Aung Ko U
နေ့စဉ်သုံး အင်္ဂလိပ်စကားလုံးတွဲများ အပိုင်း (၅)
အင်္ဂလိပ်စကား ပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သော စကားလုံးတွဲများ (Phrases) နှင့် စကားပြော ပုံစံ (Pattern) များကို ဆက်လက် မျှဝေလိုက်ပါသည်။ ဖော်ပြထားသော ဥပမာ ဝါကျများကို အခြေခံကာ လိုအပ်သလို ဆပွား အသုံးပြုနိုင်ပါသည်။
I can't help + (verb-ing) - မလုပ်ရ မနေနိုင်
- I can't help thinking about it.
ဒီကိစ္စကို ကျွန်တော် မစဉ်းစားဘဲ မနေနိုင်ဘူး။
...

- I can't help shopping.
ဈေးဝယ် မထွက်ရ မနေနိုင်ဘူး။
- I can't help working all the time.
တစ်ချိန်လုံး အလုပ် မလုပ်ရ မနေနိုင်ဘူး။
- I can't help smiling when I see her.
သူ(မ)ကို တွေ့ရင် မပြုံးပြဘဲ မနေနိုင်ဘူး။
- I can't help eating so much.
အသားကုန် မစားရ မနေနိုင်ဘူး။
- I can't help loving you.
မင်းကို မချစ်ရ မနေနိုင်ဘူး။
- I cannot help remembering the things you did.
မင်းလုပ်ခဲ့တာတွေကို သိမရဘဲ မနေနိုင်ဘူး။
I'm not used to + (verb-ing) - မရင်းနှီး/ မကျွမ်းဝင် ဘူး
အများအားဖြင့် Verb to be + used to + Noun ပုံစံဖြင့် သုံးသော်လည်း Noun နေရာတွင် Ving ဖြင့်လည်း အသုံးပြုနိုင်ပါသည်။
- I'm not used to talking English.
အင်္ဂလိပ်လို ပြောရတာ မကျွမ်းကျင်ဘူး။
- I'm not used to talking in front of groups of people.
လူတွေ အများကြီးရှေ့မှာ စကားပြောရတာ အကျွမ်းတဝင် မရှိဘူး။
- I'm not used to having so much stress.
ဖိအားတွေ အများကြီး နဲ့ ကျွန်တော် မရင်းနှီးဘူး။
- I'm not used to working so early.
အလုပ် အစောကြီး လုပ်ရတာ မရင်းနှီးဘူး။
I want you to + (verb) - မင်းကို _____ စေချင်တယ်
- I want you to clean the dishes.
မင်းကို ပန်းကန်တွေ ဆေးစေချင်တယ်။
- I want you to come home right after school.
မင်းအတန်းပြီးရင် အိမ်ကို တန်းတန်းမတ်မတ် လာစေချင်တယ်။
- I want you to call once you get there.
မင်း အဲဒီကို ရောက်ရင် တစ်ခါလောက်တော့ ဖုန်းခေါ် စေချင်တယ်။
I'm looking forward to - စောင့်မျှော်နေတယ်၊ မျှော်လင့်နေတယ်။
- I'm looking forward to meeting you.
မင်းနဲ့ တွေဖို့ ငါမျှော်လင့်နေတယ်၊ စောင့်မျှော်နေတယ်။
- I'm looking forward to talking with you.
မင်းနဲ့ စကားပြောဖို့ မျှော်လင့်နေတယ်၊ စောင့်မျှော်နေတယ်။
- I'm looking forward to spending time with my family.
မိသားစုနဲ့ အတူ ရှိနေဖို့ မျှော်လင့်နေတယ်။
- I am looking forward to watching the football game.
ဘောလုံးပွဲ ကြည့်ဖို့ စောင့်မျှော်နေတယ်။
- I am looking forward to running in a race.
အပြေးပြိုင်ပွဲ ဝင်ပြိုင်ဖို့ မျှော်လင့်နေတယ်။
“အင်္ဂလိပ်ဘာသာစကား လေ့လာသူတိုင်း အင်္ဂလိပ်စာအရည်အသွေး တိုးတက်ပါစေ ……………”
အောင်ကိုဦး(UMK)
Be the Best !

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။