Burma-Newselite
လေစိမ်းတွေတိုက်နေတယ်
~~~~~~~~~~~~~~~~
(7Days တွင်ဖော်ပြခဲ့သော ဘာသာပြန်ဆောင်းပါးဖြစ်ပါသည်။ ထားထားမြင့်က ပြန်ဆိုထားသည်။)
မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး တာဝန်ထမ်းဆောင်ရသူ တရုတ်သံတမန်များ အတွက် တာဝန်လုပ်ငန်းများက အမြဲတမ်းသက်တောင့်သက်သာရှိခဲ့ပါသည်။ ၂၀၁၁ခုနှစ်ဧပြီလ တွင် အရပ်သားအစိုးရကို နိုင်ငံအာဏာ လွှဲပြောင်းပေး ခဲ့သည့် စစ်တပ်အစိုးရက တရုတ်နိုင်ငံ၏နိုင်ငံရေးအရ ပံ့ပိုးမှုရယူခဲ့သည့် အပြင် မြန်မာနိုင်ငံ၏ပေါကြွယ်ဝသည့် သယံဇာတအရင်းအမြစ်များကို အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀နီးပါးအထိ ရင်းနှီးမြုပ်နံနိုင်သည့် အခွင့်အရေးပေးခဲ့သည်။
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အနောက် အင်အားကြီးနိုင်ငံများက ရှုတ်ချပြီး စီးပွားရေးပိတ်ဆို့ မှုများပြုလုပ်ထားသည့် အချိန်တွင် တရုတ်သံတမန်များကမူ မြန်မာနိုင်ငံက ဗိုလ်ချုပ်ကြီးများ နှင့် ပြိုင်ဘက်မရှိ ဆက်ဆံရေးကောင်းမွန်ခဲ့သည်။ သို့ သော်လည်း ယခုအချိန်မှာ လေစိမ်းများ တိုက်ခဲ့ပါပြီ။
မြန်မာစစ်ဗိုလ်ချုပ်ကြီးများနေရာမှာ အရပ်သားအစိုးရက တာဝန်ယူ ထမ်းဆောင်ခဲ့ပြီး အနောက်နိုင်ငံများနှင့် ဆက်ဆံရေးပိုမိုရင်းနှီးလာသည့် အတွက် တရုတ်နိုင်ငံအတွက် မြန်မာနှင့် ဆက်ဆံရေးမှာ အခက်အခဲများ ကြုံတွေ့ လာသည်။ ငွေကြေးအမြောက်အများရင်းနှီးမြုပ်နှံခဲ့ရသည့် တရုတ်တို့၏သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့် လျှပ်စစ်စီမံကိန်းများသည်လည်း ပါလီမန်ဒီမိုကရေစီစနစ်မှာ ထောက်ပြဝေဖန်သံများဆူညံနေသည့် စနက်တံများသဖွယ်ဖြစ်လာခဲ့သည်။
ထို့ ကြောင့် မြန်မာနိုင်ငံအရေးကိစ္စတွေကို အသေအချာကိုင်တွယ်ရန် တရုတ်အစိုးရက ရန်ဟူလျှန်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့သည်။ ရန်သည် အာဖဂန်နစ္စတန်နှင့် နီပေါနိုင်ငံများတွင် တရုတ်သံအမတ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
