Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, January 4, 2013

The Voice ဂျာနယ်နဲ့ ဗိုဟ်ချုပ်ဂွမ်မော် အင်တာဗျူး(1-11-2012)

Nay Ko Ko and 2 other people shared ခွန် ဒီးယမ်'s photo.
The Voice ဂျာနယ်နဲ့ ဗိုဟ်ချုပ်ဂွမ်မော် အင်တာဗျူး(1-11-2012)
====================================
Voice : အစိုးရတပ်နဲ့ ကေအိုင်အေ တိုက်ပွဲ ဖြစ်နေတာ တစ်နှစ် ကျော်နေပြီ။ တချို့ကလည်း ခုဖြစ်နေတဲ့ တိုက်ပွဲ က ခွဲထွက်ရေး အတွက် တိုက်နေ တယ်လို့လည်း ပြော ကြပါတယ်။ ကျွန်တော် တို့ နားလည် ထားတာက ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်း တယ်လို့ ကြားထားပါ တယ်။ အဲဒီအပေါ် မှာ တိကျတဲ့ သဘော ထားကို ပြောပြပေးပါခင်ဗျ။

GGM : ကချင်တွေရဲ့ စိတ်ထဲမှာ ပြည်ထောင်စု မြန်မာနိုင်ငံလို့ ပေါ်ထွက်လာ အောင် အစကတည်းက ကြိုးစားတဲ့ နေရာမှာ ကချင်တွေ ပါခဲ့ ပါတယ်။ ဒါကြောင့်မို့ ပြည်ထောင်စုကနေ ခွဲထွက် ရေးလို့ ပြောတဲ့ အထဲမှာ ကချင် မပါဘူး။ဦးအောင်မင်းကိုလည်း ပြောခဲ့တယ်။ ပြည်ထောင်စု ဆိုတဲ့ စကားကို ကျွန်တော် တို့ ပြောခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ၊ သိပ်ပင်ပန်း နေပြီလို့ နောက်ခဲ့သေးတယ်။ ပြည်ထောင်စုနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်လို့ ပြောလိုက်ရင် ပြည်ထောင်စု ခွဲထွက်ရေး လို့ နားလည် ကြတယ်။ ဒါက ကချင်တွေ ရဲ့ Concept ပဲ။ ခု ပြောနေကြတာ လည်း ပြည်ထောင်စု အရေးပဲ။ ကေအိုင်အိုက ဘယ်လောက်တောင် ရှင်းရှင်းလင်းလင်း လုပ်ခဲ့သလဲဆိုရင် ၁၉၈၁ ခုနှစ်မှာ ဗိုလ်ချုပ် နေဝင်းနဲ့ တွေ့တဲ့အခါ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီကို လက်ခံမယ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေး၊ ဒီမှာ မူထိတယ် ဆိုပြီး စေ့စပ်ကြောင်းလမ်းရေး ပျက်ခဲ့တာ ဒီနေ့ထိပဲ။ ၁၉၉၄ တုန်းက အပစ်အခတ် ရပ်စဲရေး စေ့စပ်ပွဲ လုပ်တယ်။ နိုင်ငံထဲမှာ အခြေခံ ဥပဒေ တစ်ရပ် ပေါ်ထွက်ရေးအတွက် ကြိုးပမ်းတဲ့ နေရာမှာ ပါဝင်ခဲ့တယ်။အဲဒီမှာ နိုင်ငံရေး