Popular Journal
" ဓာတ်ပြားခေတ် ဂီတလောကနဲ့ချိုပြုံး "
ရုပ်ရှင်အနုပညာလောကမှာရော၊ ဂီတအနုပညာ လောကမှာပါအောင်မြင်မှုတွေရယူပိုင် ဆိုင်ထားသူက တော့အကယ်ဒမီဒေါ်ချိုပြုံးပဲဖြစ်ပါတယ်။ "ဘိုင်စကုတ် မင်းသမီးမချို"၊ "တက္ကသိုလ်ကျောင်းကငွေလမင်း" သီချင်းတွေနဲ့ ဂီတချစ်သူတွေရဲ့အသည်းစိုင်ကိုဆွဲကိုင်လှုပ်ခတ်စေခဲ့တဲ့အသံပါရမီရှင်တစ်ဦးလည်းဖြစ်ခဲ့သလို ဓာတ် ပြားခေတ်ကနေ မိုနိုခေတ်၊ စတီရီ ယိုခေတ်တွေစုံအောင် ဖြတ်သန်းတက်လှမ်းခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါ တယ်။
ဒါကြောင့် ဓာတ်ပြားခေတ်ဖြတ်သန်းဖြစ်ခဲ့ပုံ အကြောင်းမေးကြည့်ရာ ဒေါ်ချိုပြုံးက"
အမေတို့ဓာတ်ပြားခေတ်ကဆိုရင် ဓာတ်ပြားသွင်း တယ်ဆိုတာ တအားခက်တယ်။ အခုခေတ်လို တစ်လုံး၊တစ်ပိုဒ်၊ တစ်ဝကအသံသွင်း ဆိုလို့မရဘူး။ သူက မိနစ်နဲ့တွက်ပြီးဆိုရတယ်။
မိနစ်ပိုလည်းမရဘူး။ လျော့လည်း မရဘူး။ အဲဒီလို ခဲခဲယဉ်းယဉ်းဆိုရတဲ့အပိုင်းလေးတော့ရှိတယ်။ပြီးတော့သူကခုခေတ်စီ ဒီပြားလေးတွေလိုကူးလို့မရဘူး။
ဓာတ်ပြားကြီးနဲ့ကျီကျီနဲ့လုပ်ရတယ်။ ဓာတ်ပြားကသိမ်းထားရတာတော့ လွယ်တယ်။ပြီးတော့သူကဒီမှာခုတ်လို့လည်းမရဘူး။ နိုင်ငံခြား မှာသွားပြီးခုတ်ရတယ်။
ဒါကြောင့်တစ်ပုဒ်နဲ့ပြီးလို့သွားခုတ်လို့မရဘူး။ သွားခုတ်ပြီ ဆိုရင်လည်း အတွဲလိုက်သွားကြတယ်ပေါ့" လို့ ပြောပြပါတယ်။ စတီရီယို၊ မိုနိုတို့ရဲ့ကွဲပြားပုံကို မေးကြည့်တော့ ဒေါ်ချိုပြုံးက
" မြန်မာသံသီချင်း၊ ကိုယ်ပိုင်သီချင်းတွေကို မိုနိုလို့ခေါ်တယ်။
တချို့က မသိကြဘူး။ မိုနိုဆိုတာ မြန်မာကိုယ်ပိုင်သီချင်း အမျိုးအစားကိုခေါ်တာပါ။ ကိုယ့်ကိုယ်ပိုင်သံစဉ်သီချင်းပေါ့။ စတူဒီယိုကတော့ကိုယ်ပိုင်သံစဉ် မဟုတ်ဘဲစာသားအစားထိုးဆိုတာပေါ့။ မိုနိုသီချင်းဆိုတဲ့သူတွေက တိုက်ရိုက်ဆိုကြ တယ်။ တီးတဲ့သူကလည်း တောက်လျှောက်တီးကြတယ်။