မတ်လတွင်ရန်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး အတိုက်အခံခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်၊လူမှုရေးအဖွဲ့ အစည်း ခေါင်းဆောင်များနှင့် အစိုးရအရာရှိများကိုပါ တွေ့ ဆုံခဲ့သည်။သူ၏တာဝန်မှာ မြန်မာနိုင်ငံဘက်ပေါင်းစုံမှ လူအသီးသီးနှင့် ဆက်ဆံရေးကောင်းမွန် တိုးတက်လာရန်နှင့် တရုတ်နိုင်ငံ၏စီးပွားရေးလုပ်ငန်းများအပေါ် အထင်အမြင်လွှဲနေမှုကို
ဖြေရှင်းပေးရန်ဟု ရန်ကပြောကြားသည်။
" မြန်မာနိုင်ငံက အပြောင်းအလဲကာလထဲမှာရောက်နေတယ်။ ဒါကြောင့် အခြေအနေအသစ်နဲ့ ကျနော်တို့ ရင်ဆိုင်ရမှာပါ။"
တနာရီကြာသည့် FORBESမဂ္ဂဇင်းနှင့်အင်္ဂလိပ်ဘာသာဖြင့်
တွေ့ဆုံမေးမြန်းခန်းတွင် တရုတ်အစိုးရပိုင်လုပ်ငန်းများသည် တရုတ်နိုင်ငံ အပေါ် မကောင်းမြင်သည့် မြန်မာနိုင်ငံမှ အပြစ်တင်ဝေဖန်မှုများ ခံနေရသည်ဟု ရန်ကပြောကြားခဲ့သည်။ တရုတ်အစိုးရလုပ်ငန်းများအနေဖြင့် လူမှုရေးဆောင်ရွက်မှုများပြုလုပ်ရန် အားနည်းခဲ့သည်မှာလည်း ထိုသို့ ပြစ်တင်ခံရသည့် အကြောင်းတရပ်ဖြစ်သည်ဟု ရန်ကဆိုသည်။
"အရင်တုန်းက တရုတ်အစိုးရက အလုပ်ပဲလုပ်တယ်။ပြောဆိုမှုမရှိခဲ့ဘူး။ ဒါကြောင့်လူတွေက ဒီစီမံကိန်းတွေဟာ တိုင်းပြည်အတွက်အကျိုးရှိမယ် လူတွေရဲ့ စီးပွားရေးအတွက် အကျိုးရှိမယ်ဆိုတာမသိကြဘူး။ အဲဒါက ပြဿနာပါ"
ယခုလအစောပိုင်းက တရုတ်အမျိုးသားရေနံလုပ်ငန်းကော်ပိုရေးရှင်း CNPC မှဆောက်လုပ်နေသည့် သဘာဝဓာတ်ငွေ့ လိုင်းစတင်ရာ မြန်မာနိုင်ငံ အနောက်ပိုင်းကို ရန်ကသွားရောက်ခဲ့ သည်။ ထို ပိုက်လိုင်းသည် တရုတ်နိုင်ငံ
အနောက်တောင်ဘက်မှ စွမ်းအင်လိုအပ်နေသည့်နေရာများသို့  မြန်မာနိုင်ငံ ကို ဖြတ်သန်းပြီးရေနံသဘာဝဓာတ်ငွေ့ များတင်ပို့ မည်ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံဒေ၀ူးကော်ပိုရေးရှင်းမှ သဘာဝဓာတ်ငွေ့ များ ကိုလည်း အထက်ပါလမ်းအတိုင်းပို့ ဆောင်မည်ဖြစ်သည်။ လာမည့် ဇွန်လ ၁ရက်နေ့တွင်ဓာတ်ငွေ့ လိုင်းကို ဆောက်လုပ်မှုအပြီးသတ်မည်ဖြစ်သော်လည်း မည်သည့်အချိန်မှာမှ ဓာတ်ငွေ့ စတင်ပို့ လွှတ်နိုင်မည်ဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးချေ။
မြန်မာနိုင်ငံက တိုင်းရင်းသားများနေထိုင်ရာဒေသအချို့ကိုပါ ဖြတ်သန်း ထားသော အဆိုပါပိုက်လိုင်းတလျှောက်က ဒေသခံများစားဝတ်နေရေး အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ကျော်ကုန်ကျခဲ့ သည်ဟု CNPC ကပြောသည်။ ထိုအကြောင်းကို လူထုကိုအသိပေးရန် တရုတ်သံရုံးက CNPC ကို တွန်းအားပေးခဲ့ သည်ဟု ရန်ကဆိုသည်။
