသလား။ တကယ်တော့ ဒါတွေဟာ မမှန်ကန်ပါဘူး။ သင့်မှာ အချိန်ရှိပါတယ်။ သင်ဟာ အချိန်ကုန်လွန်းမယ့် အရာတွေကို ပြုလုပ်နေဖို့ မလိုအပ်ပါဘူး။ စကားလုံးပဟေဠိဝှက်ပါ၊ တိရစ္ဆာန်လေးတွေနဲ့ ကစားပါ၊ ဒါမှမဟုတ်လည်း လမ်းလျှောက်ပါ။ နေ့စဉ်နေ့တိုင်း သင့်ကို ပျော်ရွှင်မှုဖြစ်စေမယ့်အရာ အနည်းဆုံး တစ်ခုလောက်တော့ ကြိုးစားပြုလုပ်ကြည့်ပါ။

(၅) ဘဝဟာ အမြဲ ပြောင်းလဲနေတယ်ဆိုတာ နားလည်သဘောပေါက်ပါ သင့်မှာ ကောင်းမွန်ပြည့်စုံတဲ့ အလုပ်မရှိတဲ့အတွက်ကြောင့် ၊ ဒါမှမဟုတ် သင်ဖြစ်ချင်သလို ငွေကြေးအခြေအနေ ပြည့်စုံမှု မရှိတဲ့အတွက်ကြောင့် စိတ်ဓာတ်ကျနေမယ်ဆိုရင် သင့်ရဲ့ လက်ရှိအခြေအနေဟာ လက်ရှိအခြေအနေပဲလို့ နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။ အခြေအနေတွေဟာ အမြဲတမ်း ပြောင်းလဲနေပါတယ်။

(၆) လူကောင်းတွေကြားမှာ နေထိုင်ပါ သင် ဆက်လက်ပေါင်းသင်ရမယ့် အပေါင်းအသင်းတွေကို ဂရုစိုက်ရွေးချယ်ပါ။ သင်ဟာ ညည်းညူတတ်သူတွေ၊ မကောင်းမြင်စိတ်ဓာတ်ရှိသူတွေကို အမြဲပဲ ပေါင်းသင်းနေသလား။ ဒါဆိုရင်တော့ သင့်ရဲ့ ပျော်ရွှင်မှုအပေါ် သူတို့ရဲ့ မကောင်းတဲ့ အဆိုးမြင် သဘောထားတွေ အကျိုးသက်ရောက်လာနိုင်ဆိုတာ သဘောပေါက်သင့်ပါတယ်။

(၇) အခြားသူတွေကို ကူညီပါ အခြားသူတွေကို ကူညီပေးဖို့ ပိုပြီးတော့ အာရုံစိုက်လေ သင့်ဘဝကို ညည်းညူဖို့ အချိန်နည်းလေပါပဲ။ ဒါတင်မကသေး…အခြားသူတွေကို ကူညီခြင်းက သင့်ကို တကယ်ပဲ ပျော်ရွှင်စေနိုင်ပါတယ်။

(၈) တီဗွီကြည့်ချိန် လျှော့ပါ ကြော်ငြာတွေရဲ့ အလုပ်က သင့်ဘဝဟာ ပြည့်စုံလုံမှု မရှိဘူး၊ သင့်ဘဝ တိုးတက်ဖို့အတွက် နောက်ဆုံးပေါ် အဝတ်အစားတွေ၊ အသုံးအဆောင်တွေနဲ့ ယာဉ်တွေကို ဝယ်ယူဖို့ လိုအပ်တယ်လို့ ပြောပြဖို့ပါပဲ။ ဒီ အလိမ်အညာ စကားတွေအပေါ် နားမယောင်မိပါစေနဲ့။

(၉) သေးငယ်တဲ့ အရာလေးတွေကို နားလည်ခံစားတတ်ပါ သင်ဟာ သဘာဝလောကကို သေသေချာချာ ကြည့်ဖူးပါသလား။ မိုးကောင်းကင်၊ တိရ စ္ဆာန်တွေနဲ့ မြစ်ချောင်းတွေ စသည်ဖြင့်ပေါ့။ ဒါတွေဟာ အလွန်ကို လှပပါပေတယ်။ ဘဝကို အရှိအတိုင်း ရှာဖွေပြီး နားလည်ခံစားတတ်ဖို့ ကြိုးစားပါ။

(၁၀) သင့်ဘဝကို ဂရုမစိုက်ဘဲ မနေဖို့ သတိရပါ သင်ဟာ ဘဝကို ပိုပြီးတော့ ချစ်မြတ်နိုးတတ်ချင်တယ်ဆိုရင် သင့်အတွက် အချက်အလက်အချို့ကို ဖော်ပြချင်ပါတယ်။ သင်ဟာ ဝမ်းနည်းဖွယ် အရာတွေအတွက်ပဲ အချိန်ပိုကုန်ပြီး အရာများစွာကို နားလည်သဘောပေါက်ဖို့ အချိန် သိပ်မပေးခဲ့ရဘူးဆိုရင် ဘဝကို ပိုပြီးတော့ ဂရုမစိုက်ဘဲ နေမိတတ်ပါတယ်။ သင်ဟာ ခုချိန်ကစပြီး နှစ်ပေါင်းများစွာ သင့်ဘဝကို ပြန်ကြည့်ရင်း ညည်းညူမှုတွေနဲ့ မကောင်းမြင်မှုတွေအပေါ် သင့်ရဲ့အချိန်တွေ ကုန်ဆုံးခဲ့ရတဲ့အတွက် မပျော်မရွှင် ဖြစ်ချင်မိမှာ မဟုတ်ပါဘူး။ သင့်မှာ အခွင့်အရေးရှိနေတုန်း စတင်ပြုလုပ်လိုက်ပါ။ အကောင်းမြင်စိတ်ဓာတ်မွေးပါ။ ပျော်ပျော်ရွှင်ရွှင် နေထိုင်ပါ။ ဘဝကို ချစ်မြတ်နိုးပါ။





မူရင်း နေလင်းအောင်

Saturday, June 8, 2013
Ref: 10 Ways to Start Loving Life by Aja Trinidad
ပြန်လည်မျှဝေပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။