Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, June 8, 2013

ဘယ်လိုမှ အသုံးမကျတဲ့နှင်းဆီကို ထားရစ်ခဲ့ပြီ

 
Tun Wai
ဘယ်လိုမှ အသုံးမကျတဲ့နှင်းဆီကို ထားရစ်ခဲ့ပြီ

အလွမ်းအဆွေးသီချင်းတွေကို ရေးဖွဲ့လေ့ရှိတဲ့သူ၊ အောင်မြင်မှုများစွာရရှိတဲ့သီချင်း များစွာကို ရေးသားခဲ့တဲ့သူ …
တေးရေးဆရာကေအေတီ၊ ကဗျာဆရာကျော်အောင်သစ် ….အနုပညာသမားတစ်ယောက် …. သူ့အနုပညာတွေကို ချန်ရစ်ပြီး ဇွန်လ ၁ရက်နေ့က
လူ့လောကကို နှုတ်ဆက်သွားပါတယ်။


သူ့အနုပညာခံစားချက်နဲ့ ဘ၀ပုံရိပ်တချို့ကို စာရေးဆရာမောင်ကိုကို(အမရပူရ) ရေးသားထားတဲ့ ဘာကိုမှမကြောက်သူများ စာအုပ်ထဲကနေ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

သီချင်းရေးဆရာကေအေတီကို ရန်ကုန်မြို့မှာမွေးဖွားသည်။
ကေအေတီ၏ မွေးရက်စွဲမှာ ၁၉၆၆၊ ဧပြီ ၁၈။
ကေအေတီ၏ နာမည်ရင်းမှာ ကျော်အောင်။
ကေအေတီ၏ မိဘနှစ်ပါးမှာ မော်လမြိုင်ဇာတိ။

၁၉၈၂မှာ သူဆယ်တန်းအောင်၏။ ပထမနှစ်၊ ဒုတိယနှစ်ကို မုံရွာဒေသကောလိပ်မှာ တက်သည်။ တတိယနှစ်ကို မန္တလေးတက္ကသိုလ်မှာ ပညာသင်ကြားရ၏။ “၁၉၈၅ မှာ ကျွန်တော်မန္တလေးတက္ကလိုလ်စရောက် တယ်” ကေအေတီ ပြောသည်…။

လူပုံအလယ်မနေချင် ငါတစ်ယောက်တည်းပဲ
ရင်ခုန်သံအသေတွေကိုဖြန့်ကြဲပြီး အခန်းငယ်ထဲ
ကလေးတစ်ယောက်ရဲ့ဘ၀မှာ စိတ္တဇလိုရောဂါရင့်စေတယ်….

ကေအေတီသည် ကဗျာဖတ်ရင်း၊ ကဗျာစပ်ရင်း၊ ဂစ်တာတီရင်း၊ သီချင်းဆိုရင်း ဆယ်တန်းကျသည်။ သူ ဆယ်တန်းဒုတိယနှစ်သို့ ရောက်လာ၏။ ဂစ်တာတီးလျက်၊ သီချင်းဆိုလျက်၊ ကျောင်းစာကျက်တာမပျက်ကွက်။

“ကျွန်တော် ဆယ်တန်း ဒုတိယနှစ်မှာ ကိုယ်ပိုင်သံစဉ်သီချင်းတစ်ပုဒ် စရေးဖြစ်တယ်၊ ဘာရည်ရွယ်ချက်မှမရှိဘူး၊ ရေးဖြစ်တယ်” ကေအေတီ ကပြောသည်။

ရာစုများပြောင်းလဲသွား
မံမီများမပြောင်းလဲ ရှိနေဆဲ
အမြဲတမ်းချစ်ခြင်းများ
ယုံကြည်ထားလိုက်တော့ ဟေ့
ဒီချစ်ခြင်းများ ငါမပြောင်းလဲတော့ဘူး
ငြိမ်သက်ခြင်းနဲ့အချစ်က
မယာမရှိဘူး ပျောက်မသွားဘူး……

သူကဗျာဖတ်ရင်း ၊ ကဗျာစပ်ရင်း ဆယ်တန်းဒုတိယနှစ်မှာ အောင်မြင်သွားသည်။

“ကျွန်တော့်နာမည်ရင်းက ကျော်အောင်။ ရွှေမန်း ကျော်အောင်ရှိသလို၊ စာရေးဆရာကျော်အောင်လည်း ရှိတယ်။ ဒါကြောင့်ကလောင်နာမည်ကို ကျော်အောင်သစ်လို့ ကျွန်တော်ပေးလိုက်တယ်”
Kyaw Aung Thit
KAT
ကေအေတီ မန္တလေးတက္ကသိုလ်သို့ရောက်ချိန်မှာ လေးဖြူ၊ အငဲ၊ ၀ိုင်ဝိုင်းတို့နှင့် တွေ့ဆုံသည်။ သူငယ်ချင်း အမြန်ဖြစ်သွားကြ၏။ အလွန်ချစ်ကြသောသူငယ်ချင်းများ။
ဝိုင်ဝိုင်းက လိဒ်ဂစ်တာတီးသည်။ လေးဖြူက ဘေ့စ်ဂစ်တာ တီးသည်။ ကေအေတီက ရစ်သမ်တီးသည်။
လေးဖြူ နှင့် ၀ိုင်ဝိုင်းတို့က အတီးနှင့်အဆိုမှာ အားသန်သည်။ အငဲက သီချင်းရေးသည်။ သီချင်းဆိုသည်။ ကေအေတီက ဂီတ အပေါင်းအသင်းများနှင့် နေထိုင်ရသည်ကို အလွန် ကျေနပ်၏။

