Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, June 4, 2013

ငြိမ်းချမ်းတည်ငြိမ်မှုတွေ မရှိရင် ကမ္ဘာကြီးက သင်တို့နိုင်ငံမှာလာပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်ကြမှာ မဟုတ်ဘူး

 
ခွန် ဒီးယမ်
ငြိမ်းချမ်းတည်ငြိမ်မှုတွေ မရှိရင် ကမ္ဘာကြီးက သင်တို့နိုင်ငံမှာလာပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်ကြမှာ မဟုတ်ဘူး
========================================
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း မယ်ဒလင်းအောဘရိုက်သည် နိုင်ငံရေးပါတီများ၊ လူမှုရေး အဖွဲ့များ၏ ခေါင်းဆောင်များအနေဖြင့် ဘာသာရေး၊ လူမျိုးရေးများနှင့် ပတ်သက်ပြီး လှုံ့ဆော်ခြင်းများ၊ လှုံ့ဆော်သူများကို ကြိုးစားတားဆီးသင့်ကြောင်း ရန်ကုန် တက္ကသိုလ်ဝင်းအတွင်းရှိ စိန်ရတု ခန်းမ၌ ယနေ့ ဇွန်လ ၄ ရက်တွင် ပြောကြားခဲ့သည်။


“မြန်မာနိုင်ငံဟာ အမေရိကန်နိုင်ငံလိုပဲ တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ ဘာသာပေါင်းစုံတို့နေတဲ့အတွက် ကူရာ ကယ်ရာမဲ့ ပြည်သူတွေကို လုံခြုံမှုရှိအောင် ကာကွယ်ပေးရမယ်။ လူမှုရေး ငြိမ်းချမ်းတည်ငြိမ်မှုတွေ မရှိရင် ကမ္ဘာကြီးက သင်တို့နိုင်ငံမှာလာပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်ကြမှာ မဟုတ်ဘူး။ အပြစ်မဲ့တဲ့ ပြည်သူတွေကို အကြောက်တရား အောက်မှာ ဘယ်နည်းနဲ့မှ မနေစေသင့်ဘူး”ဟု မယ်ဒလင်းအောဘရိုက်က တွေ့ဆုံပွဲတွင် ပြောသည်။

“အငြင်းပွားမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီမိုကရေစီနည်းလမ်းကျ ဖြေရှင်းဖို့အတွက် ဥာဏ်ပညာလိုတယ်။ ခွဲခြားဆက်ဆံတာတွေ၊ နှိပ်ကွပ်တာတွေကို လူမှုရေးနဲ့ နိုင်ငံရေးကဏ္ဍတိုင်းက ခေါင်းဆောင်တွေက အတူတူ ဆန့်ကျင်ဖို့လည်းလိုတယ်”ဟုလည်း ဆိုသည်။

မယ်ဒလင်းအောဘရိုက်သည် မြန်မာပြည်သို့ ၅ ရက်တာ ခရီးစဉ် လည်ပတ်ရန် သောင်္ကြာနေ့က ရန်ကုန်မြို့သို့ ဆိုက်ရောက်လာပြီး အစိုးရအရာရှိများ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို တွေ့ဆုံခဲ့သည်။

မယ်ဒလင်းအောဘရိုက်သည် ၁၉၉၅ ခုနှစ်က ဘေကလင်တန်အစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံတမာန်အဖြစ် လာရောက်ဖူးပြီး ထိုအချိန်က စစ်ခေါင်းဆောင်တဦးဖြစ်သည့် ဒု ဗိုလ်ချုပ်ကြီး ခင်ညွန့်အပါအဝင် စစ်ဗိုလ်ချုပ်များနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့်တွေ့ဆုံခဲ့သည်။

ယခုအကြိမ် လာရောက်လည်ပတ်ရာတွင်မူ ယခင်နှင့်မတူ “သမ္မတအသစ်တဦးက ပြုပြင်ပြောင်းလဲရေး လမ်းစကို ဖွင့်ပေးခဲ့ပြီး ဒီမြေကို အမှောင်ကျစေခဲ့တဲ့ မူဝါဒတွေကို ဖယ်ရှားခဲ့”ပြီး ဖြစ်ကြောင်း မယ်ဒလင်းအောဘရိုက်က ရန်ကုန်တက္ကသိုလ် မိန့်ခွန်းတွင် ပြောဆိုသည်။

