20 June 2013 |By Popular News
သရုပ်ဆောင် ပြေတီဦးက မလေးရှား ဒါရိုက်တာ ရိုက်ကူးမည့် ”မဟာဆန် တဲ့ မာယာ မျက်နှာဖုံး” ရုပ်ရှင်ဇာတ် ကားတွင် ပါဝင် သရုပ်ဆောင်ရန် ပရိသတ်များ အဆုံး အဖြတ် ခံယူသွားမည် ဟု ပြောသည်။ စတီးလ် ဖန်တီးထားသည့် ”မဟာဆန်တဲ့ မာယာမျက်နှာဖုံး” ရုပ်ရှင် ဇာတ်ကားကြီးကို မလေးရှား မှဇာတ်ညွှန်း နှင့် ဒါရိုက်တာ R. Perakas Rajaram မှ ရိုက်ကူး မှာဖြစ်ကြောင်း သိရသည်။
အဆိုပါ ရုပ်ရှင် ဇာတ်ကားမှာ ပြေတီဦး၊ နဝရတ်၊ ဝါဝါအောင်၊ ဇော်ဇော်အောင်၊ အခြား မြန်မာ သရုပ်ဆောင်များနှင့် မလေးရှားမှ အိန္ဒိယ သရုပ်ဆောင် များ စွာလည်း ပါဝင် သရုပ်ဆောင်မည်ဟု သိရသည်။ ၄င်း ဇာတ်ကားသည် မလေးရှား နိုင်ငံရောက် မြန်မာ လုပ်သားများ ကြုံ တွေ့ရသည့် ဖြစ်ရပ်မှန် ဇာတ်လမ်းကို ရိုက်ကူးခြင်း ဖြစ်သည်။ ပြေတီဦးက ”ဒီ ဇာတ်ကားက ရိုက်ကူးသင့်တဲ့ ဇာတ်ကား တစ်ကား ဖြစ်ပေမယ့်လည်း လတ်တလောမှာ ဖြစ်ပွားနေတဲ့ မလေးရှား နိုင်ငံ ပဋိပက္ခတွေကြောင့် ပါဝင်ရိုက်ကူး ဖို့ မသေချာတော့ ဘူး” ဟု ပြောသည်။
”နာရေး ကူညီမှု အသင်းမှာ ဖြစ် ပျက်ခဲ့တဲ့ တကယ့် အဖြစ်အပျက်လေး တစ်ခုကိုပါ ထည့်ပြီး ရိုက်ထားတယ်။ ပရိုဂျူဆာ ကလည်း နိုင်ငံခြားက ပရိုဂျူ ဆာပဲ။ ဒါရိုက်တာ ကလည်း နိုင်ငံခြား ဒါရိုက်တာပဲ။ ဇာတ်ပို့ ဇာတ်ရံတွေက လည်း နိုင်ငံခြားက လူတွေပဲ သုံးမှာပါ။ ရည်ရွယ်ချက် ကလည်း ကျွန်တော်တို့ တိုင်းပြည် အတွက် တအား ကောင်း ပါတယ်။
နိုင်ငံခြား ဆိုတိုင်း အထင်မကြီး ဖို့၊ နိုင်ငံခြား ဆိုတိုင်း သွားရင် အဆင် မပြေနိုင်ဘူး ဆိုတဲ့ အသိကို ပေး ချင်တာ ပါ။ ကျွန်တော် ဒီဇာတ်ကားကို ရိုက်မယ် ဆိုပြီး နိုင်ငံခြားကလူတွေနဲ့ စကားပြော တုန်းက ဘာပြဿနာမှ မဖြစ်သေးဘူး။ အားလုံးက အေးဆေးပဲ။ ဒါပေမဲ့ ရိုက် မယ်လို့ ပြောပြီးတော့ နှစ်ပတ်၊ သုံး ပတ် လောက်နေတော့မှ မလေးရှားမှာ ကျွန် တော်တို့ မြန်မာ လူမျိုးတွေနဲ့ ပဋိပက္ခ တွေ၊ အဓိ ကရုဏ်းတွေ ဖြစ်ကြတယ်ဆို တာမျိုးတွေ ဖြစ်လာတယ်။
ကျွန်တော့် အနေနဲ့ ကတော့ ဒီဇာတ်ကားသည် ဘယ်လောက်ပဲ ရိုက်သင့်တယ် လို့ပဲ ပြောပြော၊ ဘယ်လောက်ပဲ ကောင်းမွန် တယ်လို့ပဲ ပြောပြော။ ကျွန်တော့်နိုင်ငံ မှာ ရှိတဲ့ ကျွန်တော်တို့ လူမျိုးတွေ ရဲ့ဆန္ဒ သည် အဓိကပဲ။ သူတို့ရဲ့ ဆန္ဒကို ကျွန် တော် ဦးစားပေးပြီး စဉ်းစားမှာပဲ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။