မြန်မာ့အသံလွှင့်တုန်းကဆိုရင်တိုက်ရိုက်အသံလွှင့်တယ်ဆိုရင်ကိုယ်ဆိုလိုက်တဲ့အတိုင်းပဲပါသွားတာပဲ။ ကောင်းရင်ကောင်းတဲ့အတိုင်းပါသွားတာပဲ။အသံကောင်းရင်ဓာတ်ပြားပေးတယ်။ မကောင်း ဘူးဆိုရင် ဖမ်းထားတဲ့ အသံကိုလည်း ဖျက်ပစ်လိုက်တယ်။ အဲဒီတော့ ဓာတ်ပြားမရဘူး ပေါ့။ထပ်လည်းမလွှင့်တော့ဘူးပေါ့။ကောင်းရင်ဓာတ်ပြားရပြီး မြန်မာ့အသံမှာ ထပ်လွှင့်တယ်။မိုနိုကတအားခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ကိုယ်ပိုင်အသံတစ်ခုကိုပရိသတ် ကြားပြီးရင်နားထဲ၊နှလုံးသားထဲစွဲအောင်ဆိုရတာလေ။
အမေချိုတို့ခေတ်ကတစ်ပုဒ်လုံးကိုတိုက်ရိုက်ဆိုခဲ့ရတယ်။ အခုအမေချိုလည်း ပျက်စီးသွားပြီဆိုရမှာပါ။ဘာဖြစ်လို့လဲဆိုတော့အသံသွင်းပြီဆိုရင်တစ်ဝက်၊ တစ်ပိုင်းနဲ့စခန်းသွားနေကြတာ။ အခုခေတ်ကစက် ပိုင်းဆိုင်ရာတွေ တိုးတက်လာပြီးလူတွေကညံ့ကုန်ပြီ။ အမေအပါအဝင်ပါပဲ။ ပြီး
တော့ဒီခေတ်က သင်ဆရာတွေ များနေတယ်။ အမေတို့ခေတ်ကကြားဆရာနဲ့ပဲ တတ်လာခဲ့တာလေ။တိုင် ပင်တိုင်တဲ့အခါမှာလည်း တကယ်ဒုက္ခရောက်တယ်။
တိုင်ပင်မဝင်မချင်းလုပ်ရတာ။ ခုခေတ် ကဝင်ဝင်၊ မဝင်ဝင်ကွန်ပျူတာကလုပ်ပေးနေ တာ။ခုခေတ်ကတော်ဖို့မလိုတော့ဘူး။ ရဲဖို့ပဲလို တာပါ။အခုခေတ်ကလေးတွေကို အမေကြည့်တယ်။ အမေတို့ခေတ်ကလို လုံးဝမဟုတ်ဘူး။ တစ်ခုခုလုပ် ရင် သိပ်မရင်းနှီးဘဲအောင်မြင်နေကြတယ်။ ဒါကရေ ရှည်မှာမရဘူး" လို့ပြောပြပါတယ်။ ကိုယ်ပိုင်ဟန်၊ သီ ချင်းတစ်ပုဒ်ရဲ့အကျိုးကျေးဇူးရှိခဲ့ပုံကို" အခုခေတ်က တော် ကြပေမယ့်သီချင်းဆိုတဲ့အခါမှာတိုက်ရိုက်မသွင်းရလို့ အကျင့် ပျက်သွားမှာတအားကြောက်တယ်။
စတူဒီယိုဆိုရင် လည်းကော်ပီများတယ်။အမေချိုတို့ခေတ်က သီချင်း တစ်ပုဒ်ဆိုလိုက်ရင်ရင်ထဲ၊နှလုံးသားထဲကနေဝါသနာ၊ အနစ်နာခံပြီးဆိုတယ်။အတုယူတဲ့အခါမှာလည်းကိုယ်ပိုင် စတိုင်၊
ကိုယ်ပိုင်ဟန်ကိုလုပ်စေချင်တယ်"လို့ပြောပြပါတယ်။
ထူးထူး

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။