မြန်မာနိုင်ငံသို့ ယခု လာရောက်ခြင်းမှာ ကိုယ်ပိုင်အတွေးအမြင်ဖြင့်သာဖြစ်ပြီး အမေရိကန် ပြည်ထောင်စု သို့မဟုတ် အခြားသူတဦးတယောက်၏ ကိုယ်စားလှယ်တဦးအနေဖြင့် လာခဲ့ခြင်းမဟုတ်ကြောင်း ဆိုသည်။

အမေရိကန်သံအမတ် ဒဲရစ်မစ်ချဲလ်နှင့် အမေရိကန်သံရုံးမှ တာဝန်ရှိသူများ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းနှင့် ဝန်ထမ်းများအပြင် တက္ကသိုလ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ ရှေ့မှောက် မယ်ဒလင်းအောဘရိုက်က “လွှတ်တော်နဲ့ သမ္မတကြား၊ နိုင်ငံရေးပါတီများ၊ ပြည်သူတွေနဲ့ စစ်တပ်အပါအဝင် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကြားမှာ ယုံကြည်မှုမရှိဘဲ အောင်မြင်တဲ့ ဒီမိုကရေစီစနစ်တရပ် ဖြစ်လာမှာမဟုတ်ဘူး။ ယုံကြည်မှုမရှိရင် ဘာတွေဖြစ်လာမယ်ဆိုတာကို ကျမတို့ မြင်တွေ့ခဲ့ပြီးပြီ”ဟု ပြောဆိုသည်။

ယုံကြည်မှုများမရှိခြင်းကြောင့် ရွေးကောက်ပွဲရလဒ်များကို လျစ်လျူရှုခြင်း၊ လွတ်လပ်စွာ ပြောဆိုခွင့်ကို ရာဇဝတ်မှုသဖွယ် ဆက်ဆံခြင်း၊ လူနည်းအုပ်စုကို နှိပ်ကွပ်ခြင်း၊ ဆရာ၊ ဆရာမများကို အမှန်တရားအစား အလိမ်အညာများသာ သင်ကြားစေခြင်း၊ အာဏာရှိသူများက အာဏာအလွဲသုံးစားသုံး၍ တိုင်းပြည်ဘဏ္ဍာနှင့် ၎င်းတို့သာ ကြွယ်ဝအောင်လုပ်ခြင်း တို့ကို ပြန်လည်ဖြစ်ပွားလာစေနိုင်သည်ဟု သတိပေးသည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စုသည်လည်း တချိန်တခါက ဘာသာရေးအရ လူနည်းစုများကို နှိပ်ကွပ်ခဲ့ကြောင်း၊ ကျေးကျွန်ခွဲခြားမှု အသားအရောင်ခွဲခြားမှုနှင့် ပြည်တွင်းစစ်တို့ကို ဖြတ်သန်းခဲ့ဖူးကြောင်း၊ အမျိုးသမီးများအား မဲပေးပိုင်ခွင့် ပိတ်ပင်ခဲ့ဖူးကြောင်း ထည့်သွင်းပြောဆိုသည်။

“အခက်အခဲတွေကြားမှာ အမေရိကန်ပြည်ထောင်စု လွတ်မြောက်ပြီး ရှင်သန်လာတာဟာ ကျမတို့ရဲ့ အမှားတွေကနေ ကျမတို့ သင်ယူနိုင်ခဲ့ပြီး ဒီမိုကရေစီရဲ့ ကတိကဝတ်တွေဖြစ်တဲ့ တူညီတဲ့ အခွင့်အရေး အခွင့်အလမ်းတွေနဲ့အညီ နေထိုင်နိုင်အောင် ကြိုးပမ်းခဲ့တာကြောင့်ပါ” ဟု မယ်ဒလင်းအောဘရိုက်က ပြောဆိုသည်။

ထို့ပြင် အင်ဒိုနီးရှား၊ တောင်အာဖရိက နှင့် ဥရောပအလယ်ပိုင်းနိုင်ငံများ၏ အသွင်ကူးပြောင်းမှုတွင် မတူကွဲပြားမှုများကို လက်ခံနားလည်တတ်ပြီး ဒီမိုကရေစီစနစ်ကို အောင်မြင်စေခဲ့ကြောင်းလည်း ဆိုသည်။