ဆွေးနွေး ရအောင်လို့ ပြောရင် လက်မခံခဲ့ဘူး။ အစိုးရနဲ့ လုပ်။ သူတို့က အာဏာ သိမ်းထားတဲ့ တပ်မတော် အစိုးရလို့ပြောတယ်။ ၂၀၀၈ ကုန်ခါနီး မှာ အသွင် ကူးပြောင်းရေး အတွက် နယ်ခြားစောင့် တပ်ဖွဲ့ဖို့ပြောတယ်။ အသွင် ကူးပြောင်းရေး ဆိုတာက နိုင်ငံရေး ဝေါဟာရ ဖြစ်တယ်။ အသွင်ကူးပြောင်း ရေးနဲ့ Road Map က ဘယ်လို ချိတ်ဆက်မှု ရှိသလဲ မေးတော့ မရှိဘူးလို့ ပြောတယ်။ နယ်ခြားစောင့်တပ် ဆိုတာ နိုင်ငံတော် စီမံကိန်း ဆိုတာ သဘောပေါက်တယ်။ ဒါပေမဲ့ နိုင်ငံတော်က ကေအိုင်အေ တပ်တစ်ခု တည်းကို ပြောနေတာ။ ကေအိုင်အိုမှာ ကျန်း မာရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေး အစ ရှိတဲ့ဌာန ၁၀ခု ရှိ တယ်။ ကေအိုင်အေ ဆိုတဲ့ စစ်တပ်က ကေအိုင်အိုရဲ့ အဖွဲ့အစည်း တစ်ခုပဲ။ တပ်တစ်ခုတည်းကို မပြောဘဲနဲ့ တစ်ဖွဲ့လုံး ကိစ္စ ပြောပါ။ ဘယ်လောက်ထိ ညှိခဲ့လည်း ဆိုရင် ပူးပေါင်းလို့ရတာ ပူးပေါင်း မယ်။ ဥပမာ-ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေပေါ့။ နောက် ကေအိုင်အေကို နယ်ခြားစောင့်တပ် ပေးရင် ဘယ်လောက် ပေးမလဲ မေးတော့ မသိဘူးတဲ့။ ကျန်းမာရေး မကောင်းတဲ့သူနဲ့ အသက် ၁၀ နှစ်ကျော် ကို ဖယ်လိုက်ရင် တပ်ရင်း ၃၀ ရနိုင်တယ်၊ ပေးမလား ဆိုတော့လည်း မဖြစ်ဘူးတဲ့။ ဒါနဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးက ပြီးသွားပြီ။ အဲဒီနောက်မှာ ဦးသန်းရွှေ (အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးဟောင်း) ဆီကို လိပ်မူ ပြီးတော့ ကေအိုင်အိုက စာပို့ခဲ့တယ်။ ပြည်ထောင်စု စကတည်းက ကချင်လူမျိုး တွေ ပါခဲ့ပါတယ်။ ပြည်ထောင်စုထဲ တန်းတူရေး ရချင်ပါတယ်။ တပ်မတော် မှာ ဦးစီးချုပ် တစ်ယောက်တည်း ထားမယ် ဆိုလည်း လက်ခံမယ်။ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းပေးပါ။ အဲဒီလို ဖွဲ့ရင် ကျွန်တော်တို့ တပ်တွေကို ပြင်ဆင် ဖွဲ့စည်း သွားမယ်။ နိုင်ငံတော်မှ ပြည်ထောင်စု မြန်မာနိုင်ငံလို့ ခေါ်သေးတယ်။ ဘာလို့ ပြည်ထောင်စု တပ်မတော်လို့ မရနိုင် ရမှာလဲ။ ဒါ ကျွန်တော်တို့ရဲ့ သဘောထားပါ။

