Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, June 1, 2013

နွယ်မြက်သစ်ပင် ဆေးဘက်ဝင် သဘာဝတရားကြီးရဲ့ လက်ဆောင် အစာအဟာရများ

 
ကျန်းမာရေးစာတိုများစုစည်းမှု
နွယ်မြက်သစ်ပင် ဆေးဘက်ဝင် သဘာဝတရားကြီးရဲ့ လက်ဆောင် အစာအဟာရများ

ကင်ဆာတွေ၊ နှလုံးရောဂါတွေ ကာကွယ်ချင်ရင် မိမိကိုယ်မိမိ ဘာတွေ စားသောက်နေသလဲ စောင့်ကြည့်ဖို့တော့ လိုပါမယ်။ သုတေသန ပြုချက်များအရ သိရတာက နှလုံးသွေးကြော ပိတ်နေတာတို့၊ ကိုယ်ခန္ဓာဆဲလ်များ ကင်ဆာအဖြစ် ပြောင်းနေတာတို့ ဖြစ်နေပြီဆိုရင် ဦးနှောက်ရဲ့ အာရုံကြောမျှင်များ ဆက်သွယ် ဆောင်ရွက်ချက်တွေလည်း ထိခိုက်နိုင်နေပြီ ဆိုတာပါပဲ။ “ဉာဏ်ယဉ်ပြီး စားသောက်ပါ” ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ဟာလည်း ယခုထက်ပိုပြီး ပြည့်စုံအောင် လုပ်ဖို့ လိုနေပြီဖြစ်ပါတယ်။ Tufts တက္ကသိုလ်ရဲ့အသက်အရွယ် အိုမင်းခြင်းဆိုင်ရာ အာဟာရ ဗေဒဌာနမှ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် James Joseph က အခုလိုပြောပါတယ်။ “ဘုရားသခင်က အသီးအနှံတွေနဲ့ အသီးအရွက်တွေကို ဘာကြောင့် ဖန်ဆင်းခဲ့သလဲဆိုတာ ဘုရားသခင် သိပါတယ်” တဲ့။ ပြောရဦးမယ်- ကိုယ်ခန္ဓာဟာ နေ့စဉ်နှင့်အမျှ အစာအဟာရတွေ ချေဖျက်စုပ်ယူခြင်း၊ အစာအရဟာရမှ စွမ်းအင်ကို ပြောင်းလဲထုတ်ပေးခြင်း၊ အဆိပ်အတောက်တွေကို ချေဖျက်ခြင်းတွေကို လုပ်ဆောင်နေရတယ်။ ထိုလုပ်ငန်းစဉ်တွေမှ သိပ်ကိုကြောက်စရာ ကောင်းပြီး ဦးနှောက်ဆဲလ်တွေကို သေကြေစေတဲ့လွင့် မျောမော်လီကျူး (free radicals) များကို ထွက်ပေါ်စေပါတယ်။ အဲဒီလွင့်မျော မော်လီကျူးတွေကို ပြန်လည်သန့်စဉ်ဖို့ ဦးနှောက်နှင့် ကိုယ်ခန္ဓာက ဓာတ်တိုးဆန့်ကျင် သတ္တိရှိတဲ့ ဓာတ်ပစ္စည်းများကို အရေးတကြီး လိုအပ်ပါတယ်။ အသက်ကြီးလို့ ကိုယ်ခံအားစနစ်တွေ လျော့နည်းလာပြီဆိုရင် ဒီလွင့်မျော မော်လီကျူးတွေက သောင်းကျန်း ဖျက်ဆီးကြတော့တာပါပဲ။