မြန်မာနိုင်ငံရှိ မွတ်စလင်များကို ဦးတည်တိုက်ခိုက်သည့် နေအိမ်များ ဗလီများကို မီးရှို့ ဖျက်ဆီးခြင်း၊ ဘာသာရေး စာသင်ကျောင်းများကို တိုက်ခိုက်ခြင်း၊ လူ့အသက်ဆုံးရှုံးရသည့် သတင်းများကို ကမ္ဘာက တွေ့မြင်ခဲ့ရပြီး ထိုကဲ့သို့ ဘာသာရေး လူမျိုးရေးကို အခြေခံ၍ အကြမ်းဖက်သည်ကို မိမိကဲ့သို့ ပြည်သူများ လက်ခံမည်မဟုတ်သည်ကို မိမိအနေဖြင့် ယုံကြည်သည်ဟုလည်း ဆိုသည်။

အစိုးရတာဝန်နှင့် National Democratic Institute ၏ ဥက္ကဌအဖြစ် တာဝန် ထမ်းဆောင်စဉ်တလျှောက်လုံး အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်ကူးပြောင်းလာသည့် နိုင်ငံများကို မြင်ဖူးကြောင်း၊ အသွင်ကူးပြောင်းမှုတိုင်းသည် တမူထူးခြားသော်လည်း ၎င်းတို့တွင် တူညီသည့် အပိုင်းများရှိကြောင်း၊ ၎င်းတို့အနက် အရေးအကြီးဆုံးနှင့် အခက်ခဲဆုံးအပိုင်းသည် စိတ်ရှည်သည်းခံရန်ပင်ဖြစ်သည်ဟု မယ်ဒလင်းအောဘရိုက်က ပြောသည်။

စစ်မှန်သည့် ဒီမိုကရက်တစ်စနစ်တွင် ခေါင်းဆောင်များက နိုင်ငံသားများအတွက် တရားဥပဒေနှင့်အညီ တာဝန်ရှိပြီး၊ လက်နက်ကိုင်တပ်ဖွဲ့များကို အရပ်သားများက ထိန်းချုပ်ရမည်ဖြစ်ကာ မည်သည့်ပါတီသည် အင်အားကြီးနေသည်ဖြစ်စေ အတိုက်အခံများ၏ အခွင့်အရေးကို စောင့်ရှောက်ပေးရမည်ဟုလည်း ပြောသည်။

“ဒီမိုကရေစီအတွက် အဓိကစိန်ခေါ်မှုတခုက မတူညီတဲ့ တိုင်းရင်းသား၊ ကိုးကွယ်ရာဘာသာနဲ့ သာသာစကားတွေဟာ စည်းလုံးညီညွတ်မှုအတွက် အခြေခံအုတ်ချပ်တွေဖြစ်ပြီး အတားအဆီးတွေမဟုတ်ဘူး”ဟု ပြောခဲ့သည်။

နိုင်ငံတွင်း အုပ်ချုပ်ရေးဆိုင်ရာ အင်စတီကျူးရှင်းများ မြှင့်တင်ရန်၊ လူ့အဖွဲ့အစည်းများ ချဲ့ထွင်ရန်၊ မှန်ကန်သည့် အစီအစဉ်များကို ချမှတ်ရန်၊ ပြုပြင်ပြောင်းလဲမှုများမှ တည်ငြိမ်သည့် ခေတ်မီသည့် ကြီးပွားချမ်းသာသည့် အေးချမ်းသည့် နိုင်ငံဖြစ်လာရန် ပြည်သူများအနေဖြင့် နေ့စဉ်ပြုလုပ်သွားရန်လိုသည်ဟုလည်း ဆိုသည်။

“စောစောကပြောတာတွေကို တခြားဘယ်သူမှ လာလုပ်ပေးမှာမဟုတ်ဘူး။ သင်တို့ကိုယ်တိုင်ပဲ လုပ်ရမှာ။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုအပြင် အာရှ၊ ဥရောပနဲ့ ကမ္ဘာတလွှားက အခြားနိုင်ငံတွေက မိတ်ဆွေတွေကလည်း ကူညီပေးနိုင်ပါတယ်”ဟု မယ်ဒလင်းအောဘရိုက်က ပြောဆိုသွားခဲ့သည်။
________________________________________________
Irrawaddy- 4-6-2013
Ref: http://burma.irrawaddy.org/archives/41375

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။