Stuff Myanmar Magazine
"ဖုန်းနဲ့ ထောက်လှမ်းနိုင်တဲ့ ခရီးဆောင်အိတ်"
Bag2Go လို့ အမည်ပေးထားတဲ့ ခရီးဆောင် အိတ် ဖြစ်ပါတယ်။ လေယာဉ်နဲ့  သွားရတဲ့ ခရီးလို နေရာမျိုး ဖြစ်ဖြစ် Transit လုပ်တဲ့ အခါ ခရီးဆောင်အိတ်များ ဟာ တစ်ခါတလေ.. ကြန့် ကြာတာမျိုးတွေ ၊ စိတ်မချရတာမျိုးတွေ ကြုံရရင် ဒီခရီးဆောင် အိတ်လေးက အဆင်ပြေပါလိမ့်မယ်။
Bag2Go ခရီးဆောင် အိတ်မှာ GPS နဲ့ လှမ်းထောက်လှမ်းနိုင်တဲ့ စနစ်ကို ပြုလုပ်ထားပါတယ်။ ဒါအပြင် အိတ်အတွင်း လုံခြုံမှု ကိုလည်း GPS ကနေ သိနိုင်ပါတယ်။ မိမိ ကိုင်တဲ့ အိုင်ဖုန်းနဲ့ ချိတ်ဆက် အသုံးပြုရမှာ ဖြစ်ပါတယ်။
ဒီအိတ်နဲ ချိတ်ဆက် အသုံးပြုမယ့် ဆော့ဝဲလ်ကိုတော့ ဖုန်းမှာ ထည့်သွင်း ထားရပါမယ်။ Transit အတွင်း မိမိ အိတ်ဟာ ပွင့်နေသလား ၊ နေရာ အထားအသို ပုံပျက်နေသလား စတာတွေကို ချိတ်ဆက်ထားတဲ့ ဖုန်းမှာ အသိပေး စာပေါ်လာမှာ ဖြစ်ပါတယ်။
လေယာဉ်စီးနှင်းချိန်အတွင် အိတ် အတွင်း အိတ်အပြင် လုံခြုံရေး ၊ လေယာဉ်ပေါ်မတက်မီ Security ပိုင်း စစ်ဆေးတာတွေကိုလည်း ဖုန်းနဲ့  လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
လေယာဉ်နဲ့ ပတ်သတ်တဲ့ တာဝန်ရှိသူများ အနေနဲ့ ထိုအိတ် ဈေးကွက်မှာ ရောင်းချခြင်းကို ဘာမှမပြောပေမဲ့ လေကြောင်းလိုင်းမှာတော့ မှတ်ပုံတင်ဖို့  လိုမယ်လို့  ဆိုထားပါတယ်။
ဈေးနှုန်းတော့ တရားဝင်မကြေငြာ ထားသေးပါဘူး ။
ဒီ အိတ်အကြောင်းကို လေ့လာလိုရင်တော့ အောက်ပါလင့်မှာ လေ့လာနိုင်ပါတယ်။
Watch Here >> http://vimeo.com/67801379
-------
Ref: Cnet
Freddy ( Stuff Myanmar )

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။