Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, June 4, 2013

မပြောသင့်တဲ့စကား

 
Nine Nine Sanay @ နိုင်းနိုင်းစနေ
မပြောသင့်တဲ့စကား
_______________
တကယ်လို့ ရုပ်ရှင်၊ ဝတ္ထု၊ ကာတွန်းတွေကို သင်အများကြီး ကြည့်ခဲ့၊ ဖတ်ခဲ့ဖူးတယ်ဆိုရင် ထူးခြားဆန်းကြယ်တဲ့ အဆုံးသတ်တစ်ခုကို သင်သိမြင်၊ နားလည်လိမ့်မယ်ထင်ပါတယ်။ အဲတာကတော့ ဇာတ်လမ်းဝတ္ထုတွေထဲမှာ တချို့စကားကို လုံးဝမပြောသင့်ဘူး... တကယ်လို့ပြောခဲ့ရင် အဲဒီပြောတဲ့သူဟာ မကြာခင်သေရတော့တာပါပဲ။

ဥပမာအနေနဲ့ ပြရရင်--

စစ်မြေပြင်မှာ ရှေ့တန်းရောက်စစ်သားတစ်ဦးက ဓာတ်ပုံတစ်ပုံထုတ်ပြီး သူ့ဘေးကစစ်သားကို "ကြည့်... ဒါ ငါနဲ့ ငယ်ငယ်လေးကတည်းက အတူကြီးပြင်းလာခဲ့တဲ့ ချစ်သူပေါ့။ ဒီစစ်ပွဲပြီးရင် အိမ်ပြန်ပြီး သူနဲ့ငါ မင်္ဂလာဆောင်တော့မယ်" လို့ပြောတယ်။

ဇာတ်ကွက်တစ်ကွက် နှစ်ကွက်ပြီးရင် စစ်သားလေးကို ရန်သူတွေဝိုင်းနေလိမ့်မယ်။ ပြီးရင် လက်ထဲမှာ ချစ်သူဓာတ်ပုံကိုဆုပ်ကိုင်ပြီး မျက်လုံးမျက်ဆန်ပြူးနဲ့ အဲဒီစစ်သားလေး သွေးအိုင်ထဲမှာ လဲနေတော့တယ်။

အမှုအခင်းလိုက်မယ့် ရဲအုပ်တစ်ယောက်က သေနတ်ကိုစစ်ဆေးရင်း သူ့ဘေးက အဖော်ကို "ကြည့်.. ဒါ ငါအရမ်းကြိုက်တဲ့ ဘန်ဂလိုပေါ့။ ဒီအမှုပြီးရင် ငါအငြိမ်းစားယူပြီး အဲဒီဘန်ဂလိုမှာပဲ အေးချမ်းသာသာ သွားနေတော့မယ်" လို့ပြောတယ်။

ရဲအုပ်ရဲ့စကားအဆုံးမှာ အသစ်ရောက်လာတဲ့ ရဲသားလေးကို ကာကွယ်ရင်းက ရဲအုပ်ဟာ ရန်သူပစ်လိုက်တဲ့ကျည်ဆံ ထိမှန်သွားတယ်။ သူမျက်လုံးတွေ တဖြေးဖြေးမှိတ်ကျပြီး ဝိုးတဝါးအမြင်အာရုံထဲမှာ လင်းလက်နေတဲ့ ပင်လယ်ဘေးကဘန်ဂလိုကို သူမြင်လိုက်တယ်။

ကျွန်တော့်သူငယ်ချင်း တော်တော်များများက ဒီလိုအရိပ်အမြွက်ပြတဲ့ အပြောအဆိုကို ဟာသလုပ်တတ်ကြတယ်။ ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်နေရင်း ဒီလိုအပြောကြားရင် တဟားဟား ထရယ်တတ်ကြတယ်။

ဒီလိုအရိပ်အမြွက်ပြအပြောက ကြားရတာ ရယ်စရာကောင်းနေပေမယ့် ဘာဖြစ်လို့ ကျွန်တော်တို့နဲ့ ဒီလောက်ရင်းနှီးနေရသလဲ? ဘာဖြစ်လို့ ကျွန်တော်တို့ သိနေရသလဲ? တကယ့်လက်တွေ့ဘဝမှာ ကျွန်တော်တို့ဟာ ဒီလိုအပြောကို တစ်ဘက်ကရယ်ရင်း တစ်ဘက်ကလည်း ကံကြမ္မာရဲ့အထိန်းအချုပ်ကို ခံထားရသလို ဒီလိုအပြောကိုပဲ ပြောနေခဲ့ရသလား?

ကျွန်တော်တို့ပြောတတ်တာက....