Voice : ဟုတ်ကဲ့။ တိုက်ပွဲတွေ စဖြစ် ခဲ့တည်းက ညှိနှိုင်း နိုင်ခဲ့ရင် ခုလိုအခြေ အနေမျိုးဖြစ်မှာ မဟုတ်ဘူးလို့ လေ့လာသူ တွေကသုံးသပ်တယ်။ ဗိုလ်ချုပ်တို့ ဘာ ကြောင့် မညှိနှိုင်း နိုင်ခဲ့တာ လဲခင်ဗျ။

GGM : တိုက်ပွဲတွေ မနှစ်က ဇွန်လ ၉ ရက်မှာ စဖြစ်တာနဲ့ ၁၃ ရက်နေ့ နေ့လယ် ၁၂နာရီထိ ကျွန်တော် တို့ဘက်က တိုက်မိန့် မပေးသေးဘူး။ ဦးအောင်သောင်း တို့၊ ဦးသိန်းဇော်တို့နဲ့ ဆွေးနွေးနေတုန်း။ ကြာရင် မလိုလားအပ်တာ များလာမယ်။ ဒါကြောင့် ဒီတိုက်ပွဲ အမြန်ရပ်ဖို့ သူတို့ သမ္မတဆီ တင်ပြမယ် ဆိုတော့ သဘော တူတယ်။ ၁၃ ရက်နေ့ နေ့လယ် နှစ်နာရီ အထိ စောင့်တယ်၊ သဘောတူညီမှုမရ ခဲ့ဘူး။ ဒါကြောင့် ၁၄ ရက်နေ့က စပြီး ကျွန်တော်တို့ကလည်း တိုက်မိန့်ပေး လိုက်တယ်။ ဆွေးနွေးပွဲတွေ စလုပ် ကတည်းက တိုက်ပွဲတွေ စဖြစ်တာပဲ။ အပစ်အခတ် ရပ်ဖို့အတွက် လက်မှတ်ထိုး ရအောင်လို့ ပြောတယ်။ တခြားနိုင်ငံ တစ်ခုကို သက်သေထားပြီး လုပ်ပေးပါ ပြောရင်လည်း အစိုးရကသိက္ခာရှိသေး တဲ့အတွက် နိုင်ငံတကာမပါနဲ့၊ ပြည်တွင်း ပြဿနာပဲတဲ့။ ဒါဆို ကတိတစ်ခုပေးပါ။ အစိုးရက နိုင်ငံအတွင်းမှာရှိတဲ့ တိုက်ပွဲ တွေအားလုံး ရပ်ပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုတာကို ၁၅ ရက်အတွင်း ကြေညာပေးပါ။ ဒါလည်းမဖြစ်နိုင် ဘူးဆိုတော့ ဆွေးနွေးပွဲက ၃ ကြိမ်မှာ ပြီးသွားရောပဲ။ ခု ပထမအဆင့် အနေနဲ့ လုပ်ရမှာက တိုက်ပွဲတွေ လျှော့ချရေး။ ခုတပ်တွေ ရောနေတယ်။ အစိုးရတပ်က ရိက္ခာပို့တာတောင် ကျွန်တော်တို့ တပ်မဟာ ၃ ကိုဖြတ်ပြီးပို့ရတာ။ ခဏခဏ ရိက္ခာ ပို့ခွင့်တောင်းတုန်း။ ကူညီပေးဖို့တော့ စဉ်းစားလို့ ရပါတယ်။ ဒါပေမဲ့ လက် တွေ့တော့ မကျဘူး။ မဟာဗျူဟာအရ နောက်ကျော ရောက်နေတဲ့ တပ်ကို ခွာပေးပါ။ ခွာလိုက်ရင် တိုက်ပွဲတွေ လျော့သွားပါမယ်။ ဒုတိယ အဆင့်အနေ နဲ့ ပင်လုံမှာ ကျင်းပသလို ညီလာခံ ကျင်းပရမယ်။ ဒုတိယ ပင်လုံလည်း မဟုတ်ဘူး။ နောက်ခံသမိုင်းနဲ့ လုပ်ဆောင်ရမယ့် ကိစ္စတွေ ရှိတဲ့အတွက် ကချင်ကလည်း ကချင်တွေချည်း အစည်းအဝေး လုပ်ရမယ်။ တခြား တိုင်းရင်းသား တွေနဲ့လည်း လုပ်ရမယ်။ ဘုံသဘော တူညီမှုပေါ့။ လက်တွေ့မှာတော့ အစိုးရနဲ့ ဆွေးနွေးတဲ့အခါ တပ်တွေရွှေ့ဖို့ ကိစ္စ တွေမှာ မဆုံးဖြတ်နိုင်ဘူး။ တပ်ကိစ္စတွေ ပါလာရင် ဆွေးနွေးလို့ မရတော့ဘူး။

Voice : ကေအိုင်အို အနေနဲ့ရော၊ အစိုးရရော တိုက်ပွဲတွေ ဖြစ်လို့ ပြည်သူတွေ ဒုက္ခရောက်နေတာကို ငဲ့ပြီး နှစ်ဦးနှစ်ဖက် ဆွေးနွေးလို့ မရနိုင်တော့ဘူးလား ခင်ဗျ။

