ခလေးလေးရဲ့ စိတ်ဒဏ်ရာ နဲ့ မျက်ရည်
" စိတ်ရှည်ပေးပါ ....... "
ကျွန်မတို့ ပတ်ဝန်းကျင်မှာ တွေ့နေရကျ အကြောင်းအရာလေးတွေပါ ခလေးတွေ အရမ်းဆော့နေပြီ ၊ နည်းနည်းလေး ဂျီကျပြီဆိုရင် မိဘတွေက စိတ်မရှည်ပဲ ဒေါသထွက် ရိုက်နှိက် အော်ဟစ်လိုက်ကျတာပါ။ တကယ်က အဲလိုမလုပ်သင့်ပါဘူး ကိုယ်စိတ်ရှုပ်လို့ဆိုပြီ ခဏလေး ငြိမ်အောင်လုပ်လိုက်တာဆိုပေမယ့် ခလေးအတွက်ကတော့ တစ်သက်လုံး စိတ်ဓာတ်ရ ရသွားစေနိုင်လို့လေ ..... ။
ခလေးတွေအရမ်းဆော့တယ်ဆိုတာက သူတို့ ကျန်မာရေးအတွက် ပတ်ဝန်ကျင်ကို လေ့လာရင်သင်ယူနေတာပါလို့ စိတ်ပညာ စာအုပ်ထဲမှာဖတ်ရပါတယ်။ အရမ်းဆော့လို့ ဆူပူ ရိုက်နှက်မယ့်အစား ခလေးကို ကစားချိန်၊ နားချိန်၊ အိပ်ချိန်၊ စားချိန်ကို သာ သတ်မှတ်ပေးလိုက်ပါ။ အဲလို လုပ်လို့ လိုက်နာနိုင်ပေါ့မလားဆိုပေမယ့် ပထမတော့ နည်းနည်း ခက်ခဲမှ...ာပါ နောက်ပိုင်းကျရင် အသားကျပြီး တကယ့်ကို လိုက်နာ တတ်တဲ့ ခလေးတစ်ယောက်ကို ပိုင်ဆိုင်လာပါလိမ့်မယ်...။

ခလေးက ဂျီကျတယ်ဆိုတာ ကိုယ့်ကို ကိုယ့်မိဘက ဘယ်လောက်ချစ်လဲ စိတ်ရှည်လဲဆိုတာကို စမ်းသပ်တာပါ။ သူရဲ့ စိတ်ထဲရှိတဲ့ တတ်သလောက်မှတ်သလောက် ညဏ်ရည်လေးနဲ့ ကြိုးစားကြည့်ပါ။ အဲဒါကို မိဘတွေက အပြင်မှာ အလုပ်ရှုပ် ပင်ပန်းလာတာ စိတ်ညစ်စရာရှိနေတဲ့ အချိန်နဲ့ တိုက်ဆိုင်သွားရင် စိတ်မရှည်တတ်တော့ပါဘူး။ အဲလိုအချိန်မှာ ကိုယ့်ရဲ့ စိတ်ထွက်ပေါက်ကို ခလေးဆီမှာ ထားမယ့်အစား အတတ်နိုင်ဆုံး စိတ်ရှည်အောင်ကြိုးစားပြီး လိုက်ရောနိုင်တာကို လိုက်ရောပေး၊ မလုပ်ပေးနိုင်တာဆိုကို ခလေးကိုနားဝင်အောင်ရှင်းပြလိုက်ပါ အဲဒါဆိုရင် အရမ်းကို အဆင်ပြေသွားပါလိမ့်။ အဲလိုမဟုတ်ပဲ နင်က အဲလို ဂျီကျစရာလား မိဘက လုပ်ပေးနိုင်မှန်း မလုပ်ပေးနိုင်မှန်မသိဆိုပြီ အော်ဟစ် ဆူပူ ရိုက်နှက်လိုက်မယ်ဆိုရင် ခလေးစိတ်ထဲမှာ မိဘတွေက ငါ့ကို မချစ်ပါဘူး စိတ်မရှည်ပါဘူးဆိုပြီး စိတ်ထဲမှာ စွဲထင်သွားတတ်ပါတယ် .....။
ငယ်ရွယ်တဲ့ ခလေးတွေဟာ အရာရာကို ဆူးစမ်းသင်ယူနေကျ၊ လေ့လာနေကျ၊ စမ်းသပ်နေကျတာပါ။ အဲလိုအချိန်မှာ မိဘတွေက သူတို့ သိချင်တာ လုပ်ချင်တာတွေကို အတတ်နိုင်ဆုံး စိတ်ရှည်လက်ရှည် ပြောပြပေးတာ လုပ်ချင်တာတွေကို တော်ယုံကိစ္စဆိုရင် ဘေးကနေကူညီပြီး လုပ်ခွင့်ပေးတာမျိုးဆိုရင် တကယ့်ကို သာယာတဲ့မိသားစု တစ်ခု ထက်မြက်ပြီး လိမ္မာရေးခြားရှိတဲ့ သားသမီးတွေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ် .....။
ခလေးရဲ့စိတ်ကို ခံစားနားလည်နိုင်ပါစေ
Rose White
13.6.2013
10:48 AM
မှတ်ချက် ။ ။ ဒီ post လေးဟာ ဘယ်သူ့ကိုမှ ထိခိုက်စေချင်တဲ့ ရည်ရွယ်ချက်မပါပါဘူး လိုအပ်နေတာလေးရှိရင်တော့ ဖြည့်ပြီးဖတ်ပေးပါနော် ခလေးတွေရဲ့ ရင်ထဲက စိတ်ဒဏ်ရာကို လျှော့နည်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရေးထားတာပါ ...

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။