04 June 2013 |By Popular News
မြန်မာနိုင်ငံက အိမ်ရှင် အဖြစ်ကျင်းပမယ့် ၂၇ ကြိမ် မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကြီး ကို ဒီဇင် ဘာလအတွင်းမှာ ကျင်းပတော့ မှာဖြစ်ပါတယ်။ အားကစား နည်း ၃၃ မျိုးထည့်သွင်း ကျင်းပမယ့် ဆီးဂိမ်း ပြိုင်ပွဲကြီးကို ဒီဇင် ဘာ၁၁ကနေ ၂၂ အထိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ ငွေဆောင် နေရာလေးခုမှာ ကျင်းပမှာပါ။
ဆီးဂိမ်းပြိုင် ပွဲကြီး နီးကပ်လာတာနဲ့ အမျှ ပရိသတ်တွေ တက်တက်ကြွကြွ အားပေးမှု တွေနဲ့ စည်ကားေ စဖို့အတွက် ပေါ်ပြူလာ ဂျာနယ် ကနေ အနုပညာရှင်တွေနဲ့ ကစားနည်းတွေကို တင်ဆက်ခဲ့ ပါတယ်။ ဆီးဂိမ်း ပြိုင်ပွဲကြီး ကျင်းပဖို့ ၂၈ ပတ်သာလို တော့တဲ့ အချိန်မှာတော့ဂေါက်သီးရိုက်အား ကစားနည်းကို အနု ပညာရှင် နန်းဆုရတီစိုးနဲ့ ရိုက်ကူးတင်ဆက်လိုက်ပါ တယ်။
အနုပညာရှင် တစ်ယောက်အနေနဲ့ ဆီးဂိမ်း ပြိုင်ပွဲကြီးကို ပြည်သူတွေ ကြားထဲ ပြန့်နှံ့ အားပေးကြအောင် လှုံ့ဆော်ရတာ ဘယ်လိုခံ စားရလဲလို့ နန်းဆုရတီစိုးကို မေး ကြည့် တော့ “ဆီးဂိမ်းပြိုင်ပွဲကြီးကအလှည့် ကျအနေနဲ့နှစ်လေးဆယ်လောက် ကြာမှလုပ်ခွင့်ရတာ။ ပြည် သူတွေကို ဆီးဂိမ်းပြိုင်ပွဲ ကြီးနဲ့ပတ်သက်ပြီး အနုပညာရှင်တစ်ယောက်အနေနဲ့ ပါဝင် လှုံ့ဆော်ခွင့်ရတာ ဝမ်းသာပါတယ်။ ကိုယ့်နိုင်ငံက ပါဝင်ယှဉ်ပြိုင်ကြမယ့် အားကစား သမားတွေကို နိုင်ငံသားတွေ အနေနဲ့ အားပေးရာလည်း ရောက် တယ်လေ။
အနုပညာ ရှင်တွေ တစ်တပ်တစ်အား ပါဝင်ခြင်းက လည်းသူတို့ကိုအားတက်ေ စမယ်လို့ထင်ပါတယ်။ပြိုင်ပွဲမှာ ကိုယ့်ရဲ့ နိုင်ငံကို ဆုတံဆိပ်တွေ အများကြီး ရစေချင်တယ်။ နန်းဆုတို့ကတော့ ပြိုင်ပွဲရဲ့ နောက်ဆုံး အချိန်၊ နောက်ဆုံးမိနစ် အထိ ကိုယ့်မြန်မာနိုင်ငံကို အားပေးသွားမယ်။ ကိုယ်ရစေချင်တဲ့ အတိုင်း ဆုတံဆိပ်တွေ အများကြီး ရမယ်လို့မျှော် လင့်ပါတယ်။
ဒါပေမဲ့ပြိုင်ပွဲ တစ်ခုကတော့ ကိုယ့်ကြိုးစားမှုနဲ့ ကံလည်း အများကြီးပါပါတယ်” လို့ ပြောတယ်။ ဂေါက်သီးရိုက်ကစားနည်းနဲ့ ပတ်သက်ပြီး “ဂေါက်ရိုက်တာက အစ်ကိုတို့၊ မောင်လေးတို့ ကစားရင် ကစားခိုင်းတာတို့ ဘာတို့ဆိုရင် ကစားဖြစ်တယ်။ အပျော်တမ်း လောက်ပဲ ကစားပါတယ်။ ဂေါက်ရိုက်တာက စနစ်တကျ နဲ့အာရုံစူးစိုက် မှုကောင်းကောင်းနဲ့ရိုက်ရတဲ့အတွက် စိတ်ငြိမ်စေတယ်။ သွေး လည်ပတ်မှု ကောင်းစေတဲ့ အတွက် ကျန်းမာရေးကို လည်းအထောက် အကူပြုပါတယ်” လို့ နန်းဆုရ တီစိုးကပြောပြပါတယ်။
ဆီးဂိမ်းပြိုင်ပွဲဝင်မယ့် အား ကစားသမားတွေကို လည်း ပြည်သူ တွေအားလုံးကအားပေးနေမှာဖြစ်ကြောင်း၊ ဇွဲမလျှော့ဘဲ နိုင်ငံ့ ဂုဏ် ဆောင်နိုင်ကြပါစေကြောင်း နန်းဆုရ တီစိုးက အား ပေးစကားပြောခဲ့ပါတယ်။ ဆီးဂိမ်းပြိုင်ပွဲကြီးမှာ ဂေါက်သီး အားကစားနည်းကို အမျိုးသား ပြိုင်ပွဲနှစ်မျိုးစီ၊ အမျိုးသမီးပြိုင်ပွဲ နှစ် မျိုးစီ ထည့်သွင်းကျင်းပမှာဖြစ်ပြီး ရွှေ ၄ခု၊ ငွေ၎ခု၊ ကြေး၎ခု စုစု ပေါင်း ၁၂ ဆု ချီးမြှင့်မှာ ဖြစ်ကြောင်း သိရပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။