"ကျနော်တို့ ကတရုတ်ကုမ္ပဏီကို သူတို့ ရဲ့ ပုံစံကိုပြောင်းပြီး ဒေသခံတွေနဲ
့ပိုပြီး ဆက်သွယ်ပါလို့ တိုက်တွန်းခဲ့ပါတယ်"
သို့ သော်လည်း ထိုအကြံက နောက်ကျခဲ့ပါပြီ။
မြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ် ဧရာဝတီမြစ်မှာတရုတ်နိုင်ငံက
ဆောက်လုပ်သည် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြည်သူ့ ဆန္ဒအရဆိုကာ သမ္မတဦးသိန်းစိန်က ရပ်ဆိုင်းခဲ့သည်။ မြန်မာအစိုးရသစ်၏ တရုတ်နိုင်ငံက ရယူထားသည့် သယံဇာတအပေါ်မှာ ယခုကဲ့သို့ ဆန့်ကျင်လိုက်သည့် အပြုအမှုကို တရုတ်အာဏာပိုင်များ အငိုက်မိသွားခဲ့ရသည်။ ရန်ကမူ ထိုစီမံကိန်းမှာနားလည်မှုလွှဲမှားခြင်းများ ရှိနေကြောင်းပြောကြားခဲ့သည်။
''ဒါသမ္မတရဲ့ ဆုံးဖြတ်ချက်ပါ။ အစိုးရက စီမံကိန်းကို ပြန်မစသေးပါဘူး"- ဟု ရန်ကဆိုသည်။ မြစ်ဆုံနှင့်အလားတူ တခြားမြစ်စီမံကိန်းများကမူ အစိုးရနှင့်လက်နက်ကိုင်အဖွဲ့များ တိုက်ခိုက်နေသည့်ကြားထဲမှာပင် ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်။
မြစ်ဆုံစီမံကိန်းသည် နိုင်ငံ၏သယံဇာတအရင်းအမြစ်များကို နိုင်ငံခြားက မတရားရယူနေမှုအပေါ် မြန်မာနိုင်ငံမှ မကျေနပ်ကြောင်းပြသခဲ့သော ၂၀၁၁ခုနှစ် အမျိးသားလက္ခဏာ ပြယုဂ်တခုဖြစ်လာခဲ့၏။ တရုတ်နိုင်ငံအရှေ့ တောင်ပိုင်းကိုလျှပ်စစ်မီးပေးရန်အတွက် နိုင်ငံ၏ သဘာ၀၀န်းကျင်ကို ထိခိုက်စေခြင်းနှင့် ဒေသခံရွာသားတွေကို
ပြောင်းေ၇ွ့ စေခြင်းတို့ အတွက် မြန်မာများက အမျက်ဒေါ်သထွက်ခဲ့ကြသည်။
ခေါင်ဖျားသော ဒေသတွင်ဆည်ဆောက်ခြင်းဖြင့် ဒေသခံတိုးစီးပွားရေးအခြေအနေတိုးတက်လာပြီး ဥာဏ်အမြော်အမြင်ရှိစွာ ရင်းနှီးမြုပ်နှံပါက အဆိုပါ စီမံကိန်းများကို မြန်မာတို့ က လက်ခံနိုင်မည်ဖြစ်သော်လည်း
မြန်မာ့စီးပွားရေးကား အကျိုးအမြတ်မရှိသည့်အပြင် ပြည်တွင်း စွမ်းအင်လိုအပ်ချက်ကလည်း အခြေအနေအတော်ဆိုးလာသည်။ ထို့ ကြောင့်တရုတ်တို ၏စီမံကိန်းများ ပြန်လည်သုံးသပ်ရန် လိုအပ်နေပြီ ဆိုသည်ကို သက်သေပြနေသကဲ့ ရှိ၏။ သို့ ရာတွင် မြန်မာနိုင်ငံတွင် တရုတ်၏ ပုံရိပ်ကား အတော်နာမည်ပျက်နေခဲ့ပြီ။