GGM : ခုနက ပြောသလိုပဲ။ ဦးအောင်မင်း တို့နဲ့ တပ်ကိစ္စ ပြောရင် ဆက်ဆွေးနွေးလို့ မရတော့ဘူး။ နောက်တိုက်ပွဲ တစ်နှစ် ကျော်လာတဲ့အထိ တိုက်ပွဲ ကိစ္စကို လွှတ်တော်က ဘယ်လို စဉ်းစားသလဲ။မစဉ်းစားဘူးလား။ ဆွေးနွေးတယ်ဆိုရင် ဒီတိုက်ပွဲတွေကို အစိုးရက ခွင့်ပြုလို့ တိုက်နေတာလား။ ဒါတစ်ပိုင်း။ နောက် ငြိမ်းချမ်းရေးလို့ ပြောနေတဲ့စကား လွှတ် တော်အနေနဲ့ ဘယ်မှာ ရပ်ပြီး ပြောနေ တာလဲ။ ကချင်ပြည်နယ်က လွှတ်တော် အမတ် ဦးစခုန်တိန့်ယိမ်းက တိုက်ပွဲမှာ လာဦးစီး နေတယ်။ အဲဒီအချိန်မှာ လွှတ်တော် အစည်းအဝေး ရှိတယ်။ လွှတ်တော်မှာ ဘယ်လိုခွင့်တောင်းပြီး စစ်ပွဲ ဦးစီး ရသလဲ။

Voice : လွတ်လပ်တဲ့ အာရှအသံ (RFA)မှာ ငြိမ်းချမ်းရေး အကျိုးဆောင် ပေးတဲ့ ဦးညိုအုန်းမြင့်က ပြောသွားတာ ရှိတယ်။ ကေအိုင်အိုက အခြေခံ ဖွဲ့စည်းပုံကို လည်း လက်ခံတယ်၊ ပြည်ထောင်စု တပ်မတော် ဦးစီးချုပ် တစ်ယောက်တည်း ရှိရမယ် ဆိုတာကိုလည်း လက်ခံတယ်၊ ဒါပေမဲ့ အစိုးရလူကြီးတွေကို ကေအိုင်အိုက မယုံကြည်ကြဘူးလို့ ပြောထားတာ ရှိပါ တယ်ခင်ဗျ။ ကေအိုင်အိုရဲ့ သဘောထားက လက်ရှိ အစိုးရအပေါ် ဘယ်လို သဘောထား ရှိသလဲခင်ဗျ။

GGM : အဓိက လူမဟုတ်ပါဘူး။ မူပါ ပဲ။ အရင် ကတည်းက အခြေခံ ဥပဒေပဲ။ ၂၀၀၈ ဖွဲ့စည်းပုံအရ တခြားသူ ဥက္ကဋ္ဌ တက်လုပ်လည်း ဘာမှမပြောင်းဘူး။အဓိကက ဥပဒေပဲ။ ကျွန်တော်တို့ ကေအိုင်အို အမည်နဲ့ ရွေးကောက်ပွဲဝင်မယ် ရမလား လို့မေးတော့ နေပြည်တော်ကို လှမ်းမေး ကြတယ်။ ရတယ်တဲ့။ နောက်နှစ်ရက် ကြာတော့ မရဘူး ဖြစ်ပြန်တယ်။ကျွန်တော် တို့က ဒီဂရီကုန်တဲ့အထိ ညှိပေးခဲ့ပြီးပြီ။ရွေးကောက်ပွဲ ဝင်မယ်။ ဒုတိယသက်တမ်း မှာမှ ဝင်မယ်။ ပထမ သက်တမ်းမှာ ဒီပုံစံ မှာပဲနေမယ်။ ၁၇ နှစ်လုံးလုံး ဆွေးနွေးဖို့ စောင့်နေခဲ့တာ။ ခုလက်မှတ်ထိုးရုံနဲ့ တော့ငြိမ်းချမ်းရေး ရမသွား နိုင်ဘူး။သဘောတူ လက်မှတ်ထိုးတာက စေ့စပ် ကြောင်း လမ်းတာနဲ့တူတယ်။ နိုင်ငံရေး ဆွေးနွေးတာက မင်္ဂလာဆောင်တာ နဲ့တူတယ်လို့တောင် ဦးအောင်မင်းကို ပြောခဲ့ပါသေးတယ်။