ကေအေတီတတိယနှစ်တွင်ဇေယျာဆောင်မှာနေသည်။ စတုတ္ထနှစ်(နောက်ဆုံးနှစ်)မှာရွှေပြည်အေး ဆောင်မှာနေသည်။ တက္ကသိုလ်မှာကျောင်းဖွင့်စ ဆိုလျှင် မောင်မယ်သစ်လွင်ကြိုဆိုပွဲတွေရှိသည်။ ကျောင်းပိတ်ခါနီးတော နှုတ်ဆက်ပွဲတွေရှိသည်။ မေဂျာလိုက်တီးကြဆိုကြသော ဂီတပွဲတွေရှိသည်။

လေးဖြူက မန္တလေးတက္ကသိုလ်မှာနာမည်ကြီးနေပြီ။ ကေအေတီတို့ကလည်း လေးဖြူပွဲတက်ဆိုလျှင်မလွတ်တမ်းအားပေးကြသည်။
ညမှာ အဆောင်နံဘေး လိုက်ဆိုလျှင်လည်းလေးဖြူ၊ အငဲ၊ ကေအေတီ၊ ၀ိုင်ဝိုင်း အတူတူ။

“လေးဖြူက သီချင်းဆိုကို ကောင်းတာ၊ စိုင်းထီးဆိုင်ဆိုတော့လည်း ကောင်းတာပဲ၊ ခင်မောင်တိုးသီချင်း ဆိုတော့လည်း ကောင်းတာပဲ။ ကျွန်တော်တို့သူငယ်ချင်းတွေအားလုံးက လေးဖြူကို အဆိုတော်သိပ်ဖြစ်စေချင်ကြတယ်” ဟု ကေအေတီက ပြောသည်။

၁၉၈၇ မှာသူကျောင်းပြီးသည်။ ၁၉၈၈ မှာအရေးအခင်းကြီးဖြစ်သည်။ အရေးအခင်းပြီးသွားသည်။ သူသည်ငြိမ်ချမ်းရေးကိုကိုယ်စားပြု၍ သီချင်းတစ်ပုဒ်ဆိုရင်း မြင်းတစ်ကောင်လို စက်တပ်ယာဉ်လို စီးနင်းသွား၏။ သူ ဂီတနှင့်ပဲဆက်ပြေးသည်။ သီချင်းကို ၀ယ်သူရှိရှိ မရှိရှိ၊ ကေအေတီ သီချင်းရေးနေသည်။

ကေအေတီက ငယ်ငယ်ကတည်းကပင် တစ်ကိုယ်ရည် အထီးကျန်နေရခြင်းကို ခုံမင်စွဲလမ်းသည်။ ခံစားချက်အားကောင်းလွန်းသော ခံစားတတ်လွန်းသော ကေအေတီသည် ချစ်တက်တဲ့စိတ် မရှိချင်ဘူး ၊ မိန်းကလေးတစ်ယောက်ကို ချစ်မိသွားသည်။

“အတူနေ အမျိုးသမီးက အမေရိကားကိုထွက်သွားတော့ ကျွန်တော် အသည်းကွဲသီချင်းတွေရေးခဲ့ဖူးပါတယ်”

“ကေအေတီ ဆိုရင် အလွမ်းအဆွေးသီချင်းလေးတွေနဲ့ လိုက်ဖက်တယ်လို့အသိအမှတ်ပြုပြီး အချစ်အလွမ်းအဆွေးတွေနဲ့ ကျွန်တော် နာမည်ရလာတယ်။ အဲဒီလို အချစ်အလွမ်းသီချင်းတွေရေးပေးဖို့ ထုတ်လုပ်သူတွေ၊ အဆိုတော်တွေက လာလာအပ်ကြတယ်”

“ပြုလုပ်သူရဲ့စိတ်ရင်းအတိုင်း ပြန်လာတာ၊ ရိုးသားရမယ်၊ မနာလိုမှုတွေ၊ မစ္ဆရိယတွေ မရှိဘူး။ စေတနာ အပြည့်ထည့်ရမယ်၊ အဲဒါဆို ဘယ်အနုပညာမဆို အောင်မြင်မယ်”
ကေအေတီက သူ့အနုပညာအယူအဆကိုပြောပြ၏။ ……………………..

စာရေးဆရာမောင်ကိုကို(အမရပူရ) ရဲ့ ကေအေတီနဲ့ပတ်သက်ပြီးရေးသားထားတဲ့ အကြောင်းအရာတစ်ချို့ဖြစ်ပါတယ်။

……….. ………….. ……………..

ရိုစီ သင့်ကိုယူဆောင်လာသူလောကထဲ
နာမည်လွယ်လွယ်ပျံ့နှံ့နေ
သင့်ရဲ့ဆူးကိုဂန္တ၀င်ဆန်ဆန်ဖွဲ့သူတွေ
နားမျက်စိတွေ ကန်းသွားပြီပဲ ………

အဲဒါကတော့ တေးရေးဆရာကေအေတီရဲ့ အသုံးမကျတဲ့နှင်းဆီ လို့ အမည်ရတဲ့သီချင်းစာသားတစ်ချို့ပါ။
အခုတော့သူချစ်တဲ့သီချင်းတွေ၊ သူငယ်ချင်းတွေ…နဲ့အတူ အရာအားလုံးကို ထားခဲ့ပြီဖြစ်ပါတယ်။

Saturday, June 8, 2013
အိမ့်သံစဉ်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။