တချိန်တည်းမှာပင်ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏စွမ်းအင်ကဏ္ဍတွင် အကြီးမားဆုံးရယူထားရှိသည့်နိုင်ငံဖြစ်လာပြီး ၂၅ရာခိုင်နုန်းသော ထိုင်းနိုင်ငံ၏ လျှပ်စစ်လိုအပ်မှုကို နယ်စပ်မှနေပြီးတင်သွင်းနေသည်။
မြန်မာနိုင်ငံ၏စီးပွားရေးနှင့် လူမှုရေးဖွံဖြိုးတိုးတက်မှုအပေါ်တရုတ်နိုင်ငံ၏ အမြင်ကား နှစ်နိုင်ငံလုံးအတွက် အကျိုးရှိစေမည့် သဘောထား
ဖြစ်သည်ဟုဆိုသည်။ သို့ သော်လည်း ထိုသဘောတရားကို
မြန်မာပြည်သူတွေဆီရောက်ရှိ နားလည်မှုမရှိကြောင်း သံအမတ်တဦး အနေဖြင့် တရုတ်အထူးကိုယ်စားလှယ်ရန်က အသိအမှတ်ပြုခဲ့ သည်။ ထို့ ကြောင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဖေ့ဘုတ်အင်တာနက် စာမျက်နှာကိုအသုံးပြုပြီး မြန်မာသတင်းစာများ၏ အဆိုးမြင်သတင်းများကို တုံ့ပြန်နေရသည်။
သတင်းမီဒီယာများသည် ကောလဟလများကို အခြေခံရေးသားနေကြပြီး သယံဇာတလုပ်ငန်းများတွင် တရုတ်နိုင်ငံ၏ရင်းနှီးမြုပ်နှံသည့် အချက်အလက်များကို အခြေခံရေးသားခြင်းမရှိဟု ရန်ကဆိုသည်။
" တချို့ မီဒီယာတွေက တရုတ်စီမံကိန်းတွေအပေါ်အမြင်တမျိုးနဲ့ 
ကြည့်ကြတယ်"
တရုတ် CNPC ကော်ပိုရေးရှင်းက သဘာဝဓာတ်ငွေ့ လိုင်းဖြတ်သန်းရာ လမ်းတလျှောက်တွင်ဒေသခံများအတွက်ကျောင်းများ၊ ဆေးခန်းနှင့် တခြားအဆောက်အအုံများပံပိုးပေးခဲ့သည်ဟုဆိုသည်။ သို့ သော်လည်း ဒေသခံဆန္ဒပြသူများက အဆိုပါကျောင်းအသစ်များတွင် ဆရာမရှိသည့်အတွက် တရုတ်ကိုကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ အဆိုပါ ဝေဖန်ပြစ်တင်ချက်များအတွက် တရုတ်အထူးကိုယ်စားလှယ် ရန်က စိတ်ဆိုးဒေါ်သထွက်ခဲ့ပါသည်။
"ဒါတရုတ်ကုမ္ပဏီရဲ့ တာဝန်မဟုတ်ဘူး။ ကျနော်တို့ ကတော့ဆရာမပေးနိုင်ဘူး။ဒါအစိုးရရဲ့ တာဝန်ပဲ။ "
နောက်ဆုံးမှာတော့သယံဇာတကြွယ်ဝသညိ့ မြန်မာနိုင်ငံနှင့်အင်အားချိနဲ့နေသောအစိုးရကို လူမှုရေးပူးပေါင်းဆောင်ရွက်ဖို့ တာဝန်ယူထားရသူ တရုတ်အထူးကိုယ်စားလှယ် ရန်၏ ဖုံးကွယ်မထားနိုင်သော ခံစားချက်များက ဖွင့်အန်ထွက်ကြလာခဲ့ပြီဖြစ်သည်။
ထားထားမြင့်
Forbes မဂ္ဂဇင်းပါ China's Envoy Tacks With Winds Of Change In Myanmar (Burma) ကိုဘာသာပြန်ဆိုပါသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။