ဒါပေမယ့် သိပ်စိတ်မပူပါနဲ့။ သိပ္ပံပညာရှင်တွေ ယုံကြည်ထားချက်အရ anti oxidants လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို သာလုံလောက်စွာရခဲ့ရင် အယ်(လ်)ဇိုင်းမားလို ဦးနှောက်မှတ်ဉာဏ် ပျက်ယွင်းသည့် ရောဂါတွေကို ကာကွယ်နိုင်တဲ့အပြင် နှလုံးခုန်အား သန်မာစေခြင်းနဲ့ သွေးကြောနံရံများ ပျော့ပျောင်းစေခြင်းကို ဖြစ်စေပါတယ်။ ဦးနှောက်က အခြားကိုယ်ခန္ဓာရဲ့ အင်္ဂါအစိတ်အပိုင်းတွေနဲ့ သီးခြားဖြစ်နေပြီး ကျန်းမာနေတာပဲ၊ ဘာဆိုင်လို့လည်းဆိုတော့ မတွေးပါနဲ့၊ နှလုံးက ပို့လွှတ်လိုက်တဲ့ သွေးတွေရဲ့ (၂၀) ရာခိုင်နှုန်းက ဦးနှောက်ဆဲလ်တွေဆီ ဖြတ်သန်း စီးဆင်းနေရတာ။ ဒီသွေးစီးဆင်းမှုကို ထိခိုက်စေပြီဆိုရင်တော့ အန္တရာယ်ဖြစ်ပြီသာမှတ်။ လေသင်တုန်း ဖြတ်လို့ရှိရင် ဦးနှောက်ပါ ထိခိုက်တော့မှာ။ ဒါ့အပြင် လေဖြန်းချင်သလို ဖြစ်ဖြစ်နေပြီဆိုရင်လည်း မပေါ့နဲ့ဗျ။ အဲဒီလို အကြိမ်ကြိမ် ဖြစ်နေပြီဆိုရင် မကြာခင် အယ်(လ်)ဇိုင်းမားလို မှတ်ဉာဏ်ပျက်စီးခြင်း ရောဂါမျိုးဆန်ဆန်တွေ ဖြစ်လာတော့မှာ။ အသားစားတာများလို့ရှိရင် အသားကို ချေဖျက်ရာမှ ထွက်လာတဲ့ homocysteine တွေလည်းများလာပြီး အဲဒီဟာတွေက သွေးကြောအတွင်း သွေးခဲမှုကို ဖြစ်စေတယ်။ ပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် သွေးတိုးရှိနေတဲ့ သူတွေဆိုရင် မကြာခင် နှလုံးသွေးကြောပိတ်ခြင်း ဖြစ်လာပြီး လေဖြတ်နိုင်တယ်။ ဒါဆို ဦးနှောက်ကို ထိခိုက်မိပြီပေါ့။ (၂၅) နှစ်ကြာ လူပေါင်း (၃၇၃၅) ဦးကို သုတေသနပြုပြီး တွေ့ရှိချက်အရ လူလတ်ပိုင်းအရွယ်မှာ သွေးတိုးရှိသူ တော်တော်များများက အသက်ကြီးလာရင် မှတ်ဉာဏ်ယိုယွင်း သတိမေ့လျော့ခြင်းတွေ ပိုမိုဖြစ်တယ် ဆိုတာပါပဲ။ ဒါတွေမဖြစ်အောင် ငယ်စဉ်ကလေးဘဝကတည်းက ဂရုစိုက်သင့်တယ်လို့ (Kansas တက္ကသိုလ်) ဦးနှောက်နှင့် အာရုံကြောဗေဒပညာရှင် Charles De Carli က ပြောပါတယ်။ ဒါဆိုရင် ဘယ်အစားအစာတွေကို စားသင့်ကြသလဲဆိုတာ ကြည့်ရအောင်။

စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ဆီးသီး၊ စပျစ်သီးနှင့် ဟင်းနုနွယ်

ပထမဆုံးအနေနဲ့ ဆားလျှော့၊ ဆီလျှော့ စားရပါမယ်။ အဆီမပါတဲ့ နွားနို့နဲ့နို့အမျိုးမျိုး၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေဟာ ဆေးတွေလိုပဲ သွေးဖိအားကို လျော့ကျစေနိုင်ပါတယ်။ အသီးအနှံမျိုးစုံပေါ့ဗျာ။ အပင်အားတိုးဆေးတို့ ပိုးသတ်ဆေးတို့တော့ ကင်းရပါမယ်။ တချို့အပင်တွေက အိမ်မှာ ကိုယ်တိုင်စိုက်ထားရင် ရပါတယ်။ ပန်းအိုးနဲ့တောင် အိမ်ထဲစိုက်နိုင်တဲ့ အသီးအနှံအပင်တွေလည်း ရှိနေတာပါပဲ။ မျိုးရိုးဗီဇ ပြုပြင်ထားတာမဟုတ်ရင် ပိုကောင်းပါတယ်။ သဘာကျတဲ့ ရာသီပေါ် အသီးအနှံမျိုးစုံကို စားသုံးသင့်ပါတယ်။ အဲဒီထဲမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါတယ်။ ပြီးတော့ အမျှင်ဓာတ်နဲ့ ဗိုက်တာမင် သတ္တုဓာတ်တွေလည်း ကြွယ်ဝပါတယ်။ ပြီးတော့ Omega-3 အဆီ (ငါးကြင်းဆီ) လိုမျိုးကောင်းတဲ့ အဆီကိုစားသုံးခြင်းဖြင့် နှလုံးရောဂါနဲ့ စိတ်ဓာတ်ကျခြင်း နှစ်မျိုးလုံးကို လျော့နည်းစေပါတယ်။ တကယ့်ကို ကျန်းမာချင်တယ်ဆိုရင်ဖြင့် စတော်ဘယ်ရီတို့၊ ဘလူးဘယ်ရီတို့ စားစေချင်ပါတယ်။ အဲဒီ ဘယ်ရီသီးလို နီနီရဲရဲ၊ အပြာရင့်ရင့် အရောင်တွေထဲမှာ တကယ့်ကို အစွမ်းထက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း anthocyanins တွေ ကြွယ်ဝစွာ ပါဝင်တယ်လို့ သုတေသနပြုထားချက်အရ ဖြစ်ပါတယ်။ ချယ်ရီသီးတို့၊ ဆီးသီးတို့၊ စပျစ်သီးတို့ရောပေါ့။ Anthocyanins ဓာတ်ပစ္စည်းတွေဟာ ဦးနှောက်ရဲ့ အာရုံကြောမျှင်တွေကို ကျန်းမာစေပြီး သွေးခဲမှုကိုလည်း ချေဖျက်ကာကွယ်နိုင်စွမ်း ရှိပါတယ်။ ဟင်းနုနွယ်ရွက်ကိုလည်း စားသင့်ပါတယ်။ အရောင်ထွက်တဲ့ ဟင်းနုနွယ်ဆို ပိုကောင်းတယ်။ ဓာတ်တိုးဆန့်ကျင် ဓာတ်ပစ္စည်းများ စုဝေးရာနေရာဌာနကြီး ဖြစ်ပြီး ဗိုက်တာ မင်တွေဖြစ်တဲ့ beta-carotene, vitamin C နဲ့ folic acid တွေ ပါဝင်ပါတယ်။

