FOOD Magazine
♦ မုန့်လင်မယား
လသာ(၂) ကျောင်းရှေ့မှာအမြဲစားဖြစ်တဲ့
မုန့်လင်မယားအလွမ်းပြေလေးပါ။
အိုးလေးကတော့ စင်ကာပူက သူငယ်ချင်း
အစ်မတစ်ယောက်ဖြစ်တဲ့ မမီးမီးမြင့်သိမ်း က လက်ဆောင်ပေးတာပါ။
လုပ်ရတာအရမ်းလွယ်ပါတယ်။
လသာ(၂) ကျောင်းရှေ့မှာအမြဲစားဖြစ်တဲ့
မုန့်လင်မယားအလွမ်းပြေလေးပါ။
အိုးလေးကတော့ စင်ကာပူက သူငယ်ချင်း
အစ်မတစ်ယောက်ဖြစ်တဲ့ မမီးမီးမြင့်သိမ်း က လက်ဆောင်ပေးတာပါ။
လုပ်ရတာအရမ်းလွယ်ပါတယ်။
ပါဝင်ပစ္စည်းများ
.......................
ဆန်မှုန့် - စားပွဲဇွန်း ၆ ဇွန်း
ကောက်ညှင်းမှုန့် - စားပွဲဇွန်း ၁ ဇွန်း
ချင်းရည် - နည်းနည်း
ကြက်သွန်မြိတ်
စားတော်ပဲပြုတ်
ငုံးဥ
ဆား၊ သကြား၊ ဟင်းခတ်ကြက်သားမှုန့်- အနည်းငယ်
ဆီ
ပြုလုပ်နည်း
...................
၁။ ဆန်မှုန့်၊ကောက်ညှင်းမှုန့်၊ ချင်းရည်နည်းနည်း၊
ဆား၊ သကြား၊ ဟင်းခတ်ကြက်သားမှုန့်တွေ
အားလုံးပျော်ဝင်သွားအောင်ရေနဲ့ ဖျော်ပေးပါ။
မုန့်သား ကြွက်မြီးတန်း ခပ်ကျဲကျဲရရင် စလုပ်လို့ရပါပြီ။
၂။ ကြက်သွန်မြိတ်လေးတွေ ပါးပါးလှီးထားပါ၊
၃။ မုန့်မကပ်ရအောင်လို့ မုန့်လုပ်မယ့်အိုးကို
ဆီနဲ့ အရင် သုတ်ပေးထားပါ။ ဆီကျက်ပြီဆိုရင်
မုန့်ရည်တွေကို အိုးထဲကနေမွှေခပ်ပြီး
မုန့်အိုးလေးထဲတစ်ခွက်ချင်းဖြည့်ပေးပါ။
၎။ ပြီးရင် ကြက်သွန်မြိတ်နည်းနည်း၊
ပဲပြုတ်နည်းနည်းထည့်ပေးပါ။ မီးအပူရှိန်နဲ့
အောက်က မုန့်သားကျက်လာပြီ ဆိုရင်တော့
ဇွန်းနဲ့ မုန့်တွေ ခွာယူပြီး မုန့်နှစ်ခုကို
တစ်ခုပေါင်းပြီး အပေါ်ကနေ ထပ်ပေးလိုက်ပါ။
၅။ ငုံးဥကြိုက်ရင် ပဲပြုတ်၊ ကြက်သွန်မြိတ်အစားထည့်ပါ။
ပူပူလေးနဲ့အလွန်အရသာရှိတဲ့ မုန့်လင်မယားလေး ရပါပြီ။
နှမ်းထောင်းပြုလုပ်နည်း
.................................
နှမ်းထောင်းလေးကတော့
နှမ်းကိုလှော်ပြီးရင်ထောင်းပြီး ဆားလေးနဲ့ရော
လိုက်ရင်ရပါပြီ။ ဒီက နှမ်းထောင်းလေးကတော့
အိသက်ရဲ့ သားကလေးထောင်းပေးတာပါ။
• Ei Thet

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။