Voice : ခုလက်ရှိက ဒုက္ခသည်တွေ လည်း တစ်သိန်းနီးပါး ရှိနေပြီ။ ပြီးခဲ့တဲ့ တစ်ပတ်က ဖားကန့်မှာ လက်နက်ကြီး ထိပြီး ကျောင်းသူလေး သေဆုံးသွား ရတာတွေလည်း ဖြစ်ခဲ့တယ်။ ဒီတော့ ငြိမ်းချမ်းရေး အတွက် ဆက်ဆွေးနွေးဖို့ ရှိပါသလား။

GGM : ရှိပါတယ်။ ကျွန်တော်တို့ ဆုံး ဖြတ်ချက်တွေကို လူထု အစည်းအဝေးနဲ့ လုပ်ခဲ့တာတွေ ရှိပါတယ်။ နောက်တစ်ခု တိုက်ပွဲဖြစ်တော့ လူထု ဒုက္ခရောက်တာ မှန်တယ်။ တိုက်ပွဲ မဖြစ်တုန်းကရော ဒုက္ခ မရောက်ဘူးလား။ မြန်မာပြည်က တိုက်ပွဲ မဖြစ်ဘဲ ဒုက္ခရောက် ခဲ့တာပါ။ ကချင်တွေ စိတ်ထဲမှာ တိုက်ပွဲကြာလာရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာ မယ်၊ ကြာရင် ထိန်းရ ခက်မယ်၊ ဒါကြောင့် တိုက်ပွဲကို အရင် ဖြေရှင်းရမယ်လို့ ဦးအောင်မင်းကို ပြောခဲ့တယ်။ လူထု ဖိအား ပါလာရင် ဆုံးဖြတ်ရ ခက်မယ်။ တိုက်ပွဲတွေများလာရင် လူထုက နာကြည်းမှု တွေဖြစ်လာတယ်။ ဒီလို ပြဿနာတွေ ထိန်းမနိုင်ရင် ခက်မယ်လို့ အစကတည်း က ပြောခဲ့တယ်။ ဖားကန့်မှာ ဖြစ်တဲ့ဟာ ဆိုရင်လည်း ဝက်ဘ်ဆိုက်မှာ ကွန့်မင့်ပေး ကြတာတွေကို မယုံနိုင်ဘူး။ မိသားစု တွေလည်း ပေါက်ကွဲကြတာတွေလည်း ပါ တယ်။ မှားပစ်ကြတယ်လို့ ပြောကြ တယ်။ ဘယ်တပ်ပဲဖြစ်ဖြစ် မှားတာတော့ ရှိတာပေါ့။ ဒါပေမဲ့ ဘာဖြစ်လဲ မယုံနိုင် တဲ့ အဖြစ်အပျက်တွေက အများကြီးပဲ။ ဗုံးတစ်လုံးကွဲရင် ကျွန်တော်တို့ဆီ ကလား။ သူတို့ဆီကလား ဆိုတာ ကွဲကွဲ ပြားပြားမသိရဘူး။ မှားပစ်ရင်းနဲ့ပဲ နောက်ပိုင်း ရွာထဲမှာ ဝင်ပစ်သွားကြတာ။ကျွန်တော်တို့ စဆွေးနွေး ကတည်းက မူတစ်ခုချပြီးတာနဲ့ မြစ်ကြီးနားမှာ တွေ့မယ်လို့ တရားဝင် ကြေညာထားပြီး သားပါ။ အခု ဗိုလ်ချုပ်စိုးဝင်းနဲ့ တွေ့ဆုံ ဆွေးနွေးမယ် ဆိုတာလည်း ကျွန်တော်တို့ တောင်းဆိုတာ မဟုတ်ဘူး။ ကျွန်တော် တို့ပြောတာက ဘယ်သူပဲဖြစ်ဖြစ် နိုင်ငံတော်က တာဝန် ပေးထားတဲ့ သူတွေနဲ့ တွေ့မယ်။ ဒုချုပ်မှ၊ ကာချုပ်မှ ပြောတာ မဟုတ်ဘူး။ ခုနောက်ဆုံး နေပြည်တော် မှာ ဆွေးနွေးရအောင် ပြောတယ်။ မူ မရှိဘဲ နေပြည်တော်မှာ ဘာသွားဆွေးနွေး မလဲ။ ဘယ်ခေါင်းစဉ်နဲ့ဆွေးနွေးမလဲ။ အဓိက မူတစ်ခုရှာ။ နေရာ အဓိက မဟုတ်ဘူး။ မူပဲ။

