အမေရိကန်သမ္မတ ဘာရတ် အိုဘားမား၊ နယူးယောက်ခ်မြို့တော်ဝန် မိုက်ခ် ဘလွန်းဘတ်ဂ်နှင့် တရားမဝင်လက်နက်ဆန့်ကျင်ရေးအဖွဲ့မှ ဒါရိုက်တာတို့ လိပ်မူ၍ ကြက်ဆူဆီအဆိပ် ပါဝင်သော စာသုံးစောင် ပေးပို့ခဲ့မှုနှင့် ဆက်စပ်၍ တက္ကဆက်ပြည်နယ်မှ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။
တက္ကဆက်ပြည်နယ်၊ နယူးဘော်စတွန်တွင် နေထိုင်သည့် ရှန်နွန် ရော်ဂျာဂက်စ် ရစ်ချတ်ဒ်ဆန် အမည်ရှိ အဆိုပါ အမျိုးသမီးအား FBI က အစောပိုင်း စစ်ဆေးမေးမြန်းမှုများတွင် ၎င်း၏ခင်ပွန်းက ကြက်ဆူဆီအဆိပ် ပါဝင်သော စာသုံးစောင်ကို ပေးပို့ခဲ့ကြောင်း ဖြေကြားခဲ့သည်။ သို့သော် ဆက်လက် စစ်ဆေးမှုများအရ ကြက်ဆူဆီအဆိပ်ပါ စာသုံးစောင် ပေးပို့ခဲ့သူမှာ ရှန်နွန်ပင်ဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရသည်ဟု RT News တွင် ဖော်ပြသည်။
အဆိုပါ စာသုံးစောင်လုံးတွင် စာပို့ရက်စွဲအား မေလ ၂၀ ရက်ဟု ရိုက်နှိပ်ထားကြောင်း၊ စာများအားလုံးတွင် "what's in this letter is nothing compared to what I've got planned for you" ဟူသည့် တူညီသည့် စာသားများ ရေးသားထားကြောင်း သိရှိရသည်။ FBI က ၎င်းတို့ဇနီးမောင်နှံ၏ နေအိမ်ကို ဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့ပြီးနောက် ရှန်နွန် ရစ်ချတ်ဒ်ဆန်နှင့် သူမ၏ခင်ပွန်း နသန်တို့ကို စစ်ဆေးမေးမြန်းခဲ့ခြင်း ဖြစ်သည်။
http://www.planet.com.mm/news/read.cfm/id/21714

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။