သား.. နောက်တစ်ခေါက်မှ သားကို ကစားကွင်းလိုက်ပို့မယ်နော်
လုံလောက်တဲ့ပိုက်ဆံရှာရမှ နိုင်ငံခြားထွက်ကျောင်းတက်ပြီး အိပ်မက်ကို အကောင်အထည်ဖော်မယ်
လုံလောက်တဲ့ပိုက်ဆံစုမိပြီး အိမ်ဝယ်ရမှ ချစ်သူကောင်မလေးနဲ့ မင်္ဂလာဆောင်မယ်
အတန်းထဲမှာ ပထမအဆင့်ရမှ အတန်းဖော်ကောင်မလေးကို ဖွင့်ပြောမယ်
ပိုက်ဆံတွေ အများကြီးစုမိမှ အမေ့အိမ်ပြန်မယ်

ဟုတ်ပါတယ်.. ဒီလိုအပြောကို ပါးစပ်ဖျားမှာ သင်အမြဲချိတ်ဆွဲထားပေမယ့် ဒီအတိုင်း သင်သေမသွားနိုင်ဘူးဆိုတာကို ကျွန်တော်သိပါတယ်။ သင်မသေပါဘူး.. ဒါပေမဲ့ သင့်စိတ်ကူးအိပ်မက်က သေသွားတာပါ။ တစ်ကြိမ်ပြီးတစ်ကြိမ် နောက်ရွေ့ခံလိုက်ရတဲ့ သင့်စိတ်ကူးအိပ်မက်တွေက ဒီလိုနဲ့ပဲ သင့်အပါးကနေ ထွက်ခွာသွားရပါတယ်။

သင်အားလပ်ချိန်ရှိတဲ့အခါ သင့်သားက ကြီးပြင်းခဲ့ပါပြီ။ သင်နဲ့အတူ ကစားကွင်း သွားမကစားချင်တော့ပါဘူး။
လုံလောက်တဲ့ပိုက်ဆံရှာရတဲ့အချိန် သင့်အသက်ကြီးခဲ့ပါပြီ။ နိုင်ငံခြားထွက် ကျောင်းတက်ဖို့ သင်မရဲတော့ပါဘူး။
လုံလောက်တဲ့ပိုက်ဆံစုပြီး အိမ်ဝယ်တဲ့အချိန် သင့်ချစ်သူကောင်မလေးက မစောင့်နိုင်လို့ သင့်ကိုခွဲသွားခဲ့ပါပြီ။
သင်အဆင့်တစ် ဖြေနိုင်တဲ့အခါ အတန်းဖော်ကောင်မလေး ကျောင်းပြောင်းကောင်း ပြောင်းသွားပါပြီ။
ပိုက်ဆံအများကြီးစုမိချိန် မိဘဆုံးကောင်းဆုံးသွားနိုင်ပါပြီ။

တကယ်လို့ ဒီလိုစကားကို မပြောသင့်ဘူးလို့ သင်ထင်ရင် ဘာဖြစ်လို့ ဒီလိုအပြောကို ပါးစပ်ဖျားမှာပဲ အမြဲချိတ်ဆွဲထားသလဲ? တကယ်လို့ နောက်တစ်ကြိမ်မှာ ဒီလိုအဖြစ်မျိုးနဲ့ သင်ကြုံခဲ့ရင် တခြားအမေးနဲ့ သင့်ကိုယ်သင်ပြောင်းမေးကြည့်ပါ။

"တကယ်လို့ အခုအချိန်မဟုတ်ရင် ဘယ်အချိန်ဖြစ်မလဲ? တကယ်လို့ ငါကိုယ်တိုင်မှမဟုတ်ရင် တခြားဘယ်သူဖြစ်မလဲ?" (If not now, then when? If not me, then who? )

စက်ဘီးတစ်စီးနဲ့ ထိုင်ဝမ်ကျွန်းကိုတစ်ပတ်ပတ်တဲ့ ရုပ်ရှင်ဇာတ်ကား Island Etude ရဲ့ ပို့စတာပေါ်ရေးထားတဲ့ "တချို့ကိစ္စတွေ အခုမလုပ်ရင် တစ်သက်လုံးလည်း မလုပ်ဖြစ်တော့ဘူး"ဆိုတဲ့ စာကြောင်းကိုကြည့်ပြီး ဒီဆောင်းပါးကို ကျွန်တော်ရေးဖြစ်ပါတယ်။ သက်ပြင်းချတိုင်း ပြီးမသွားပါဘူး... သင့်အိပ်မက်အတိုင်း သင်ရှင်သန်နိုင်မှ ပြီးပြည့်စုံတာပါ။


မူရင်းရေးသားသူ-- Zhu Xue Heng ၊ ထိုင်ဝမ်ထုတ်နေ့စဉ်သတင်းစာ The United Daily News မှ

နိုင်းနိုင်းစနေ(Saturday, July 23, 2011)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။