Voice : ကေအိုင်အိုနဲ့သာ အပစ် အခတ် ရပ်စဲနိုင်ရင် ပြည်တွင်းငြိမ်းချမ်း ရေး ဖော်ဆောင်ရေး လုပ်လို့ ရပြီလို့ နိုင်ငံတော်သမ္မတကြီး ပြောခဲ့ပါတယ်။ အဲဒီအပေါ်မှာ ကေအိုင်အိုက ဘယ်လို မှတ်ချက်ပြုချင် ပါသလဲ ခင်ဗျ။

GMM : ကေအိုင်အို အနေနဲ့က အပစ် အခတ် ရပ်စဲရေး တစ်ခုတည်း မပြောဘူး။ နိုင်ငံရေး ဆွေးနွေးမယ် ဆိုတဲ့ ကတိကို ရချင်တာ။ ကတိမရဘဲနဲ့ အပစ်အခတ် ရပ်စဲရေး ဘာလုပ်မလဲ။ ပြန်ပစ်ကြမှာပဲ မဟုတ်လား။ ဒီတော့ တိုက်ပွဲတွေ ပြန်ဖြစ်မယ့် ကတိတော့ မလိုချင်ဘူး။ ဆွေးနွေး မယ်ဆိုတဲ့ ကတိ မရဘူး။ ၂၀၀၈ ထဲ ဝင်လာပါ ပြောတယ်။ ဒါဆိုရင် ဆက်သွားလို့ မရတော့ဘူး။ သမ္မတရဲ့ ပထမဆုံး မိန့်ခွန်းမှာလည်း တခြား အဖွဲ့အစည်း တွေကို ရည်ညွှန်း ပြောတာပါတယ်။ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေကို ရည်ညွှန်း ပြောတာ မပါ ဘူး။ ဒါကြောင့် အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဘယ်လို သဘောထားသလဲ။ သောင်းကျန်းသူ၊ အခွင့်အရေး တောင်းသူလို့ သဘောထား လား။ ကျနော်တို့ကို သောင်းကျန်းသူလို့ သတ်မှတ်ရင် သောင်းကျန်းသူ အနေနဲ့ပဲ ဦးသိန်းစိန်က ဖြေရှင်းမှာပဲ။ နောက်တစ်ခုက ပင်လုံစာချုပ် အပေါ်မှာ ခုလက်ရှိ အစိုးရက ဘယ်လို သဘောထားလဲ မေးတာ ခုထိ အဖြေမရဘူး။ အတူတကွ ယှဉ်တွဲ နေထိုင်လို့ရတဲ့ ဥပဒေ ပေါ်ဖို့ ကျွန်တော်တို့ ကြိုးစားရမယ်။ ခုသမ္မတ ပြောတဲ့ဟာ စာချုပ်ကို ကြည့် လေ။ ခုဟာက ယာယီ အပစ်အခတ် ရပ်စဲရေးပဲ။ ဘာမှ တိတိကျကျ မရှိဘူး။ ရှမ်းနဲ့လည်း တိုက်ပွဲ ပြန်ဖြစ် တာပဲ။ ဒါကြောင့် အာမခံချက် မရှိဘဲ စာချုပ်ကြီး ချုပ်ပြီး နောက်ဖြစ်လာမယ့် စစ်ပွဲအတွက် ပြင်နေတာမျိုးနဲ့တော့ မရပ်ချင်ဘူး။
The Voice ဂျာနယ်နဲ့ ဗိုဟ်ချုပ်ဂွမ်မော် အင်တာဗျူး(1-11-2012)
====================================
Voice : အစိုးရတပ်နဲ့ ကေအိုင်အေ တိုက်ပွဲ ဖြစ်နေတာ တစ်နှစ် ကျော်ေ...နပြီ။ တချို့ကလည်း ခုဖြစ်နေတဲ့ တိုက်ပွဲ က ခွဲထွက်ရေး အတွက် တိုက်နေ တယ်လို့လည်း ပြော ကြပါတယ်။ ကျွန်တော် တို့ နားလည် ထားတာက ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်း တယ်လို့ ကြားထားပါ တယ်။ အဲဒီအပေါ် မှာ တိကျတဲ့ သဘော ထားကို ပြောပြပေးပါခင်ဗျ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။