နေပြည်တော် ဇွန် ၁၂
နေပြည်တော်- တပ်ကုန်း အမှတ်(၁) လမ်းအပိုင်း၊ မိုင်တိုင်အမှတ် ၆ မိုင်၊ ၅ ဖာလုံ၊ အောင်သီရိ ကျေးရွာ အနီးတွင် မော်တော် ယာဉ်များအား ဂီယာဖြုတ်ထားစဉ် ကုန်းဆင်း ဖြစ်သော် လည်း နောက်ပြန် လိမ့်တက်သော ဖြစ်စဉ်တစ်ခု ဖြစ်ပေါ် လျက်ရှိသည်။
နယ်မြေခံလူထုများ အနေဖြင့် ၎င်းနေရာတွင် သံလိုက် စက်ကွင်းများ ဖြစ်ပေါ်နေပြီး ၎င်းသံလိုက် စက်ကွင်းများ၏ ဆွဲအားကြောင့် မော်တော်ယာဉ်သည် ကုန်းဆင်းတွင် ရပ်ထားသော်လည်း နောက် သို့ပြန်၍ လိမ့်တက်သွားသည်ဟု ယူဆလျက်ရှိသည်။
သတင်းအရ နေပြည်တော်တိုင်း စစ်ဌာနချုပ်၏ နယ်မြေခံ တပ်ရင်းတစ်ရင်းမှ ပညာသည် အရာရှိ/ စစ်သည်များ စုဖွဲ့၍ ခေတ်မီ မြေတိုင်း ကိရိယာများ ဖြစ်သော GPS၊ လေဆာ အကွာအဝေးတိုင်း ကိရိယာ၊ ထောင့်တိုင်း ရေချိန်များဖြင့် ၂ဝ၁၃ ခုနှစ် မေ ၃ဝ ရက်တွင် လက်တွေ့ ကွင်းဆင်း တိုင်းတာခဲ့သည်။
တိုင်းတာချက် များအရ ၆ မိုင် ၅ ဖာလုံသို့ မရောက်မီ မီတာ ၇ဝ အကွာအဝေးအတွင်း ဒေသခံများ ထင်မြင်ယူဆ သကဲ့သို့ လမ်းသည် ကုန်းဆင်းအနေ အထားမဟုတ်ဘဲ သုည ဒသမ ၈ ဒီဂရီခန့် ကုန်းတက် ဖြစ်ပေါ်နေကြောင်း တိုင်းတာ တွေ့ရှိရသည်။ ထို့ကြောင့် လူအများ၏ အမြင်တွင် ကုန်းဆင်းဟု ထင်မြင် ယူဆသောနေရာသည် ပတ်ဝန်းကျင် တောတောင်များ၏ မြင်ကွင်းလှည့်စား မှုကြောင့် ကုန်းဆင်း မဟုတ်ဘဲ သုည ဒသမ ၈ ဒီဂရီခန့် ကုန်းတက် ဖြစ်နေသောကြောင့်သာ မော်တော်ယာဉ်များသည် ကမ္ဘာ့ဆွဲအား အတိုင်း အလိုအလျောက် နောက်သို့ ပြန်လိမ့်ဆင်း သွားခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။