ကြက်သွန်ဖြူနဲ့ ပဲနို့ရည်

ကြက်သွန်ဖြူဟာ သွေးတိုးကို သိသိသာသာကြီး လျော့ကျစေတယ်လို့ သုတေသနပြုချက်များစွာက တွေ့ရှိခဲ့ကြပါတယ်။ အနံ့နံပါတယ်ဆိုတဲ့ အဲဒီကြက် သွန်ဖြူလေးက လူကိုလည်း ကျန်းမာစေပြီး သွေးကြောတွေကိုလည်း ပျော့ပြောင်းစေပါတယ်လို့ နွယ်မြက်သစ်ပင် ပညာရှင် Varro Tyles ပြောပြပါတယ်။ သူအကြံပြုထားတာက တစ်ရက်ကို ကြက်သွန်ဖြူ နှစ်တက်လောက်ကို ချက်ပြီး (သို့မဟုတ်) အစိမ်းစားပါ။ ဒါမှမဟုတ်ရင် 250 milligram ပမာဏရှိတဲ့ ကြက်သွန်ဖြူမှရတဲ့ ဆေးကို (၄) လုံးလောက်စားပါလို့ ပြောပါတယ်။ ဒီလိုပါပဲ ပဲနို့ရည်ကလည်း ကိုလက်စထရောကို လျော့ကျစေတယ်လို့ သုတေသနပြုမှု (၄၀) လောက်ကနေ သိရပါတယ်။ အဟာရဗေဒပညာရှင်နဲ့ ပဲနို့ရည် သုတေသီ Mark Messian ပြောတာက ပဲနို့ရည်မှာပါတဲ့ ဓာတ်ပစ္စည်းများဟာ သွေးကြောပိတ်စေတဲ့ LDL အဆီများ၊ ကိုလက်စထရောများနဲ့ oxidises များကို မဖြစ်အောင် စွမ်းဆောင်နိုင်တယ်လို့ ဖြစ်ပါတယ်။

ဗိုက်တာမင်ဆေးတောင့်

အသက်ကြီးရင်တော့ ဆေးကူရပါမယ်။ အရင်လိုလည်း မစားနိုင်တော့ဘူးလေ။ ဗိုက်တာမင် B-12 က သိပ်အရေးကြီးပါတယ်။ B-12 လုံလောက်အောင်ရရှိမှသာ ဦးနှောက်အာရုံကြော ပျက်စီးမှုကို ကာကွယ်နိုင်မယ်လို့ အာဟာဗေဒ ပညာရှင် Katherine Tucker က ပြောပါတယ်။ ဒါကြောင့် folic acid တို့ ဗိုက်တာမင် B အုပ်စုဝင်တို့ပါတဲ့ ဆေးကိုလည်း ဆရာဝန်နဲ့ တိုင်ပင်ပြီး သုံးသင့်ပါတယ်။ ရေကညွတ်၊ ဟင်းနုနွယ်၊ လိမ္မော်သီးနဲ့ ပဲအမျိုးမျိုး၊ ကောက်ပဲသီးနှံတွေက folic acid ကြွယ်ဝပါတယ်။ ဒါပေမယ့် ဗိုက်တာမင် B-12 25-micrograms နဲ့ B-6 3-milligramsရရှိဖို့ ဗိုက်တာမင်ဆေးကိုတော့ သောက်သုံးသင့်ပါတယ်။ ဗိုက်တာမင် E ဆေးတောင့်ဖြစ်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းကလည်း အခုပြောခဲ့တဲ့ ရောဂါများကို ကာကွယ်ပေးမှာပါ။

သူရကျော်
BY THE LIGHT OF MANDALAY (MDY A LIN)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။