ကျန်းမာရေးစာတိုများစုစည်းမှု
အယ်လ်ကိုဟော အခြေခံလက်ဆေးဆပ်ပြာရည်က အရေပြားကို ခြောက်သွေ့စေ …………
လက်တွေကို ဆေးကြောပေးတာဟာ ရောဂါကာကွယ်ခုခံရေးမှာ အဓိကကျပါတယ်။ ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနဲ့ ဖန်းဂပ်စ်မှိုပိုးတွေဟာ လူတစ်ယောက်ရဲ့ လက်မှ အသုံးအဆောင် ပစ္စည်းတွေဆီ ပျံ့နှံ့ရောက်ရှိသွားပါတယ်။
အဲဒီအသုံးအဆောင် ပစ္စည်းတွေကို ကိုင်မိတဲ့ သင့်လက်ဆီမှာ ပိုးကပ်ညိပါလာပြီး အဲဒီက တစ်ဆင့် မျက်စိ၊ နှာခေါင်း၊ ပါးစပ်နဲ့ ခန္ဓာကိုယ်တွင်း စနစ်ဆီ ပျံ့နှံ့ရောက်ရှိကာ ဖျားနာစေနိုင်ပါတယ်။ ဒါကြောင့် လက်ဆေးခြင်းဟာ ရောဂါကာကွယ်ရေးအတွက် အကောင်းဆုံးနည်းလမ်းပါပဲ။
ဒါပေမဲ့ လက်ကို အယ်လ်ကို ဟောအခြေခံတဲ့ လက်ဆေးဆပ်ပြာရည်နဲ့ ဆေးကြောဖန်များရင် လက်တွေခြောက်သွေ့တာ၊ အက်ကွဲတာနဲ့ အနာဖြစ်တာတွေ ဖြစ်တတ်ပါတယ်။ လက်မှာ ဒ...ဏ်ရာရှိနေရင် ပိုးမွှားတွေ ပိုမိုကပ်ညိလာနိုင်ပါတယ်။

လက်ကို ဆပ်ပြာနဲ့ ရေရနိုင်တဲ့အခါမှာ ဆပ်ပြာနဲ့ ရေသုံးပြီး ဆေးသင့်သလို မရနိုင်တဲ့အခါမှာလည်း အယ်လ်ကိုဟော အခြေခံတဲ့ လက်ဆေးဆပ်ပြာရည် သုတ်လိမ်းပြီး သန့်စင်ပေးသင့်ပါတယ်။ လက်ဆေးပြီး လက်အရေပြားတွေ ခြောက်သွေ့နေတယ်လို့ ခံစားရရင်တော့ အစိုဓာတ်ထိန်းခရင်မ် (Moisturizer)လိမ်းပေးပါ။
ဒီခရင်မ်သုံးသော်လည်း လက်က ခြောက်သွေ့နေဆဲဆိုရင် ညဘက်မှာ ရေနံဂျယ်လီ (Petroleum Jelly) လိမ်းပြီး လက်အိတ်ဝတ်ထားပေးပါ။
Health
Post from-Myanmar faCeb()()k Society

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။